ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ကြားဖြတ်အစိုးရကို နိုဘယ်လ်ဆုရှင် မိုဟာမက်ယူနွတ်စ် ဦးဆောင်သွားမည်

 1980

ALynn (NP News) - ဩဂုတ် ၇

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လူထုဆန္ဒပြမှုများကြောင့် ကာလကြာအုပ်ချုပ်ခဲ့သော ဝန်ကြီးချုပ် ရှိတ်ဟာစီနာထွက်ပြေးသွားခဲ့ပြီးနောက် ယာယီအစိုးရကို ဦးဆောင်ရန် နိုဘယ်လ်ဆုရှင် အသေးစား ငွေရေးကြေးရေး လုပ်ငန်း၏ ရှေ့ဆောင် မိုဟာမက်ယူနွတ်စ်ကို ရွေးချယ်ကြောင်း ဗုဒ္ဓဟူးနေ့ (သြဂုတ်လ ၇ ရက်) အစောပိုင်းတွင် ကြေညာခဲ့သည်။

ဆန္ဒပြကျောင်းသား ခေါင်းဆောင်များက ဘင်္ဂလားဒေ့ရှ်နိုင်ငံသား သန်းပေါင်းများစွာကို ဆင်းရဲတွင်းမှ ဖယ်ရှားပေးခဲ့သော အသက် ၈၄ နှစ်အရွယ် ယူနွတ်စ်ကို နိုင်ငံအား ဦးဆောင်ဖို့ တောင်းဆိုခဲ့ပြီးနောက် ယခုလို ခန့်အပ်မှုက မြန်မြန်ဆန်ဆန် ဖြစ်လာခဲ့ခြင်းဖြစ်သည်။

ယာယီအစိုးရတွင် ယူနွတ်စ်အား အကြီးအကဲအဖြစ်ထားရှိရန် ဆုံးဖြတ်ချက်သည် သမ္မတ Mohammed Shahabuddin၊ စစ်ခေါင်းဆောင်များနှင့် ဆန္ဒပြကျောင်းသားများအဖွဲ့ (SAD) မှ ခေါင်းဆောင်များ၏ တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု Shahabuddin က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အသက် ၇၆ နှစ်အရွယ် ဟာစီနာသည် ၂၀၀၉ ခုနှစ်ကတည်းက အာဏာရခဲ့သော်လည်း ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ရွေးကောက်ပွဲတွင် မဲလိမ်မှုဖြင့် စွပ်စွဲခံခဲ့ရပြီး ပြီးခဲ့သည့်လတွင် သန်းနှင့်ချီသော လူများက လမ်းမပေါ်ထွက်ကာ ရာထူးမှနုတ်ထွက်ရန် တောင်းဆိုဆန္ဒပြခဲ့ကြသည်။ ဆူပူအုံကြွမှုကို နှိမ်နင်းရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက ကြိုးပမ်းခဲ့သော်လည်း ဆန္ဒပြမှုများ ကြီးထွားလာကာ နောက်ဆုံး၌ ဟာဆီနာသည် ရဟတ်ယာဉ်ဖြင့် ဩဂုတ်လ ၅ ရက်တွင် ထွက်ပြေးသွားခဲ့သည်။

စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး Waker-Uz-Zaman က “အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့ အချိန်ကျပြီ”ဟု ပြောသည်။ အင်္ဂါနေ့ (ဩဂုတ်လ ၆ ရက်) တွင် သမ္မတသည် ကျောင်းသား ခေါင်းဆောင်များနှင့် အဓိကအတိုက်အခံ ဘင်္ဂလားဒေ့ရှ်အမျိုးသားပါတီ(BNP)တို့၏ တောင်းဆိုချက်အရ ပါလီမန်ကို ဖျက်သိမ်းခဲ့ပြီး (၃)လအတွင်း ရွေးကောက်ပွဲများ ကျင်းပရန်လည်း ရည်ရွယ် ထားသည်။

အင်္ဂါနေ့က စစ်တပ်သည် ဟာစီနာနှင့်နီးစပ်သော ထိပ်တန်းဗိုလ်ချုပ်အများအပြားကို ရာထူးမှဖြုတ်ချခဲ့ပြီး Rapid Action Battalion အရံတပ်ဖွဲ့၏ တပ်မှူးတစ်ဦးဖြစ်သည့် Ziaul Ahsan ကိုလည်း ထုတ်ပယ်ခဲ့သည်။ ဝန်ကြီး ချုပ်ဟောင်းဖြစ်သလို BNP ပါတီ၏ဥက္ကဋ္ဌလည်းဖြစ်သည့် ခါလီဒါဇီယာ (၇၈)နှစ်ကိုလည်း နေအိမ်အကျယ်ချုပ်မှ ပြန်လွှတ်ပေးခဲ့ကြောင်း သမ္မတရုံး၏ ထုတ်ပြန်ချက်အရသိရသည်။

