သက်သာသောဈေးနှုန်းများဖြင့်ရောင်းချသည့် ဆေးအရောင်းပြခန်းကို နေပြည်တော်တွင် ဖွင့်လှစ်မည်

 842

ယွန်း (NP News) - သြဂုတ် ၈

သက်သာသောဈေးနှုန်းများဖြင့် ရောင်းချသည့် ဆေးအရောင်းပြခန်းကို နေပြည်တော်တွင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်ညွှန်မှုအရ နေပြည် တော်ကောင်စီ၏ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှဦးဆောင်၍ ဆေးကုမ္ပဏီများမှသုံးစွဲသူပြည်သူများသို့ ဆေးဝါးများတိုက်ရိုက်ရောင်းချပွဲကို နေပြည်တော်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ပြည်သူများ သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ဆေးဝါးများသုံးစွဲနိုင်‌ရေးအတွက် ပြီးခဲ့သည့် ဇူလိုင်လ(၁၇)ရက်မှစ၍ ရန်ကုန်မြို့၊ ကုန်သည်လမ်းနှင့် လမ်း(၃၀) ထောင့်ရှိ “မြန်မာကုန်သွယ်မှုမြှင့်တင်ရေးဌာန အဆောက်အအုံ”တွင် အရောင်းပြခန်း(၁)ကို ဖွင့်လှစ်ကာ ဆေးဝါးများရောင်းချခဲ့သည်။

ထို့ပြင် ပဲခူးမြို့တွင်လည်း အရောင်းပြခန်းဖွင့်လှစ်ခဲ့ပြီး ရန်ကုန်မြို့တွင် အရောင်းပြခန်း(၂)ကိုထပ်မံဖွင့်လှစ်ရောင်းချခဲ့ကြောင်း သိရသည်။ အလားတူ နေပြည်တော်၊ ပျဥ်းမနားမြို့ရှိ မင်္ဂလာကန်တော်ခန်းမတွင်လည်း အရောင်းပြခန်းများဖွင့်လှစ်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

“ကုမ္ပဏီက တိုက်ရိုက်ဖွင့်ဈေးနဲ့ပဲ ရောင်းသွားမယ်။ တစ်ချို့ကလည်း လျှော့ဈေးနဲ့ရောင်းတာလည်းရှိမယ်။ ဆေးတွေကလည်း အရင်ပြခန်းတွေမှာ ရောင်းတဲ့အတိုင်းပဲရောင်းမယ်”ဟု မြန်မာနိုင်ငံဆေး နှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်းထံမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါ‌အရောင်းပြခန်းများကို လာမည့် သြဂုတ်(၁၂)ရက်နေ့မှ သြဂုတ်လ (၁၇)ရက်နေ့အထိ ဖွင့်လှစ်ရောင်းချရန် စီစဥ်ထားသော်လည်း ပြည်သူများ၏ လာရောက်ဝယ်ယူမှုပေါ်မူတည်၍ ဆေးရောင်းချသည့် ရက်ကိုထပ်တိုးသွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ပဲခူး၌ဖွင့်လှစ်ထားသည့် အရောင်းပြခန်းနှင့် ရန်ကုန်မြို့ရှိ အရောင်းပြခန်း(၂)တို့ကို ပိတ်သိမ်းခဲ့ပြီဖြစ်ရာ ရန်ကုန်၌ဖွင့်လှစ်ရောင်းချနေသည့် အရောင်းပြခန်း(၁)ကို သြဂုတ်လကုန်အထိသာ ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
သက္သာေသာေဈးႏႈန္းမ်ားျဖင့္ေရာင္းခ်သည့္ ေဆးအေရာင္းျပခန္းကို ေနျပည္ေတာ္တြင္ ဖြင့္လွစ္မည္
ယြန္း (NP News) - ၾသဂုတ္ ၈

သက္သာေသာေဈးႏႈန္းမ်ားျဖင့္ ေရာင္းခ်သည့္ ေဆးအေရာင္းျပခန္းကို ေနျပည္ေတာ္တြင္ဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံေဆးႏွင့္ ေဆးပစၥည္း လုပ္ငန္းရွင္မ်ားအသင္းထံမွ သိရသည္။

စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၏ လမ္ၫႊန္မႈအရ ေနျပည္ ေတာ္ေကာင္စီ၏ပံ့ပိုးမႈျဖင့္ ျမန္မာႏိုင္ငံ ေဆးႏွင့္ ေဆးပစၥည္းလုပ္ငန္းရွင္မ်ားအသင္းမွဦးေဆာင္၍ ေဆးကုမၸဏီမ်ားမွသုံးစြဲသူျပည္သူမ်ားသို႔ ေဆးဝါးမ်ားတိုက္႐ိုက္ေရာင္းခ်ပြဲကို ေနျပည္ေတာ္တြင္ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံေဆးႏွင့္ ေဆးပစၥည္းလုပ္ငန္းရွင္မ်ားအသင္းမွ ျပည္သူမ်ား သင့္တင့္မွ်တေသာေဈးႏႈန္းမ်ားျဖင့္ ေဆးဝါးမ်ားသုံးစြဲႏိုင္‌ေရးအတြက္ ၿပီးခဲ့သည့္ ဇူလိုင္လ(၁၇)ရက္မွစ၍ ရန္ကုန္ၿမိဳ႕၊ ကုန္သည္လမ္းႏွင့္ လမ္း(၃၀) ေထာင့္ရွိ “ျမန္မာကုန္သြယ္မႈျမႇင့္တင္ေရးဌာန အေဆာက္အအုံ”တြင္ အေရာင္းျပခန္း(၁)ကို ဖြင့္လွစ္ကာ ေဆးဝါးမ်ားေရာင္းခ်ခဲ့သည္။

ထို႔ျပင္ ပဲခူးၿမိဳ႕တြင္လည္း အေရာင္းျပခန္းဖြင့္လွစ္ခဲ့ၿပီး ရန္ကုန္ၿမိဳ႕တြင္ အေရာင္းျပခန္း(၂)ကိုထပ္မံဖြင့္လွစ္ေရာင္းခ်ခဲ့ေၾကာင္း သိရသည္။ အလားတူ ေနျပည္ေတာ္၊ ပ်ဥ္းမနားၿမိဳ႕ရွိ မဂၤလာကန္ေတာ္ခန္းမတြင္လည္း အေရာင္းျပခန္းမ်ားဖြင့္လွစ္ေရာင္းခ်သြားမည္ျဖစ္ေၾကာင္း သိရသည္။

“ကုမၸဏီက တိုက္႐ိုက္ဖြင့္ေဈးနဲ႔ပဲ ေရာင္းသြားမယ္။ တစ္ခ်ိဳ႕ကလည္း ေလွ်ာ့ေဈးနဲ႔ေရာင္းတာလည္းရွိမယ္။ ေဆးေတြကလည္း အရင္ျပခန္းေတြမွာ ေရာင္းတဲ့အတိုင္းပဲေရာင္းမယ္”ဟု ျမန္မာႏိုင္ငံေဆး ႏွင့္ ေဆးပစၥည္း လုပ္ငန္းရွင္မ်ားအသင္းထံမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါ‌အေရာင္းျပခန္းမ်ားကို လာမည့္ ၾသဂုတ္(၁၂)ရက္ေန႔မွ ၾသဂုတ္လ (၁၇)ရက္ေန႔အထိ ဖြင့္လွစ္ေရာင္းခ်ရန္ စီစဥ္ထားေသာ္လည္း ျပည္သူမ်ား၏ လာေရာက္ဝယ္ယူမႈေပၚမူတည္၍ ေဆးေရာင္းခ်သည့္ ရက္ကိုထပ္တိုးသြားမည္ျဖစ္ေၾကာင္း သိရသည္။ လက္ရွိတြင္ ပဲခူး၌ဖြင့္လွစ္ထားသည့္ အေရာင္းျပခန္းႏွင့္ ရန္ကုန္ၿမိဳ႕ရွိ အေရာင္းျပခန္း(၂)တို႔ကို ပိတ္သိမ္းခဲ့ၿပီျဖစ္ရာ ရန္ကုန္၌ဖြင့္လွစ္ေရာင္းခ်ေနသည့္ အေရာင္းျပခန္း(၁)ကို ၾသဂုတ္လကုန္အထိသာ ေရာင္းခ်သြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.