မူးယစ်ဆေးသုံး၍ စစ်တိုက်နေကြကြောင်း AA တပ်သားဝန်ခံ

 5879

သုတကျော် (NP News) - ဩဂုတ် ၆

စစ်ဆင်ရေးကာလများတွင် AA အဖွဲ့က မူးယစ်ဆေးသုံးပြီးတိုက်စေကြောင်း AA တပ်သား ကိုယ် တိုင်ပြောသည့် အချက်အလက်များပါဝင်သောရုပ်သံကို ချင်းလက်နက်ကိုင်အဖွဲ့ CNA နှင့်ပတ်သက်သောသတင်းများကိုထုတ်ပြန်ပေးနေသည့် Chin­land Information Center ၏ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာထက်တွင် ဖော်ပြထားသည်။

ဗီဒီယိုဖိုင်အရ AA တပ်သား(၂)ဦးမှာ ဖလန်း တိုက်ပွဲနှင့် မတူပီမြို့တိုက်ပွဲကာလက ဖမ်းဆီးခံ ထားရခြင်းဖြစ်ဖွယ်ရှိပြီး AA ဗျူဟာမှူးတစ်ဦး၏ခိုင်းစေချက်အရ မတူပီမြိုသိမ်းတိုက်ပွဲမှ သိမ်းဆည်းရမိသော စာရင်းကိုသွားယူစဉ် ဖမ်းဆီးခံရခြင်းသည်။

“စစ်ဆင်ရေးနဲ့ပတ်သက်ပြီး ဆေးသုံးတာတွေ ရှိတယ်။ ဘယ်လိုတွေရှိလဲဆိုတော့ အပေါ်က ဘယ် သူရယ်လို့တော့ ဟိုဟာမဖြစ်တော့ဘူးပေါ့နော်။ ပေးတာတွေရှိတယ်။ ဘယ်လိုပေးလဲဆိုရင် စစ်ဖြစ် ခါနီး တစ်ယောက်ကိုဆယ်ပြားဆိုမလား ဆယ်ပြား ဖြစ်ဖြစ် ငါးပြားဖြစ်ဖြစ် ပေးတာရှိတယ်။ ဘယ်လိုလဲ ဆိုရင် ဆေးတိုက်တဲ့အချိန် စစ်တိုက်ခါနီးမှာပဲဖြစ် (ပေး)တာ။ မသုံးမနေရဆိုပြီး ပေးပြီးတော့။ စစ်မတိုက်တဲ့အချိန်မှာ သုံးနေတာတော့ မဟုတ်ဘူး။ သုံးတော့ သုံးတယ်။ ခွဲပြီးတော့ပေါ့။ စစ်တိုက်တဲ့ အချိန် မှာ သုံးတာ တစ်ကဏ္ဍ၊ စစ်မတိုက်တဲ့အချိန်ကျတော့ သူတို့ဆေးရဲ့အာနိသင်က တောင့်တတယ်။ အဲဒီလို မျိုးဆို ဝယ်သုံးတယ်” ဟု ရုပ်သံတွင် AA တပ်သားက ပြောထားသည်။

အဆိုပါဆေးပြားများ၏ပုံစံမှာလည်း အစာကြေ စေရန်သုံးသည့် ဂျဲလမက်ဆေးပြား၏ အရောင် နှင့် တူကြောင်းလည်း ၎င်းတို့သုံးစွဲသည့်ဆေး၏ အရောင် နှင့်ပတ်သက်၍ ပြောကြားထားသည်ကို တွေ့မြင်ရသည်။ အဆိုပါ ဗီဒီယိုအတွင်း ကန်ပက်လက်ကောင်စီမှ ဦးထန်းဟုန်းကလည်း AA တပ်ဖွဲ့ဝင် များက မူးယစ်စိတ်ကြွဆေးသုံးကာ အမျိုးသမီးများကို စော်ကားသည်ဆိုသောသတင်းကြားသည့်အတွက် ၎င်းတို့ ဒေသခံ ချင်းအမျိုးသမီးများက ကြောက်လန့်ကြကြောင်း ဗီဒီယိုဖိုင်အတွင်းပြောထားသည်ကို တွေ့ မြင်ရသည်။

AA အဖွဲ့က မူးယစ်ဆေးသုံးပြီးစစ်တိုက်သည် ဆိုသောသတင်းနှင့်ပတ်သက်၍ အလားတူ သတင်း မျိုးထွက်ပေါ်နေသည်မှာ ကြာမြင့်နေပြီဖြစ်ကာ ယခင် ရခိုင်ပြည်နယ်မှ တိုက်ပွဲကာလအတွင်း တပ်မ တော် ဘက်က ပစ်သောလက်နက်ထိမှန်သောကြောင့် ဒဏ်ရာ ပြင်းပြင်းထန်ထန်ရသော်လည်း သတိမမူမိဘဲ ဆက်လက်တိုက်ခိုက်ခြင်းမျိုးရှိကြောင်း ပြောကြားမှုများရှိသည်။

zawgyi version
မူးယစ္ေဆးသုံး၍ စစ္တိုက္ေနၾကေၾကာင္း AA တပ္သားဝန္ခံ
သုတေက်ာ္ (NP News) - ဩဂုတ္ ၆

