အီရန်က ၎င်း၏ လေပိုင်နက်အသုံးပြုမှုနှင့်ပတ်သက်၍ သတိပေးချက်ထုတ်ပြန်

 3688

ALynn (NP News) - သြဂုတ် ၆

အီရန်အစိုးရက အစ္စရေးကို တိုက်ခိုက်ရန် ကြံရွယ်နေသောကြောင့် ၎င်း၏လေပိုင်နက်အသုံးပြု ခြင်းကိုရှောင်ရှားရန် လေယာဉ်မှူးများနှင့် လေကြောင်းအာဏာပိုင်များအား သတိပေးချက် ထုတ်ပြန်ခဲ့ကြောင်း Wall Street Journal က တနင်္လာနေ့ (ဩဂုတ်လ ၅ ရက်) တွင် ဖော်ပြခဲ့သည်။
တီဟီရန်သည် ၂၄ နာရီမှ ၄၈ နာရီအတွင်း အစ္စရေးကို တိုက်ခိုက်နိုင်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က တနင်္ဂနွေနေ့တွင် G7 ၏ နိုင်ငံခြားရေးဝန်ကြီး ခုနှစ် ဦးအား သတိပေးခဲ့သည်။ သို့သော် ဘလင်ကန်၏ သတိပေးချက်တွင် မည်သည့်ပုံစံဖြင့် တိုက်ခိုက် နိုင်သည်ကိုမူ ဖော်ပြခဲ့ခြင်းမရှိပါ။

အစီရင်ခံစာအရ ဗဟိုဥရောပစံတော်ချိန် နံနက် ၇ နာရီ ၄၅ မိနစ်တွင် ထုတ်ပြန်ခဲ့သည့် အီရန် လေပိုင်နက်နှင့်ပတ်သက်သည့်အသိပေးချက်ကို လေကြောင်းအာဏာပိုင်များက ကြိုတင် မသိရ သေးသော လေယာဉ်မှူးများအတွက် အချိန်နှင့်တစ်ပြေးညီ အချက်အလက်များကို မျှဝေပေးခဲ့ သည်။
ပြီးခဲ့သောသီတင်းပတ်က တီဟီရန်တွင် ဟားမတ်စ်နိုင်ငံရေးခေါင်းဆောင် Ismail Haniyeh ကို အစ္စရေးက လုပ်ကြံသတ်ဖြတ်မှုအတွက် လက်တုံ့ပြန်သွားမည်ဟု အီရန်တာဝန်ရှိသူများက ကတိပြုထားသည်။ အီရန်၏ တုံ့ပြန်တိုက်ခိုက်မှုများအတွက် လက်ရှိတွင် အစ္စရေးက ရင်ဆိုင်ဖို့ ကြိုးပမ်းလျက်ရှိသည်။

အစ္စရေးက လုပ်ကြံသတ်ဖြတ်မှုတွင် ပါဝင်ပတ်သက်မှုကို အတည်မပြုသလို ငြင်းဆိုထားခြင်း မရှိပေမယ့် လက်တုံ့ပြန်တိုက်ခိုက်မှုကို ခုခံကာကွယ်ဖို့ ပြင်ဆင်ထားသည်ဟု ဖော်ပြထားသည်။ အမေရိကန်က အစ္စရေးနိုင်ငံကို ကာကွယ်ဖို့ ကူညီသွားမည်ဟု သိရသည်။ အရှေ့အလယ်ပိုင်းတွင် ကြီးထွားလာနေသောတင်းမာမှုများကို ထိန်းချုပ်နိုင်ဖို့ အမေရိကန်အရာရှိများက ၎င်းတို့၏ နိုင်ငံတကာမိတ်ဖက်များ နှင့် လက်တွဲလုပ်ဆောင်နေသည်ဟု သိရသည်။
WSJ မှ သံတမန်တစ်ဦး၏ ပြောကြားချက်အရ တနင်္ဂနွေနေ့က G7 အစည်းအဝေးတွင် ဘလင်ကန် က အစ္စရေးအပေါ် အီရန်၏ လက်တုံ့ပြန်မှုသည် ဧပြီလက တိုက်ခိုက်မှုနှင့် အလားတူသည့် အတိုင်း အတာတစ်ခုဖြစ်ခဲ့ပါက အီရန်နှင့် အမေရိကန်ကြား အနာဂတ်တွင် ထိတွေ့ဆက်ဆံမှုမှန်သမျှကို ပိတ်ပစ်နိုင်သည်ဟု ပြောကြားခဲ့ပါသည်။

