ရေဘေးကြောင့်နိုင်ငံတစ်ဝန်းရှိ ကျောင်းပေါင်း(၁၄၅)ကျောင်းကျော် ယာယီပိတ်ခဲ့ရပြီး အစားထိုးပြန်လည်သင်ကြားရန် စီစဉ်ထား
296
စော (NP News) - ဩဂုတ် ၇
နိုင်ငံတစ်ဝန်းရေကြီးမှုကြောင့် ကျောင်းပေါင်း(၁၄၅ဝ)ကျောင်းကျော် ယာယီပိတ်ခဲ့ရပြီး အစားထိုးပြန်လည်သင်ကြားရန် စီစဉ်ထားကြောင်း ပညာရေးဝန် ကြီးဌာနထံမှ သိရသည်။
မြစ်ရေမြင့်တက်မှုနှင့်အတူ မိုးသည်းထန်စွာ ရွာသွန်းခြင်းများကြောင့် နိုင်ငံအတွင်းရှိ တိုင်းနှင့် ပြည်နယ်များတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး အခြေခံပညာကျောင်းများလည်း ယာယီပိတ်ခဲ့ရကြောင်းသိရသည်။
အဆိုပါ ရေကြီးရေလျှံမှုများကြောင့် နိုင်ငံ တစ်ဝန်း ယာယီပိတ်ခဲ့ရသည့် အခြေခံကျောင်းများနှင့် ပတ်သက်၍ NP News က ပညာရေး ဝန်ကြီးဌာနကို ဆက်သွယ်မေးမြန်းရာတွင် ယာယီပိတ်ခဲ့ရသည့် ကျောင်းပေါင်း (၁၄၅၄) ကျောင်းရှိကြောင်း ပြန်လည်ဖြေကြားထားသည်။ ထိုကဲ့သို့ ပိတ်ခဲ့ရသည့်ကျောင်းများမှာ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်း တိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းနှင့် ဧရာဝ တီတိုင်းအတွင်းရှိ အခြေခံပညာကျောင်းများဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ဆိုသည်။
ရေကြီးရေလျှံမှုများကြောင့် အခြေခံပညာကျောင်းပေါင်း (၁၀ဝဝ)ကျော် ယာယီပိတ်ခဲ့ရသည့်အတွက် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူမှု ပျက်ကွက်မှုမရှိစေရေးနှင့် ထိခိုက်မှုမရှိစေရေး လာမည့်ပိတ်ရက်များတွင် အစားထိုးပြန်လည်တက် ရောက်ကာ သင်ကြားပေးရန် စီစဉ်ထားကြောင်းလည်း ဝန်ကြီးဌာနက ပြောသည်။ ပြီးခဲ့သောရက်ပိုင်းက နိုင်ငံအတွင်းရှိ မြို့ပေါင်း(၂၀)ထက်မနည်းတွင် ရေ ကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူလူထု အနေဖြင့်လည်း ယာယီရေဘေးရှောင်စခန်းများတွင် သွားရောက်ခိုလှုံခဲ့ကြရသည်။
“အခြေခံကျောင်းတွေကတော့ လောလော ဆယ်တော့ ယာယီပိတ်ထားရတယ်။ ရေတက်တာ ကတော့ တစ်ပတ်လောက်တော့ရှိပြီ။ လက်ရှိက ယာ ယီစခန်းက (၃၄)ခု ဖွင့်ထားပါတယ်” ဟု ပဲခူးမြို့နယ် မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီး ဌာန၏ ဇူလိုင်လ (၃၁)ရက် မွန်းလွဲ (၁၂) နာရီခွဲ အချိန် တိုင်းထွာချက်အရ ပဲခူးမြစ်ရေသည် ပဲခူးမြို့၏ စိုးရိမ်ရေမှတ် (၂၈ ဒသမ ၈၇ပေ) အထက်သို့ (၄)ပေခန့် ကျော်လွန်ရောက်ရှိနေ၍ အဆိုပါမြစ်ရေသည် လာမည့်တစ်ရက်အတွင်း ပေဝက်ခန့် ကျဆင်းလာနိုင် သော်လည်း စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ကြောင်းသိရသည်။