မြို့တော်ရှိ လမ်းများသည် အင်္ဂါနေ့တွင် အများအားဖြင့် ငြိမ်သက်အေးဆေးနေပြီး ယာဉ်ကြောပိတ်ဆို့မှုများ ပြန်လည်စတင်ခြင်း၊ ဈေးဆိုင်များဖွင့်လှစ်ခြင်းနှင့် နိုင်ငံတကာလေကြောင်း ခရီးစဉ်များ ပြန်လည်စတင်ခြင်းတို့ဖြင့် ပုံမှန်လည်ပတ်လာခဲ့သည်။ သို့သော် အနည်းဆုံး လူ ၁၂၂ ဦး သေဆုံးခဲ့သည့် အကြမ်းဖက်မှုအပြီး တစ်ရက်အကြာတွင် အစိုးရရုံးများကို ပိတ်ထားဆဲဖြစ်သည်။ International Crisis Group မှ Thomas Kean က အာဏာပိုင်အသစ်များသည် စိန်ခေါ်မှုများစွာကို ရင်ဆိုင်ရနိုင်ကြောင်း ပြောကြားခဲ့သည်။

“အခု အာဏာရလာမယ့် ကြားဖြတ်အစိုးရဟာ မကြာသေးမီနှစ်တွေအတွင်း ဆိုးရွားစွာ ပျက်စီးသွားခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ ဒီမိုကရေစီပြန်လည်တည် ဆောက်ရေး တာဝန်ကို စတင်ဖို့ လိုအပ်ပါတယ်” ဟု ၎င်းက ဆိုသည်။

zawgyi version
ဘဂၤလားေဒ့ရွ္ႏိုင္ငံ၏ ၾကားျဖတ္အစိုးရကို ႏိုဘယ္လ္ဆုရွင္ မိုဟာမက္ယူႏြတ္စ္ ဦးေဆာင္သြားမည္
ALynn (NP News) - ဩဂုတ္ ၇

ဘဂၤလားေဒ့ရွ္ႏိုင္ငံတြင္ လူထုဆႏၵျပမႈမ်ားေၾကာင့္ ကာလၾကာအုပ္ခ်ဳပ္ခဲ့ေသာ ဝန္ႀကီးခ်ဳပ္ ရွိတ္ဟာစီနာထြက္ေျပးသြားခဲ့ၿပီးေနာက္ ယာယီအစိုးရကို ဦးေဆာင္ရန္ ႏိုဘယ္လ္ဆုရွင္ အေသးစား ေငြေရးေၾကးေရး လုပ္ငန္း၏ ေရွ႕ေဆာင္ မိုဟာမက္ယူႏြတ္စ္ကို ေ႐ြးခ်ယ္ေၾကာင္း ဗုဒၶဟူးေန႔ (ၾသဂုတ္လ ၇ ရက္) အေစာပိုင္းတြင္ ေၾကညာခဲ့သည္။

ဆႏၵျပေက်ာင္းသား ေခါင္းေဆာင္မ်ားက ဘဂၤလားေဒ့ရွ္ႏိုင္ငံသား သန္းေပါင္းမ်ားစြာကို ဆင္းရဲတြင္းမွ ဖယ္ရွားေပးခဲ့ေသာ အသက္ ၈၄ ႏွစ္အ႐ြယ္ ယူႏြတ္စ္ကို ႏိုင္ငံအား ဦးေဆာင္ဖို႔ ေတာင္းဆိုခဲ့ၿပီးေနာက္ ယခုလို ခန႔္အပ္မႈက ျမန္ျမန္ဆန္ဆန္ ျဖစ္လာခဲ့ျခင္းျဖစ္သည္။

ယာယီအစိုးရတြင္ ယူႏြတ္စ္အား အႀကီးအကဲအျဖစ္ထားရွိရန္ ဆုံးျဖတ္ခ်က္သည္ သမၼတ Mohammed Shahabuddin၊ စစ္ေခါင္းေဆာင္မ်ားႏွင့္ ဆႏၵျပေက်ာင္းသားမ်ားအဖြဲ႕ (SAD) မွ ေခါင္းေဆာင္မ်ား၏ ေတြ႕ဆုံေဆြးေႏြးမႈမွတစ္ဆင့္ ဆုံးျဖတ္ခဲ့ျခင္းျဖစ္သည္ဟု Shahabuddin က သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားခဲ့သည္။

