တောင်တရုတ်ပင်လယ်အတွင်း ပထမဆုံးပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဖိလစ်ပိုင်နဲ့ ဂျပန်တို့ပြုလုပ်

 304

Pika (NP News) - ဩဂုတ် ၃

ဖိလစ်ပိုင် နဲ့ ဂျပန်တို့ဟာ တောင်တရုတ်ပင်လယ်အတွင်းမှာ ၎င်းတို့ရဲ့ပထမဆုံးပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဩဂုတ်လ(၂)ရက်နေ့က ပြုလုပ်ခဲ့တယ်လို့ ဖိလစ်ပိုင်စစ်တပ်က ပြောကြားခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်အတွင်းမှာ နယ်မြေအငြင်းပွားမှုတွေ အရှိန်မြင့်တက်လာနေချိန်မှာပဲ ဖိလစ်ပိုင်နဲ့ ဂျပန်တို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုထွက်ပေါ် လာတာလည်း ဖြစ်ပါတယ်။ ဇူလိုင်လ(၃၁)ရက်နေ့မှာ ဖိလစ်ပိုင်နဲ့ အမေရိကန်တို့ဟာ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို လုပ်ဆောင်ပြီးနောက် ဖိလစ်ပိုင်နိုင်ငံရဲ့ သီးသန့်စီးပွားရေးဇုန်အတွင်းမှာ လုပ်ဆောင်တဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှု ထပ်မံထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

ဖိလစ်ပိုင်စစ်တပ်က 'ဒီပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ လွတ်လပ်ပြီး ပွင့်လင်းတဲ့အင်ဒို-ပစိဖိတ်ဒေသကို အကောင်အထည်ဖော်ဖို့အတွက် ဒေသတွင်းနဲ့နိုင်ငံ တကာ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုအားကောင်းလာစေဖို့ ကြိုးပမ်းအား ထုတ်မှုရဲ့ တစ်စိတ်တစ်ပိုင်းလည်းဖြစ်ပါတယ်'လို့ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

ဒါ့ပြင် ဖိလစ်ပိုင်နဲ့ဂျပန်တို့ဟာ ၎င်းတို့ရဲ့နယ်မြေအတွင်းမှာ တပ်ဖွဲ့ဝင်တွေ အပြန်အလှန်ဖြန့်ကျက်ချထားခွင့်ပြုမယ့် စစ်ရေးသဘောတူညီစာချုပ်ကို ပြီးခဲ့တဲ့လမှာ လက်မှတ်ရေးထိုးခဲ့တယ်လို့လည်း သိရပါတယ်။ တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို ၎င်းတို့ပိုင်ဆိုင်ကြောင်း တရုတ်ဘက်ကပြောဆိုထားသလို ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှား နဲ့ ဘရူနိုင်းနိုင်ငံတို့ကလည်း တောင်တရုတ်ပင်လယ်အတွင်း တစ်စိတ်တစ်ပိုင်းကို ၎င်းတို့ ပိုင်ဆိုင်တယ်လို့ အခိုင်အမာပြောဆိုထားပါတယ်။

zawgyi version
ေတာင္တ႐ုတ္ပင္လယ္အတြင္း ပထမဆုံးပူးတြဲစစ္ေရးေလ့က်င့္မႈကို ဖိလစ္ပိုင္နဲ႔ ဂ်ပန္တို႔ျပဳလုပ္
Pika (NP News) - ဩဂုတ္ ၃

ဖိလစ္ပိုင္ နဲ႔ ဂ်ပန္တို႔ဟာ ေတာင္တ႐ုတ္ပင္လယ္အတြင္းမွာ ၎တို႔ရဲ႕ပထမဆုံးပူးတြဲစစ္ေရးေလ့က်င့္မႈကို ဩဂုတ္လ(၂)ရက္ေန႔က ျပဳလုပ္ခဲ့တယ္လို႔ ဖိလစ္ပိုင္စစ္တပ္က ေျပာၾကားခဲ့ပါတယ္။

ေတာင္တ႐ုတ္ပင္လယ္အတြင္းမွာ နယ္ေျမအျငင္းပြားမႈေတြ အရွိန္ျမင့္တက္လာေနခ်ိန္မွာပဲ ဖိလစ္ပိုင္နဲ႔ ဂ်ပန္တို႔ရဲ႕ ပူးတြဲစစ္ေရးေလ့က်င့္မႈထြက္ေပၚ လာတာလည္း ျဖစ္ပါတယ္။ ဇူလိုင္လ(၃၁)ရက္ေန႔မွာ ဖိလစ္ပိုင္နဲ႔ အေမရိကန္တို႔ဟာ ပူးတြဲစစ္ေရးေလ့က်င့္မႈေတြကို လုပ္ေဆာင္ၿပီးေနာက္ ဖိလစ္ပိုင္ႏိုင္ငံရဲ႕ သီးသန႔္စီးပြားေရးဇုန္အတြင္းမွာ လုပ္ေဆာင္တဲ့ ပူးတြဲစစ္ေရးေလ့က်င့္မႈ ထပ္မံထြက္ေပၚလာတာလည္း ျဖစ္ပါတယ္။

ဖိလစ္ပိုင္စစ္တပ္က 'ဒီပူးတြဲစစ္ေရးေလ့က်င့္မႈဟာ လြတ္လပ္ၿပီး ပြင့္လင္းတဲ့အင္ဒို-ပစိဖိတ္ေဒသကို အေကာင္အထည္ေဖာ္ဖို႔အတြက္ ေဒသတြင္းနဲ႔ႏိုင္ငံ တကာ ပူးေပါင္းေဆာင္႐ြက္မႈေတြ ပိုမိုအားေကာင္းလာေစဖို႔ ႀကိဳးပမ္းအား ထုတ္မႈရဲ႕ တစ္စိတ္တစ္ပိုင္းလည္းျဖစ္ပါတယ္'လို႔ ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။

ဒါ့ျပင္ ဖိလစ္ပိုင္နဲ႔ဂ်ပန္တို႔ဟာ ၎တို႔ရဲ႕နယ္ေျမအတြင္းမွာ တပ္ဖြဲ႕ဝင္ေတြ အျပန္အလွန္ျဖန႔္က်က္ခ်ထားခြင့္ျပဳမယ့္ စစ္ေရးသေဘာတူညီစာခ်ဳပ္ကို ၿပီးခဲ့တဲ့လမွာ လက္မွတ္ေရးထိုးခဲ့တယ္လို႔လည္း သိရပါတယ္။ ေတာင္တ႐ုတ္ပင္လယ္တစ္ခုလုံးနီးပါးကို ၎တို႔ပိုင္ဆိုင္ေၾကာင္း တ႐ုတ္ဘက္ကေျပာဆိုထားသလို ဖိလစ္ပိုင္၊ ဗီယက္နမ္၊ အင္ဒိုနီးရွား၊ မေလးရွား နဲ႔ ဘ႐ူႏိုင္းႏိုင္ငံတို႔ကလည္း ေတာင္တ႐ုတ္ပင္လယ္အတြင္း တစ္စိတ္တစ္ပိုင္းကို ၎တို႔ ပိုင္ဆိုင္တယ္လို႔ အခိုင္အမာေျပာဆိုထားပါတယ္။

Related news

© 2021. All rights reserved.