စစ်ပွဲကသာ အရှေ့အလယ်ပိုင်းဒေသတွင် ငြိမ်းချမ်းရေးရနိုင်မည့် တစ်ခုတည်းသောနည်းလမ်းဖြစ်ကြောင်း ရုရှားသမ္မတဟောင်း ပြော

 2030

Pika (NP News) - ဩဂုတ် ၃

ဒေသတွင်းအင်အားကြီးများပါဝင်သော ပဋိပက္ခမှတစ်ဆင့် အရှေ့အလယ်ပိုင်းဒေသတွင် ငြိမ်းချမ်းရေးကို ရရှိနိုင်လိမ့်မည်ဖြစ်ကြောင်း ရုရှားသမ္မတဟောင်း ဒီမစ်ထရီမက်ဗီဒက်က အကြံပြုပြောဆိုခဲ့သည်။

အီရန်နှင့်အစ္စရေးကြားတင်းမာမှုများ မြင့်တက်လာခြင်းအပြင် ဒေသတွင်းနှင့် ပြင်ပရှိ ၎င်းတို့၏မိတ်ဖက်များကြားတွင်လည်း တင်းမာမှုများမြင့်တက်လာခြင်းကို ဒီမစ်ထရီမက်ဗီဒက်က မီးမောင်းထိုးပြကာ ပြောဆိုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ဒီမစ်ထရီမက်ဗီဒက်က 'အရှေ့အလယ်ပိုင်းဒေသမှာတင်းမာမှုတွေ မြင့်တက်လာနေပါတယ်။ အပြစ်မဲ့တဲ့အသက်တွေ ဆုံးရှုံးခဲ့ရတဲ့အတွက် တကယ်စိတ်မကောင်းဖြစ်မိပါတယ်။ သူတို့ဟာ ရွံရှာဖွယ်ကောင်းတဲ့ အမေရိကန်ရဲ့ ဓားစာခံတွေသာဖြစ်ပါတယ်။ ဒါကြောင့် အလုံးစုံစစ်ပွဲဟာ ဒေသတွင်းမှာ ငြိမ်းချမ်းရေးရရှိနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်ဆိုတာ အားလုံးလည်းသိကြမှာပါ'ဟု ပြောဆိုခဲ့သည်။

ဇူလိုင်လ(၃၁)ရက်နေ့က အီရန်နိုင်ငံ တီဟီရန်မြို့ကို ဒုံးကျည်နဲ့တိုက်ခိုက်ခံရမှုအတွင်း ဟားမက်လက်နက်ကိုင်အဖွဲ့ နိုင်ငံရေးခေါင်းဆောင် Ismail Haniyeh လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် ဒီမစ်ထရီမက်ဗီဒက်၏ မှတ်ချက်များထွက်ပေါ်လာခြင်းဖြစ်သည်။ အဆိုပါတိုက်ခိုက်မှုကို အစ္စရေးက ကြိုး ကိုင်ခဲ့ခြင်းဖြစ်ကြောင်း ဟားမက်လက်နက်ကိုင်အဖွဲ့က စွပ်စွဲပြောဆိုခဲ့သည်။ ထို့ပြင် အဆိုပါ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော ရာဇဝတ်မှုအတွက် သင့်လျော်သောတန်ဖိုးကို ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း ဟားမက်လက်နက်ကိုင်အဖွဲ့က သတိပေးပြောဆိုခဲ့သည်။

ယင်းဖြစ်ရပ်နှင့်ပတ်သက်ပြီး ပါဝင်ပတ်သက်မှု ရှိ/မရှိဆိုသည့်အချက်ကို အစ္စရေးက ငြင်းဆိုခဲ့ခြင်း သို့မဟုတ် အတည်ပြုခဲ့ခြင်းမျိုးမရှိခဲ့ကြောင်းလည်း သိရသည်။ သို့သော်လည်း အစ္စရေးတပ်ဖွဲ့များသည် ဟားမက်လက် နက်ကိုင်အဖွဲ့၊ ဟူသီလက်နက်ကိုင်အဖွဲ့နှင့် ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့တို့အပေါ် တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ကြောင်း အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ဇူလိုင်လ(၃၁)ရက်နေ့တွင် ထုတ်ပြန်ပြောဆိုခဲ့သည်။

zawgyi version
စစ္ပြဲကသာ အေရွ႕အလယ္ပိုင္းေဒသတြင္ ၿငိမ္းခ်မ္းေရးရႏိုင္မည့္ တစ္ခုတည္းေသာနည္းလမ္းျဖစ္ေၾကာင္း ႐ုရွားသမၼတေဟာင္း ေျပာ
Pika (NP News) - ဩဂုတ္ ၃

