ဟစ်ဇ်ဘိုလာက အစ္စရေးကို ဒုံးကျည်များဖြင့် တိုက်ခိုက်မှုများ ပြန်လည်စတင်

 1964

ALynn (NP News) - သြဂုတ် ၃

ဘေရွတ်မြို့တွင် လက်ဘနွန်စစ်တပ်မှ တပ်မှူးကို အစ္စရေးက သတ်ဖြတ်ပြီးနောက် သောကြာနေ့ (သြဂုတ် ၂ ရက်) တွင် နယ်စပ်တစ်လျှောက်တွင် ဟစ်ဇ်ဘိုလာတပ်ဖွဲ့ဝင်များသည် ဒုံးကျည်များနှင့် အမြောက်များဖြင့် တိုက်ခိုက်မှု များ ပြန်လည်စတင်ခဲ့သည်။ လက်ဘနွန် လေပိုင်နက်အတွင်း ပျံသန်းနေသော အစ္စရေးတိုက်လေယာဉ်ကို ညတွင်းချင်း မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့ကြောင်း ဟစ်ဇ်ဘိုလာက ပြောကြားခဲ့သည်။
၎င်း၏တပ်ဖွဲ့များသည် အစ္စရေးမြောက်ပိုင်းရှိ စစ်ဘက်ဆိုင်ရာနေရာများကို အမြောက် နှင့် ဒုံးကျည်နှစ်စင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။

လက်ဘနွန်တောင်ပိုင်းရှိ ကျေးရွာအများအပြားတွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှု နှင့် လက်နက်ကြီး ပစ်ခတ်မှုတို့ကြောင့် လက်ဘနွန်တောင်ပိုင်းရှိ ဆီးရီးယားရွှေ့ပြောင်းလုပ်သား ငါးဦးထက်မနည်း သေဆုံးခဲ့ရ ကြောင်း လက်ဘနွန်နိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။ လက်ဘနွန် တောင်ပိုင်းတွင် ဟစ်ဇ်ဘိုလာတိုက်ခိုက်ရေး သမားနှစ်ဦးကို တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။
ဟစ်ဇ်ဘိုလာခေါင်းဆောင် Sayyed Hassan Nasrallah က ဘေရွတ်တွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုအပြီး နယ်စပ်တလျှောက် တည်ငြိမ်စေရန် အမိန့်ပေးထားကြောင်း ကြသပတေးနေ့တွင် ပြောကြားခဲ့သည့် မိန့်ခွန်းတွင် ဖော်ပြခဲ့ပြီး စစ်တပ်မှူး Fuad Shukr သေဆုံးခဲ့ပြီးနောက် လုပ်ဆောင်သင့်သည်များကို ထည့်သွင်းစဉ်းစားရန် ပြောကြားခဲ့သည်။

ဟစ်ဇ်ဘိုလာက လက်တုံ့ပြန်မည်ဟု Nasrallah က ပြောကြားသော်လည်း ၎င်းတို့၏ တုံ့ပြန်မှုသည် မည်သို့မည်ပုံ ဖြစ်မည်ကို လေ့လာရန် လိုအပ်ပြီး သို့မဟုတ်ပါက အစ္စရေးအပေါ် ၎င်း၏ ပုံမှန် စစ်ဆင်ရေးများ ပြန်လည်စတင်မည် ဖြစ်ကြောင်း Nasrallah က ပြောကြားခဲ့သည်။

ဟစ်ဇ်ဘိုလာ နှင့် အစ္စရေးစစ်တပ်တို့သည် ဂါဇာစစ်ပွဲနှင့်အပြိုင် ၁ဝ လနီးပါး ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ သို့သော် ပြီးခဲ့သည့်သီတင်းပတ်ကတည်းက တိုက်ခိုက်မှုများသည် ပဋိပက္ခကို ဒေသတွင်း စစ်ပွဲကြီးအဖြစ်သို့ ဦးတည်သွားစေ နိုင်သည်ဟု ခြိမ်းခြောက်လာခဲ့သည်။

Zawgyi Version;
ဟစ္ဇ္ဘိုလာက အစၥေရးကို ဒုံးက်ည္မ်ားျဖင့္ တိုက္ခိုက္မႈမ်ား ျပန္လည္စတင္
ALynn (NP News) - ၾသဂုတ္ ၃

