Youtube star MrBeast၊ ပြုလုပ်ခဲ့တဲ့ Beast Games အားကစားပြိုင်ပွဲတွေမှာ လုံခြုံရေးဆိုင်ရာ တိုင်ကြားချက်တွေ ထွက်ပေါ်နေ

 634

ရောင်နီ (NP News) - သြဂုတ် ၄

ဆိုရှယ်မီဒီယာ YouTube ရဲ့အကြီးဆုံး၊ Follower အများဆုံးကြယ်ပွင့် MrBeast ဟာ ၎င်းရဲ့အမေရိကန်ဒေါ်လာ ၅ သန်းထိ ဆုကြေးငွေပေးမယ့် Beast Games ဂိမ်းရှိုးမှာ ပြိုင်ပွဲဝင်တွေရဲ့ဘေးကင်းမှုနဲ့ပတ်သက်ပြီး တိုင်ကြားမှုတွေ ရင်ဆိုင်နေရပါတယ်။

ပြိုင်ပွဲဝင်အချို့ဟာ လာစ်ဗီဂတ် ရှိ Allegiant အားကစားကွင်းမှာ အစောပိုင်းယှဉ်ပြိုင်နေစဉ် အစားအစာ၊ ရေနဲ့ ဆေးဝါး ပုံမှန်ရရှိခြင်း မရှိတဲ့အပြင် ပြိုင်ဘက်အချို့လည်း ဒဏ်ရာရခဲ့တယ်ဆိုပြီး အခြား ဆိုရှယ်မီဒီယာ Influencer တွေကို တိုင်ကြားမှုတွေ ရှိခဲ့တာပါ။ MrBeast ရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ ၄င်းရဲ့အဖွဲ့ဟာ လုပ်ငန်းစဉ်ကို ပြန်လည်သုံးသပ်နေပြီး နောက်ထပ် ဂိမ်းရှိုး မတိုင်မီပြိုင်ပွဲဝင်တွေဆီက အကြံပြုချက်တောင်းခံနေတယ်လို့ ပြောကြားခဲ့ပါတယ်။

အဆိုပါ ဂိမ်းရှိုးကို Amazon Prime Video မှ နိုင်ငံပေါင်း ၂၄၀ ထုတ်လွှင့်ပြသခဲ့ပြီးဖြစ်ပါတယ်။ Mr Beast ဟာ သူ့ရဲ့ Youtube channel မှာ စွန့်စားဗီဒီယိုတွေ၊ ဂိမ်းရှိုးတွေကို ဖန်တီးတင်ဆက်လေ့ရှိပြီး Channel ဟာ Follower ၃၀၇ သန်းထိ ရှိကာ ကမ္ဘာ့ follower အများဆုံး Youtuber လည်း ဖြစ်ပါတယ်။
MrBeast ဟာ ယခင်က ၎င်းရဲ့ကန်ထရိုက်တာတွေနဲ့လည်း အငြင်းပွားဖွယ်ဆက်ဆံရေးအချို့ ရှိခဲ့ဖူးပါတယ်။ ဒါအပြင် MrBeast channel မှ ပရိတ်သတ်တွေ မှာယူထားတဲ့ကုန်ပစ္စည်းများ ပစ္စည်းမှားခြင်း (သို့မဟုတ်) အရွယ်အစား မှားယွင်းခြင်းတွေနဲ့ပတ်သက်ပြီးလည်း ယခင်ကလည်း တိုင်ကြားခံရမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
Youtube star MrBeast၊ ျပဳလုပ္ခဲ့တဲ့ Beast Games အားကစားၿပိဳင္ပြဲေတြမွာ လုံၿခဳံေရးဆိုင္ရာ တိုင္ၾကားခ်က္ေတြ ထြက္ေပၚေန
ေရာင္နီ (NP News) - ၾသဂုတ္ ၄

ဆိုရွယ္မီဒီယာ YouTube ရဲ႕အႀကီးဆုံး၊ Follower အမ်ားဆုံးၾကယ္ပြင့္ MrBeast ဟာ ၎ရဲ႕အေမရိကန္ေဒၚလာ ၅ သန္းထိ ဆုေၾကးေငြေပးမယ့္ Beast Games ဂိမ္းရႈိးမွာ ၿပိဳင္ပြဲဝင္ေတြရဲ႕ေဘးကင္းမႈနဲ႔ပတ္သက္ၿပီး တိုင္ၾကားမႈေတြ ရင္ဆိုင္ေနရပါတယ္။

ၿပိဳင္ပြဲဝင္အခ်ိဳ႕ဟာ လာစ္ဗီဂတ္ ရွိ Allegiant အားကစားကြင္းမွာ အေစာပိုင္းယွဥ္ၿပိဳင္ေနစဥ္ အစားအစာ၊ ေရနဲ႔ ေဆးဝါး ပုံမွန္ရရွိျခင္း မရွိတဲ့အျပင္ ၿပိဳင္ဘက္အခ်ိဳ႕လည္း ဒဏ္ရာရခဲ့တယ္ဆိုၿပီး အျခား ဆိုရွယ္မီဒီယာ Influencer ေတြကို တိုင္ၾကားမႈေတြ ရွိခဲ့တာပါ။ MrBeast ရဲ႕ေျပာေရးဆိုခြင့္ရွိသူတစ္ဦးကေတာ့ ၄င္းရဲ႕အဖြဲ႕ဟာ လုပ္ငန္းစဥ္ကို ျပန္လည္သုံးသပ္ေနၿပီး ေနာက္ထပ္ ဂိမ္းရႈိး မတိုင္မီၿပိဳင္ပြဲဝင္ေတြဆီက အႀကံျပဳခ်က္ေတာင္းခံေနတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အဆိုပါ ဂိမ္းရႈိးကို Amazon Prime Video မွ ႏိုင္ငံေပါင္း ၂၄၀ ထုတ္လႊင့္ျပသခဲ့ၿပီးျဖစ္ပါတယ္။ Mr Beast ဟာ သူ႔ရဲ႕ Youtube channel မွာ စြန႔္စားဗီဒီယိုေတြ၊ ဂိမ္းရႈိးေတြကို ဖန္တီးတင္ဆက္ေလ့ရွိၿပီး Channel ဟာ Follower ၃၀၇ သန္းထိ ရွိကာ ကမာၻ႔ follower အမ်ားဆုံး Youtuber လည္း ျဖစ္ပါတယ္။
MrBeast ဟာ ယခင္က ၎ရဲ႕ကန္ထ႐ိုက္တာေတြနဲ႔လည္း အျငင္းပြားဖြယ္ဆက္ဆံေရးအခ်ိဳ႕ ရွိခဲ့ဖူးပါတယ္။ ဒါအျပင္ MrBeast channel မွ ပရိတ္သတ္ေတြ မွာယူထားတဲ့ကုန္ပစၥည္းမ်ား ပစၥည္းမွားျခင္း (သို႔မဟုတ္) အ႐ြယ္အစား မွားယြင္းျခင္းေတြနဲ႔ပတ္သက္ၿပီးလည္း ယခင္ကလည္း တိုင္ၾကားခံရမႈေတြ ရွိခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.