အီရတ်အခြေစိုက် အမေရိကန်လေတပ်စခန်းတစ်ခု တိုက်ခိုက်ခံရ

 1952

ALynn (NP News) - သြဂုတ် ၆

အီရတ်နိုင်ငံ အနောက်ပိုင်းရှိ Ayn Al-Asad လေတပ်စခန်းအား ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက် မှုအတွင်း အမေရိကန်စစ်သည်အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း အမေရိကန်တာဝန်ရှိသူများ၏ ဖော်ပြချက်ကို ကိုးကား၍ Reuters သတင်းတွင် ဖော်ပြထားသည်။ ယင်းတိုက်ခိုက်မှုအတွက် မည်သူကမှ တာဝန်ရှိကြောင်း ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။ ဘဂ္ဂဒက်မြို့အနောက်ဘက်ရှိ Al-Asad တွင် ပေါက်ကွဲမှုနှစ်ခုဖြစ်ပွားခဲ့ကြောင်း မျက်မြင်သက်သေများ၏ ထွက်ဆိုချက်ကို ကိုးကား၍ တနင်္လာနေ့ (ဩဂုတ်လ ၅ ရက်) ညနေပိုင်းတွင် ဒေသခံမီဒီယာများက ဖော်ပြခဲ့သည်။

Reuters နှင့် ပြောဆိုခဲ့သော အမည်မသိ အမေရိကန်အရာရှိ သုံးဦးထံမှ အသေအပျောက် စာရင်း များကို သိရသည်။ အစီရင်ခံချက်တစ်ခုအရ Arash-1 ဒုံးခွင်းဒုံးများအတွက် အသုံးပြုသည့် လောင်ချာတစ်စင်းကို အမေရိကန်တပ်စခန်းအနီးတွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ Arash သည် ဆိုဗီယက်မှ ဒီဇိုင်းထုတ်ထားသော BM-21 Grad ဘက်စုံသုံးဒုံးပျံပစ်လွှတ်စနစ်ကို အီရန်က ကူးယူထားသည့်ပုံစံဖြစ်သည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် ဒုတိယသမ္မတ ကမ်မီလာဟားရစ်တို့သည် ဒုံးကျည်ဖြင့် တိုက်ခိုက်မှုဖြစ်ပွားချိန်တွင် အိမ်ဖြူတော် ထောက်လှမ်းရေးအချက်အလက်အစည်းအဝေးအခန်း တွင် ရှိနေကြောင်း အမေရိကန်မီဒီယာများက ဖော်ပြခဲ့သည်။ ပြီးခဲ့သည့်သီတင်းပတ်က တီဟီရန် တွင် ဟားမတ်စ်နိုင်ငံရေးခေါင်းဆောင် Ismail Haniyeh လုပ်ကြံခံရမှုအတွက် လက်တုံ့ပြန်သည့် အနေဖြင့် အီရန်၏ တိုက်ခိုက်မှုကို အမေရိကန်နှင့် အစ္စရေးတို့က ခန့်မှန်း မျှော်လင့်နေကြသည်။ Haniyeh သေဆုံးခဲ့ရသည့် ဗုံးခွဲတိုက်ခိုက်မှုအတွက် အစ္စရေးက တရားဝင် ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါ။

ဧပြီလတွင် ဒမတ်စကတ်ရှိ အီရန်ကောင်စစ်ဝန်ရုံးအား လေကြောင်းမှ တိုက်ခိုက်မှုတစ်ခု ဖြစ်ပွား ပြီးနောက် အီရန်သည် အစ္စရေးနိုင်ငံသို့ ဒုံးကျည်များ၊ ဒရုန်းများဖြင့် ပစ်ခတ်ခဲ့သည်။ အီရန်အစိုးရ သည် ကုလသမဂ္ဂပဋိညာဉ်စာတမ်း၏ အပိုဒ် ၅၁ ကို ကိုးကား၍ လက်တုံ့ပြန်ရန် တရားဝင်အခွင့် အရေးရှိကြောင်း ဖော်ပြခဲ့သည်။