ေဒသတြင္းအင္အားႀကီးမ်ားပါဝင္ေသာ ပဋိပကၡမွတစ္ဆင့္ အေရွ႕အလယ္ပိုင္းေဒသတြင္ ၿငိမ္းခ်မ္းေရးကို ရရွိႏိုင္လိမ့္မည္ျဖစ္ေၾကာင္း ႐ုရွားသမၼတေဟာင္း ဒီမစ္ထရီမက္ဗီဒက္က အႀကံျပဳေျပာဆိုခဲ့သည္။

အီရန္ႏွင့္အစၥေရးၾကားတင္းမာမႈမ်ား ျမင့္တက္လာျခင္းအျပင္ ေဒသတြင္းႏွင့္ ျပင္ပရွိ ၎တို႔၏မိတ္ဖက္မ်ားၾကားတြင္လည္း တင္းမာမႈမ်ားျမင့္တက္လာျခင္းကို ဒီမစ္ထရီမက္ဗီဒက္က မီးေမာင္းထိုးျပကာ ေျပာဆိုခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ ဒီမစ္ထရီမက္ဗီဒက္က 'အေရွ႕အလယ္ပိုင္းေဒသမွာတင္းမာမႈေတြ ျမင့္တက္လာေနပါတယ္။ အျပစ္မဲ့တဲ့အသက္ေတြ ဆုံးရႈံးခဲ့ရတဲ့အတြက္ တကယ္စိတ္မေကာင္းျဖစ္မိပါတယ္။ သူတို႔ဟာ ႐ြံရွာဖြယ္ေကာင္းတဲ့ အေမရိကန္ရဲ႕ ဓားစာခံေတြသာျဖစ္ပါတယ္။ ဒါေၾကာင့္ အလုံးစုံစစ္ပြဲဟာ ေဒသတြင္းမွာ ၿငိမ္းခ်မ္းေရးရရွိႏိုင္မယ့္ တစ္ခုတည္းေသာ နည္းလမ္းျဖစ္တယ္ဆိုတာ အားလုံးလည္းသိၾကမွာပါ'ဟု ေျပာဆိုခဲ့သည္။

ဇူလိုင္လ(၃၁)ရက္ေန႔က အီရန္ႏိုင္ငံ တီဟီရန္ၿမိဳ႕ကို ဒုံးက်ည္နဲ႔တိုက္ခိုက္ခံရမႈအတြင္း ဟားမက္လက္နက္ကိုင္အဖြဲ႕ ႏိုင္ငံေရးေခါင္းေဆာင္ Ismail Haniyeh လုပ္ႀကံသတ္ျဖတ္ခံရၿပီးေနာက္ ဒီမစ္ထရီမက္ဗီဒက္၏ မွတ္ခ်က္မ်ားထြက္ေပၚလာျခင္းျဖစ္သည္။ အဆိုပါတိုက္ခိုက္မႈကို အစၥေရးက ႀကိဳး ကိုင္ခဲ့ျခင္းျဖစ္ေၾကာင္း ဟားမက္လက္နက္ကိုင္အဖြဲ႕က စြပ္စြဲေျပာဆိုခဲ့သည္။ ထို႔ျပင္ အဆိုပါ စက္ဆုပ္႐ြံရွာဖြယ္ေကာင္းေသာ ရာဇဝတ္မႈအတြက္ သင့္ေလ်ာ္ေသာတန္ဖိုးကို ျပန္လည္ေပးဆပ္ရမည္ျဖစ္ေၾကာင္း ဟားမက္လက္နက္ကိုင္အဖြဲ႕က သတိေပးေျပာဆိုခဲ့သည္။

ယင္းျဖစ္ရပ္ႏွင့္ပတ္သက္ၿပီး ပါဝင္ပတ္သက္မႈ ရွိ/မရွိဆိုသည့္အခ်က္ကို အစၥေရးက ျငင္းဆိုခဲ့ျခင္း သို႔မဟုတ္ အတည္ျပဳခဲ့ျခင္းမ်ိဳးမရွိခဲ့ေၾကာင္းလည္း သိရသည္။ သို႔ေသာ္လည္း အစၥေရးတပ္ဖြဲ႕မ်ားသည္ ဟားမက္လက္ နက္ကိုင္အဖြဲ႕၊ ဟူသီလက္နက္ကိုင္အဖြဲ႕ႏွင့္ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕တို႔အေပၚ တိုက္ခိုက္မႈမ်ားလုပ္ေဆာင္ခဲ့ေၾကာင္း အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက ဇူလိုင္လ(၃၁)ရက္ေန႔တြင္ ထုတ္ျပန္ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.