ပို့ကုန်ရငွေရှိလျှင် EV ကားများကို ဦးစားပေးတင်သွင်းခွင့်ပြုမည့် မူဝါဒကြောင့် ပြည်တွင်းသို့ ကားရောက်ရှိမှုအစီးရေ ပိုလာနိုင်

 2970

ယွန်း (NP News) - ဇူလိုင် ၃၁

ပို့ကုန်ရငွေ (Export Earning) ရှိလျှင် EV ကားများကို ဦးစားပေးတင်သွင်းခွင့်ပြုမည်ဆိုသော မူဝါဒကြောင့် ပြည်တွင်းသို့ ကားရောက်ရှိမှု အစီးရေ ပိုလာနိုင်‌ကြောင်း ကားလုပ်ငန်းရှင် အသိုင်းအဝိုင်းထံ ဆက်သွယ်မေးမြန်းထား သည့် အချက်အလက်များအရ သိရသည်။

နိုင်ငံအတွက် ဦးစားပေးတင်သွင်းရန် လိုအပ်သည့်ကုန်ပစ္စည်းများ တင်သွင်းနိုင်ရန်ရည်ရွယ်၍ ဓာတ်မြေဩဇာ၊ လျှပ်စစ်သုံးယာဉ်(Electric Veh- icle) များကို ပို့ကုန်ရငွေ (Export Earning) ရှိလျှင် ဦးစားပေးတင်သွင်းခွင့် ပြုမည်ဖြစ် ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြီးခဲ့သည့်ရက်ပိုင်းက အသိပေးကြေညာခဲ့သည်။

ထို့ကြောင့် ကိုယ်ပိုင် Export ရှိသည့် ကားတင်သွင်းသူများအနေဖြင့် ပို့ကုန်ရငွေဖြင့် EV ကားများကို FESC (ဦးဆောင်ကော်မတီ) ၏ခွင့်ပြုချက်ကို တန်း စီစောင့်ရန်မလိုဘဲ တင်သွင်းခွင့်ရမည်ဖြစ်ကြောင်း သိရသည်။ “ကားတင်သွင်းတဲ့သူက လူနည်းစုပဲရှိတယ်။ ကားကတော့ ခုလက်ရှိမှာ EV ပဲတင်သွင်းလို့ရတော့ ပုံမှန် FESC မှာတန်းစီရတယ်။ ကိုယ်ပိုင် Export Earn­ing ရှိရင်တော့ ဒီဘက်မှာသုံးခွင့်ပေးမယ်ဆိုရင်တော့ FESC တန်းမစီရ ဘူးဆိုတဲ့ ခေါင်းစဉ်မျိုးပေါ့။ ဒါပေမဲ့ ကိုယ်ပိုင် Export ရှိတဲ့သူကတော့ Ready to go ပေါ့။ လူနည်းစုပဲဆိုတော့ သွင်းချင် တဲ့သူကတော့ Export လုပ်လာမှာပဲလေ။ သူကိုယ်တိုင်မလုပ်ရင်တောင် ပါတနာကုမ္ပဏီနဲ့ MOU ထိုးပြီးလုပ်လို့ရတယ်။ ပြောင်း၊ စပါးဝယ်ပြီး Export လုပ်လို့ရတယ်။ သွင်းချင်ရင် ကြိုးစားဆိုတဲ့သဘောပေါ့” ဟု မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်းမှ အထွေထွေအတွင်းရေးမှူးချုပ် ဦးကျော်စွာထွန်းမြင့်က NP News ကို ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ တစ်နှစ်အတွင်း EV လူစီး မော်တော်ယာဉ်နှင့် ကုန်တင်(ဝန်ပေါ့) ယာဉ်အစီးရေ (၁၈၈၈) စီး မှတ်ပုံတင်ခွင့်ပြုထားကြောင်း ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီး ဌာန၏ မှတ်ပုံတင်ထားသည့် ယာဉ်အမျိုးအစားစာရင်းများအရ သိရသည်။
EV ကားတင်သွင်းနိုင်ရေးအတွက် FESC မှ တစ်နှစ်လျှင်တင်သွင်းရမည့်ပမာဏကို သတ်မှတ်ထားပြီး အထက်ပါ ကြေညာချက်ကြောင့်ယခင်က တစ်နှစ်လျှင် ကားအစီးရေ ၅၀ တင်သွင်းသည့်ကုမ္ပဏီ အနေဖြင့် အစီးရေ ၁၀ဝ အထိ တင်သွင်းလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

