ကာ/လုံအစည်းအဝေးကို အဖွဲ့ဝင်(၆)ဦးဖြင့် ကျင်းပပြီးနောက် အရေးပေါ်ကာလသက်တမ်းကို (၆)လ ထပ်မံတိုးမြှင့်

 12245

မြူနစ် (NP News) - ဇူလိုင် ၃၁

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေးကို အဖွဲ့ဝင် (၆)ဦးဖြင့် ဦးဆောင်ကျင်းပပြီးနောက် အရေးပေါ်ကာလသက်တမ်းကို (၆)လ ထပ်မံတိုးမြှင့်ကြောင်း ကြေညာလိုက်သည်။

အဆိုပါအစည်းအဝေးကို ယနေ့(ဇူလိုင်လ ၃၁ ရက်) နံနက် ၁၀ နာရီအချိန်တွင် နေပြည်တော်ရှိ နစကဥက္ကဋ္ဌရုံး၌ ကျင်းပခဲ့သည်။

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေးကို ယာယီသမ္မတ(တာဝန်)၊ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌဦးတီခွန်မြတ်၊ ဒုတပ်ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ပြည်ထဲရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ နယ်စပ်ရေးရာဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်တို့ဖြင့် ကျင်းပခဲ့သည်ဟု နစကမှ သတင်းထုတ်ပြန်ထားသည်။

ထို့ပြင် ၎င်းအစည်းအဝေးသို့ အထူးဖိတ်ကြားထားသော နစကအတွင်း ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးနှင့် တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့လည်း တက်ရောက်ကြောင်း သိရသည်။

အစည်းအဝေး၌ ယာယီသမ္မတဦးမြင့်ဆွေ ဆေးခွင့်ယူနေစဉ် ယာယီသမ္မတ တာဝန်ကို ထမ်းဆောင်နေသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရွေးကောက်ပွဲကို အရေးပေါ်ကာလကြေညာပြီး (၂)နှစ်ပြည့်မြောက်သည့်အချိန်တွင် ကျင်းပရန် ရည်ရွယ်ဆောင်ရွက်ခဲ့သော်လည်း ဆူပူအကြမ်းဖက်မှုများကြောင့် ဆောင်ရွက်နိုင်ခြင်းမရှိခဲ့သောအခြေအနေများကို ထည့်သွင်း တင်ပြခဲ့ကြောင်း သိရသည်။

နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုရှိရန် ဆောင်ရွက်နေသည့်အခြေအနေများ၊ ဝိသမလောဘစီးပွားရေးသမားများက နိုင်ငံတော်စီးပွားရေး ကျဆင်းရန် ဆောင်ရွက်ခဲ့သည့်အခြေအနေများကိုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အစည်းအဝေး ၌ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

၎င်းအပြင် NUG၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့၏ အကြမ်းဖက်လုပ်ရပ်များကြောင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးဆောင်ရွက်ရန် လိုအပ်နေသောအခြေအနေများ၊ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဉ်များအပါအဝင် အခြားလုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် တပ်ချုပ်က တာဝန်ထမ်းဆောင်ခွင့်ကို နောက်ထပ် (၆)လ သက်တမ်းတိုးမြှင့်ပေးရန် တင်ပြခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ တင်ပြမှုအပေါ် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအဖွဲ့ဝင်(၆)ဦးနှင့် အထူးဖိတ်ကြားထားသူများက ဝိုင်းဝန်းသုံးသပ်ဆွေးနွေးပြီးနောက် အရေးပေါ်ကာလသက်တမ်း (၆)လ ထပ်မံတိုးမြှင့်လိုက်ကြောင်း ဆုံးဖြတ်ခဲ့ကြသည်ဟု နစကမှ သတင်းထုတ်ပြန်ထားသည်။

zawgyi version
ကာ/လုံအစည္းအေဝးကို အဖြဲ႕ဝင္(၆)ဦးျဖင့္ က်င္းပၿပီးေနာက္ အေရးေပၚကာလသက္တမ္းကို (၆)လ ထပ္မံတိုးျမႇင့္

ျမဴနစ္ (NP News) - ဇူလိုင္ ၃၁

အမ်ိဳးသားကာကြယ္ေရးႏွင့္လုံၿခဳံေရးေကာင္စီအစည္းအေဝးကို အဖြဲ႕ဝင္ (၆)ဦးျဖင့္ ဦးေဆာင္က်င္းပၿပီးေနာက္ အေရးေပၚကာလသက္တမ္းကို (၆)လ ထပ္မံတိုးျမႇင့္ေၾကာင္း ေၾကညာလိုက္သည္။

အဆိုပါအစည္းအေဝးကို ယေန႔(ဇူလိုင္လ ၃၁ ရက္) နံနက္ ၁၀ နာရီအခ်ိန္တြင္ ေနျပည္ေတာ္ရွိ နစကဥကၠ႒႐ုံး၌ က်င္းပခဲ့သည္။

