ကမ္ဘောဒီးယား နှင့် မြန်မာနိုင်ငံကြား အပြန်အလှန်ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်လာရန် မျှော်လင့်နေဟု မြန်မာအစိုးရပြော

 1324

Pika (NP News) - ဩဂုတ် ၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ကမ္ဘောဒီးယားနိုင်ငံသို့ သွားရောက်လည်ပတ်စဉ်အချိန်အတွင်း ကမ္ဘောဒီးယားနိုင်ငံ၏ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်မှုများကို ချီးကျူးစကားပြောဆိုခဲ့ကြောင်းသိရသည်။

ထို့ပြင် မြန်မာနှင့်ကမ္ဘောဒီးယားနိုင်ငံကြား ကောင်းမွန်သောဆက်ဆံရေးကို တန်ဖိုးထားပြီး ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်၏ ဦးဆောင်မှုအောက်တွင် နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုနှင့်ဆက်ဆံရေးများသည် ပိုမိုတိုးတက်ကောင်းမွန်လာမည်ဟု ယုံကြည်ကြောင်း ဦးကိုကိုလှိုင်က ပြောဆိုခဲ့သည်။ ဟွန်မာနက်သည် ကမ္ဘောဒီးယားနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သော ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်ကို နွေးထွေးစွာကြိုဆိုခဲ့ပြီး နှစ်နိုင်ငံကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများကိုမြှင့်တင်ရန်အတွက် အလားအလာများရှိနေဆဲဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။

မြန်မာနှင့်ကမ္ဘောဒီးယားနိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုအတွက် အလား အလာရှိသော နယ်ပယ်အချို့တွင် စီးပွားရေး၊ ကုန်သွယ်ရေး၊ ယဉ်ကျေးမှု၊ခရီးသွားလုပ်ငန်း နှင့် လူအချင်းချင်း ဆက်သွယ်ချိတ်ဆက်မှုတို့ ပါဝင်ကြောင်း သိရသည်။ ထို့ပြင် မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော ပဋိပက္ခကို မကြာမီအချိန်အတွင်း ဖြေရှင်းနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ဟွန်မာနက်ကပြောကြားခဲ့သည်။ အဆိုပါနေ့အစောပိုင်းတွင် ဦးကိုကိုလှိုင်သည် ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်ကို သွားရောက်တွေ့ဆုံခဲ့ကြောင်းလည်း သိရသည်။ အဆိုပါတွေ့ဆုံမှုအတွင်း မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် ကမ္ဘော ဒီးယား၏ ကတိဝတ်များကို ဟွန်ဆန်က ထပ်မံအတည်ပြုပြောကြားခဲ့ကြောင်းသိရသည်။

ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် မြန်မာပဋိပက္ခတွင် မဟာဗျူဟာ၊ နိုင်ငံရေး သို့မဟုတ် စီးပွားရေးအကျိုးစီးပွားများမရှိကြောင်းနှင့် ၎င်းတို့၏တစ်ခုတည်းသော ရည်ရွယ်ချက်မှာ လက်ရှိဖြစ်ပွားနေသော ပဋိပက္ခ၏ အကျိုးဆက်များကို မြန်မာပြည်သူများ ခံစားနေရခြင်းမှ ကင်းဝေးခြင်းကို မြင်တွေ့လိုခြင်းသာဖြစ်ကြောင်း ဟွန်ဆန်ကပြောကြားခဲ့သည်။ ပြီးခဲ့သည့် အတိတ်ကာလတွင် ကမ္ဘောဒီးယားနိုင်ငံက တူညီသောဘေးဒုက္ခမျိုးကို ခံစားဖူးသော ကြောင့် မြန်မာပြည်သူများကို အဆိုပါဘေးဒုက္ခများမှ ကင်းလွတ်စေလိုခြင်းဖြစ်ကြောင်း ဟွန်ဆန်ကပြောဆိုခဲ့သည်။

zawgyi version
ကေမာၻဒီးယား ႏွင့္ ျမန္မာႏိုင္ငံၾကား အျပန္အလွန္ဆက္ဆံေရး ပိုမိုတိုးတက္ေကာင္းမြန္လာရန္ ေမွ်ာ္လင့္ေနဟု ျမန္မာအစိုးရေျပာ
Pika (NP News) - ဩဂုတ္ ၃

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒႐ုံး ဝန္ႀကီးဌာန(၂) ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုလႈိင္သည္ ကေမာၻဒီးယားႏိုင္ငံသို႔ သြားေရာက္လည္ပတ္စဥ္အခ်ိန္အတြင္း ကေမာၻဒီးယားႏိုင္ငံ၏ အရွိန္အဟုန္ျဖင့္ ဖြံ႕ၿဖိဳးတိုးတက္မႈမ်ားကို ခ်ီးက်ဴးစကားေျပာဆိုခဲ့ေၾကာင္းသိရသည္။