ေဘ႐ြတ္ၿမိဳ႕တြင္ လက္ဘႏြန္စစ္တပ္မွ တပ္မႉးကို အစၥေရးက သတ္ျဖတ္ၿပီးေနာက္ ေသာၾကာေန႔ (ၾသဂုတ္ ၂ ရက္) တြင္ နယ္စပ္တစ္ေလွ်ာက္တြင္ ဟစ္ဇ္ဘိုလာတပ္ဖြဲ႕ဝင္မ်ားသည္ ဒုံးက်ည္မ်ားႏွင့္ အေျမာက္မ်ားျဖင့္ တိုက္ခိုက္မႈ မ်ား ျပန္လည္စတင္ခဲ့သည္။ လက္ဘႏြန္ ေလပိုင္နက္အတြင္း ပ်ံသန္းေနေသာ အစၥေရးတိုက္ေလယာဥ္ကို ညတြင္းခ်င္း ေျမျပင္မွ ေဝဟင္ပစ္ဒုံးက်ည္တစ္စင္း ပစ္လႊတ္ခဲ့ေၾကာင္း ဟစ္ဇ္ဘိုလာက ေျပာၾကားခဲ့သည္။
၎၏တပ္ဖြဲ႕မ်ားသည္ အစၥေရးေျမာက္ပိုင္းရွိ စစ္ဘက္ဆိုင္ရာေနရာမ်ားကို အေျမာက္ ႏွင့္ ဒုံးက်ည္ႏွစ္စင္းျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္းလည္း ေျပာၾကားခဲ့သည္။

လက္ဘႏြန္ေတာင္ပိုင္းရွိ ေက်း႐ြာအမ်ားအျပားတြင္ အစၥေရး၏ ေလေၾကာင္းတိုက္ခိုက္မႈ ႏွင့္ လက္နက္ႀကီး ပစ္ခတ္မႈတို႔ေၾကာင့္ လက္ဘႏြန္ေတာင္ပိုင္းရွိ ဆီးရီးယားေ႐ႊ႕ေျပာင္းလုပ္သား ငါးဦးထက္မနည္း ေသဆုံးခဲ့ရ ေၾကာင္း လက္ဘႏြန္ႏိုင္ငံပိုင္မီဒီယာက ေဖာ္ျပသည္။ လက္ဘႏြန္ ေတာင္ပိုင္းတြင္ ဟစ္ဇ္ဘိုလာတိုက္ခိုက္ေရး သမားႏွစ္ဦးကို တိုက္ခိုက္ခဲ့ေၾကာင္း အစၥေရးစစ္တပ္က ေျပာၾကားခဲ့သည္။
ဟစ္ဇ္ဘိုလာေခါင္းေဆာင္ Sayyed Hassan Nasrallah က ေဘ႐ြတ္တြင္ အစၥေရး၏ ေလေၾကာင္းတိုက္ခိုက္မႈအၿပီး နယ္စပ္တေလွ်ာက္ တည္ၿငိမ္ေစရန္ အမိန႔္ေပးထားေၾကာင္း ၾကသပေတးေန႔တြင္ ေျပာၾကားခဲ့သည့္ မိန႔္ခြန္းတြင္ ေဖာ္ျပခဲ့ၿပီး စစ္တပ္မႉး Fuad Shukr ေသဆုံးခဲ့ၿပီးေနာက္ လုပ္ေဆာင္သင့္သည္မ်ားကို ထည့္သြင္းစဥ္းစားရန္ ေျပာၾကားခဲ့သည္။

ဟစ္ဇ္ဘိုလာက လက္တုံ႔ျပန္မည္ဟု Nasrallah က ေျပာၾကားေသာ္လည္း ၎တို႔၏ တုံ႔ျပန္မႈသည္ မည္သို႔မည္ပုံ ျဖစ္မည္ကို ေလ့လာရန္ လိုအပ္ၿပီး သို႔မဟုတ္ပါက အစၥေရးအေပၚ ၎၏ ပုံမွန္ စစ္ဆင္ေရးမ်ား ျပန္လည္စတင္မည္ ျဖစ္ေၾကာင္း Nasrallah က ေျပာၾကားခဲ့သည္။

ဟစ္ဇ္ဘိုလာ ႏွင့္ အစၥေရးစစ္တပ္တို႔သည္ ဂါဇာစစ္ပြဲႏွင့္အၿပိဳင္ ၁ဝ လနီးပါး ပစ္ခတ္မႈမ်ား ျဖစ္ပြားခဲ့သည္။ သို႔ေသာ္ ၿပီးခဲ့သည့္သီတင္းပတ္ကတည္းက တိုက္ခိုက္မႈမ်ားသည္ ပဋိပကၡကို ေဒသတြင္း စစ္ပြဲႀကီးအျဖစ္သို႔ ဦးတည္သြားေစ ႏိုင္သည္ဟု ၿခိမ္းေျခာက္လာခဲ့သည္။

Related news

© 2021. All rights reserved.