အမေရိကန်နိုင်ငံသားတစ်ဦးက အလေးချိန်(၈ ဒသမ ၃၃)ပေါင်ရှိသော ကမ္ဘာ့အကြီးဆုံးခရမ်းသီးကို စိုက်ပျိုးခဲ့ပြီး ဂင်းနစ်စံချိန်ချိုးဖျက်

 585

Pika (NP News) - ဩဂုတ် ၈

အမေရိကန်နိုင်ငံ အိုင်အိုဝါပြည်နယ်မှ အရွယ်အစားကြီးမားသော ဟင်းသီး ဟင်းရွက်စိုက်ပျိုးခြင်းကို ဝါသနာပါသူအမျိုးသားတစ်ဦးသည် (၈ ဒသမ ၃၃) ပေါင်ရှိသော ခရမ်းသီးကို စိုက်ပျိုးကာ ရိတ်သိမ်းနိုင်ခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ကြောင်း သိရသည်။

အိုင်အိုဝါပြည်နယ် ဒေးဗစ်ကောင်တီတွင်နေထိုင်သော ဒေ့ဗ်ဘန်းနက် စိုက်ပျိုးထားသော ခရမ်းသီးကို Iowa Department of Agriculture and Land Stewardship's Iowa Weights and Measures ဗျူရိုမှ စစ်ဆေးရေးအရာရှိ အိုင်ဗန်ဟန်ကင်းက စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ ဒေ့ဗ်ဘန်းနက် စိုက်ပျိုးထားသော (၈ ဒသမ ၃၃)ပေါင် အလေးချိန်ရှိသည့် ခရမ်းသီးသည် ကမ္ဘာပေါ်တွင် အကြီးဆုံးခရမ်းသီးဖြစ်ကြောင်း အိုင်ဗန်ဟန်ကင်းက အတည်ပြုခဲ့သည်။

ဒေ့ဗ်ဘန်းနက်က 'ကျွန်တော် ခရမ်းသီးတွေကို စိုက်ပျိုးလာတာ (၅)နှစ်နီးပါးလောက်ရှိပါပြီ။ လွန်ခဲ့တဲ့(၂)နှစ်တုန်းက အလေးချိန်(၅ ဒသမ ၆)ပေါင်ရှိတဲ့ ခရမ်းသီးနဲ့အတူ နိုင်ငံတော်အဆင့် စံချိန်တင်နိုင်ခဲ့ပါတယ်။ ထို့ပြင် ၎င်း၏အလေးချိန်(၈ ဒသမ ၃၃)ပေါင်ရှိသော ခရမ်းသီးကို ဂင်းနစ်စံချိန်မှတ်တမ်းတင်ရန်အတွက် ကမ္ဘာ့ဂင်းနစ်စံချိန်မှတ်တမ်းအဖွဲ့နှင့် အဆက် အသွယ်များရှိခဲ့ကြောင်း ဒေ့ဗ်ဘန်းနက်က ပြောကြားခဲ့သည်။ အဆိုပါဂင်းနစ်စံချိန်ကို ယခင်ကိုင်ဆောင်ထားသူမှာ ၂၀၂၂ ခုနှစ်တွင် အင်္ဂလန်နိုင်ငံမှာ စိုက်ပျိုးခဲ့သော အလေးချိန်(၇ ဒသမ ၂၁)ပေါင်ရှိသည့် ခရမ်းသီးဖြစ်ကြောင်းလည်းသိရသည်။ ဒေ့ဗ်ဘန်းနက်က 'နောက်ဆုံးမှာတော့ ကမ္ဘာ့အကြီးဆုံးခရမ်းသီးကို စိုက်ပျိုးပြီး ရိတ်သိမ်းနိုင်ခဲ့တဲ့အတွက် တကယ်ကိုပျော်ရွှင်မိပါတယ်'ဟု ပြောဆိုခဲ့သည်။

zawgyi version
အေမရိကန္ႏိုင္ငံသားတစ္ဦးက အေလးခ်ိန္(၈ ဒသမ ၃၃)ေပါင္ရွိေသာ ကမာၻ႔အႀကီးဆုံးခရမ္းသီးကို စိုက္ပ်ိဳးခဲ့ၿပီး ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္
Pika (NP News) - ဩဂုတ္ ၈

