ကျောက်ဖြူ SEZ နိုဝင်ဘာတွင် စတင်နိုင်ရန် တရုတ်ဘက်က ဆန္ဒပြင်းပြနေ
2794
ယွန်း (NP News) - ဩဂုတ် ၇
တရုတ်အနေဖြင့် ကျောက်ဖြူအထူးစီးပွားရေး ဇုန်ကို အမြန်ဆုံးအကောင်အထည် ဖော်နိုင်ရန် ဆန္ဒရှိနေကြောင်း အဆိုပါစီမံကိန်းနှင့်ပတ်သက်သည့် ကျောက်ဖြူဒေသခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက NP News ကို အသိပေးပြောဆိုထားသည်။
လက်ရှိတွင် ကျောက်ဖြူ SEZ စတင်နိုင်ရေးအတွက် မြန်မာပြည်ဘက်မှ လုပ်သင့်လုပ်ထိုက်သည်များကို လာမည့် နိုဝင်ဘာလတွင် အပြီးသတ်ဆောင် ရွက်သွားရန် လမ်းòန်မှုများလည်းရှိနေပြီး တရုတ်နိုင်ငံအနေဖြင့် အမြန်ဆုံး အကောင်အထည်ဖော်နိုင် ရန်ဆန္ဒရှိနေကြောင်း သိရသည်။
‘(၁၁) လပိုင်းမှာ ကျောက်ဖြူ SEZ စတင်နိုင်ဖို့အတွက် မြန်မာပြည်ဘက်က လုပ်သင့်လုပ်ထိုက်တာတွေကို အပြီးသတ်ဆောင်ရွက်ဖို့ နေပြည် တော်က လမ်းညွှန်ထားတယ်။ တရုတ်အစိုးရကတော့ မြန်မာပြည်တည်ငြိမ်တာကို လိုချင်တယ်။ သူရဲ့(တရုတ်)အိမ်နီးနားချင်းလည်းဖြစ်သလို၊ စီးပွား ရေးအတွက်လည်း အဓိကလမ်းကြောင်းကြီးဖြစ်နေတော့ မတည်ငြိမ်ရင် ဘာမှလုပ်လို့မရဘူး။ တည်ငြိမ်ဖို့အတွက် အစိုးရနဲ့ရော ပြည်သူနဲ့ရော ပူးပေါင်းဆောင်ရွက်နေ တာတွေရှိတယ်။ အခုဆိုရင် လားရှိုးဖြစ်စဉ်တို့၊ အရှေ့မြောက်ဖြစ်စဉ်တွေကိုကြည့်ပြီး ပိုပြီးအားထည့်ရတာပေါ့။ အမြန်ဆုံးအကောင်အထည်ဖော်နိုင်ဖို့လည်း ဆန္ဒရှိနေကြပါတယ်’ဟု ဆိုသည်။
အဆိုပါ ကျောက်ဖြူ SEZ စီမံကိန်းတွင် စုစုပေါင်းမြေဧက(၄၈၀ဝ)ကို အသုံးပြုသွားမည်ဖြစ်ပြီး အဆိုပါမြေဧက များအနက်မှ ဧက(၁၀ဝဝ) နီးပါးကို ကျောက်ဖြူဒေသခံများထံမှ ဝယ်ယူသွားမည်ဖြစ်ရာ နိုင်ငံတော်အနေဖြင့် မြေရာ လျော်ကြေးပေးချေနိုင် ရေးကိစ္စများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ နစကအနေဖြင့် ကျောက်ဖြူ အထူး စီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့်စပ်လျဉ်းသည့် နောက်ဆက်တွဲစာချုပ်ကို ပြီးခဲ့သည့် (၂၀၂၃) ခုနှစ် ဒီဇင်ဘာလတွင် မြန်မာ-တရုတ် နှစ်နိုင်ငံ လက်မှတ်ရေးထိုး ခဲ့သည်။
