သမ္မတအဖြစ်တာဝန်ယူနေချိန်တွင်း ကျန်းမာရေးမကောင်းပါက ရာထူးမှချက်ချင်းအနားယူမည်ဟု ဒေါ်နယ်ထရမ့် ပြော

 338

ဂျန်ဇက် (NP News) - ဩဂုတ် ၂

အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့်က ၎င်းအနေဖြင့်သမ္မတအဖြစ်တာဝန်ယူချိန်အတွင်း ကျန်းမာရေးမကောင်းမွန်ပါက သမ္မတရာထူးမှ ချက်ချင်းနုတ်ထွက်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။ ဒေါ်နယ်ထရမ့်သည် ချီကာဂိုမြို့တွင်ကျင်းပခဲ့သော အစည်းအဝေးတစ်ခုအတွင်း ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဒေါ်နယ်ထရမ့်သည် လာမည့်နိုဝင်ဘာလအတွင်း ကျင်းပမည့် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ရီပတ်ဘလီကန်ပါတီ၏သမ္မတလောင်းအဖြစ် ရွေးချယ်ခံထားရကြောင်းသိရသည်။ ဒေါ်နယ်ထရမ့်သည် သမ္မတရွေးကောက်ပွဲတွင် အနိုင်ရပြီးနောက် သမ္မတတာဝန်များပြီးဆုံးအောင်တာဝန်ထမ်းဆောင်ချိန်တွင် ၎င်း၏အသက်က ၈၂ နှစ်အရွယ်ရှိနေမည်ဖြစ်သည်။

ဒေါ်နယ်ထရမ့်က "ကျွန်တော်ဟာ သမ္မတအဖြစ် ပြန်လည်ရွေးချယ်ခံရပြီးနောက် တာဝန်တွေကို ထမ်းဆောင်နေချိန်အတွင်း ကျန်းမာရေးမကောင်းတာမျိုးဖြစ်လာမယ်ဆိုရင်တော့ သမ္မတတာဝန်ကနေ နုတ်ထွက်သွားမယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီး နေထိုင်ရတာမကောင်းဘူးလို့ ယူဆမယ်ဆိုရင် သမ္မတတာဝန်က နုတ်ထွက်သွားမယ်"ဟုပြောသည်။ ဒေါ်နယ်ထရမ့်သည် လက်ရှိအချိန်တွင် အသက် ၇၈ နှစ်အရွယ်ရှိနေပြီး မကြာသေးမီက ပြုလုပ်ခဲ့သော မဲဆွယ်စည်းရုံးပွဲအတွင်း လုပ်ကြံပစ်ခတ်ခံရသော်လည်း အသက်ရှင်လွတ်မြောက်ခဲ့ကြောင်းသိရသည်။

ဒေါ်နယ်ထရမ့်လုပ်ကြံခံရပြီးနောက် သီတင်းပတ်တစ်ပတ်အကြာတွင်အသက် ၈၁နှစ်အရွယ်ရှိ သမ္မတ ဂျိုးဘိုင်ဒန်သည် သမ္မတရွေးကောက်ပွဲပါဝင်ယှဉ်ပြိုင်မည့် အစီအစဉ်မှ နုတ်ထွက်သွားခဲ့ကြောင်းသိရသည်။ လက်ရှိသမ္မတဂျိုးဘိုင်ဒန်သည် အသက် ၈၁ နှစ်အရွယ်ရှိနေရာ ကျန်းမာရေးနှင့် ကြံ့ခိုင်မှုပိုင်းကောင်းမွန်မှုမရှိတော့ကြောင်း၊ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်မှုမရှိတော့ကြောင်း ဝေဖန်ပြစ်တင်မှုများရှိနေသည်။

ဂျိုးဘိုင်ဒန်သည် စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုအပြည့်အဝမရှိသော်လည်း သမ္မတရာထူးမှနုတ်ထွက်မည်မဟုတ်ဘဲ သက်တမ်းကုန်ဆုံးချိန်အထိ တာဝန်ယူမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။ ဒေါ်နယ်ထရမ့်သည် ဇွန်လအတွင်းက သမ္မတဂျိုးဘိုင်ဒန်နှင့်ပြုလုပ်ခဲ့သော စကားစစ်ထိုးပွဲတွင် ကြံ့ခိုင်မှုနှင့်စိတ်ပိုင်းဆိုင်ရာအခြေနေများကောင်းမွန်ကြောင်း ပြသနိုင်ခဲ့သော်လည်း ဂျိုးဘိုင်ဒန်က ပြသနိုင်ခြင်းမျိုးမရှိခဲ့ကြောင်း အမေရိကန်မီဒီယာများကဖော်ပြထားသည်။

zawgyi version
သမၼတအျဖစ္တာဝန္ယူေနခ်ိန္တြင္း က်န္းမာေရးမေကာင္းပါက ရာထူးမွခ်က္ခ်င္းအနားယူမည္ဟု ေဒၚနယ္ထရမ့္ ေျပာ
ဂ်န္ဇက္ (NP News) - ဩဂုတ္ ၂