ထို႔ျပင္ ျမန္မာႏွင့္ကေမာၻဒီးယားႏိုင္ငံၾကား ေကာင္းမြန္ေသာဆက္ဆံေရးကို တန္ဖိုးထားၿပီး ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ဟြန္မာနက္၏ ဦးေဆာင္မႈေအာက္တြင္ ႏွစ္ႏိုင္ငံၾကား ပူးေပါင္းေဆာင္႐ြက္မႈႏွင့္ဆက္ဆံေရးမ်ားသည္ ပိုမိုတိုးတက္ေကာင္းမြန္လာမည္ဟု ယုံၾကည္ေၾကာင္း ဦးကိုကိုလႈိင္က ေျပာဆိုခဲ့သည္။ ဟြန္မာနက္သည္ ကေမာၻဒီးယားႏိုင္ငံသို႔ လာေရာက္လည္ပတ္ခဲ့ေသာ ျပည္ေထာင္စုဝန္ႀကီးဦးကိုကိုလႈိင္ကို ေႏြးေထြးစြာႀကိဳဆိုခဲ့ၿပီး ႏွစ္ႏိုင္ငံၾကား အျပန္အလွန္ပူးေပါင္းေဆာင္႐ြက္မႈမ်ားကိုျမႇင့္တင္ရန္အတြက္ အလားအလာမ်ားရွိေနဆဲျဖစ္ေၾကာင္း အေလးေပးေျပာၾကားခဲ့သည္။

ျမန္မာႏွင့္ကေမာၻဒီးယားႏိုင္ငံၾကား ပူးေပါင္းေဆာင္႐ြက္မႈအတြက္ အလား အလာရွိေသာ နယ္ပယ္အခ်ိဳ႕တြင္ စီးပြားေရး၊ ကုန္သြယ္ေရး၊ ယဥ္ေက်းမႈ၊ခရီးသြားလုပ္ငန္း ႏွင့္ လူအခ်င္းခ်င္း ဆက္သြယ္ခ်ိတ္ဆက္မႈတို႔ ပါဝင္ေၾကာင္း သိရသည္။ ထို႔ျပင္ ျမန္မာႏိုင္ငံတြင္ျဖစ္ပြားေနေသာ ပဋိပကၡကို မၾကာမီအခ်ိန္အတြင္း ေျဖရွင္းႏိုင္လိမ့္မည္ဟု ေမွ်ာ္လင့္ေၾကာင္း ဟြန္မာနက္ကေျပာၾကားခဲ့သည္။ အဆိုပါေန႔အေစာပိုင္းတြင္ ဦးကိုကိုလႈိင္သည္ ဝန္ႀကီးခ်ဳပ္ေဟာင္း ဟြန္ဆန္ကို သြားေရာက္ေတြ႕ဆုံခဲ့ေၾကာင္းလည္း သိရသည္။ အဆိုပါေတြ႕ဆုံမႈအတြင္း ျမန္မာႏိုင္ငံၿငိမ္းခ်မ္းေရးအတြက္ ကေမာၻ ဒီးယား၏ ကတိဝတ္မ်ားကို ဟြန္ဆန္က ထပ္မံအတည္ျပဳေျပာၾကားခဲ့ေၾကာင္းသိရသည္။

ကေမာၻဒီးယားႏိုင္ငံအေနျဖင့္ ျမန္မာပဋိပကၡတြင္ မဟာဗ်ဴဟာ၊ ႏိုင္ငံေရး သို႔မဟုတ္ စီးပြားေရးအက်ိဳးစီးပြားမ်ားမရွိေၾကာင္းႏွင့္ ၎တို႔၏တစ္ခုတည္းေသာ ရည္႐ြယ္ခ်က္မွာ လက္ရွိျဖစ္ပြားေနေသာ ပဋိပကၡ၏ အက်ိဳးဆက္မ်ားကို ျမန္မာျပည္သူမ်ား ခံစားေနရျခင္းမွ ကင္းေဝးျခင္းကို ျမင္ေတြ႕လိုျခင္းသာျဖစ္ေၾကာင္း ဟြန္ဆန္ကေျပာၾကားခဲ့သည္။ ၿပီးခဲ့သည့္ အတိတ္ကာလတြင္ ကေမာၻဒီးယားႏိုင္ငံက တူညီေသာေဘးဒုကၡမ်ိဳးကို ခံစားဖူးေသာ ေၾကာင့္ ျမန္မာျပည္သူမ်ားကို အဆိုပါေဘးဒုကၡမ်ားမွ ကင္းလြတ္ေစလိုျခင္းျဖစ္ေၾကာင္း ဟြန္ဆန္ကေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.