စီမံကိန်းအကောင်အထည်ဖော်နိုင်ရေးအတွက် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီနှင့် မြန်မာ-တရုတ် ပူးပေါင်း၍ ဖက်စပ်ဖွဲ့စည်းထားသည့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ် ကမ်းကုမ္ပဏီတို့ အကြား လုပ်ငန်းလုပ်ကိုင်ခွင့်သဘော တူစာချုပ်ကို ပြီးခဲ့သည့် (၂၀၂၀) ပြည့်နှစ် နိုဝင်ဘာလတွင်ချုပ်ဆိုခဲ့ကြသည်။ လက်ရှိတွင် နစကအနေဖြင့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်းတွင်အသုံးပြုရန် ရခိုင်ပြည်နယ်၊ မဒေးကျွန်းပေါ်၌ ရေလှောင်ကန် (၂)ခုကို ငွေကျပ်(၄)ဘီလျံခန့်အသုံးပြုကာ တည် ဆောက်ရန်စီစဉ်နေကြောင်းသိရသည်။
မြန်မာနိုင်ငံတွင် စီးပွားရေးဇုန်သုံးခုကို အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိပြီး သီလဝါ အထူး စီးပွားရေးဇုန်သည် အောင်မြင်မှုအရှိဆုံး အထူးစီးပွားရေးဇုန်လည်းဖြစ်သည်။ ကျောက်ဖြူ SEZ တွင် ရေနက်ဆိပ် ကမ်းစီမံကိန်းအပါအဝင် စက်မှုဥယျာဉ်စီမံကိန်းနှင့် အိမ်ရာစီမံကိန်းတို့ပါဝင်ပြီး ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် စက်မှုဥယျာဉ်စီမံကိန်းတို့ကို တရုတ်နိုင်ငံရှိ CITIC အုပ်စုကုမ္ပဏီမှ တင်ဒါအောင်မြင်ထားခြင်းဖြစ်သည်။ လက်ရှိတွင် စီမံကိန်းကာလမှာ (၁၀)နှစ် အတွင်းရောက်ရှိလာပြီဖြစ်သောကြောင့် CITIC က အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရေး ဆန္ဒရှိနေကြောင်းသိရသည်။
zawgyi version
ေက်ာက္ျဖဴ SEZ ႏိုဝင္ဘာတြင္ စတင္ႏိုင္ရန္ တ႐ုတ္ဘက္က ဆႏၵျပင္းျပေန
ယြန္း (NP News) - ဩဂုတ္ ၇
တ႐ုတ္အေနျဖင့္ ေက်ာက္ျဖဴအထူးစီးပြားေရး ဇုန္ကို အျမန္ဆုံးအေကာင္အထည္ေဖာ္ႏိုင္ရန္ ဆႏၵရွိ ေနေၾကာင္း အဆိုပါစီမံကိန္းႏွင့္ပတ္သက္သည့္ ေက်ာက္ျဖဴေဒသခံ စီးပြားေရးလုပ္ငန္းရွင္တစ္ဦးက NP News ကို အသိေပးေျပာဆိုထားသည္။
လက္ရွိတြင္ ေက်ာက္ျဖဴ SEZ စတင္ႏိုင္ေရးအတြက္ ျမန္မာျပည္ဘက္မွ လုပ္သင့္လုပ္ထိုက္သည္မ်ားကို လာမည့္ ႏိုဝင္ဘာလတြင္ အၿပီးသတ္ေဆာင္ ႐ြက္သြားရန္ လမ္းòန္မႈမ်ားလည္းရွိေနၿပီး တ႐ုတ္ႏိုင္ငံအေနျဖင့္ အျမန္ဆုံး အေကာင္အထည္ေဖာ္ႏိုင္ ရန္ဆႏၵရွိေနေၾကာင္း သိရသည္။
‘(၁၁) လပိုင္းမွာ ေက်ာက္ျဖဴ SEZ စတင္ႏိုင္ဖို႔အတြက္ ျမန္မာျပည္ဘက္က လုပ္သင့္လုပ္ထိုက္တာေတြကို အၿပီးသတ္ေဆာင္႐ြက္ဖို႔ ေနျပည္ ေတာ္က လမ္းၫႊန္ထားတယ္။ တ႐ုတ္အစိုးရကေတာ့ ျမန္မာျပည္တည္ၿငိမ္တာကို လိုခ်င္တယ္။ သူရဲ႕(တ႐ုတ္)အိမ္နီးနားခ်င္းလည္းျဖစ္သလို၊ စီးပြား ေရးအတြက္လည္း အဓိကလမ္းေၾကာင္းႀကီးျဖစ္ေနေတာ့ မတည္ၿငိမ္ရင္ ဘာမွလုပ္လို႔မရဘူး။ တည္ၿငိမ္ဖို႔အတြက္ အစိုးရနဲ႔ေရာ ျပည္သူနဲ႔ေရာ ပူးေပါင္းေဆာင္႐ြက္ေန တာေတြရွိတယ္။ အခုဆိုရင္ လားရႈိးျဖစ္စဥ္တို႔၊ အေရွ႕ေျမာက္ျဖစ္စဥ္ေတြကိုၾကည့္ၿပီး ပိုၿပီးအားထည့္ရတာေပါ့။ အျမန္ဆုံးအေကာင္အထည္ေဖာ္ႏိုင္ဖို႔လည္း ဆႏၵရွိေနၾကပါတယ္’ဟု ဆိုသည္။
