ရုရှား နှင့် အနောက်အုပ်စုနိုင်ငံများကြား ဖမ်းဆီးထိန်းသိမ်းထားသည့် အကျဉ်းသားများ အပြန်အလှန် လဲလှယ်ရန်သဘောတူ

 395

ဂျန်ဇက် (NP News) - ဩဂုတ် ၂

ရုရှားနိုင်ငံ နှင့် အမေရိကန် ဦးဆောင်သော အနောက်အုပ်စုနိုင်ငံများကြား ဖမ်းဆီးထိန်းသိမ်းထားသော အကျဉ်းသားများ အပြန်အလှန်လဲလှယ်ရန် သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။

ရုရှားနိုင်ငံသည် အမေရိကန်၊ ဂျာမနီ နိုင်ငံ အပါအဝင် အနောက်အုပ်စုနိုင်ငံများနှင့် အကျဉ်းသား များ အပြန်အလှန် ပြန်လည်လွှတ်ပေးရန် သဘောတူ ညီခဲ့ကြောင်း အမေရိကန်စစ်ဘက် ပြောရေးဆိုခွင့်ရှိ သူတစ်ဦးကပြောသည်။ အဆိုပါ သဘောတူညီမှုအရ ရုရှားနိုင်ငံသည် အမေရိကန်နိုင်ငံသား (၄)ဦးအပါ အဝင် အနောက်အုပ်စုနိုင်ငံများမှ အကျဉ်းသား (၂၄)ဦး ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း၊ ရုရှားနိုင်ငံက ပြန်လွှတ်ပေးမည့် အမေရိကန်အကျဉ်းသားများ စာရင်း တွင် မရိန်းတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးပါဝင်ခဲ့ပြီး အမေရိကန်အခြေစိုက်မီဒီယာသုံးခု၏ သတင်းထောက်၊ အယ်ဒီတာများပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရုရှားနိုင်ငံက ဖမ်းဆီးထားသည့် ဂျာမနီအကျဉ်း သား အနည်းဆုံး (၁၂)ဦးခန့် မိခင်နိုင်ငံသို့ ပြန်ရဖွယ် ရှိနေပြီး ဂျာမနီနိုင်ငံတွင် ဖမ်ဆီးထားသည့် ရုရှားအကျဉ်းသား (၈)ဦးလည်း မိခင်နိုင်ငံသို့ ပြန်ရဖွယ် ရှိနေကြောင်း သိရသည်။

အဆိုပါအကျဉ်းသားများအပြန်အလှန်လဲ လှယ်မှုသည် ၂၀၂၂ ခုနှစ်နောက်ပိုင်း ရုရှားနှင့် အနောက်အုပ်စုနိုင်ငံကြား အကျဉ်းသားလဲလှယ်မှုအ တွက် တိုးတက်သောအရိပ်လက္ခာ ဖြစ်ကြောင်း သိရ သည်။ ရုရှားနှင့် ယူကရိန်းနိုင်ငံကြားစစ်ပွဲ ဖြစ်လာခဲ့ ပြီးနောက်ပိုင်း အနောက်အုပ်စုနိုင်ငံများက ရုရှားနိုင်ငံ အပေါ် တစ်ဖက်သတ်ပိတ်ဆို့မှုများချမှတ်ခဲ့ရာ ရုရှား နှင့် အနောက်အုပ်စုနိုင်ငံများကြား ဆက်ဆံရေး အေးစက်နေချိန်တွင် အကျဉ်းသားများအပြန်အလှန် လဲလှယ်မှု ဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်။ ရုရှားသမ္မတပူတင်သည် ၎င်းတို့ဖမ်းဆီး ထားသည့် အနောက်အုပ်စုနိုင်ငံများ၏ အကျဉ်းသား အနည်းဆုံး (၁၆)ဦးခန့် လွတ်ငြိမ်းချမ်းသာခွင့်ပေးမည့် အမိန့်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ ရုရှားနိုင်ငံနှင့်အနောက်အုပ်စုနိုင်ငံများကြား အကျဉ်းသားများလဲလှယ်ခြင်းကို တူရကီနိုင်ငံတွင် ပြု လုပ်မည်ဖြစ်ပြီး ပြန်လွှတ်ပေးမည့်သူများသည် တူရ ကီနိုင်ငံမှတဆင့် မိခင်နိုင်ငံသို့ ပြန်ရဖွယ်ရှိနေသည်။

zawgyi version
႐ုရွား ႏွင့္ အေနာက္အုပ္စုႏိုင္ငံမ်ားၾကား ဖမ္းဆီးထိန္းသိမ္းထားသည့္ အက်ဥ္းသားမ်ား အျပန္အလွန္ လဲလွယ္ရန္သေဘာတူ
ဂ်န္ဇက္ (NP News) - ဩဂုတ္ ၂