Al-Asad သည် ယခင်က အီရတ်ရှီယိုက်စစ်သွေးကြွများ၏ ကြိုကြားကြိုကြား တိုက်ခိုက်မှုအောက် တွင် ရှိခဲ့သည်။ ဘဂ္ဂဒက်ရှိ အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ် (IRGC) ဗိုလ်ချုပ်ကြီး Qassem Soleimani ကို အမေရိကန်မောင်းသူမဲ့လေယာဉ်ဖြင့် လုပ်ကြံခဲ့ပြီးနောက် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ တွင် အီရန်က ပဲ့ထိန်းဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့သည်။
အမေရိကန်က ကနဦးတွင် တိုက်ခိုက်မှုသည် အဆောက်အဦများကို ပျက်စီးစေသည်ဟု ပြောကြားခဲ့သော်လည်း နောက်ပိုင်းတွင် အခြေစိုက်စခန်းရှိ တပ်ဖွဲ့ဝင် ဒါဇင်ပေါင်းများစွာတွင် ဦးနှောက်ထိခိုက်ဒဏ်ရာရခြင်းနှင့် အထိတ်တလန့်ဖြစ်စေခဲ့ခြင်း စသည်တို့ကို အတည်ပြုခဲ့သည်။

Zawgyi Version;
အီရတ္အေျခစိုက္ အေမရိကန္ေလတပ္စခန္းတစ္ခု တိုက္ခိုက္ခံရ
ALynn (NP News) - ၾသဂုတ္ ၆

အီရတ္ႏိုင္ငံ အေနာက္ပိုင္းရွိ Ayn Al-Asad ေလတပ္စခန္းအား ဒုံးက်ည္ျဖင့္ ပစ္ခတ္တိုက္ခိုက္ မႈအတြင္း အေမရိကန္စစ္သည္အမ်ားအျပား ဒဏ္ရာရရွိခဲ့ေၾကာင္း အေမရိကန္တာဝန္ရွိသူမ်ား၏ ေဖာ္ျပခ်က္ကို ကိုးကား၍ Reuters သတင္းတြင္ ေဖာ္ျပထားသည္။ ယင္းတိုက္ခိုက္မႈအတြက္ မည္သူကမွ တာဝန္ရွိေၾကာင္း ထုတ္ေဖာ္ေျပာဆိုျခင္း မရွိေသးေပ။ ဘဂၢဒက္ၿမိဳ႕အေနာက္ဘက္ရွိ Al-Asad တြင္ ေပါက္ကြဲမႈႏွစ္ခုျဖစ္ပြားခဲ့ေၾကာင္း မ်က္ျမင္သက္ေသမ်ား၏ ထြက္ဆိုခ်က္ကို ကိုးကား၍ တနလၤာေန႔ (ဩဂုတ္လ ၅ ရက္) ညေနပိုင္းတြင္ ေဒသခံမီဒီယာမ်ားက ေဖာ္ျပခဲ့သည္။