အဆိုပါ ေက်ာက္ျဖဴ SEZ စီမံကိန္းတြင္ စုစုေပါင္းေျမဧက(၄၈၀ဝ)ကို အသုံးျပဳသြားမည္ျဖစ္ၿပီး အဆိုပါေျမဧက မ်ားအနက္မွ ဧက(၁၀ဝဝ) နီးပါးကို ေက်ာက္ျဖဴေဒသခံမ်ားထံမွ ဝယ္ယူသြားမည္ျဖစ္ရာ ႏိုင္ငံေတာ္အေနျဖင့္ ေျမရာ ေလ်ာ္ေၾကးေပးေခ်ႏိုင္ ေရးကိစၥမ်ားကို ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။ နစကအေနျဖင့္ ေက်ာက္ျဖဴ အထူး စီးပြားေရးဇုန္ ေရနက္ဆိပ္ကမ္းစီမံကိန္းႏွင့္စပ္လ်ဥ္းသည့္ ေနာက္ဆက္တြဲစာခ်ဳပ္ကို ၿပီးခဲ့သည့္ (၂၀၂၃) ခုႏွစ္ ဒီဇင္ဘာလတြင္ ျမန္မာ-တ႐ုတ္ ႏွစ္ႏိုင္ငံ လက္မွတ္ေရးထိုး ခဲ့သည္။
စီမံကိန္းအေကာင္အထည္ေဖာ္ႏိုင္ေရးအတြက္ ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္ စီမံခန႔္ခြဲမႈ ေကာ္မတီႏွင့္ ျမန္မာ-တ႐ုတ္ ပူးေပါင္း၍ ဖက္စပ္ဖြဲ႕စည္းထားသည့္ ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္ ေရနက္ဆိပ္ ကမ္းကုမၸဏီတို႔ အၾကား လုပ္ငန္းလုပ္ကိုင္ခြင့္သေဘာ တူစာခ်ဳပ္ကို ၿပီးခဲ့သည့္ (၂၀၂၀) ျပည့္ႏွစ္ ႏိုဝင္ဘာလတြင္ခ်ဳပ္ဆိုခဲ့ၾကသည္။ လက္ရွိတြင္ နစကအေနျဖင့္ ေက်ာက္ျဖဴ ေရနက္ဆိပ္ကမ္းစီမံကိန္းတြင္အသုံးျပဳရန္ ရခိုင္ျပည္နယ္၊ မေဒးကြၽန္းေပၚ၌ ေရေလွာင္ကန္ (၂)ခုကို ေငြက်ပ္(၄)ဘီလ်ံခန႔္အသုံးျပဳကာ တည္ ေဆာက္ရန္စီစဥ္ေနေၾကာင္းသိရသည္။
ျမန္မာႏိုင္ငံတြင္ စီးပြားေရးဇုန္သုံးခုကို အေကာင္အထည္ေဖာ္ ေဆာင္ ႐ြက္လ်က္ရွိၿပီး သီလဝါ အထူး စီးပြားေရးဇုန္သည္ ေအာင္ျမင္မႈအရွိဆုံး အထူးစီးပြားေရးဇုန္လည္းျဖစ္သည္။ ေက်ာက္ျဖဴ SEZ တြင္ ေရနက္ဆိပ္ ကမ္းစီမံကိန္းအပါအဝင္ စက္မႈဥယ်ာဥ္စီမံကိန္းႏွင့္ အိမ္ရာစီမံကိန္းတို႔ပါဝင္ၿပီး ေရနက္ဆိပ္ကမ္း စီမံကိန္းႏွင့္ စက္မႈဥယ်ာဥ္စီမံကိန္းတို႔ကို တ႐ုတ္ႏိုင္ငံရွိ CITIC အုပ္စုကုမၸဏီမွ တင္ဒါေအာင္ျမင္ထားျခင္းျဖစ္သည္။ လက္ရွိတြင္ စီမံကိန္းကာလမွာ (၁၀)ႏွစ္ အတြင္းေရာက္ရွိလာၿပီျဖစ္ေသာေၾကာင့္ CITIC က အျမန္ဆုံးအေကာင္အထည္ေဖာ္ႏိုင္ေရး ဆႏၵရွိေနေၾကာင္းသိရသည္။