အသက္ ၇၆ ႏွစ္အ႐ြယ္ ဟာစီနာသည္ ၂၀၀၉ ခုႏွစ္ကတည္းက အာဏာရခဲ့ေသာ္လည္း ၂၀၂၄ ခုႏွစ္၊ ဇန္နဝါရီ ေ႐ြးေကာက္ပြဲတြင္ မဲလိမ္မႈျဖင့္ စြပ္စြဲခံခဲ့ရၿပီး ၿပီးခဲ့သည့္လတြင္ သန္းႏွင့္ခ်ီေသာ လူမ်ားက လမ္းမေပၚထြက္ကာ ရာထူးမွႏုတ္ထြက္ရန္ ေတာင္းဆိုဆႏၵျပခဲ့ၾကသည္။ ဆူပူအုံႂကြမႈကို ႏွိမ္နင္းရန္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ႀကိဳးပမ္းခဲ့ေသာ္လည္း ဆႏၵျပမႈမ်ား ႀကီးထြားလာကာ ေနာက္ဆုံး၌ ဟာဆီနာသည္ ရဟတ္ယာဥ္ျဖင့္ ဩဂုတ္လ ၅ ရက္တြင္ ထြက္ေျပးသြားခဲ့သည္။

စစ္တပ္အႀကီးအကဲ ဗိုလ္ခ်ဳပ္ႀကီး Waker-Uz-Zaman က “အၾကမ္းဖက္မႈေတြကို ရပ္တန႔္ဖို႔ အခ်ိန္က်ၿပီ”ဟု ေျပာသည္။ အဂၤါေန႔ (ဩဂုတ္လ ၆ ရက္) တြင္ သမၼတသည္ ေက်ာင္းသား ေခါင္းေဆာင္မ်ားႏွင့္ အဓိကအတိုက္အခံ ဘဂၤလားေဒ့ရွ္အမ်ိဳးသားပါတီ(BNP)တို႔၏ ေတာင္းဆိုခ်က္အရ ပါလီမန္ကို ဖ်က္သိမ္းခဲ့ၿပီး (၃)လအတြင္း ေ႐ြးေကာက္ပြဲမ်ား က်င္းပရန္လည္း ရည္႐ြယ္ ထားသည္။

အဂၤါေန႔က စစ္တပ္သည္ ဟာစီနာႏွင့္နီးစပ္ေသာ ထိပ္တန္းဗိုလ္ခ်ဳပ္အမ်ားအျပားကို ရာထူးမွျဖဳတ္ခ်ခဲ့ၿပီး Rapid Action Battalion အရံတပ္ဖြဲ႕၏ တပ္မႉးတစ္ဦးျဖစ္သည့္ Ziaul Ahsan ကိုလည္း ထုတ္ပယ္ခဲ့သည္။ ဝန္ႀကီး ခ်ဳပ္ေဟာင္းျဖစ္သလို BNP ပါတီ၏ဥကၠ႒လည္းျဖစ္သည့္ ခါလီဒါဇီယာ (၇၈)ႏွစ္ကိုလည္း ေနအိမ္အက်ယ္ခ်ဳပ္မွ ျပန္လႊတ္ေပးခဲ့ေၾကာင္း သမၼတ႐ုံး၏ ထုတ္ျပန္ခ်က္အရသိရသည္။

ၿမိဳ႕ေတာ္ရွိ လမ္းမ်ားသည္ အဂၤါေန႔တြင္ အမ်ားအားျဖင့္ ၿငိမ္သက္ေအးေဆးေနၿပီး ယာဥ္ေၾကာပိတ္ဆို႔မႈမ်ား ျပန္လည္စတင္ျခင္း၊ ေဈးဆိုင္မ်ားဖြင့္လွစ္ျခင္းႏွင့္ ႏိုင္ငံတကာေလေၾကာင္း ခရီးစဥ္မ်ား ျပန္လည္စတင္ျခင္းတို႔ျဖင့္ ပုံမွန္လည္ပတ္လာခဲ့သည္။ သို႔ေသာ္ အနည္းဆုံး လူ ၁၂၂ ဦး ေသဆုံးခဲ့သည့္ အၾကမ္းဖက္မႈအၿပီး တစ္ရက္အၾကာတြင္ အစိုးရ႐ုံးမ်ားကို ပိတ္ထားဆဲျဖစ္သည္။ International Crisis Group မွ Thomas Kean က အာဏာပိုင္အသစ္မ်ားသည္ စိန္ေခၚမႈမ်ားစြာကို ရင္ဆိုင္ရႏိုင္ေၾကာင္း ေျပာၾကားခဲ့သည္။

“အခု အာဏာရလာမယ့္ ၾကားျဖတ္အစိုးရဟာ မၾကာေသးမီႏွစ္ေတြအတြင္း ဆိုး႐ြားစြာ ပ်က္စီးသြားခဲ့တဲ့ ဘဂၤလားေဒ့ရွ္ရဲ႕ ဒီမိုကေရစီျပန္လည္တည္ ေဆာက္ေရး တာဝန္ကို စတင္ဖို႔ လိုအပ္ပါတယ္” ဟု ၎က ဆိုသည္။

Related news

© 2021. All rights reserved.