ဆန္ဒပြပွဲအရှိန်မြင့်တက်လာခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာ ရာထူးကနေ နုတ်ထွက်
2255
ဂျန်ဇက် (NP News) - ဩဂုတ် ၅
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာဖြစ်ပွားလျက်ရှိနေတဲ့ ဆန္ဒပြပွဲတွေကြောင့် ဝန်ကြီး ချုပ် ရှိတ်ဟာစီနာဟာ သြဂုတ်လ ၅ ရက်နေ့မှာ ရာထူးကနေ နုတ်ထွက်ပြီးထွက်ပြေးခဲ့ရကြောင်းသိရပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တက္ကသိုလ်ကျောင်းသားတွေ ဦးဆောင်တဲ့ဆန္ဒပြပွဲများဖြစ်လာခဲ့ပြီးနောက် ဒီသီတင်းပတ်အတွင်းဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲအတွင်းလူပေါင်း (၃၀၀)နီးပါးသေဆုံးခဲ့ရကြောင်း သိရပါတယ်။
ဆန္ဒပြအုပ်စုတွေဟာ နိုင်ငံတဝန်း ညမထွက်ရအမိန့်ထုတ်ပြန်ကာ လုံခြုံရေးတင်းကြပ်ထားပေမယ့် ဆန္ဒပြမှုတွေကို ဆက်လက်လုပ်ဆောင်ခဲ့ပြီး သြဂုတ်လ ၅ ရက်နေ့မှာ ဝန်ကြီးချုပ်ရုံးကို စီးနင်းခဲ့ကြောင်း သိရပါတယ်။ ဘင်္ဂလားဒေ့ရှ် စစ်ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်တဲ့ Waker-Uz-Zaman က ဝန်ကြီးချုပ်ဟာ ရာထူးကနေ နုတ်ထွက်သွားခဲ့ကြောင်း ယာယီအစိုးရအဖွဲ့က နိုင်ငံကို ဆက်လက်ထိန်းချုပ်သွားမှာဖြစ်ကြောင်း အတည်ပြုပြောဆိုထားပါတယ်။သြဂုတ်လ ၄ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ဆန္ဒပြပွဲအတွင်း လူပေါင်း (၉၀)ကျော်သေဆုံးခဲ့ပြီးနောက် ဆန္ဒပြအုပ်စုတွေဟာ စိတ်ဆိုးဒေါသဖြစ်ပွားမှုပိုမိုမြင့်တက်လာခဲ့ကာ သြဂုတ်လ (၅)ရက်နေ့မှာ အရှိန်မြင့်ဆန္ဒပြခဲ့ကြောင်း သိရပါတယ်။
ဘင်္ဂလားဒေ့ရှ် စစ်တပ်အကြီးအကဲတစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီး Waker-Uz-Zaman က ဘင်္ဂလားဒေ့ရှ်ပြည်သူတွေအနေနဲ့ လက်ရှိအချိန်မှာ စစ်တပ်အပေါ် ယုံကြည်မှုရှိစေလိုကြောင်း၊ စစ်တပ်အနေနဲ့ နိုင်ငံကို ငြိမ်းချမ်းရေး ပြန်လည်ရရှိအောင်လုပ်ဆောင်မှာဖြစ်ကြောင်း ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်စစ်တပ်အကြီးအကဲက "ကျွန်တော်တို့ဟာ နိုင်ငံရေးပါတီအားလုံးကို ဖိတ်ခေါ်ဆွေးနွေးမယ်။ ပူးပေါင်းဆောင်ရွက်ဖို့ ကမ်းလှမ်းမယ်။ ဆန္ဒပြပွဲအတွင်း သေဆုံးခဲ့သူအားလုံးအတွက် တရားမျှတမှုတွေ၊ အမှန်တရားရအောင်လုပ်ဆောင်မယ်" လို့ပြောပါတယ်။ ဝန်ကြီးချုပ်ရှိတ်ဟာစီနာဟာ စစ်ဘက်သုံးရဟတ်ယာဉ်ကို အသုံးပြုပြီးထွက်ပြေးခဲ့ရခြင်းဖြစ်ကြောင်း သိရပါတယ်။