ဆီးရီးယားရှိ ၎င်း၏ ကောင်စစ်ဝန်ရုံးအား အစ္စရေးက ဗုံးကြဲတိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် အီရန်သည် ရာနှင့်ချီသော ဒုံးကျည်များနှင့် ဒရုန်းများကို ဧပြီလတွင် ပစ်ခတ်ခဲ့သည်။ အစ္စရေး၏ Iron Dome လေကြောင်းရန်ကာကွယ်ရေးစနစ်များဖြင့် ခုခံခဲ့သော်လည်း ဒုံးကျည်အများအပြား သည် ၎င်းတို့၏ ပစ်မှတ်များသို့ ရောက်ရှိသွားကာ စစ်စခန်းများအား ထိခိုက်မှု အနည်းငယ်ရှိခဲ့ ကြောင်း အစ္စရေးက ဖော်ပြခဲ့သည်။
တနင်္လာနေ့တွင် အစ္စရေးမီဒီယာများက တီဟီရန်၏ လက်စားချေတိုက်ခိုက်မှုက သေချာသည်ဟု သတင်းအချက်အလက် လက်ခံရရှိပါက အစ္စရေးဘက်မှ “ကြိုတင်လက်ဦးရယူတိုက်ခိုက်မှု”ကို ဆင်နွှဲနိုင်ကြောင်း ဖော်ပြခဲ့သည်။

Zawgyi Version;
အီရန္က ၎၏ေလပိုင္နက္အသုံးျပဳမႈႏွင့္ပတ္သက္၍ သတိေပးခ်က္ထုတ္ျပန္
ALynn (NP News) - ၾသဂုတ္ ၆

အီရန္အစိုးရက အစၥေရးကို တိုက္ခိုက္ရန္ ႀကံ႐ြယ္ေနေသာေၾကာင့္ ၎၏ေလပိုင္နက္အသုံးျပဳ ျခင္းကိုေရွာင္ရွားရန္ ေလယာဥ္မႉးမ်ားႏွင့္ ေလေၾကာင္းအာဏာပိုင္မ်ားအား သတိေပးခ်က္ ထုတ္ျပန္ခဲ့ေၾကာင္း Wall Street Journal က တနလၤာေန႔ (ဩဂုတ္လ ၅ ရက္) တြင္ ေဖာ္ျပခဲ့သည္။
တီဟီရန္သည္ ၂၄ နာရီမွ ၄၈ နာရီအတြင္း အစၥေရးကို တိုက္ခိုက္ႏိုင္ေၾကာင္း အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး အန္တိုနီဘလင္ကန္က တနဂၤေႏြေန႔တြင္ G7 ၏ ႏိုင္ငံျခားေရးဝန္ႀကီး ခုႏွစ္ ဦးအား သတိေပးခဲ့သည္။ သို႔ေသာ္ ဘလင္ကန္၏ သတိေပးခ်က္တြင္ မည္သည့္ပုံစံျဖင့္ တိုက္ခိုက္ ႏိုင္သည္ကိုမူ ေဖာ္ျပခဲ့ျခင္းမရွိပါ။

အစီရင္ခံစာအရ ဗဟိုဥေရာပစံေတာ္ခ်ိန္ နံနက္ ၇ နာရီ ၄၅ မိနစ္တြင္ ထုတ္ျပန္ခဲ့သည့္ အီရန္ ေလပိုင္နက္ႏွင့္ပတ္သက္သည့္အသိေပးခ်က္ကို ေလေၾကာင္းအာဏာပိုင္မ်ားက ႀကိဳတင္ မသိရ ေသးေသာ ေလယာဥ္မႉးမ်ားအတြက္ အခ်ိန္ႏွင့္တစ္ေျပးညီ အခ်က္အလက္မ်ားကို မွ်ေဝေပးခဲ့ သည္။
ၿပီးခဲ့ေသာသီတင္းပတ္က တီဟီရန္တြင္ ဟားမတ္စ္ႏိုင္ငံေရးေခါင္းေဆာင္ Ismail Haniyeh ကို အစၥေရးက လုပ္ႀကံသတ္ျဖတ္မႈအတြက္ လက္တုံ႔ျပန္သြားမည္ဟု အီရန္တာဝန္ရွိသူမ်ားက ကတိျပဳထားသည္။ အီရန္၏ တုံ႔ျပန္တိုက္ခိုက္မႈမ်ားအတြက္ လက္ရွိတြင္ အစၥေရးက ရင္ဆိုင္ဖို႔ ႀကိဳးပမ္းလ်က္ရွိသည္။

