ဘင်္ဂလားဒေ့ရှ်စစ်တပ်က ဝန်ကြီးချုပ်ရှိတ်ဟာစီနာ၏ ဆန္ဒပြပြည်သူများအပေါ် ဖိနှိပ်ရန် တောင်းဆိုချက်များကို ဖီဆန်ခဲ့ကြောင်း သိရ
4371
ALynn (NP News) - ဩဂုတ် ၇
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာ နိုင်ငံမှ ရုတ်တရက် မထွက်ပြေးမီညက ၎င်းနှင့် စစ်ဦးစီးချုပ်တို့တွေ့ဆုံခဲ့ပြီး စစ်တပ်အနေဖြင့် အရပ်သားများ ညမထွက်ရအမိန့်ကို လိုက်နာရန် ပစ်ခတ်ခြင်းပြုလုပ်သွားမည် မဟုတ်ကြောင်း ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်ဟု စစ်တပ်မှအရာရှိ နှစ်ဦးက Reuters သို့ ပြောကြားခဲ့သည်။ ဗိုလ်ချုပ်ကြီး Waker-Uz-Zaman သည် ဟာစီနာ၏ ရုံးခန်းသို့ ရောက်ရှိလာပြီး ၎င်း၏ စစ်သားများသည် သူမတောင်းဆိုသော lockdown ကို အကောင်အထည် မဖော်နိုင်တော့ကြောင်း ဝန်ကြီးချုပ်ထံ ပြောကြားခဲ့သည်ဟု သိရသည်။
စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်များအကြား တွေ့ဆုံမှုအသေးစိတ်နှင့် ဟာဆီနာအား စစ်တပ်၏ ကျောထောက်နောက်ခံပေးမှု မရှိတော့ကြောင်း သတင်းအချက်အလက်ကို ယခင်က အစီရင်ခံ ဖော်ပြခဲ့ခြင်း မရှိပေ။ Reuters သည် Hasina ၏နောက်ဆုံး ၄၈ နာရီ ရာထူးသက်တမ်းအတွင်း အဖြစ်အပျက်များနှင့် ရင်းနှီးသူ ၁၀ ဦးအား တွေ့ဆုံမေးမြန်းခဲ့သည်။ ၎င်းတို့ထဲမှ အများစုသည် အဆိုပါ ကိစ္စ၏ ထိလွယ်ရှလွယ်အခြေအနေကြောင့် အမည်မဖော်လိုကြောင်း ပြောဆိုခဲ့ကြသည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၁၅ နှစ်အတွင်း ဘင်္ဂလားဒေ့ရှ်ကိုအုပ်စိုးခဲ့သော ဟာစီနာသည် အတိုက်အခံ ခေါင်းဆောင်များနှင့်အလုပ်သမားထောင်ပေါင်းများစွာကိုဖမ်းဆီးပြီးနောက် ဇန်နဝါရီလတွင် လူဦးရေ သန်း ၁၇၀ ကို ဦးဆောင်မည့် စတုတ္ထသမ္မတသက်တမ်းအတွက်ရွေးကောက်ခံခဲ့သည်။ ထိုရွေးကောက်ပွဲကို သူမ၏ အဓိကပြိုင်ဘက်များက သပိတ်မှောက်ခဲ့သည်။
