တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ မြေပြိုမှုကြောင့် အနည်းဆုံး လူနှစ်ဦး သေဆုံး

 509

ရောင်နီ Pika (NP News) - သြဂုတ် ၄

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ စနေနေ့ (သြဂုတ် ၃ ရက်) က မြေပြိုမှုကြောင့် နေအိမ်များ ပျက်စီးပြီး အဝေးပြေးလမ်း တံတားပြိုကျမှုကြောင့် အနည်းဆုံး လူနှစ်ဦး သေဆုံးကာ လူ ၁၇ ဦးခန့် ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

စီချွမ်ပြည်နယ်၊ ဂါဇ်တပ်ဘက်တန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုရှိ ရီဒီကျေးရွာ တစ်စိတ်တစ်ပိုင်းမှာ မြေပြိုမှုတွေ ဖြစ်ပွားပြီး ဥမင်တံတားကျိုးကျမှု ရှိခဲ့တယ်လို့ နိုင်ငံပိုင်ရုပ်သံ CCTV က ပြောကြားခဲ့ပါတယ်။ အဆိုပါ ဘေးအန္တရာယ် ကြောင့် လူနှစ်ဦး သေဆုံးပြီး ၁၂ ဦး ပျောက်ဆုံးနေကာ လက်ရှိသဘာဝဘေးအန္တရာယ်အခြေအနေကို နောက်ထပ် စစ်ဆေးအတည်ပြုမှုများ ပြုလုပ်နေတယ်လို့ CCTV က ဆိုပါတယ်။ ဂါဇ်ဒေသဟာ ဟိမဝန္တာတောင်ခြေရှိ တောင်တန်းဒေသမှာ တည်ရှိပြီး တိဗက်လူဦးရေ အများအပြား နေထိုင်ရာနေရာဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ လက်ရှိနွေရာသီမှာ သဘာဝဘေးအန္တရာယ်များစွာ ကြုံတွေ့နေရပါတယ်။

ပြီးခဲ့တဲ့လကလည်း ရှန်ဇီပြည်နယ်မြောက်ပိုင်း အဝေးပြေးလမ်း တံတားပြိုကျမှုကြောင့် သေဆုံးသူ ၃၈ ဦးအထိ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ မေလအတွင်းကလည်း တရုတ်နိုင်ငံ တောင်ပိုင်းမှာ မိုးရွာသွန်းပြီး အဝေးပြေးလမ်းတစ်ခု ပြိုကျခဲ့ခြင်းကြောင့် လူ ၄၈ ဦး သေဆုံးခဲ့ပါတယ်။တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ဖန်လုံအိမ်ဓာတ်ငွေ့အများဆုံး ထုတ်လွှတ်တဲ့နိုင်ငံဖြစ်ပြီး ရာသီဥတုဖောက်ပြန်မှုကို တွန်းအားပေးနေတာကြောင့် ပြင်းထန်တဲ့ရာသီဥတု ဖြစ်စဉ် တွေ ဖြစ်လေ့ရှိနေတယ်လို့ သိပ္ပံပညာရှင်တွေက ယူဆထားပါတယ်။

Zawgyi Version;
တ႐ုတ္ႏိုင္ငံ အေနာက္ေတာင္ပိုင္းမွာ ေျမၿပိဳမႈေၾကာင့္ အနည္းဆုံး လူႏွစ္ဦး ေသဆုံး
ေရာင္နီ Pika (NP News) - ၾသဂုတ္ ၄

တ႐ုတ္ႏိုင္ငံ အေနာက္ေတာင္ပိုင္းမွာ စေနေန႔ (ၾသဂုတ္ ၃ ရက္) က ေျမၿပိဳမႈေၾကာင့္ ေနအိမ္မ်ား ပ်က္စီးၿပီး အေဝးေျပးလမ္း တံတားၿပိဳက်မႈေၾကာင့္ အနည္းဆုံး လူႏွစ္ဦး ေသဆုံးကာ လူ ၁၇ ဦးခန႔္ ေပ်ာက္ဆုံးေနတယ္လို႔ သိရပါတယ္။

စီခြၽမ္ျပည္နယ္၊ ဂါဇ္တပ္ဘက္တန္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ စီရင္စုရွိ ရီဒီေက်း႐ြာ တစ္စိတ္တစ္ပိုင္းမွာ ေျမၿပိဳမႈေတြ ျဖစ္ပြားၿပီး ဥမင္တံတားက်ိဳးက်မႈ ရွိခဲ့တယ္လို႔ ႏိုင္ငံပိုင္႐ုပ္သံ CCTV က ေျပာၾကားခဲ့ပါတယ္။ အဆိုပါ ေဘးအႏၲရာယ္ ေၾကာင့္ လူႏွစ္ဦး ေသဆုံးၿပီး ၁၂ ဦး ေပ်ာက္ဆုံးေနကာ လက္ရွိသဘာဝေဘးအႏၲရာယ္အေျခအေနကို ေနာက္ထပ္ စစ္ေဆးအတည္ျပဳမႈမ်ား ျပဳလုပ္ေနတယ္လို႔ CCTV က ဆိုပါတယ္။ ဂါဇ္ေဒသဟာ ဟိမဝႏၲာေတာင္ေျခရွိ ေတာင္တန္းေဒသမွာ တည္ရွိၿပီး တိဗက္လူဦးေရ အမ်ားအျပား ေနထိုင္ရာေနရာျဖစ္ပါတယ္။ တ႐ုတ္ႏိုင္ငံဟာ လက္ရွိေႏြရာသီမွာ သဘာဝေဘးအႏၲရာယ္မ်ားစြာ ႀကဳံေတြ႕ေနရပါတယ္။

ၿပီးခဲ့တဲ့လကလည္း ရွန္ဇီျပည္နယ္ေျမာက္ပိုင္း အေဝးေျပးလမ္း တံတားၿပိဳက်မႈေၾကာင့္ ေသဆုံးသူ ၃၈ ဦးအထိ ရွိခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ေမလအတြင္းကလည္း တ႐ုတ္ႏိုင္ငံ ေတာင္ပိုင္းမွာ မိုး႐ြာသြန္းၿပီး အေဝးေျပးလမ္းတစ္ခု ၿပိဳက်ခဲ့ျခင္းေၾကာင့္ လူ ၄၈ ဦး ေသဆုံးခဲ့ပါတယ္။တ႐ုတ္ႏိုင္ငံဟာ ကမာၻေပၚမွာ ဖန္လုံအိမ္ဓာတ္ေငြ႕အမ်ားဆုံး ထုတ္လႊတ္တဲ့ႏိုင္ငံျဖစ္ၿပီး ရာသီဥတုေဖာက္ျပန္မႈကို တြန္းအားေပးေနတာေၾကာင့္ ျပင္းထန္တဲ့ရာသီဥတု ျဖစ္စဥ္ ေတြ ျဖစ္ေလ့ရွိေနတယ္လို႔ သိပၸံပညာရွင္ေတြက ယူဆထားပါတယ္။

Related news

© 2021. All rights reserved.