စစ္ဆင္ေရးကာလမ်ားတြင္ AA အဖြဲ႕က မူးယစ္ေဆးသုံးၿပီးတိုက္ေစေၾကာင္း AA တပ္သား ကိုယ္ တိုင္ေျပာသည့္ အခ်က္အလက္မ်ားပါဝင္ေသာ႐ုပ္သံကို ခ်င္းလက္နက္ကိုင္အဖြဲ႕ CNA ႏွင့္ပတ္သက္ေသာသတင္းမ်ားကိုထုတ္ျပန္ေပးေနသည့္ Chin­land Information Center ၏ လူမႈကြန္ရက္ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာထက္တြင္ ေဖာ္ျပထားသည္။

ဗီဒီယိုဖိုင္အရ AA တပ္သား(၂)ဦးမွာ ဖလန္း တိုက္ပြဲႏွင့္ မတူပီၿမိဳ႕တိုက္ပြဲကာလက ဖမ္းဆီးခံ ထားရျခင္းျဖစ္ဖြယ္ရွိၿပီး AA ဗ်ဴဟာမႉးတစ္ဦး၏ခိုင္းေစခ်က္အရ မတူပီၿမိဳသိမ္းတိုက္ပြဲမွ သိမ္းဆည္းရမိေသာ စာရင္းကိုသြားယူစဥ္ ဖမ္းဆီးခံရျခင္းသည္။

“စစ္ဆင္ေရးနဲ႔ပတ္သက္ၿပီး ေဆးသုံးတာေတြ ရွိတယ္။ ဘယ္လိုေတြရွိလဲဆိုေတာ့ အေပၚက ဘယ္ သူရယ္လို႔ေတာ့ ဟိုဟာမျဖစ္ေတာ့ဘူးေပါ့ေနာ္။ ေပးတာေတြရွိတယ္။ ဘယ္လိုေပးလဲဆိုရင္ စစ္ျဖစ္ ခါနီး တစ္ေယာက္ကိုဆယ္ျပားဆိုမလား ဆယ္ျပား ျဖစ္ျဖစ္ ငါးျပားျဖစ္ျဖစ္ ေပးတာရွိတယ္။ ဘယ္လိုလဲ ဆိုရင္ ေဆးတိုက္တဲ့အခ်ိန္ စစ္တိုက္ခါနီးမွာပဲျဖစ္ (ေပး)တာ။ မသုံးမေနရဆိုၿပီး ေပးၿပီးေတာ့။ စစ္မတိုက္တဲ့အခ်ိန္မွာ သုံးေနတာေတာ့ မဟုတ္ဘူး။ သုံးေတာ့ သုံးတယ္။ ခြဲၿပီးေတာ့ေပါ့။ စစ္တိုက္တဲ့ အခ်ိန္ မွာ သုံးတာ တစ္က႑၊ စစ္မတိုက္တဲ့အခ်ိန္က်ေတာ့ သူတို႔ေဆးရဲ႕အာနိသင္က ေတာင့္တတယ္။ အဲဒီလို မ်ိဳးဆို ဝယ္သုံးတယ္” ဟု ႐ုပ္သံတြင္ AA တပ္သားက ေျပာထားသည္။

အဆိုပါေဆးျပားမ်ား၏ပုံစံမွာလည္း အစာေၾက ေစရန္သုံးသည့္ ဂ်ဲလမက္ေဆးျပား၏ အေရာင္ ႏွင့္ တူေၾကာင္းလည္း ၎တို႔သုံးစြဲသည့္ေဆး၏ အေရာင္ ႏွင့္ပတ္သက္၍ ေျပာၾကားထားသည္ကို ေတြ႕ျမင္ရသည္။ အဆိုပါ ဗီဒီယိုအတြင္း ကန္ပက္လက္ေကာင္စီမွ ဦးထန္းဟုန္းကလည္း AA တပ္ဖြဲ႕ဝင္ မ်ားက မူးယစ္စိတ္ႂကြေဆးသုံးကာ အမ်ိဳးသမီးမ်ားကို ေစာ္ကားသည္ဆိုေသာသတင္းၾကားသည့္အတြက္ ၎တို႔ ေဒသခံ ခ်င္းအမ်ိဳးသမီးမ်ားက ေၾကာက္လန႔္ၾကေၾကာင္း ဗီဒီယိုဖိုင္အတြင္းေျပာထားသည္ကို ေတြ႕ ျမင္ရသည္။

AA အဖြဲ႕က မူးယစ္ေဆးသုံးၿပီးစစ္တိုက္သည္ ဆိုေသာသတင္းႏွင့္ပတ္သက္၍ အလားတူ သတင္း မ်ိဳးထြက္ေပၚေနသည္မွာ ၾကာျမင့္ေနၿပီျဖစ္ကာ ယခင္ ရခိုင္ျပည္နယ္မွ တိုက္ပြဲကာလအတြင္း တပ္မ ေတာ္ ဘက္က ပစ္ေသာလက္နက္ထိမွန္ေသာေၾကာင့္ ဒဏ္ရာ ျပင္းျပင္းထန္ထန္ရေသာ္လည္း သတိမမူမိဘဲ ဆက္လက္တိုက္ခိုက္ျခင္းမ်ိဳးရွိေၾကာင္း ေျပာၾကားမႈမ်ားရွိသည္။

Related news

© 2021. All rights reserved.