အရက်သောက်ထားသူ သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦး စက်ဘီးနင်းနေစဉ် ရုတ်တရက် လဲကျသေဆုံး
5766
သန့်ဇင် (NP News) - ဩဂုတ် ၉
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် အရက်သောက်ထားသူ သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦး စက်ဘီးနင်းနေစဉ် ရုတ်တရက် လဲကျသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း မေတ္တာအလင်းပရဟိတအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဩဂုတ်လ ၇ ရက်)၊ မွန်လွဲ ၁ နာရီအချိန်ခန့်က ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၉)ရပ်ကွက်၊ မြနန္ဒာလမ်းဘေးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်းသိရကာ သေဆုံးသူအမျိုးသားမှာ အသက်(၄၀)အရွယ်ရှိသူဖြစ် ကြောင်း သိရသည်။
“သူက ပြင်ပဒဏ်ရာလည်းတစ်ခုမှမရှိဘူး။ အဆောင်ကနေပြီးတော့ (အလုပ်ကို) စက်ဘီးစီးပြီးထွက်လာတယ်။ အဲဒီမှာ မြနန္ဒာပတ် လမ်းတိုင်းနင်းလာပြီး ဘုန်းကြီးကျောင်းရှေ့အရောက်မှာ စက်ဘီးကောလူကော လဲသွားပြီး တစ်ခါ တည်းအသက်ပါသွားတာ။ ကျွန်တော် အမြင်အရပြောရရင် အသက်ရှူတော်တော်ကြပ်သွားပုံရတယ်။ သူကနေမကောင်းလို့ ရွာကနေပြီးတော့ သူ့ညီမက ဒီမှဆေးကုဖို့ ခေါ်ထားတယ်ပြောတယ်။ လက်ပံတန်းဘက်ကလို့သိရတယ်။ အရက်လည်းသောက်တတ်ပြီး အရက်သောက်ထားတယ်လို့ လည်းသိရပါတယ်။ ပြီးတော့သူက ဆေးသုတ်တဲ့အလုပ်လုပ်တယ်”ဟု မေတ္တာအလင်းပရဟိတအသင်းမှတာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
ထို့ကြောင့် သေဆုံးသူအမျိုးသားကို We Love Care Burma လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်းက အင်းစိန်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
zawgyi version
အရက္ေသာက္ထားသူ သက္လတ္ပိုင္းအ႐ြယ္အမ်ိဳးသားတစ္ဦး စက္ဘီးနင္းေနစဥ္ ႐ုတ္တရက္ လဲက်ေသဆုံး
သန႔္ဇင္ (NP News) - ဩဂုတ္ ၉
ရန္ကုန္တိုင္းေဒသႀကီး၊ ေ႐ႊျပည္သာၿမိဳ႕နယ္တြင္ အရက္ေသာက္ထားသူ သက္လတ္ပိုင္းအ႐ြယ္အမ်ိဳးသားတစ္ဦး စက္ဘီးနင္းေနစဥ္ ႐ုတ္တရက္ လဲက်ေသဆုံးမႈျဖစ္ပြားခဲ့ေၾကာင္း ေမတၱာအလင္းပရဟိတအသင္းထံမွ သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔(ဩဂုတ္လ ၇ ရက္)၊ မြန္လြဲ ၁ နာရီအခ်ိန္ခန႔္က ေ႐ႊျပည္သာၿမိဳ႕နယ္၊ အမွတ္(၁၉)ရပ္ကြက္၊ ျမနႏၵာလမ္းေဘးတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ ေၾကာင္းသိရကာ ေသဆုံးသူအမ်ိဳးသားမွာ အသက္(၄၀)အ႐ြယ္ရွိသူျဖစ္ ေၾကာင္း သိရသည္။
“သူက ျပင္ပဒဏ္ရာလည္းတစ္ခုမွမရွိဘူး။ အေဆာင္ကေနၿပီးေတာ့ (အလုပ္ကို) စက္ဘီးစီးၿပီးထြက္လာတယ္။ အဲဒီမွာ ျမနႏၵာပတ္ လမ္းတိုင္းနင္းလာၿပီး ဘုန္းႀကီးေက်ာင္းေရွ႕အေရာက္မွာ စက္ဘီးေကာလူေကာ လဲသြားၿပီး တစ္ခါ တည္းအသက္ပါသြားတာ။ ကြၽန္ေတာ္ အျမင္အရေျပာရရင္ အသက္ရႉေတာ္ေတာ္ၾကပ္သြားပုံရတယ္။ သူကေနမေကာင္းလို႔ ႐ြာကေနၿပီးေတာ့ သူ႔ညီမက ဒီမွေဆးကုဖို႔ ေခၚထားတယ္ေျပာတယ္။ လက္ပံတန္းဘက္ကလို႔သိရတယ္။ အရက္လည္းေသာက္တတ္ၿပီး အရက္ေသာက္ထားတယ္လို႔ လည္းသိရပါတယ္။ ၿပီးေတာ့သူက ေဆးသုတ္တဲ့အလုပ္လုပ္တယ္”ဟု ေမတၱာအလင္းပရဟိတအသင္းမွတာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
ထို႔ေၾကာင့္ ေသဆုံးသူအမ်ိဳးသားကို We Love Care Burma လူမႈဘဝေစာင့္ေရွာက္ေရးပရဟိတအသင္းက အင္းစိန္ၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။