ပေါ့စ်စတား ဂျက်စတင်တင်ဘက်လိက်ခ် ယာဉ်မောင်းလိုင်စင် ဆိုင်းငံ့ခံရ

 328

ရောင်နီ (NP News) - သြဂုတ် ၄

အမေရိကန်ပေါ့ပ်စတား ဂျက်စတင် တင်ဘလိက်ခ်ဟာ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ Sag Harbor မှာ ဇွန်လက အရက်မူးပြီး ကားမောင်းမှုနဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။

ဒါကြောင့် Sag Harbor Village Justice Carl Irace တရားရုံးက စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ၎င်းကို နယူးယောက်ပြည်နယ်မှာ ယာဉ်မောင်းခွင့် ဆိုင်းငံ့ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အသက် ၄၃ နှစ်အရွယ် နာမည်ကျော် ပေါ့စ်စတားတစ်ယောက်ဖြစ်တဲ့ တင်ဘက်လိက်ခ်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်က ညသန်းခေါင်ကျော်အချိန် Long Island ရှိ Sag Harbor မှာ မီးခိုးရောင် BMW ကားကို မောင်းနှင်နေခဲ့ပါတယ်။ သူ့ကို ရဲတွေကို ကားရပ်ဖို့ သတိပေးပြီး ဖမ်းဆီးလိုက်ချိန်မှာတော့ တင်ဘက်လိက်ခ်ရဲ့မျက်လုံးတွေဟာ ဆေးသုံးထားသလို အနီရောင် ဖြစ်နေ ပြီး သတ်မှတ်ချက်ထက် ကျော်လွန်တဲ့အရက်သောက်ထားတဲ့ အထောက်အထားလည်း တွေ့ရှိခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ရှေ့နေကတော့ အဆိုပါစွဲချက်တွေကို ငြင်းဆိုထားတယ်လို့ သိရပါတယ်။

တင်ဘက်လိက်ခ်ဟာ လတ်တလောမှာတော့ အယ်လ်ဘမ်ဖြစ်တဲ့ "Everything I Thought It Was" နဲ့အတူ ကမ္ဘာလှည့်ဖျော်ဖြေပွဲအတွက် ဥရောပကို သွားရောက်နေပါတယ်။

Zawgyi Version;
ေပါ့စ္စတား ဂ်က္စတင္တင္ဘက္လိက္ခ္ ယာဥ္ေမာင္းလိုင္စင္ ဆိုင္းငံ့ခံရ
ေရာင္နီ (NP News) - ၾသဂုတ္ ၄

အေမရိကန္ေပါ့ပ္စတား ဂ်က္စတင္ တင္ဘလိက္ခ္ဟာ အေမရိကန္ႏိုင္ငံ၊ နယူးေယာက္ၿမိဳ႕၊ Sag Harbor မွာ ဇြန္လက အရက္မူးၿပီး ကားေမာင္းမႈနဲ႔ ဖမ္းဆီးခံခဲ့ရပါတယ္။

ဒါေၾကာင့္ Sag Harbor Village Justice Carl Irace တရား႐ုံးက စစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ၿပီးေနာက္ ၎ကို နယူးေယာက္ျပည္နယ္မွာ ယာဥ္ေမာင္းခြင့္ ဆိုင္းငံ့ဖို႔ ဆုံးျဖတ္လိုက္ပါတယ္။ အသက္ ၄၃ ႏွစ္အ႐ြယ္ နာမည္ေက်ာ္ ေပါ့စ္စတားတစ္ေယာက္ျဖစ္တဲ့ တင္ဘက္လိက္ခ္ဟာ ၿပီးခဲ့တဲ့ ဇြန္လ ၁၈ ရက္က ညသန္းေခါင္ေက်ာ္အခ်ိန္ Long Island ရွိ Sag Harbor မွာ မီးခိုးေရာင္ BMW ကားကို ေမာင္းႏွင္ေနခဲ့ပါတယ္။ သူ႔ကို ရဲေတြကို ကားရပ္ဖို႔ သတိေပးၿပီး ဖမ္းဆီးလိုက္ခ်ိန္မွာေတာ့ တင္ဘက္လိက္ခ္ရဲ႕မ်က္လုံးေတြဟာ ေဆးသုံးထားသလို အနီေရာင္ ျဖစ္ေန ၿပီး သတ္မွတ္ခ်က္ထက္ ေက်ာ္လြန္တဲ့အရက္ေသာက္ထားတဲ့ အေထာက္အထားလည္း ေတြ႕ရွိခဲ့ပါတယ္။ ဒါေပမယ့္ သူ႔ရဲ႕ေရွ႕ေနကေတာ့ အဆိုပါစြဲခ်က္ေတြကို ျငင္းဆိုထားတယ္လို႔ သိရပါတယ္။

တင္ဘက္လိက္ခ္ဟာ လတ္တေလာမွာေတာ့ အယ္လ္ဘမ္ျဖစ္တဲ့ "Everything I Thought It Was" နဲ႔အတူ ကမာၻလွည့္ေဖ်ာ္ေျဖပြဲအတြက္ ဥေရာပကို သြားေရာက္ေနပါတယ္။

Related news

© 2021. All rights reserved.