“ Export လုပ်မယ်။ Export Earning သူ့ နာမည်နဲ့ထွက်လာတယ်ဆိုရင် FESC ကလည်း စောင့်လို့ရသလို ဒီဘက်မှာလည်း ထွက်လာတဲ့ Amount အတိုင်း တင်သွင်းလို့ရမှာပေါ့နော်။ မရှိတဲ့ သူကတော့ FESC အလှည့်ကျ စောင့် ရမှာပေါ့။ Export Earning ရှိရင်တော့ ပိုမိုတင်သွင်းခွင့်ပေး ထားတဲ့သဘောပေါ့။ ပိုမိုတင်သွင်းခွင့်ဆိုတာက ဦးဆောင် ကော်မတီကခွင့်ပြုထားတဲ့ တစ်နှစ်စာ ဘယ်လောက်တင်သွင်းရမယ်ဆိုတာထက်တော့ ကျော်ပြီး တင်သွင်းလို့တော့ မရဘူး။ Export Earning နဲ့ ဆိုရင် ဦးစားပေးတင်သွင်းလို့ရသွားတဲ့ သဘောပေါ့။ ဥပမာပြောရမယ်ဆိုရင် အရင်က လူစီး ၅၀ဝ တင် သွင်းခွင့်ပေးထားတဲ့ကုမ္ပဏီက FESC စောင့်လို့ တစ် နှစ်လုံးမှ ၅၀ ပဲတင်သွင်းနိုင်ရင် Earning ရှိရင်တော့ ၁၀ဝ လည်းဖြစ်မယ်၊ ၁၅၀ လည်း ဖြစ်မယ်။ စောင့်ချင် ရင်လည်း စောင့်လိုရတယ်။ မစောင့်ချင်ရင်လည်း Earning နဲ့သွင်းလို့ရတယ်”ဟု ကိုကျော်စွာထွန်းမြင့်က ပြောသည်။

EV ကားများ စတင်တင်သွင်းခွင့်ပြုသည့်အချိန် မှစ၍ လက်ရှိ ၂၀၂၄ ခုနှစ် မေလကုန်အထိ ကားစီးရေ (၄၃၀ဝ) ကျော်ရှိနေပြီး လက်ရှိတင်သွင်းထားသော ကားအမျိုးအစားများထဲတွင်လည်း တိုယိုတာ (၉၆၁) စီး၊ BYD (၆၇၁) စီးနှင့် MG (၅၄၂) စီးဖြင့် အစဉ် လိုက်ဦးဆောင်နေကြောင်း သိရသည်။
“ဒီ‌ခေါင်းစဉ်လေးတစ်ခုနဲ့တော့ ကားလောက ကြီးတစ်ခုလုံးကို ပြောင်းလဲသွားလိမ့်မယ်တော့ မထင် မိဘူး။ ပို့ကုန်ဆိုတာကလည်း ပစ္စည်းပို့လိုက်ပါဆိုပြီး ပြောလို့ရတဲ့အလုပ်မဟုတ်ဘူးလေ။ Export Ear­n­i­ng ပြလိုက်တာနဲ့ ကားတင်သွင်းခွင့်ရဖို့ဆိုတာက ဒီဘက်မှာတော့ သွင်းနေပေမယ့် ဟိုဘက်မှာလည်း ပွန်းပဲ့သွားတာတွေလည်းရှိတာပေါ့။ တစ်နှစ်စာ ခွင့်ပြု ထားတဲ့အစီး‌ရေထက်ကျော်ပြီးတော့လည်း တင်သွင်း ခွင့်မရသလို Earning ကလည်း ထီပေါက်သလို ရောက်ဖို့မလွယ်ဘူး” ဟု ကားလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

၂၀၂၃ ခုနှစ်တွင် EV ကား ပေါ်လစီကြေညာချိန်၌ ပထမဆုံး လိုင်စင်ရကုမ္ပဏီ(၉)ခုရှိပြီး နောက်ပိုင်းတွင် တင်သွင်းခွင့်ရကုမ္ပဏီပေါင်း (၈၀)‌ကျော်အထိ ရှိလာ ခဲ့ရာ ၎င်းတို့အနက်မှ ကုမ္ပဏီပေါင်း(၃၀)ကျော်သာ အမှန်တကယ် တင်သွင်းနေကြောင်း သိရသည်။

zawgyi version
ပို႔ကုန္ရေငြရွိလွ်င္ EV ကားမ်ားကို ဦးစားေပးတင္သြင္းခြင့္ျပဳမည့္ မူဝါဒေၾကာင့္ ျပည္တြင္းသို႔ ကားေရာက္ရွိမႈအစီးေရ ပိုလာႏိုင္
ယြန္း (NP News) - ဇူလိုင္ ၃၁