အမ်ိဳးသားကာကြယ္ေရးႏွင့္လုံၿခဳံေရးေကာင္စီအစည္းအေဝးကို ယာယီသမၼတ(တာဝန္)၊ တပ္ခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္၊ ျပည္သူ႔ လႊတ္ေတာ္ဥကၠ႒ဦးတီခြန္ျမတ္၊ ဒုတပ္ခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္း၊ ကာကြယ္ေရးဝန္ႀကီး ဗိုလ္ခ်ဳပ္ႀကီးတင္ေအာင္စန္း၊ ျပည္ထဲေရးဝန္ႀကီးဒုတိယဗိုလ္ခ်ဳပ္ႀကီးရာျပည့္၊ နယ္စပ္ေရးရာဝန္ႀကီးဒုတိယဗိုလ္ခ်ဳပ္ႀကီးထြန္းထြန္းေနာင္တို႔ျဖင့္ က်င္းပခဲ့သည္ဟု နစကမွ သတင္းထုတ္ျပန္ထားသည္။

ထို႔ျပင္ ၎အစည္းအေဝးသို႔ အထူးဖိတ္ၾကားထားေသာ နစကအတြင္း ေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီးေအာင္လင္းေဒြးႏွင့္ တြဲဖက္အတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရဲဝင္းဦးတို႔လည္း တက္ေရာက္ေၾကာင္း သိရသည္။

အစည္းအေဝး၌ ယာယီသမၼတဦးျမင့္ေဆြ ေဆးခြင့္ယူေနစဥ္ ယာယီသမၼတ တာဝန္ကို ထမ္းေဆာင္ေနသည့္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေ႐ြးေကာက္ပြဲကို အေရးေပၚကာလေၾကညာၿပီး (၂)ႏွစ္ျပည့္ေျမာက္သည့္အခ်ိန္တြင္ က်င္းပရန္ ရည္႐ြယ္ေဆာင္႐ြက္ခဲ့ေသာ္လည္း ဆူပူအၾကမ္းဖက္မႈမ်ားေၾကာင့္ ေဆာင္႐ြက္ႏိုင္ျခင္းမရွိခဲ့ေသာအေျခအေနမ်ားကို ထည့္သြင္း တင္ျပခဲ့ေၾကာင္း သိရသည္။

ႏိုင္ငံအတြင္း တည္ၿငိမ္ေအးခ်မ္းမႈရွိရန္ ေဆာင္႐ြက္ေနသည့္အေျခအေနမ်ား၊ ဝိသမေလာဘစီးပြားေရးသမားမ်ားက ႏိုင္ငံေတာ္စီးပြားေရး က်ဆင္းရန္ ေဆာင္႐ြက္ခဲ့သည့္အေျခအေနမ်ားကိုလည္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က အစည္းအေဝး ၌ ရွင္းလင္းတင္ျပခဲ့ေၾကာင္း သိရသည္။

၎အျပင္ NUG၊ PDF အမည္ခံအၾကမ္းဖက္အဖြဲ႕မ်ားႏွင့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အခ်ိဳ႕၏ အၾကမ္းဖက္လုပ္ရပ္မ်ားေၾကာင့္ နယ္ေျမေဒသတည္ၿငိမ္ေအးခ်မ္းေရးေဆာင္႐ြက္ရန္ လိုအပ္ေနေသာအေျခအေနမ်ား၊ သန္းေခါင္စာရင္းေကာက္ယူေရးလုပ္ငန္းစဥ္မ်ားအပါအဝင္ အျခားလုပ္ငန္းစဥ္မ်ားကို ဆက္လက္ေဆာင္႐ြက္ႏိုင္ရန္အတြက္ တပ္ခ်ဳပ္က တာဝန္ထမ္းေဆာင္ခြင့္ကို ေနာက္ထပ္ (၆)လ သက္တမ္းတိုးျမႇင့္ေပးရန္ တင္ျပခဲ့ေၾကာင္း သိရသည္။

ယင္းကဲ့သို႔ တင္ျပမႈအေပၚ အမ်ိဳးသားကာကြယ္ေရးႏွင့္လုံၿခဳံေရးေကာင္စီအဖြဲ႕ဝင္(၆)ဦးႏွင့္ အထူးဖိတ္ၾကားထားသူမ်ားက ဝိုင္းဝန္းသုံးသပ္ေဆြးေႏြးၿပီးေနာက္ အေရးေပၚကာလသက္တမ္း (၆)လ ထပ္မံတိုးျမႇင့္လိုက္ေၾကာင္း ဆုံးျဖတ္ခဲ့ၾကသည္ဟု နစကမွ သတင္းထုတ္ျပန္ထားသည္။

Picture

Aung Aung

31/07/2024 17:39

ဂုဏ်ကျက်သရေ ရှိလှပေ 🖕

Related news

© 2021. All rights reserved.