အီရန်မှ ပြင်သစ်နိုင်ငံသားများ ထွက်ခွာကြရန် ပြင်သစ်အစိုးရ သတိပေးနှိုးဆော်
1681
ALynn (NP News) - သြဂုတ် ၃
ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနသည် ပြင်သစ်နိုင်ငံသားများအား အီရန်နိုင်ငံမှ ထွက်ခွာပြီး ထိုနေရာသို့ ခရီးသွား ခြင်းမှ ရှောင်ကြဉ်ကြရန် အကြံပြုချက် ထုတ်ပြန်ထားသည်။ ဝန်ကြီးဌာနက “ဒေသအတွင်း စစ်ရေးအရ တိုးမြင့်လာ နိုင်သည့်အန္တရာယ်” ကိုလည်း ဖော်ပြခဲ့သည်။
တီဟီရန်တွင် ဟားမတ်စ် နိုင်ငံရေးခေါင်းဆောင် Ismail Haniyeh လုပ်ကြံခံရပြီးနောက် သတိပေးချက် ထွက်ပေါ် လာခြင်းဖြစ်သည်။ သတ်ဖြတ်မှုအတွက် အစ္စရေးက ပါဝင်ပတ်သက်မှုကို အတည်မပြု၊ ငြင်းဆိုသော်လည်း အစ္စရေးကို အီရန်က အပြစ်တင်ခဲ့သည်။ လုပ်ကြံသတ်ဖြတ်မှုသည် အစ္စရေးနှင့် အီရန်တို့ကြား တင်းမာမှုကို မြင့်တက်စေခဲ့ပြီး လက်ဘနွန်အခြေစိုက် ဟစ်ဇ်ဘိုလာတို့လည်း ပါဝင်သည်။ အနောက်အုပ်စုမီဒီယာများ၏ ဖော်ပြချက်များအရ အစ္စရေးအပေါ် အီရန်၏ လက်တုံ့ပြန်မှုများက တဖြည်းဖြည်းနီးကပ်လာဖွယ် ရှိနေကြောင်း သိရသည်။
Haniyeh သတ်ဖြတ်ခံရမှုအတွက် လက်စားချေမည့် ခြိမ်းခြောက်မှုကို ကိုးကား၍ ပြင်သစ်နိုင်ငံတစ်ဝန်းရှိ ဂျူးနေရာ များတွင် လုံခြုံရေးအစီအမံများကို ပြင်သစ်အစိုးရက အမိန့်ပေးခဲ့သည်။ ပြင်သစ်သည် အစ္စရေးနှင့် အမေရိကန်ပြီး လျှင် ကမ္ဘာ့တတိယမြောက် ဂျူးလူဦးရေအများဆုံး နေထိုင်ရာ နေရာဖြစ်ပြီး ဥရောပ၏အကြီးဆုံး မွတ်ဆလင် အသိုက်အဝန်းလည်းဖြစ်ကြောင်း AFP က ဖော်ပြသည်။
ဟားမတ်စ်နိုင်ငံရေးအကြီးအကဲ လုပ်ကြံခံရမှုကို တုံ့ပြန်သည့်အနေဖြင့် အီရန်ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီခါမေနီက အစ္စရေးကို တိုက်ရိုက်တိုက်ခိုက်ဖို့ အမိန့်ပေးခဲ့သည်ဟု နယူးယောက်တိုင်းမ်သတင်းစာက ကြာသပတေးနေ့မှာ ဖော်ပြခဲ့သည်။