zawgyi version
ေရေဘးေၾကာင့္ႏိုင္ငံတစ္ဝန္းရွိ ေက်ာင္းေပါင္း(၁၄၅)ေက်ာင္းေက်ာ္ ယာယီပိတ္ခဲ့ရၿပီး အစားထိုးျပန္လည္သင္ၾကားရန္ စီစဥ္ထား
ေစာ (NP News) - ဩဂုတ္ ၇
ႏိုင္ငံတစ္ဝန္းေရႀကီးမႈေၾကာင့္ ေက်ာင္းေပါင္း(၁၄၅ဝ)ေက်ာင္းေက်ာ္ ယာယီပိတ္ခဲ့ရၿပီး အစားထိုးျပန္လည္သင္ၾကားရန္ စီစဥ္ထားေၾကာင္း ပညာေရးဝန္ ႀကီးဌာနထံမွ သိရသည္။
ျမစ္ေရျမင့္တက္မႈႏွင့္အတူ မိုးသည္းထန္စြာ ႐ြာသြန္းျခင္းမ်ားေၾကာင့္ ႏိုင္ငံအတြင္းရွိ တိုင္းႏွင့္ ျပည္နယ္မ်ားတြင္ ေရႀကီးေရလွ်ံမႈမ်ားျဖစ္ေပၚခဲ့ၿပီး အေျခခံပညာေက်ာင္းမ်ားလည္း ယာယီပိတ္ခဲ့ရေၾကာင္းသိရသည္။
အဆိုပါ ေရႀကီးေရလွ်ံမႈမ်ားေၾကာင့္ ႏိုင္ငံ တစ္ဝန္း ယာယီပိတ္ခဲ့ရသည့္ အေျခခံေက်ာင္းမ်ားႏွင့္ ပတ္သက္၍ NP News က ပညာေရး ဝန္ႀကီးဌာနကို ဆက္သြယ္ေမးျမန္းရာတြင္ ယာယီပိတ္ခဲ့ရသည့္ ေက်ာင္းေပါင္း (၁၄၅၄) ေက်ာင္းရွိေၾကာင္း ျပန္လည္ေျဖၾကားထားသည္။ ထိုကဲ့သို႔ ပိတ္ခဲ့ရသည့္ေက်ာင္းမ်ားမွာ ကခ်င္ျပည္နယ္၊ ကရင္ျပည္နယ္၊ စစ္ကိုင္း တိုင္း၊ ပဲခူးတိုင္း၊ မေကြးတိုင္း၊ မႏၲေလးတိုင္း၊ မြန္ျပည္နယ္၊ ရန္ကုန္တိုင္းႏွင့္ ဧရာဝ တီတိုင္းအတြင္းရွိ အေျခခံပညာေက်ာင္းမ်ားျဖစ္ေၾကာင္း ပညာေရးဝန္ႀကီးဌာနက ဆိုသည္။
ေရႀကီးေရလွ်ံမႈမ်ားေၾကာင့္ အေျခခံပညာေက်ာင္းေပါင္း (၁၀ဝဝ)ေက်ာ္ ယာယီပိတ္ခဲ့ရသည့္အတြက္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား ပညာသင္ယူမႈ ပ်က္ကြက္မႈမရွိေစေရးႏွင့္ ထိခိုက္မႈမရွိေစေရး လာမည့္ပိတ္ရက္မ်ားတြင္ အစားထိုးျပန္လည္တက္ ေရာက္ကာ သင္ၾကားေပးရန္ စီစဥ္ထားေၾကာင္းလည္း ဝန္ႀကီးဌာနက ေျပာသည္။ ၿပီးခဲ့ေသာရက္ပိုင္းက ႏိုင္ငံအတြင္းရွိ ၿမိဳ႕ေပါင္း(၂၀)ထက္မနည္းတြင္ ေရ ႀကီးေရလွ်ံမႈမ်ားျဖစ္ပြားခဲ့ၿပီး ေဒသခံျပည္သူလူထု အေနျဖင့္လည္း ယာယီေရေဘးေရွာင္စခန္းမ်ားတြင္ သြားေရာက္ခိုလႈံခဲ့ၾကရသည္။
“အေျခခံေက်ာင္းေတြကေတာ့ ေလာေလာ ဆယ္ေတာ့ ယာယီပိတ္ထားရတယ္။ ေရတက္တာ ကေတာ့ တစ္ပတ္ေလာက္ေတာ့ရွိၿပီ။ လက္ရွိက ယာ ယီစခန္းက (၃၄)ခု ဖြင့္ထားပါတယ္” ဟု ပဲခူးၿမိဳ႕နယ္ မီးသတ္စခန္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီး ဌာန၏ ဇူလိုင္လ (၃၁)ရက္ မြန္းလြဲ (၁၂) နာရီခြဲ အခ်ိန္ တိုင္းထြာခ်က္အရ ပဲခူးျမစ္ေရသည္ ပဲခူးၿမိဳ႕၏ စိုးရိမ္ေရမွတ္ (၂၈ ဒသမ ၈၇ေပ) အထက္သို႔ (၄)ေပခန႔္ ေက်ာ္လြန္ေရာက္ရွိေန၍ အဆိုပါျမစ္ေရသည္ လာမည့္တစ္ရက္အတြင္း ေပဝက္ခန႔္ က်ဆင္းလာႏိုင္ ေသာ္လည္း စိုးရိမ္ေရမွတ္အထက္တြင္ ဆက္လက္တည္ရွိႏိုင္ေၾကာင္းသိရသည္။