ပို့ကုန်ရငွေပမာဏ၏ ၃၅ ရာခိုင်နှုန်းအစား ၂၅ ရာခိုင်နှုန်းကိုသာ မြန်မာကျပ်ငွေဖြင့် လဲလှယ်ရန် ဗဟိုဘဏ်ပြင်ဆင်သတ်မှတ်
526
ယွန်း (NP News) - သြဂုတ် ၈
ပို့ကုန်ရငွေပမာဏ၏ ၃၅ ရာခိုင်နှုန်းအစား ၂၅ ရာခိုင်နှုန်းကိုသာ မြန်မာကျပ်ငွေဖြင့်လဲလှယ်ရန် ပြင်ဆင်သတ်မှတ်လိုက်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အသိပေးထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သြဂုတ်လ(၇)ရက်တွင် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအရ အပ်နှင်းထားသည့်လုပ်ပိုင်ခွင့်ကို ကျင့်သုံးကာ ယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ဗဟိုဘဏ်အနေဖြင့် ပြီးခဲ့သည့် ၂ဝ၂၃ ခုနှစ် ဇူလိုင်လအတွင်း၌ ပို့ကုန်ရငွေပမာဏ၏ (၅ဝ)ရာခိုင်နှုန်းကိုသာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် သတ်မှတ်ဈေးနှုန်းဖြင့် ကျပ်ငွေလဲလှယ်ရန် အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ဖူးသည်။
ထို့နောက် ဒီဇင်ဘာလတွင်လည်း ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေပမာဏ၏ (၃၅)ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်ဈေးနှုန်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ရန် အမိန့်ကြေညာစာ ထပ်မံထုတ်ပြန်ကာ ဖြေလျှော့ပေးခဲ့ဖူးသည်။ လက်ရှိတွင် ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်ရငွေပမာဏ၏ (၃၅)ရာခိုင်နှုန်းအစား (၂၅)ရာခိုင်နှုန်းကိုသာ ကျပ်ငွေဖြင့် လဲလှယ်ရမည်ဟု ဗဟိုဘဏ်က အမိန့်ထုတ်ပြန်ကာ ထပ်မံဖြေလျှော့ပေးလိုက်ခြင်းဖြစ်သည်။
အဆိုပါ အမိန့်ကြေညာစာသည် ယနေ့(သြဂုတ်လ ၈ ရက်)နေ့မှစ၍ အကျိုးသက်ရောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဆိုထားသည်။ထို့ပြင် ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်အတွင်း ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေပမာဏ၏ (၆၅)ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်ဈေးနှုန်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ရမည်ဟု အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ဖူးသည်။
zawgyi version
ပို႔ကုန္ရေငြပမာဏ၏ ၃၅ ရာခိုင္ႏႈန္းအစား ၂၅ ရာခိုင္ႏႈန္းကိုသာ ျမန္မာက်ပ္ေငြျဖင့္ လဲလွယ္ရန္ ဗဟိုဘဏ္ျပင္ဆင္သတ္မွတ္
ယြန္း (NP News) - ၾသဂုတ္ ၈
ပို႔ကုန္ရေငြပမာဏ၏ ၃၅ ရာခိုင္ႏႈန္းအစား ၂၅ ရာခိုင္ႏႈန္းကိုသာ ျမန္မာက်ပ္ေငြျဖင့္လဲလွယ္ရန္ ျပင္ဆင္သတ္မွတ္လိုက္ေၾကာင္း ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က အသိေပးထုတ္ျပန္ထားသည္။
ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က ၾသဂုတ္လ(၇)ရက္တြင္ ႏိုင္ငံျခားသုံးေငြစီမံခန႔္ခြဲမႈဥပေဒအရ အပ္ႏွင္းထားသည့္လုပ္ပိုင္ခြင့္ကို က်င့္သုံးကာ ယခုကဲ့သို႔ ထုတ္ျပန္လိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။
ဗဟိုဘဏ္အေနျဖင့္ ၿပီးခဲ့သည့္ ၂ဝ၂၃ ခုႏွစ္ ဇူလိုင္လအတြင္း၌ ပို႔ကုန္ရေငြပမာဏ၏ (၅ဝ)ရာခိုင္ႏႈန္းကိုသာ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ သတ္မွတ္ေဈးႏႈန္းျဖင့္ က်ပ္ေငြလဲလွယ္ရန္ အမိန႔္ေၾကာ္ျငာစာ ထုတ္ျပန္ခဲ့ဖူးသည္။
ထို႔ေနာက္ ဒီဇင္ဘာလတြင္လည္း ပို႔ကုန္တင္ပို႔သူမ်ားအေနျဖင့္ ပို႔ကုန္တင္ပို႔ျခင္းမွရရွိသည့္ ပို႔ကုန္ရေငြပမာဏ၏ (၃၅)ရာခိုင္ႏႈန္းကို ဗဟိုဘဏ္သတ္မွတ္ေဈးႏႈန္း ျမန္မာက်ပ္ေငြျဖင့္ လဲလွယ္ရန္ အမိန႔္ေၾကညာစာ ထပ္မံထုတ္ျပန္ကာ ေျဖေလွ်ာ့ေပးခဲ့ဖူးသည္။ လက္ရွိတြင္ ပို႔ကုန္တင္ပို႔သူမ်ားအေနျဖင့္ ပို႔ကုန္ရေငြပမာဏ၏ (၃၅)ရာခိုင္ႏႈန္းအစား (၂၅)ရာခိုင္ႏႈန္းကိုသာ က်ပ္ေငြျဖင့္ လဲလွယ္ရမည္ဟု ဗဟိုဘဏ္က အမိန႔္ထုတ္ျပန္ကာ ထပ္မံေျဖေလွ်ာ့ေပးလိုက္ျခင္းျဖစ္သည္။
အဆိုပါ အမိန႔္ေၾကညာစာသည္ ယေန႔(ၾသဂုတ္လ ၈ ရက္)ေန႔မွစ၍ အက်ိဳးသက္ေရာက္မည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က ဆိုထားသည္။ထို႔ျပင္ ၿပီးခဲ့သည့္ ၂ဝ၂၂ ခုႏွစ္အတြင္း ပို႔ကုန္တင္ပို႔သူမ်ားအေနျဖင့္ ပို႔ကုန္တင္ပို႔ျခင္းမွရရွိသည့္ ပို႔ကုန္ရေငြပမာဏ၏ (၆၅)ရာခိုင္ႏႈန္းကို ဗဟိုဘဏ္သတ္မွတ္ေဈးႏႈန္း ျမန္မာက်ပ္ေငြျဖင့္ လဲလွယ္ရမည္ဟု အမိန႔္ေၾကာ္ျငာစာ ထုတ္ျပန္ခဲ့ဖူးသည္။