ဆောက်လုပ်ရေးကဏ္ဍအတွက် သံကိုလည်း ဓာတ်မြေဩဇာကဲ့သို့ အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ပေးရန် လုပ်ငန်းရှင်များ လိုလား

 615

ယွန်း (NP News) - ဩဂုတ် ၉

အခြေခံလူတန်းစားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပြန်လည်ရရှိနိုင်ရန် သံကိုလည်း ဓာတ်မြေဩဇာကဲ့သို့ အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ပေးရန်လိုကြောင်း NP News က ပြည်တွင်းရှိလုပ်ငန်းရှင်အချို့ထံ ဆက်သွယ်မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွက်ဦးစားပေးတင်သွင်းရန်လိုအပ်သည့် ကုန်ပစ္စည်းများ တင်သွင်းနိုင်ရန်ရည် ရွယ်၍ ဓာတ်မြေဩဇာ၊ လျှပ်စစ်သုံးယာဉ်(Electric Vehicle)များကို ပို့ကုန်ရငွေ (Export Earning) ရှိလျှင် ဦးစားပေးတင်သွင်းခွင့်ပြုမည် ဖြစ် ကြောင်း ဇူလိုင်လအစောပိုင်းက အသိပေးကြေညာခဲ့သည်။ သို့သော် ဆောက်လုပ်ရေးကဏ္ဍ၌ လုပ်ငန်းရှင်များအနေဖြင့် ပါမစ်အခက်အခဲကြောင့် သံမ ရရှိသည့်အတွက် ဆောက်လုပ်ရေးလုပ်ငန်းများကို ထိန်းပြီးဆောင်ရွက်နေရသောကြောင့် အခြေခံ လူတန်းစားများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်း ရရှိမှုနည်းပါးလျက်ရှိကြောင်း သိရသည်။ “အခုလည်း ဖြစ်စေချင်တာက ရွှေတို့၊ ဒေါ်လာတို့က အောက်ခြေလူထုကို တိုက်ရိုက်သက် ရောက်မှုမရှိဘူး။ သွယ်ဝိုက် တဲ့သက်ရောက်မှုဖြစ်တယ်။ တကယ်တော့ ဆန် ဆို တာလည်း အရေးကြီးကုန်စည်ဖြစ်သလို သံဆိုတာလည်း အလုပ်အကိုင်အခွင့်အလမ်းပေးဖို့အတွက် တကယ်လိုအပ်တဲ့ဟာဖြစ်တယ်။ အလုပ်အကိုင်အခွင့် အလမ်းတွေပေးနိုင်ဖို့အတွက် သံကိုလည်း အရေးကြီး ကုန်စည်အဖြစ်သတ်မှတ်ပြီးတော့ ဈေးနှုန်းကို ပြန် ကျအောင်ချသင့်တယ်လို့ထင်ပါတယ်” ဟု ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက အကြံပြုပြောထားသည်။