ပို႔ကုန္ရေငြ (Export Earning) ရွိလွ်င္ EV ကားမ်ားကို ဦးစားေပးတင္သြင္းခြင့္ျပဳမည္ဆိုေသာ မူဝါဒေၾကာင့္ ျပည္တြင္းသို႔ ကားေရာက္ရွိမႈ အစီးေရ ပိုလာႏိုင္‌ေၾကာင္း ကားလုပ္ငန္းရွင္ အသိုင္းအဝိုင္းထံ ဆက္သြယ္ေမးျမန္းထား သည့္ အခ်က္အလက္မ်ားအရ သိရသည္။

ႏိုင္ငံအတြက္ ဦးစားေပးတင္သြင္းရန္ လိုအပ္သည့္ကုန္ပစၥည္းမ်ား တင္သြင္းႏိုင္ရန္ရည္႐ြယ္၍ ဓာတ္ေျမဩဇာ၊ လွ်ပ္စစ္သုံးယာဥ္(Electric Veh- icle) မ်ားကို ပို႔ကုန္ရေငြ (Export Earning) ရွိလွ်င္ ဦးစားေပးတင္သြင္းခြင့္ ျပဳမည္ျဖစ္ ေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနက ၿပီးခဲ့သည့္ရက္ပိုင္းက အသိေပးေၾကညာခဲ့သည္။

ထို႔ေၾကာင့္ ကိုယ္ပိုင္ Export ရွိသည့္ ကားတင္သြင္းသူမ်ားအေနျဖင့္ ပို႔ကုန္ရေငြျဖင့္ EV ကားမ်ားကို FESC (ဦးေဆာင္ေကာ္မတီ) ၏ခြင့္ျပဳခ်က္ကို တန္း စီေစာင့္ရန္မလိုဘဲ တင္သြင္းခြင့္ရမည္ျဖစ္ေၾကာင္း သိရသည္။ “ကားတင္သြင္းတဲ့သူက လူနည္းစုပဲရွိတယ္။ ကားကေတာ့ ခုလက္ရွိမွာ EV ပဲတင္သြင္းလို႔ရေတာ့ ပုံမွန္ FESC မွာတန္းစီရတယ္။ ကိုယ္ပိုင္ Export Earn­ing ရွိရင္ေတာ့ ဒီဘက္မွာသုံးခြင့္ေပးမယ္ဆိုရင္ေတာ့ FESC တန္းမစီရ ဘူးဆိုတဲ့ ေခါင္းစဥ္မ်ိဳးေပါ့။ ဒါေပမဲ့ ကိုယ္ပိုင္ Export ရွိတဲ့သူကေတာ့ Ready to go ေပါ့။ လူနည္းစုပဲဆိုေတာ့ သြင္းခ်င္ တဲ့သူကေတာ့ Export လုပ္လာမွာပဲေလ။ သူကိုယ္တိုင္မလုပ္ရင္ေတာင္ ပါတနာကုမၸဏီနဲ႔ MOU ထိုးၿပီးလုပ္လို႔ရတယ္။ ေျပာင္း၊ စပါးဝယ္ၿပီး Export လုပ္လို႔ရတယ္။ သြင္းခ်င္ရင္ ႀကိဳးစားဆိုတဲ့သေဘာေပါ့” ဟု ျမန္မာ့ေမာ္ေတာ္ယာဥ္ ထုတ္လုပ္ေရးႏွင့္ ျဖန္ျဖဴးေရာင္းခ်ေရးလုပ္ငန္းရွင္မ်ားအသင္းမွ အေထြေထြအတြင္းေရးမႉးခ်ဳပ္ ဦးေက်ာ္စြာထြန္းျမင့္က NP News ကို ေျပာသည္။

ၿပီးခဲ့သည့္ ၂၀၂၃ ခုႏွစ္ ဇန္နဝါရီလမွ ဒီဇင္ဘာလအထိ တစ္ႏွစ္အတြင္း EV လူစီး ေမာ္ေတာ္ယာဥ္ႏွင့္ ကုန္တင္(ဝန္ေပါ့) ယာဥ္အစီးေရ (၁၈၈၈) စီး မွတ္ပုံတင္ခြင့္ျပဳထားေၾကာင္း ကုန္းလမ္းပို႔ေဆာင္ေရးႏွင့္ ၫႊန္ၾကားမႈဦးစီး ဌာန၏ မွတ္ပုံတင္ထားသည့္ ယာဥ္အမ်ိဳးအစားစာရင္းမ်ားအရ သိရသည္။
EV ကားတင္သြင္းႏိုင္ေရးအတြက္ FESC မွ တစ္ႏွစ္လွ်င္တင္သြင္းရမည့္ပမာဏကို သတ္မွတ္ထားၿပီး အထက္ပါ ေၾကညာခ်က္ေၾကာင့္ယခင္က တစ္ႏွစ္လွ်င္ ကားအစီးေရ ၅၀ တင္သြင္းသည့္ကုမၸဏီ အေနျဖင့္ အစီးေရ ၁၀ဝ အထိ တင္သြင္းလာႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

