ခရိုင်းမီးယားကျွန်းဆွယ်ကို တိုက်ခိုက်မှုအတွင်း ရုရှားရေငုပ်သင်္ဘောတစ်စီးကို နှစ်မြုပ်ပစ်နိုင်ခဲ့တယ်လို့ ယူကရိန်းစစ်ဘက် သတင်းထုတ်ပြန်
381
Pika (NP News) - သြဂုတ် ၄
ခရိုင်းမီးယားကျွန်းဆွယ်ကို တိုက်ခိုက်မှုအတွင်း ရုရှားရေငုပ်သင်္ဘောတစ်စီးကို နှစ်မြုပ်ပစ်ခဲ့ပြီး S-400 လေယာဉ်ပစ် ဒုံးကျည်စနစ်ကို ပျက်စီးအောင်လုပ်ဆောင်နိုင်ခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ဩဂုတ်လ(၃)ရက်မှာ ထုတ်ပြန်ပြော ဆိုခဲ့ပါတယ်။ ဒါ့ပြင် ဩဂုတ်လ(၂)ရက်က လုပ်ဆောင်ခဲ့တဲ့တိုက်ခိုက်မှုအတွင်း ရုရှားတို့ရဲ့ ‘Triumf’ လေကြောင်း ရန်ကာကွယ်ရေးစနစ်ရဲ့လောင်ချာ(၄)ခုလည်း ပျက်စီးသွားခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ပြောဆိုခဲ့ပါတယ်။
ယူကရိန်းစစ်တပ်က “ကျွန်တော်တို့တပ်ဖွဲ့တွေဟာ ခရိုင်းမီးယားကျွန်းဆွယ် ဆီဗာစတိုပိုလ်ဆိပ်ကမ်းမြို့မှာရှိတဲ့ ရုရှားစစ်တပ်ရဲ့ “Rostov on Don” စစ်သင်္ဘောကို အောင်မြင်စွာတိုက်ခိုက်ခဲ့ပြီး နှစ်မြုပ်ပစ်နိုင်ခဲ့ပါတယ်” လို့ သတင်းထုတ်ပြန်ပြောထားပါတယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလတုန်းကလည်း ယူကရိန်းတပ်ဖွဲ့တွေဟာ ခရိုင်းမီးယား ကျွန်းဆွယ်ကမ်းလွန်မှာရှိတဲ့ ရုရှားစစ်သင်္ဘောတစ်စီးကို ရေအောက်သုံးဒရုန်းတွေနဲ့တိုက်ခိုက်ပြီး ဖျက်ဆီးနှစ်မြုပ် ပစ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့ပြင် ပြီးခဲ့တဲ့မတ်လတုန်းကလည်း ခရိုင်းမီးယားကျွန်းဆွယ်ကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုအတွင်း ရုရှားစစ်သင်္ဘောနှစ်စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ထုတ်ပြန် ပြောကြားခဲ့ဖူးပါတယ်။
ရုရှား-ယူကရိန်းစစ်ပွဲဖြစ်ပွားတာဟာ အချိန်(၂)နှစ်ကျော် ကြာမြင့်နေပြီဖြစ်ပေမယ့်လည်း ယခုအချိန်အထိ နှစ်ဖက်စလုံးက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်ဆောင်နိုင်တာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။
Zawgyi Version;
ခ႐ိုင္းမီးယားကြၽန္းဆြယ္ကို တိုက္ခိုက္မႈအတြင္း ႐ုရွားေရငုပ္သေဘၤာတစ္စီးကို ႏွစ္ျမဳပ္ပစ္ႏိုင္ခဲ့တယ္လို႔ ယူကရိန္းစစ္ဘက္ သတင္းထုတ္ျပန္
Pika (NP News) - ၾသဂုတ္ ၄
ခ႐ိုင္းမီးယားကြၽန္းဆြယ္ကို တိုက္ခိုက္မႈအတြင္း ႐ုရွားေရငုပ္သေဘၤာတစ္စီးကို ႏွစ္ျမဳပ္ပစ္ခဲ့ၿပီး S-400 ေလယာဥ္ပစ္ ဒုံးက်ည္စနစ္ကို ပ်က္စီးေအာင္လုပ္ေဆာင္ႏိုင္ခဲ့တယ္လို႔ ယူကရိန္းစစ္တပ္က ဩဂုတ္လ(၃)ရက္မွာ ထုတ္ျပန္ေျပာ ဆိုခဲ့ပါတယ္။ ဒါ့ျပင္ ဩဂုတ္လ(၂)ရက္က လုပ္ေဆာင္ခဲ့တဲ့တိုက္ခိုက္မႈအတြင္း ႐ုရွားတို႔ရဲ႕ ‘Triumf’ ေလေၾကာင္း ရန္ကာကြယ္ေရးစနစ္ရဲ႕ေလာင္ခ်ာ(၄)ခုလည္း ပ်က္စီးသြားခဲ့တယ္လို႔ ယူကရိန္းစစ္တပ္က ေျပာဆိုခဲ့ပါတယ္။
ယူကရိန္းစစ္တပ္က “ကြၽန္ေတာ္တို႔တပ္ဖြဲ႕ေတြဟာ ခ႐ိုင္းမီးယားကြၽန္းဆြယ္ ဆီဗာစတိုပိုလ္ဆိပ္ကမ္းၿမိဳ႕မွာရွိတဲ့ ႐ုရွားစစ္တပ္ရဲ႕ “Rostov on Don” စစ္သေဘၤာကို ေအာင္ျမင္စြာတိုက္ခိုက္ခဲ့ၿပီး ႏွစ္ျမဳပ္ပစ္ႏိုင္ခဲ့ပါတယ္” လို႔ သတင္းထုတ္ျပန္ေျပာထားပါတယ္။ ၿပီးခဲ့တဲ့ေဖေဖာ္ဝါရီလတုန္းကလည္း ယူကရိန္းတပ္ဖြဲ႕ေတြဟာ ခ႐ိုင္းမီးယား ကြၽန္းဆြယ္ကမ္းလြန္မွာရွိတဲ့ ႐ုရွားစစ္သေဘၤာတစ္စီးကို ေရေအာက္သုံးဒ႐ုန္းေတြနဲ႔တိုက္ခိုက္ၿပီး ဖ်က္ဆီးႏွစ္ျမဳပ္ ပစ္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။ ဒါ့ျပင္ ၿပီးခဲ့တဲ့မတ္လတုန္းကလည္း ခ႐ိုင္းမီးယားကြၽန္းဆြယ္ကို ဒုံးက်ည္ေတြနဲ႔ ပစ္ခတ္တိုက္ခိုက္မႈအတြင္း ႐ုရွားစစ္သေဘၤာႏွစ္စီး ထိခိုက္ပ်က္စီးခဲ့တယ္လို႔ ယူကရိန္းစစ္တပ္က ထုတ္ျပန္ ေျပာၾကားခဲ့ဖူးပါတယ္။
႐ုရွား-ယူကရိန္းစစ္ပြဲျဖစ္ပြားတာဟာ အခ်ိန္(၂)ႏွစ္ေက်ာ္ ၾကာျမင့္ေနၿပီျဖစ္ေပမယ့္လည္း ယခုအခ်ိန္အထိ ႏွစ္ဖက္စလုံးက ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြ လုပ္ေဆာင္ႏိုင္တာမ်ိဳး မရွိေသးဘူးလို႔လည္း သိရပါတယ္။