Reuters ႏွင့္ ေျပာဆိုခဲ့ေသာ အမည္မသိ အေမရိကန္အရာရွိ သုံးဦးထံမွ အေသအေပ်ာက္ စာရင္း မ်ားကို သိရသည္။ အစီရင္ခံခ်က္တစ္ခုအရ Arash-1 ဒုံးခြင္းဒုံးမ်ားအတြက္ အသုံးျပဳသည့္ ေလာင္ခ်ာတစ္စင္းကို အေမရိကန္တပ္စခန္းအနီးတြင္ ရွာေဖြေတြ႕ရွိခဲ့ေၾကာင္း သိရသည္။ Arash သည္ ဆိုဗီယက္မွ ဒီဇိုင္းထုတ္ထားေသာ BM-21 Grad ဘက္စုံသုံးဒုံးပ်ံပစ္လႊတ္စနစ္ကို အီရန္က ကူးယူထားသည့္ပုံစံျဖစ္သည္။
အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္ႏွင့္ ဒုတိယသမၼတ ကမ္မီလာဟားရစ္တို႔သည္ ဒုံးက်ည္ျဖင့္ တိုက္ခိုက္မႈျဖစ္ပြားခ်ိန္တြင္ အိမ္ျဖဴေတာ္ ေထာက္လွမ္းေရးအခ်က္အလက္အစည္းအေဝးအခန္း တြင္ ရွိေနေၾကာင္း အေမရိကန္မီဒီယာမ်ားက ေဖာ္ျပခဲ့သည္။ ၿပီးခဲ့သည့္သီတင္းပတ္က တီဟီရန္ တြင္ ဟားမတ္စ္ႏိုင္ငံေရးေခါင္းေဆာင္ Ismail Haniyeh လုပ္ႀကံခံရမႈအတြက္ လက္တုံ႔ျပန္သည့္ အေနျဖင့္ အီရန္၏ တိုက္ခိုက္မႈကို အေမရိကန္ႏွင့္ အစၥေရးတို႔က ခန႔္မွန္း ေမွ်ာ္လင့္ေနၾကသည္။ Haniyeh ေသဆုံးခဲ့ရသည့္ ဗုံးခြဲတိုက္ခိုက္မႈအတြက္ အစၥေရးက တရားဝင္ ထုတ္ေဖာ္ေျပာဆိုျခင္း မရွိေသးပါ။

ဧၿပီလတြင္ ဒမတ္စကတ္ရွိ အီရန္ေကာင္စစ္ဝန္႐ုံးအား ေလေၾကာင္းမွ တိုက္ခိုက္မႈတစ္ခု ျဖစ္ပြား ၿပီးေနာက္ အီရန္သည္ အစၥေရးႏိုင္ငံသို႔ ဒုံးက်ည္မ်ား၊ ဒ႐ုန္းမ်ားျဖင့္ ပစ္ခတ္ခဲ့သည္။ အီရန္အစိုးရ သည္ ကုလသမဂၢပဋိညာဥ္စာတမ္း၏ အပိုဒ္ ၅၁ ကို ကိုးကား၍ လက္တုံ႔ျပန္ရန္ တရားဝင္အခြင့္ အေရးရွိေၾကာင္း ေဖာ္ျပခဲ့သည္။

Al-Asad သည္ ယခင္က အီရတ္ရွီယိုက္စစ္ေသြးႂကြမ်ား၏ ႀကိဳၾကားႀကိဳၾကား တိုက္ခိုက္မႈေအာက္ တြင္ ရွိခဲ့သည္။ ဘဂၢဒက္ရွိ အစၥလာမၼစ္ေတာ္လွန္ေရးအေစာင့္တပ္ (IRGC) ဗိုလ္ခ်ဳပ္ႀကီး Qassem Soleimani ကို အေမရိကန္ေမာင္းသူမဲ့ေလယာဥ္ျဖင့္ လုပ္ႀကံခဲ့ၿပီးေနာက္ ၂၀၂၀ ျပည့္ႏွစ္၊ ဇန္နဝါရီ တြင္ အီရန္က ပဲ့ထိန္းဒုံးက်ည္မ်ားျဖင့္ တိုက္ခိုက္ခဲ့သည္။
အေမရိကန္က ကနဦးတြင္ တိုက္ခိုက္မႈသည္ အေဆာက္အဦမ်ားကို ပ်က္စီးေစသည္ဟု ေျပာၾကားခဲ့ေသာ္လည္း ေနာက္ပိုင္းတြင္ အေျခစိုက္စခန္းရွိ တပ္ဖြဲ႕ဝင္ ဒါဇင္ေပါင္းမ်ားစြာတြင္ ဦးေႏွာက္ထိခိုက္ဒဏ္ရာရျခင္းႏွင့္ အထိတ္တလန႔္ျဖစ္ေစခဲ့ျခင္း စသည္တို႔ကို အတည္ျပဳခဲ့သည္။

Related news

© 2021. All rights reserved.