အေမရိကန္သမၼတေဟာင္းေဒၚနယ္ထရမ့္က ၎အေနျဖင့္သမၼတအျဖစ္တာဝန္ယူခ်ိန္အတြင္း က်န္းမာေရးမေကာင္းမြန္ပါက သမၼတရာထူးမွ ခ်က္ခ်င္းႏုတ္ထြက္သြားမည္ျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္သည္။ ေဒၚနယ္ထရမ့္သည္ ခ်ီကာဂိုၿမိဳ႕တြင္က်င္းပခဲ့ေသာ အစည္းအေဝးတစ္ခုအတြင္း ယင္းကဲ့သို႔ ေျပာဆိုခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။

ေဒၚနယ္ထရမ့္သည္ လာမည့္ႏိုဝင္ဘာလအတြင္း က်င္းပမည့္ အေမရိကန္သမၼတ ေ႐ြးေကာက္ပြဲတြင္ ပါဝင္ယွဥ္ၿပိဳင္ရန္ ရီပတ္ဘလီကန္ပါတီ၏သမၼတေလာင္းအျဖစ္ ေ႐ြးခ်ယ္ခံထားရေၾကာင္းသိရသည္။ ေဒၚနယ္ထရမ့္သည္ သမၼတေ႐ြးေကာက္ပြဲတြင္ အႏိုင္ရၿပီးေနာက္ သမၼတတာဝန္မ်ားၿပီးဆုံးေအာင္တာဝန္ထမ္းေဆာင္ခ်ိန္တြင္ ၎၏အသက္က ၈၂ ႏွစ္အ႐ြယ္ရွိေနမည္ျဖစ္သည္။

ေဒၚနယ္ထရမ့္က "ကြၽန္ေတာ္ဟာ သမၼတအျဖစ္ ျပန္လည္ေ႐ြးခ်ယ္ခံရၿပီးေနာက္ တာဝန္ေတြကို ထမ္းေဆာင္ေနခ်ိန္အတြင္း က်န္းမာေရးမေကာင္းတာမ်ိဳးျဖစ္လာမယ္ဆိုရင္ေတာ့ သမၼတတာဝန္ကေန ႏုတ္ထြက္သြားမယ္။ က်န္းမာေရးနဲ႔ပတ္သက္ၿပီး ေနထိုင္ရတာမေကာင္းဘူးလို႔ ယူဆမယ္ဆိုရင္ သမၼတတာဝန္က ႏုတ္ထြက္သြားမယ္"ဟုေျပာသည္။ ေဒၚနယ္ထရမ့္သည္ လက္ရွိအခ်ိန္တြင္ အသက္ ၇၈ ႏွစ္အ႐ြယ္ရွိေနၿပီး မၾကာေသးမီက ျပဳလုပ္ခဲ့ေသာ မဲဆြယ္စည္း႐ုံးပြဲအတြင္း လုပ္ႀကံပစ္ခတ္ခံရေသာ္လည္း အသက္ရွင္လြတ္ေျမာက္ခဲ့ေၾကာင္းသိရသည္။

ေဒၚနယ္ထရမ့္လုပ္ႀကံခံရၿပီးေနာက္ သီတင္းပတ္တစ္ပတ္အၾကာတြင္အသက္ ၈၁ႏွစ္အ႐ြယ္ရွိ သမၼတ ဂ်ိဳးဘိုင္ဒန္သည္ သမၼတေ႐ြးေကာက္ပြဲပါဝင္ယွဥ္ၿပိဳင္မည့္ အစီအစဥ္မွ ႏုတ္ထြက္သြားခဲ့ေၾကာင္းသိရသည္။ လက္ရွိသမၼတဂ်ိဳးဘိုင္ဒန္သည္ အသက္ ၈၁ ႏွစ္အ႐ြယ္ရွိေနရာ က်န္းမာေရးႏွင့္ ႀကံ့ခိုင္မႈပိုင္းေကာင္းမြန္မႈမရွိေတာ့ေၾကာင္း၊ အထူးသျဖင့္ စိတ္ပိုင္းဆိုင္ရာ ေကာင္းမြန္မႈမရွိေတာ့ေၾကာင္း ေဝဖန္ျပစ္တင္မႈမ်ားရွိေနသည္။

ဂ်ိဳးဘိုင္ဒန္သည္ စိတ္ပိုင္းဆိုင္ရာႀကံ့ခိုင္မႈအျပည့္အဝမရွိေသာ္လည္း သမၼတရာထူးမွႏုတ္ထြက္မည္မဟုတ္ဘဲ သက္တမ္းကုန္ဆုံးခ်ိန္အထိ တာဝန္ယူမည္ျဖစ္ေၾကာင္း သတင္းထုတ္ျပန္ထားသည္။ ေဒၚနယ္ထရမ့္သည္ ဇြန္လအတြင္းက သမၼတဂ်ိဳးဘိုင္ဒန္ႏွင့္ျပဳလုပ္ခဲ့ေသာ စကားစစ္ထိုးပြဲတြင္ ႀကံ့ခိုင္မႈႏွင့္စိတ္ပိုင္းဆိုင္ရာအေျခေနမ်ားေကာင္းမြန္ေၾကာင္း ျပသႏိုင္ခဲ့ေသာ္လည္း ဂ်ိဳးဘိုင္ဒန္က ျပသႏိုင္ျခင္းမ်ိဳးမရွိခဲ့ေၾကာင္း အေမရိကန္မီဒီယာမ်ားကေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.