ဟစ်ဇ်ဘိုလာများပါ ပါဝင်နိုင်သည့် အီရန်မှ အစ္စရေးကို တိုက်ခိုက်ခြင်း မကြာမီဖြစ်လာတော့မည်ဟု အမေရိကန် တာဝန်ရှိသူများက ခန့်မှန်းထားကြောင်း CNN နှင့် Axios တို့က သောကြာနေ့တွင် ဖော်ပြခဲ့သည်။ အီရန်သည် ဟားမတ်စ်ခေါင်းဆောင်အား သတ်ဖြတ်မှုကို လက်စားချေမည်ဟု ကတိပြုထားပြီး အစ္စရေး “ပြင်းထန်စွာ အပြစ်ပေးခံရမည်” ဟု ခါမေနီက ပြောကြားခဲ့သည်။
ဂါဇာတွင် စစ်ရေးလှုပ်ရှားမှုကြောင့် အစ္စရေး၊ အီရန် နှင့် ဟစ်ဇ်ဘိုလာတို့ကြား တင်းမာမှုများ မြင့်တက်လာခဲ့သည်။ မော်စကိုသည် ဂါဇာကမ်းမြောင်ဒေသ ပဋိပက္ခ၏ အန္တရာယ်များကြောင့် အရှေ့အလယ်ပိုင်းတွင် ကြီးမားသော စစ်ပွဲတစ်ခုအဖြစ်သို့ ပျံ့နှံ့သွားနိုင်သည့် အခြေအနေနှင့်ပတ်သက်၍ နှစ်ဖက်စလုံးအား ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ရန် တောင်းဆိုထားသည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနသည် Haniyeh လုပ်ကြံသတ်ဖြတ်ခံရမှုကို ပြင်းပြင်းထန်ထန်ရှုတ်ချခဲ့ပြီး ယင်းလုပ်ရပ်များသည် “ဒေသတစ်ခုလုံးအတွက် အန္တရာယ်ရှိသော အကျိုးဆက် များနှင့် ပြည့်နှက်နေသည်” ဟု သတိပေးခဲ့သည်။
Zawgyi Version;
အီရန္မွ ျပင္သစ္ႏိုင္ငံသားမ်ား ထြက္ခြာၾကရန္ ျပင္သစ္အစိုးရ သတိေပးႏႈိးေဆာ္
ALynn (NP News) - ၾသဂုတ္ ၃
ျပင္သစ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနသည္ ျပင္သစ္ႏိုင္ငံသားမ်ားအား အီရန္ႏိုင္ငံမွ ထြက္ခြာၿပီး ထိုေနရာသို႔ ခရီးသြား ျခင္းမွ ေရွာင္ၾကဥ္ၾကရန္ အႀကံျပဳခ်က္ ထုတ္ျပန္ထားသည္။ ဝန္ႀကီးဌာနက “ေဒသအတြင္း စစ္ေရးအရ တိုးျမင့္လာ ႏိုင္သည့္အႏၲရာယ္” ကိုလည္း ေဖာ္ျပခဲ့သည္။
တီဟီရန္တြင္ ဟားမတ္စ္ ႏိုင္ငံေရးေခါင္းေဆာင္ Ismail Haniyeh လုပ္ႀကံခံရၿပီးေနာက္ သတိေပးခ်က္ ထြက္ေပၚ လာျခင္းျဖစ္သည္။ သတ္ျဖတ္မႈအတြက္ အစၥေရးက ပါဝင္ပတ္သက္မႈကို အတည္မျပဳ၊ ျငင္းဆိုေသာ္လည္း အစၥေရးကို အီရန္က အျပစ္တင္ခဲ့သည္။ လုပ္ႀကံသတ္ျဖတ္မႈသည္ အစၥေရးႏွင့္ အီရန္တို႔ၾကား တင္းမာမႈကို ျမင့္တက္ေစခဲ့ၿပီး လက္ဘႏြန္အေျခစိုက္ ဟစ္ဇ္ဘိုလာတို႔လည္း ပါဝင္သည္။ အေနာက္အုပ္စုမီဒီယာမ်ား၏ ေဖာ္ျပခ်က္မ်ားအရ အစၥေရးအေပၚ အီရန္၏ လက္တုံ႔ျပန္မႈမ်ားက တျဖည္းျဖည္းနီးကပ္လာဖြယ္ ရွိေနေၾကာင္း သိရသည္။