႐ုရွားႏိုင္ငံ ႏွင့္ အေမရိကန္ ဦးေဆာင္ေသာ အေနာက္အုပ္စုႏိုင္ငံမ်ားၾကား ဖမ္းဆီးထိန္းသိမ္းထားေသာ အက်ဥ္းသားမ်ား အျပန္အလွန္လဲလွယ္ရန္ သေဘာတူညီမႈရရွိခဲ့ေၾကာင္း သိရသည္။

႐ုရွားႏိုင္ငံသည္ အေမရိကန္၊ ဂ်ာမနီ ႏိုင္ငံ အပါအဝင္ အေနာက္အုပ္စုႏိုင္ငံမ်ားႏွင့္ အက်ဥ္းသား မ်ား အျပန္အလွန္ ျပန္လည္လႊတ္ေပးရန္ သေဘာတူ ညီခဲ့ေၾကာင္း အေမရိကန္စစ္ဘက္ ေျပာေရးဆိုခြင့္ရွိ သူတစ္ဦးကေျပာသည္။ အဆိုပါ သေဘာတူညီမႈအရ ႐ုရွားႏိုင္ငံသည္ အေမရိကန္ႏိုင္ငံသား (၄)ဦးအပါ အဝင္ အေနာက္အုပ္စုႏိုင္ငံမ်ားမွ အက်ဥ္းသား (၂၄)ဦး ျပန္လႊတ္ေပးမည္ျဖစ္ေၾကာင္း၊ ႐ုရွားႏိုင္ငံက ျပန္လႊတ္ေပးမည့္ အေမရိကန္အက်ဥ္းသားမ်ား စာရင္း တြင္ မရိန္းတပ္ဖြဲ႕ဝင္ေဟာင္းတစ္ဦးပါဝင္ခဲ့ၿပီး အေမရိကန္အေျခစိုက္မီဒီယာသုံးခု၏ သတင္းေထာက္၊ အယ္ဒီတာမ်ားပါဝင္မည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ ႐ုရွားႏိုင္ငံက ဖမ္းဆီးထားသည့္ ဂ်ာမနီအက်ဥ္း သား အနည္းဆုံး (၁၂)ဦးခန႔္ မိခင္ႏိုင္ငံသို႔ ျပန္ရဖြယ္ ရွိေနၿပီး ဂ်ာမနီႏိုင္ငံတြင္ ဖမ္ဆီးထားသည့္ ႐ုရွားအက်ဥ္းသား (၈)ဦးလည္း မိခင္ႏိုင္ငံသို႔ ျပန္ရဖြယ္ ရွိေနေၾကာင္း သိရသည္။

အဆိုပါအက်ဥ္းသားမ်ားအျပန္အလွန္လဲ လွယ္မႈသည္ ၂၀၂၂ ခုႏွစ္ေနာက္ပိုင္း ႐ုရွားႏွင့္ အေနာက္အုပ္စုႏိုင္ငံၾကား အက်ဥ္းသားလဲလွယ္မႈအ တြက္ တိုးတက္ေသာအရိပ္လကၡာ ျဖစ္ေၾကာင္း သိရ သည္။ ႐ုရွားႏွင့္ ယူကရိန္းႏိုင္ငံၾကားစစ္ပြဲ ျဖစ္လာခဲ့ ၿပီးေနာက္ပိုင္း အေနာက္အုပ္စုႏိုင္ငံမ်ားက ႐ုရွားႏိုင္ငံ အေပၚ တစ္ဖက္သတ္ပိတ္ဆို႔မႈမ်ားခ်မွတ္ခဲ့ရာ ႐ုရွား ႏွင့္ အေနာက္အုပ္စုႏိုင္ငံမ်ားၾကား ဆက္ဆံေရး ေအးစက္ေနခ်ိန္တြင္ အက်ဥ္းသားမ်ားအျပန္အလွန္ လဲလွယ္မႈ ျဖစ္ပြားလာခဲ့ျခင္းျဖစ္သည္။ ႐ုရွားသမၼတပူတင္သည္ ၎တို႔ဖမ္းဆီး ထားသည့္ အေနာက္အုပ္စုႏိုင္ငံမ်ား၏ အက်ဥ္းသား အနည္းဆုံး (၁၆)ဦးခန႔္ လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးမည့္ အမိန႔္တစ္ရပ္ကို လက္မွတ္ေရးထိုးခဲ့ေၾကာင္း သိရသည္။ ႐ုရွားႏိုင္ငံႏွင့္အေနာက္အုပ္စုႏိုင္ငံမ်ားၾကား အက်ဥ္းသားမ်ားလဲလွယ္ျခင္းကို တူရကီႏိုင္ငံတြင္ ျပဳ လုပ္မည္ျဖစ္ၿပီး ျပန္လႊတ္ေပးမည့္သူမ်ားသည္ တူရ ကီႏိုင္ငံမွတဆင့္ မိခင္ႏိုင္ငံသို႔ ျပန္ရဖြယ္ရွိေနသည္။

Related news

© 2021. All rights reserved.