အစၥေရးက လုပ္ႀကံသတ္ျဖတ္မႈတြင္ ပါဝင္ပတ္သက္မႈကို အတည္မျပဳသလို ျငင္းဆိုထားျခင္း မရွိေပမယ့္ လက္တုံ႔ျပန္တိုက္ခိုက္မႈကို ခုခံကာကြယ္ဖို႔ ျပင္ဆင္ထားသည္ဟု ေဖာ္ျပထားသည္။ အေမရိကန္က အစၥေရးႏိုင္ငံကို ကာကြယ္ဖို႔ ကူညီသြားမည္ဟု သိရသည္။ အေရွ႕အလယ္ပိုင္းတြင္ ႀကီးထြားလာေနေသာတင္းမာမႈမ်ားကို ထိန္းခ်ဳပ္ႏိုင္ဖို႔ အေမရိကန္အရာရွိမ်ားက ၎တို႔၏ ႏိုင္ငံတကာမိတ္ဖက္မ်ား ႏွင့္ လက္တြဲလုပ္ေဆာင္ေနသည္ဟု သိရသည္။
WSJ မွ သံတမန္တစ္ဦး၏ ေျပာၾကားခ်က္အရ တနဂၤေႏြေန႔က G7 အစည္းအေဝးတြင္ ဘလင္ကန္ က အစၥေရးအေပၚ အီရန္၏ လက္တုံ႔ျပန္မႈသည္ ဧၿပီလက တိုက္ခိုက္မႈႏွင့္ အလားတူသည့္ အတိုင္း အတာတစ္ခုျဖစ္ခဲ့ပါက အီရန္ႏွင့္ အေမရိကန္ၾကား အနာဂတ္တြင္ ထိေတြ႕ဆက္ဆံမႈမွန္သမွ်ကို ပိတ္ပစ္ႏိုင္သည္ဟု ေျပာၾကားခဲ့ပါသည္။

ဆီးရီးယားရွိ ၎၏ ေကာင္စစ္ဝန္႐ုံးအား အစၥေရးက ဗုံးႀကဲတိုက္ခိုက္မႈကို တုံ႔ျပန္သည့္အေနျဖင့္ အီရန္သည္ ရာႏွင့္ခ်ီေသာ ဒုံးက်ည္မ်ားႏွင့္ ဒ႐ုန္းမ်ားကို ဧၿပီလတြင္ ပစ္ခတ္ခဲ့သည္။ အစၥေရး၏ Iron Dome ေလေၾကာင္းရန္ကာကြယ္ေရးစနစ္မ်ားျဖင့္ ခုခံခဲ့ေသာ္လည္း ဒုံးက်ည္အမ်ားအျပား သည္ ၎တို႔၏ ပစ္မွတ္မ်ားသို႔ ေရာက္ရွိသြားကာ စစ္စခန္းမ်ားအား ထိခိုက္မႈ အနည္းငယ္ရွိခဲ့ ေၾကာင္း အစၥေရးက ေဖာ္ျပခဲ့သည္။
တနလၤာေန႔တြင္ အစၥေရးမီဒီယာမ်ားက တီဟီရန္၏ လက္စားေခ်တိုက္ခိုက္မႈက ေသခ်ာသည္ဟု သတင္းအခ်က္အလက္ လက္ခံရရွိပါက အစၥေရးဘက္မွ “ႀကိဳတင္လက္ဦးရယူတိုက္ခိုက္မႈ”ကို ဆင္ႏႊဲႏိုင္ေၾကာင္း ေဖာ္ျပခဲ့သည္။

Related news

© 2021. All rights reserved.