zawgyi version
ဆႏၵျပပြဲအရွိန္ျမင့္တက္လာခဲ့ၿပီးေနာက္ ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္ ရွိတ္ဟာစီနာ ရာထူးကေန ႏုတ္ထြက္
ဂ်န္ဇက္ (NP News) - ဩဂုတ္ ၅
ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာျဖစ္ပြားလ်က္ရွိေနတဲ့ ဆႏၵျပပြဲေတြေၾကာင့္ ဝန္ႀကီး ခ်ဳပ္ ရွိတ္ဟာစီနာဟာ ၾသဂုတ္လ ၅ ရက္ေန႔မွာ ရာထူးကေန ႏုတ္ထြက္ၿပီးထြက္ေျပးခဲ့ရေၾကာင္းသိရပါတယ္။ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ တကၠသိုလ္ေက်ာင္းသားေတြ ဦးေဆာင္တဲ့ဆႏၵျပပြဲမ်ားျဖစ္လာခဲ့ၿပီးေနာက္ ဒီသီတင္းပတ္အတြင္းျဖစ္ပြားခဲ့တဲ့ ဆႏၵျပပြဲအတြင္းလူေပါင္း (၃၀၀)နီးပါးေသဆုံးခဲ့ရေၾကာင္း သိရပါတယ္။
ဆႏၵျပအုပ္စုေတြဟာ ႏိုင္ငံတဝန္း ညမထြက္ရအမိန႔္ထုတ္ျပန္ကာ လုံၿခဳံေရးတင္းၾကပ္ထားေပမယ့္ ဆႏၵျပမႈေတြကို ဆက္လက္လုပ္ေဆာင္ခဲ့ၿပီး ၾသဂုတ္လ ၅ ရက္ေန႔မွာ ဝန္ႀကီးခ်ဳပ္႐ုံးကို စီးနင္းခဲ့ေၾကာင္း သိရပါတယ္။ ဘဂၤလားေဒ့ရွ္ စစ္ဗိုလ္ခ်ဳပ္ႀကီးတစ္ဦးျဖစ္တဲ့ Waker-Uz-Zaman က ဝန္ႀကီးခ်ဳပ္ဟာ ရာထူးကေန ႏုတ္ထြက္သြားခဲ့ေၾကာင္း ယာယီအစိုးရအဖြဲ႕က ႏိုင္ငံကို ဆက္လက္ထိန္းခ်ဳပ္သြားမွာျဖစ္ေၾကာင္း အတည္ျပဳေျပာဆိုထားပါတယ္။ၾသဂုတ္လ ၄ ရက္ေန႔က ျဖစ္ပြားခဲ့တဲ့ဆႏၵျပပြဲအတြင္း လူေပါင္း (၉၀)ေက်ာ္ေသဆုံးခဲ့ၿပီးေနာက္ ဆႏၵျပအုပ္စုေတြဟာ စိတ္ဆိုးေဒါသျဖစ္ပြားမႈပိုမိုျမင့္တက္လာခဲ့ကာ ၾသဂုတ္လ (၅)ရက္ေန႔မွာ အရွိန္ျမင့္ဆႏၵျပခဲ့ေၾကာင္း သိရပါတယ္။
ဘဂၤလားေဒ့ရွ္ စစ္တပ္အႀကီးအကဲတစ္ဦးျဖစ္တဲ့ ဗိုလ္ခ်ဳပ္ႀကီး Waker-Uz-Zaman က ဘဂၤလားေဒ့ရွ္ျပည္သူေတြအေနနဲ႔ လက္ရွိအခ်ိန္မွာ စစ္တပ္အေပၚ ယုံၾကည္မႈရွိေစလိုေၾကာင္း၊ စစ္တပ္အေနနဲ႔ ႏိုင္ငံကို ၿငိမ္းခ်မ္းေရး ျပန္လည္ရရွိေအာင္လုပ္ေဆာင္မွာျဖစ္ေၾကာင္း ေျပာပါတယ္။ ဘဂၤလားေဒ့ရွ္စစ္တပ္အႀကီးအကဲက "ကြၽန္ေတာ္တို႔ဟာ ႏိုင္ငံေရးပါတီအားလုံးကို ဖိတ္ေခၚေဆြးေႏြးမယ္။ ပူးေပါင္းေဆာင္႐ြက္ဖို႔ ကမ္းလွမ္းမယ္။ ဆႏၵျပပြဲအတြင္း ေသဆုံးခဲ့သူအားလုံးအတြက္ တရားမွ်တမႈေတြ၊ အမွန္တရားရေအာင္လုပ္ေဆာင္မယ္" လို႔ေျပာပါတယ္။ ဝန္ႀကီးခ်ဳပ္ရွိတ္ဟာစီနာဟာ စစ္ဘက္သုံးရဟတ္ယာဥ္ကို အသုံးျပဳၿပီးထြက္ေျပးခဲ့ရျခင္းျဖစ္ေၾကာင္း သိရပါတယ္။