အေမရိကန္ႏိုင္ငံ အိုင္အိုဝါျပည္နယ္မွ အ႐ြယ္အစားႀကီးမားေသာ ဟင္းသီး ဟင္း႐ြက္စိုက္ပ်ိဳးျခင္းကို ဝါသနာပါသူအမ်ိဳးသားတစ္ဦးသည္ (၈ ဒသမ ၃၃) ေပါင္ရွိေသာ ခရမ္းသီးကို စိုက္ပ်ိဳးကာ ရိတ္သိမ္းႏိုင္ခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္း သိရသည္။

အိုင္အိုဝါျပည္နယ္ ေဒးဗစ္ေကာင္တီတြင္ေနထိုင္ေသာ ေဒ့ဗ္ဘန္းနက္ စိုက္ပ်ိဳးထားေသာ ခရမ္းသီးကို Iowa Department of Agriculture and Land Stewardship's Iowa Weights and Measures ဗ်ဴ႐ိုမွ စစ္ေဆးေရးအရာရွိ အိုင္ဗန္ဟန္ကင္းက စစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။ ေဒ့ဗ္ဘန္းနက္ စိုက္ပ်ိဳးထားေသာ (၈ ဒသမ ၃၃)ေပါင္ အေလးခ်ိန္ရွိသည့္ ခရမ္းသီးသည္ ကမာၻေပၚတြင္ အႀကီးဆုံးခရမ္းသီးျဖစ္ေၾကာင္း အိုင္ဗန္ဟန္ကင္းက အတည္ျပဳခဲ့သည္။

ေဒ့ဗ္ဘန္းနက္က 'ကြၽန္ေတာ္ ခရမ္းသီးေတြကို စိုက္ပ်ိဳးလာတာ (၅)ႏွစ္နီးပါးေလာက္ရွိပါၿပီ။ လြန္ခဲ့တဲ့(၂)ႏွစ္တုန္းက အေလးခ်ိန္(၅ ဒသမ ၆)ေပါင္ရွိတဲ့ ခရမ္းသီးနဲ႔အတူ ႏိုင္ငံေတာ္အဆင့္ စံခ်ိန္တင္ႏိုင္ခဲ့ပါတယ္။ ထို႔ျပင္ ၎၏အေလးခ်ိန္(၈ ဒသမ ၃၃)ေပါင္ရွိေသာ ခရမ္းသီးကို ဂင္းနစ္စံခ်ိန္မွတ္တမ္းတင္ရန္အတြက္ ကမာၻ႔ဂင္းနစ္စံခ်ိန္မွတ္တမ္းအဖြဲ႕ႏွင့္ အဆက္ အသြယ္မ်ားရွိခဲ့ေၾကာင္း ေဒ့ဗ္ဘန္းနက္က ေျပာၾကားခဲ့သည္။ အဆိုပါဂင္းနစ္စံခ်ိန္ကို ယခင္ကိုင္ေဆာင္ထားသူမွာ ၂၀၂၂ ခုႏွစ္တြင္ အဂၤလန္ႏိုင္ငံမွာ စိုက္ပ်ိဳးခဲ့ေသာ အေလးခ်ိန္(၇ ဒသမ ၂၁)ေပါင္ရွိသည့္ ခရမ္းသီးျဖစ္ေၾကာင္းလည္းသိရသည္။ ေဒ့ဗ္ဘန္းနက္က 'ေနာက္ဆုံးမွာေတာ့ ကမာၻ႔အႀကီးဆုံးခရမ္းသီးကို စိုက္ပ်ိဳးၿပီး ရိတ္သိမ္းႏိုင္ခဲ့တဲ့အတြက္ တကယ္ကိုေပ်ာ္႐ႊင္မိပါတယ္'ဟု ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.