Haniyeh သတ္ျဖတ္ခံရမႈအတြက္ လက္စားေခ်မည့္ ၿခိမ္းေျခာက္မႈကို ကိုးကား၍ ျပင္သစ္ႏိုင္ငံတစ္ဝန္းရွိ ဂ်ဴးေနရာ မ်ားတြင္ လုံၿခဳံေရးအစီအမံမ်ားကို ျပင္သစ္အစိုးရက အမိန႔္ေပးခဲ့သည္။ ျပင္သစ္သည္ အစၥေရးႏွင့္ အေမရိကန္ၿပီး လွ်င္ ကမာၻ႔တတိယေျမာက္ ဂ်ဴးလူဦးေရအမ်ားဆုံး ေနထိုင္ရာ ေနရာျဖစ္ၿပီး ဥေရာပ၏အႀကီးဆုံး မြတ္ဆလင္ အသိုက္အဝန္းလည္းျဖစ္ေၾကာင္း AFP က ေဖာ္ျပသည္။
ဟားမတ္စ္ႏိုင္ငံေရးအႀကီးအကဲ လုပ္ႀကံခံရမႈကို တုံ႔ျပန္သည့္အေနျဖင့္ အီရန္ထိပ္တန္းေခါင္းေဆာင္ အယာတိုလာ အလီခါေမနီက အစၥေရးကို တိုက္႐ိုက္တိုက္ခိုက္ဖို႔ အမိန႔္ေပးခဲ့သည္ဟု နယူးေယာက္တိုင္းမ္သတင္းစာက ၾကာသပေတးေန႔မွာ ေဖာ္ျပခဲ့သည္။
ဟစ္ဇ္ဘိုလာမ်ားပါ ပါဝင္ႏိုင္သည့္ အီရန္မွ အစၥေရးကို တိုက္ခိုက္ျခင္း မၾကာမီျဖစ္လာေတာ့မည္ဟု အေမရိကန္ တာဝန္ရွိသူမ်ားက ခန႔္မွန္းထားေၾကာင္း CNN ႏွင့္ Axios တို႔က ေသာၾကာေန႔တြင္ ေဖာ္ျပခဲ့သည္။ အီရန္သည္ ဟားမတ္စ္ေခါင္းေဆာင္အား သတ္ျဖတ္မႈကို လက္စားေခ်မည္ဟု ကတိျပဳထားၿပီး အစၥေရး “ျပင္းထန္စြာ အျပစ္ေပးခံရမည္” ဟု ခါေမနီက ေျပာၾကားခဲ့သည္။
ဂါဇာတြင္ စစ္ေရးလႈပ္ရွားမႈေၾကာင့္ အစၥေရး၊ အီရန္ ႏွင့္ ဟစ္ဇ္ဘိုလာတို႔ၾကား တင္းမာမႈမ်ား ျမင့္တက္လာခဲ့သည္။ ေမာ္စကိုသည္ ဂါဇာကမ္းေျမာင္ေဒသ ပဋိပကၡ၏ အႏၲရာယ္မ်ားေၾကာင့္ အေရွ႕အလယ္ပိုင္းတြင္ ႀကီးမားေသာ စစ္ပြဲတစ္ခုအျဖစ္သို႔ ပ်ံ႕ႏွံ႔သြားႏိုင္သည့္ အေျခအေနႏွင့္ပတ္သက္၍ ႏွစ္ဖက္စလုံးအား ထိန္းထိန္းသိမ္းသိမ္း လုပ္ေဆာင္ရန္ ေတာင္းဆိုထားသည္။ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနသည္ Haniyeh လုပ္ႀကံသတ္ျဖတ္ခံရမႈကို ျပင္းျပင္းထန္ထန္ရႈတ္ခ်ခဲ့ၿပီး ယင္းလုပ္ရပ္မ်ားသည္ “ေဒသတစ္ခုလုံးအတြက္ အႏၲရာယ္ရွိေသာ အက်ိဳးဆက္ မ်ားႏွင့္ ျပည့္ႏွက္ေနသည္” ဟု သတိေပးခဲ့သည္။