“ Export လုပ္မယ္။ Export Earning သူ႔ နာမည္နဲ႔ထြက္လာတယ္ဆိုရင္ FESC ကလည္း ေစာင့္လို႔ရသလို ဒီဘက္မွာလည္း ထြက္လာတဲ့ Amount အတိုင္း တင္သြင္းလို႔ရမွာေပါ့ေနာ္။ မရွိတဲ့ သူကေတာ့ FESC အလွည့္က် ေစာင့္ ရမွာေပါ့။ Export Earning ရွိရင္ေတာ့ ပိုမိုတင္သြင္းခြင့္ေပး ထားတဲ့သေဘာေပါ့။ ပိုမိုတင္သြင္းခြင့္ဆိုတာက ဦးေဆာင္ ေကာ္မတီကခြင့္ျပဳထားတဲ့ တစ္ႏွစ္စာ ဘယ္ေလာက္တင္သြင္းရမယ္ဆိုတာထက္ေတာ့ ေက်ာ္ၿပီး တင္သြင္းလို႔ေတာ့ မရဘူး။ Export Earning နဲ႔ ဆိုရင္ ဦးစားေပးတင္သြင္းလို႔ရသြားတဲ့ သေဘာေပါ့။ ဥပမာေျပာရမယ္ဆိုရင္ အရင္က လူစီး ၅၀ဝ တင္ သြင္းခြင့္ေပးထားတဲ့ကုမၸဏီက FESC ေစာင့္လို႔ တစ္ ႏွစ္လုံးမွ ၅၀ ပဲတင္သြင္းႏိုင္ရင္ Earning ရွိရင္ေတာ့ ၁၀ဝ လည္းျဖစ္မယ္၊ ၁၅၀ လည္း ျဖစ္မယ္။ ေစာင့္ခ်င္ ရင္လည္း ေစာင့္လိုရတယ္။ မေစာင့္ခ်င္ရင္လည္း Earning နဲ႔သြင္းလို႔ရတယ္”ဟု ကိုေက်ာ္စြာထြန္းျမင့္က ေျပာသည္။

EV ကားမ်ား စတင္တင္သြင္းခြင့္ျပဳသည့္အခ်ိန္ မွစ၍ လက္ရွိ ၂၀၂၄ ခုႏွစ္ ေမလကုန္အထိ ကားစီးေရ (၄၃၀ဝ) ေက်ာ္ရွိေနၿပီး လက္ရွိတင္သြင္းထားေသာ ကားအမ်ိဳးအစားမ်ားထဲတြင္လည္း တိုယိုတာ (၉၆၁) စီး၊ BYD (၆၇၁) စီးႏွင့္ MG (၅၄၂) စီးျဖင့္ အစဥ္ လိုက္ဦးေဆာင္ေနေၾကာင္း သိရသည္။
“ဒီ‌ေခါင္းစဥ္ေလးတစ္ခုနဲ႔ေတာ့ ကားေလာက ႀကီးတစ္ခုလုံးကို ေျပာင္းလဲသြားလိမ့္မယ္ေတာ့ မထင္ မိဘူး။ ပို႔ကုန္ဆိုတာကလည္း ပစၥည္းပို႔လိုက္ပါဆိုၿပီး ေျပာလို႔ရတဲ့အလုပ္မဟုတ္ဘူးေလ။ Export Ear­n­i­ng ျပလိုက္တာနဲ႔ ကားတင္သြင္းခြင့္ရဖို႔ဆိုတာက ဒီဘက္မွာေတာ့ သြင္းေနေပမယ့္ ဟိုဘက္မွာလည္း ပြန္းပဲ့သြားတာေတြလည္းရွိတာေပါ့။ တစ္ႏွစ္စာ ခြင့္ျပဳ ထားတဲ့အစီး‌ေရထက္ေက်ာ္ၿပီးေတာ့လည္း တင္သြင္း ခြင့္မရသလို Earning ကလည္း ထီေပါက္သလို ေရာက္ဖို႔မလြယ္ဘူး” ဟု ကားလုပ္ငန္းရွင္တစ္ဦးက ေျပာသည္။

၂၀၂၃ ခုႏွစ္တြင္ EV ကား ေပၚလစီေၾကညာခ်ိန္၌ ပထမဆုံး လိုင္စင္ရကုမၸဏီ(၉)ခုရွိၿပီး ေနာက္ပိုင္းတြင္ တင္သြင္းခြင့္ရကုမၸဏီေပါင္း (၈၀)‌ေက်ာ္အထိ ရွိလာ ခဲ့ရာ ၎တို႔အနက္မွ ကုမၸဏီေပါင္း(၃၀)ေက်ာ္သာ အမွန္တကယ္ တင္သြင္းေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.