သြစတြေးလျမှာ ကလေးတွေ မြေပဲဓာတ်မတည့်မှုများ ဖြစ်ပွားနေ

 200

ရောင်နီ (NP News) - သြဂုတ် ၁

ဩစတြေးလျမှာ ကလေးတွေ မြေပဲဓာတ်မတည့်မှုတွေဖြစ်ပွားနေပြီး ကမ္ဘာ့ပထမဆုံး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အသက်ကယ်ကုသရေးလုပ်ငန်းတွေ လုပ်ဆောင်နေရတယ်လို့ သိရပါတယ်။

ကလေးတွေ မြေပဲ ဓာတ်မတည့်မှုကို ရှောင်ရှားနိုင်ဖို့အတွက် ကလေးငယ်တွေကို အသက် ၂ နှစ်အရွယ်ထိ သင့်တင့် တဲ့ မြေပဲမှုန့်ပမာဏကိုပဲကျွေးဖို့ တာဝန်ရှိသူတွေက ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၃၁ ရက်)မှာ ကြေညာခဲ့ပါတယ်။ အသက် ၂ နှစ်ထက် ကျော်လာရင်တော့ မြေပဲကျွေးပေးနိုင်တဲ့ပမာဏကို တိုးမြှင့်ပေးနိုင်တယ်လို့ ကလေးအထူးကု ဆရာဝန် တွေက ဆိုပါတယ်။
ဒါဟာ ပထမဆုံး နိုင်ငံလုံးဆိုင်ရာ မြေပဲဓာတ်မတည့်မှု ကုသရေးအစီအစဉ်ဖြစ်တယ်လို့ National Allergy Center of Excellence မှ ခံတွင်းကိုယ်ခံအားကုထုံးအကြီးအကဲ ခရစ်စတန်ပါရက်က ပြောကြားပါတယ်။ အသက် ၂ နှစ် ပြည့်ရင်တော့ အစားအသောက်ဓာတ်မတည့်မှု စမ်းသပ်မှုတစ်ခုနဲ့အတူ ဓာတ်မတည့်မှု သက်သာပျောက်ကင်းသွား ခြင်း ရှိ/မရှိ ဆုံးဖြတ်ပေးမယ်လို့ သိရပါတယ်။
မိဘတွေအနေနဲ့မြေပဲပါဝင်တဲ့ မုန့်ပဲသရေစာတွေ(အထူးသဖြင့် မြေပဲထောပတ်) ကို ကလေးတွေ မစားသုံးနိုင် အောင် တင်းတင်းကြပ်ကြပ်တားမြစ်ထားဖို့လည်း သတိပေးထားပါတယ်။
သြစတြေးလျဟာ ကမ္ဘာပေါ်မှာ ကလေးသူငယ် အစာဓာတ်မတည့်မှုဖြစ်ပွားမှုနှုန်း အမြင့်ဆုံးနိုင်ငံအချို့ထဲက တစ်ခု ဖြစ်ပါတယ်။

Zawgyi Version;
ၾသစေၾတးလ်မွာ ကေလးေတြ ေျမပဲဓာတ္မတည့္မႈမ်ား ျဖစ္ပြားေန
ေရာင္နီ (NP News) - ၾသဂုတ္ ၁

ဩစေၾတးလ်မွာ ကေလးေတြ ေျမပဲဓာတ္မတည့္မႈေတြျဖစ္ပြားေနၿပီး ကမာၻ႔ပထမဆုံး တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ အသက္ကယ္ကုသေရးလုပ္ငန္းေတြ လုပ္ေဆာင္ေနရတယ္လို႔ သိရပါတယ္။

ကေလးေတြ ေျမပဲ ဓာတ္မတည့္မႈကို ေရွာင္ရွားႏိုင္ဖို႔အတြက္ ကေလးငယ္ေတြကို အသက္ ၂ ႏွစ္အ႐ြယ္ထိ သင့္တင့္ တဲ့ ေျမပဲမႈန႔္ပမာဏကိုပဲေကြၽးဖို႔ တာဝန္ရွိသူေတြက ဗုဒၶဟူးေန႔ (ဇူလိုင္ ၃၁ ရက္)မွာ ေၾကညာခဲ့ပါတယ္။ အသက္ ၂ ႏွစ္ထက္ ေက်ာ္လာရင္ေတာ့ ေျမပဲေကြၽးေပးႏိုင္တဲ့ပမာဏကို တိုးျမႇင့္ေပးႏိုင္တယ္လို႔ ကေလးအထူးကု ဆရာဝန္ ေတြက ဆိုပါတယ္။
ဒါဟာ ပထမဆုံး ႏိုင္ငံလုံးဆိုင္ရာ ေျမပဲဓာတ္မတည့္မႈ ကုသေရးအစီအစဥ္ျဖစ္တယ္လို႔ National Allergy Center of Excellence မွ ခံတြင္းကိုယ္ခံအားကုထုံးအႀကီးအကဲ ခရစ္စတန္ပါရက္က ေျပာၾကားပါတယ္။ အသက္ ၂ ႏွစ္ ျပည့္ရင္ေတာ့ အစားအေသာက္ဓာတ္မတည့္မႈ စမ္းသပ္မႈတစ္ခုနဲ႔အတူ ဓာတ္မတည့္မႈ သက္သာေပ်ာက္ကင္းသြား ျခင္း ရွိ/မရွိ ဆုံးျဖတ္ေပးမယ္လို႔ သိရပါတယ္။
မိဘေတြအေနနဲ႔ေျမပဲပါဝင္တဲ့ မုန႔္ပဲသေရစာေတြ(အထူးသျဖင့္ ေျမပဲေထာပတ္) ကို ကေလးေတြ မစားသုံးႏိုင္ ေအာင္ တင္းတင္းၾကပ္ၾကပ္တားျမစ္ထားဖို႔လည္း သတိေပးထားပါတယ္။
ၾသစေၾတးလ်ဟာ ကမာၻေပၚမွာ ကေလးသူငယ္ အစာဓာတ္မတည့္မႈျဖစ္ပြားမႈႏႈန္း အျမင့္ဆုံးႏိုင္ငံအခ်ိဳ႕ထဲက တစ္ခု ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.