မြင့်မားသောလူငယ်အလုပ်လက်မဲ့များကြားတွင် အစိုးရအလုပ်နေရာ ခွဲတမ်းချထားပေးမှု နည်းပါးသည့်ဆုံးဖြတ်ချက်ကြောင့် သူမ၏အာဏာ ဆုပ်ကိုင်ထားမှုအပေါ် စိန်ခေါ်မှုများ ရှိလာခဲ့သည်။ ဆုံးဖြတ်ချက်ကို ပယ်ဖျက်လိုက်သော်လည်း ဆန္ဒပြမှုများသည် ဟာဆီနာကို ဖြုတ်ချရန် လှုပ်ရှားမှုအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။ ဗိုလ်ချုပ်ကြီး Zaman သည် ဟာဆီနာအား ထောက်ခံမှုကို ရုပ်သိမ်းရန် ၎င်း၏ ဆုံးဖြတ်ချက်ကို လူသိရှင်ကြား မဖော်ပြခဲ့ပေ။ သို့သော် ဆန္ဒပြမှုများ၏ အတိုင်းအတာနှင့် အနည်းဆုံး သေဆုံးသူ ၂၄၁ ဦးရှိလာခြင်းတို့ကြောင့် ဟာဆီနာအား ထောက်ပံ့ခြင်း မပြုလိုတော့ကြောင်း ဘင်္ဂလားဒေ့ရှ် စစ်တပ်မှ အကြီးတန်း အရာရှိဟောင်း သုံးဦးက Reuters သို့ ပြောကြားခဲ့သည်။
ဗိုလ်ချုပ်က ပြည်သူများ၏ အသက်အန္တရာယ်ကို ကာကွယ်ရမည်ဟု ကြေညာပြီး စိတ်ရှည် သည်းခံရန် ၎င်း၏ အရာရှိများကို တောင်းဆိုခဲ့ကြောင်း စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ချောင်ဒရီက ပြောကြားခဲ့သည်။ ယင်းမှာ ဘင်္ဂလားဒေ့ရှ်စစ်တပ်၏ အကြမ်းဖက်ဆန္ဒပြပွဲများကို အတင်း အကျပ် ဖြိုခွင်းမည်မဟုတ်ကြောင်း ပထမဆုံး အရိပ်အယောင်ပြခြင်းဖြစ်ခဲ့ပြီး ဟာဆီနာကို အထိ နာစေခဲ့သည်။ ဗိုလ်မှူးချုပ် Mohammad Shahedul Anam Khan ကဲ့သို့သော အငြိမ်းစား အကြီးတန်းစစ်သားများသည်ပင် တနင်္လာနေ့တွင် ညမထွက်ရအမိန့်ကို ဖီဆန်ပြီး လမ်းများပေါ်သို့ ထွက်ခဲ့ကြသည်။
zawgyi version
ဘဂၤလားေဒ့ရွ္စစ္တပ္က ဝန္ႀကီးခ်ဳပ္ရွိတ္ဟာစီနာ၏ ဆႏၵျပျပည္သူမ်ားအေပၚ ဖိႏွိပ္ရန္ ေတာင္းဆိုခ်က္မ်ားကို ဖီဆန္ခဲ့ေၾကာင္း သိရ
ALynn (NP News) - ဩဂုတ္ ၇
ဘဂၤလားေဒ့ရွ္ဝန္ႀကီးခ်ဳပ္ ရွိတ္ဟာစီနာ ႏိုင္ငံမွ ႐ုတ္တရက္ မထြက္ေျပးမီညက ၎ႏွင့္ စစ္ဦးစီးခ်ဳပ္တို႔ေတြ႕ဆုံခဲ့ၿပီး စစ္တပ္အေနျဖင့္ အရပ္သားမ်ား ညမထြက္ရအမိန႔္ကို လိုက္နာရန္ ပစ္ခတ္ျခင္းျပဳလုပ္သြားမည္ မဟုတ္ေၾကာင္း ဆုံးျဖတ္ခ်က္ခ်မွတ္ခဲ့သည္ဟု စစ္တပ္မွအရာရွိ ႏွစ္ဦးက Reuters သို႔ ေျပာၾကားခဲ့သည္။ ဗိုလ္ခ်ဳပ္ႀကီး Waker-Uz-Zaman သည္ ဟာစီနာ၏ ႐ုံးခန္းသို႔ ေရာက္ရွိလာၿပီး ၎၏ စစ္သားမ်ားသည္ သူမေတာင္းဆိုေသာ lockdown ကို အေကာင္အထည္ မေဖာ္ႏိုင္ေတာ့ေၾကာင္း ဝန္ႀကီးခ်ဳပ္ထံ ေျပာၾကားခဲ့သည္ဟု သိရသည္။
