အမေရိကန်၊ မေရီလန်းမှာ ကလေးတွေ ဆော့ကစားနေတဲ့ လေထိုးအိမ်၊ လေနဲ့အတူ လွင့်ပါသွားခြင်းကြောင့် ၅ နှစ်အရွယ်ကလေးငယ် သေဆုံး
4178
ရောင်နီ (NP News) - သြဂုတ် ၇
အမေရိကန်နိုင်ငံ၊ မေရီလန်းပြည်နယ်မှာ ဩဂုတ်လ ၂ ရက်က ဘေ့စ်ဘောပြိုင်ပွဲတစ်ခု ကျင်းပနေချိန်၊ လေပြင်း တိုက်ခတ်မှုကြောင့် ကစားကွင်းဘေးမှာရှိ ကလေးတွေ ဆော့ကစားနေတဲ့ လေထိုးအိမ် လေထဲလွင့်ပါသွားခဲ့ပြီး အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မေရီလန်းပြည်နယ်၊ Waldorf မှာ Southern Maryland Blue Crabs အသင်း နဲ့ York Revolution အသင်း ယှဉ်ပြိုင်နေစဉ် အခင်းဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အဲဒီကစားကွင်းမှာ ကလေးတွေအတွက် ဆော့ကစားနိုင်အောင် ပြင်ဆင်ထားပေးတဲ့ ပျော့ပျော့အိအိ လေထိုးအိမ်ဟာ လေပြင်းကြောင့် အမြင့်ပေ ၁၅ ပေ (၅ မီတာ) ထိ မြင့်တက်သွားခဲ့ပြီး မြေပြင်ပေါ်ပြန်ကျခဲ့ပါတယ်။ အဲဒီအိမ်ထဲမှာ အမည်မသိ အသက် ၅ နှစ်အရွယ် ကလေးငယ် တစ်ဦးနဲ့ အခြားကလေးတစ်ဦး ပါသွားခဲ့ပါတယ်။ ၅ နှစ်အရွယ် ကလေးငယ်ကတော့ ဒဏ်ရာပြင်းထန်တာကြောင့် ဝါရှင်တန်၊ ကလေးအမျိုးသားဆေးရုံကို လေယာဉ်နဲ့ အမြန်ဆုံး ပို့ဆောင်ခဲ့ပေမယ့် နောက်ပိုင်း သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ ဒုတိယကလေးငယ်ကတော့ အလားတူ ဆေးရုံ ပို့ဆောင်ခဲ့ရပေမယ့် အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။ အဆိုပါမတော်တဆမှုကြောင့် ကစားပွဲလည်း ရပ်တန့်ခဲ့ရပြီး ပွဲစဉ်အချိန်ကို ရွှေ့ဆိုင်းခဲ့ရပါတယ်။
ဂျော်ဂျီယာတက္ကသိုလ်မှ လေ့လာမှုတစ်ခုအရ ၂၀၀၀ မှ ၂၀၂၁ ခုနှစ်အတွင်း ကမ္ဘာတစ်ဝှမ်းရှိ လေပြင်း တိုက်ခတ်မှုတွေကြောင့် အနည်းဆုံး ဒဏ်ရာရသူ ၄၇၉ ဦး၊ သေဆုံးသူ ၂၈ ဦးထိ ရှိတယ်လို့ ဆိုပါတယ်။
Zawgyi Version;
အေမရိကန္၊ ေမရီလန္းမွာ ကေလးေတြ ေဆာ့ကစားေနတဲ့ ေလထိုးအိမ္၊ ေလနဲ႔အတူ လြင့္ပါသြားျခင္းေၾကာင့္ ၅ ႏွစ္အ႐ြယ္ကေလးငယ္ ေသဆုံး
ေရာင္နီ (NP News) - ၾသဂုတ္ ၇
အေမရိကန္ႏိုင္ငံ၊ ေမရီလန္းျပည္နယ္မွာ ဩဂုတ္လ ၂ ရက္က ေဘ့စ္ေဘာၿပိဳင္ပြဲတစ္ခု က်င္းပေနခ်ိန္၊ ေလျပင္း တိုက္ခတ္မႈေၾကာင့္ ကစားကြင္းေဘးမွာရွိ ကေလးေတြ ေဆာ့ကစားေနတဲ့ ေလထိုးအိမ္ ေလထဲလြင့္ပါသြားခဲ့ၿပီး အသက္ ၅ ႏွစ္အ႐ြယ္ ကေလးငယ္တစ္ဦး ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။
ေမရီလန္းျပည္နယ္၊ Waldorf မွာ Southern Maryland Blue Crabs အသင္း နဲ႔ York Revolution အသင္း ယွဥ္ၿပိဳင္ေနစဥ္ အခင္းျဖစ္ပြားခဲ့တာျဖစ္ပါတယ္။ အဲဒီကစားကြင္းမွာ ကေလးေတြအတြက္ ေဆာ့ကစားႏိုင္ေအာင္ ျပင္ဆင္ထားေပးတဲ့ ေပ်ာ့ေပ်ာ့အိအိ ေလထိုးအိမ္ဟာ ေလျပင္းေၾကာင့္ အျမင့္ေပ ၁၅ ေပ (၅ မီတာ) ထိ ျမင့္တက္သြားခဲ့ၿပီး ေျမျပင္ေပၚျပန္က်ခဲ့ပါတယ္။ အဲဒီအိမ္ထဲမွာ အမည္မသိ အသက္ ၅ ႏွစ္အ႐ြယ္ ကေလးငယ္ တစ္ဦးနဲ႔ အျခားကေလးတစ္ဦး ပါသြားခဲ့ပါတယ္။ ၅ ႏွစ္အ႐ြယ္ ကေလးငယ္ကေတာ့ ဒဏ္ရာျပင္းထန္တာေၾကာင့္ ဝါရွင္တန္၊ ကေလးအမ်ိဳးသားေဆး႐ုံကို ေလယာဥ္နဲ႔ အျမန္ဆုံး ပို႔ေဆာင္ခဲ့ေပမယ့္ ေနာက္ပိုင္း ေသဆုံးသြားခဲ့တယ္လို႔ သိရပါတယ္။ ဒုတိယကေလးငယ္ကေတာ့ အလားတူ ေဆး႐ုံ ပို႔ေဆာင္ခဲ့ရေပမယ့္ အသက္အႏၲရာယ္ မစိုးရိမ္ရဘူးလို႔ ဆိုပါတယ္။ အဆိုပါမေတာ္တဆမႈေၾကာင့္ ကစားပြဲလည္း ရပ္တန႔္ခဲ့ရၿပီး ပြဲစဥ္အခ်ိန္ကို ေ႐ႊ႕ဆိုင္းခဲ့ရပါတယ္။
ေဂ်ာ္ဂ်ီယာတကၠသိုလ္မွ ေလ့လာမႈတစ္ခုအရ ၂၀၀၀ မွ ၂၀၂၁ ခုႏွစ္အတြင္း ကမာၻတစ္ဝွမ္းရွိ ေလျပင္း တိုက္ခတ္မႈေတြေၾကာင့္ အနည္းဆုံး ဒဏ္ရာရသူ ၄၇၉ ဦး၊ ေသဆုံးသူ ၂၈ ဦးထိ ရွိတယ္လို႔ ဆိုပါတယ္။