စစ္တပ္ထိပ္ပိုင္းေခါင္းေဆာင္မ်ားအၾကား ေတြ႕ဆုံမႈအေသးစိတ္ႏွင့္ ဟာဆီနာအား စစ္တပ္၏ ေက်ာေထာက္ေနာက္ခံေပးမႈ မရွိေတာ့ေၾကာင္း သတင္းအခ်က္အလက္ကို ယခင္က အစီရင္ခံ ေဖာ္ျပခဲ့ျခင္း မရွိေပ။ Reuters သည္ Hasina ၏ေနာက္ဆုံး ၄၈ နာရီ ရာထူးသက္တမ္းအတြင္း အျဖစ္အပ်က္မ်ားႏွင့္ ရင္းႏွီးသူ ၁၀ ဦးအား ေတြ႕ဆုံေမးျမန္းခဲ့သည္။ ၎တို႔ထဲမွ အမ်ားစုသည္ အဆိုပါ ကိစၥ၏ ထိလြယ္ရွလြယ္အေျခအေနေၾကာင့္ အမည္မေဖာ္လိုေၾကာင္း ေျပာဆိုခဲ့ၾကသည္။ လြန္ခဲ့သည့္ ႏွစ္ေပါင္း ၁၅ ႏွစ္အတြင္း ဘဂၤလားေဒ့ရွ္ကိုအုပ္စိုးခဲ့ေသာ ဟာစီနာသည္ အတိုက္အခံ ေခါင္းေဆာင္မ်ားႏွင့္အလုပ္သမားေထာင္ေပါင္းမ်ားစြာကိုဖမ္းဆီးၿပီးေနာက္ ဇန္နဝါရီလတြင္ လူဦးေရ သန္း ၁၇၀ ကို ဦးေဆာင္မည့္ စတုတၳသမၼတသက္တမ္းအတြက္ေ႐ြးေကာက္ခံခဲ့သည္။ ထိုေ႐ြးေကာက္ပြဲကို သူမ၏ အဓိကၿပိဳင္ဘက္မ်ားက သပိတ္ေမွာက္ခဲ့သည္။
ျမင့္မားေသာလူငယ္အလုပ္လက္မဲ့မ်ားၾကားတြင္ အစိုးရအလုပ္ေနရာ ခြဲတမ္းခ်ထားေပးမႈ နည္းပါးသည့္ဆုံးျဖတ္ခ်က္ေၾကာင့္ သူမ၏အာဏာ ဆုပ္ကိုင္ထားမႈအေပၚ စိန္ေခၚမႈမ်ား ရွိလာခဲ့သည္။ ဆုံးျဖတ္ခ်က္ကို ပယ္ဖ်က္လိုက္ေသာ္လည္း ဆႏၵျပမႈမ်ားသည္ ဟာဆီနာကို ျဖဳတ္ခ်ရန္ လႈပ္ရွားမႈအျဖစ္ လ်င္ျမန္စြာ ေျပာင္းလဲသြားခဲ့သည္။ ဗိုလ္ခ်ဳပ္ႀကီး Zaman သည္ ဟာဆီနာအား ေထာက္ခံမႈကို ႐ုပ္သိမ္းရန္ ၎၏ ဆုံးျဖတ္ခ်က္ကို လူသိရွင္ၾကား မေဖာ္ျပခဲ့ေပ။ သို႔ေသာ္ ဆႏၵျပမႈမ်ား၏ အတိုင္းအတာႏွင့္ အနည္းဆုံး ေသဆုံးသူ ၂၄၁ ဦးရွိလာျခင္းတို႔ေၾကာင့္ ဟာဆီနာအား ေထာက္ပံ့ျခင္း မျပဳလိုေတာ့ေၾကာင္း ဘဂၤလားေဒ့ရွ္ စစ္တပ္မွ အႀကီးတန္း အရာရွိေဟာင္း သုံးဦးက Reuters သို႔ ေျပာၾကားခဲ့သည္။
ဗိုလ္ခ်ဳပ္က ျပည္သူမ်ား၏ အသက္အႏၲရာယ္ကို ကာကြယ္ရမည္ဟု ေၾကညာၿပီး စိတ္ရွည္ သည္းခံရန္ ၎၏ အရာရွိမ်ားကို ေတာင္းဆိုခဲ့ေၾကာင္း စစ္တပ္ေျပာေရးဆိုခြင့္ရွိသူ ေခ်ာင္ဒရီက ေျပာၾကားခဲ့သည္။ ယင္းမွာ ဘဂၤလားေဒ့ရွ္စစ္တပ္၏ အၾကမ္းဖက္ဆႏၵျပပြဲမ်ားကို အတင္း အက်ပ္ ၿဖိဳခြင္းမည္မဟုတ္ေၾကာင္း ပထမဆုံး အရိပ္အေယာင္ျပျခင္းျဖစ္ခဲ့ၿပီး ဟာဆီနာကို အထိ နာေစခဲ့သည္။ ဗိုလ္မႉးခ်ဳပ္ Mohammad Shahedul Anam Khan ကဲ့သို႔ေသာ အၿငိမ္းစား အႀကီးတန္းစစ္သားမ်ားသည္ပင္ တနလၤာေန႔တြင္ ညမထြက္ရအမိန႔္ကို ဖီဆန္ၿပီး လမ္းမ်ားေပၚသို႔ ထြက္ခဲ့ၾကသည္။