လက်ရှိတွင် ဈေးကွက်အတွင်း သံတစ်တန် လျှင် ငွေကျပ်(၃၄)သိန်းအထိရှိနေပြီး ပစ္စည်းပြတ် လပ်မှုများနှင့်ကြုံတွေ့နေရကာ ပါမစ်ရောင်းစားမှုများ ရှိနေကြောင်း သိရသည်။ ဆောက်လုပ်ရေးကဏ္ဍသည် ပြည်တွင်းရှိအလုပ်သမားများကို အလုပ်အကိုင် အခွင့်အလမ်း အများဆုံးပေးထားနိုင်သည့်ကဏ္ဍတစ် ခုဖြစ်ပြီး အိမ်ခြံမြေဆောက်လုပ်ရေးကဏ္ဍ၏ (၂၀၁၈) ခုနှစ်တွင် တရားဝင်ကောက်ယူထားသော စစ်တမ်း များအရ လုပ်သားအင်အား (၁ ဒသမ ၂) သန်းရှိ ကြောင်း သိရသည်။ ထို့ကြောင့် အလုပ်အကိုင် အခွင့် အလမ်းများ ပြန်လည်ပေးနိုင်ရန် ကုန်ကြမ်း ပစ္စည်း များနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို လွတ်လပ်စွာတင်သွင်းခွင့်ရရန်လိုအပ် ကြောင်း သိရသည်။ “ပါမစ်က နိုင်ငံခြားငွေကို ထိန်း ထားတဲ့အ တွက်ကြောင့်မို့လို့ ဓာတ်မြေဩဇာတို့၊ ဆီ (၂)ဆီ၊ EV တို့ကိုပဲပေးတာ။ ဆေးဆိုရင်တောင် ပေးတာက ကန့်သတ်ချက်တွေနဲ့ အများကြီးရှိသေးတယ်။ တိုင်းပြည် မှာ အစာအဟာရမမျှတတဲ့အတွက်ကြောင့် ဖြည့်စွက် စာတွေဆိုတာကလည်းတင်သွင်းပြီး အရေးကြီး ကုန် စည်ထဲမှာပေးသင့်တယ်လို့ထင်တယ်။ နောက်တစ်ခု က အလုပ်အကိုင်အခွင့်အလမ်းတွေပေးဖို့ဆိုရင် စက် ရုံ၊ အလုပ်ရုံတွေကို ကုန်ကြမ်းပစ္စည်း တွေပေးသွင်း တာမျိုး၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေပေး သွင်းတာမျိုးတွေကို လွတ်လွတ်လပ်လပ်ပေးသွင်းပြီး လုပ်ကိုင်ဖို့လိုလိမ့်မယ်တော့ သုံးသပ်ပါတယ်” ဟု အခြား လုပ်ငန်းရှင်တစ်ဦးက ဆိုထားသည်။

ပြည်တွင်း၌ အခြေခံလူတန်းစားများအနေဖြင့် အလုပ်အကိုင်ရှားပါးမှုအပါအဝင် လုပ်ခလစာ၊ ကုန်ဈေးနှုန်းနှင့် နယ်မြေမတည်ငြိမ်မှုများကြောင့် စားဝတ်နေရေးအခက်အခဲကို ပိုမိုရင်ဆိုင်လာရပြီး စီးပွားရေး အလုပ်အကိုင်အခွင့်အလမ်းများကို ဖော်ဆောင်ရန် ပိုမိုလိုအပ်လာကြောင်း သုံးသပ်မှုများ လည်းရှိနေသည်။

zawgyi version
ေဆာက္လုပ္ေရးက႑အတြက္ သံကိုလည္း ဓာတ္ေျမဩဇာကဲ့သို႔ အေရး ႀကီးကုန္စည္အျဖစ္ သတ္မွတ္ေပးရန္ လုပ္ငန္းရွင္မ်ား လိုလား
ယြန္း (NP News) - ဩဂုတ္ ၉

အေျခခံလူတန္းစားမ်ားအတြက္ အလုပ္အကိုင္အခြင့္အလမ္းမ်ား ျပန္လည္ရရွိႏိုင္ရန္ သံကိုလည္း ဓာတ္ေျမဩဇာကဲ့သို႔ အေရးႀကီးကုန္စည္အျဖစ္ သတ္မွတ္ေပးရန္လိုေၾကာင္း NP News က ျပည္တြင္းရွိလုပ္ငန္းရွင္အခ်ိဳ႕ထံ ဆက္သြယ္ေမးျမန္းထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။

စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနအေနျဖင့္ ႏိုင္ငံအတြက္ဦးစားေပးတင္သြင္းရန္လိုအပ္သည့္ ကုန္ပစၥည္းမ်ား တင္သြင္းႏိုင္ရန္ရည္ ႐ြယ္၍ ဓာတ္ေျမဩဇာ၊ လွ်ပ္စစ္သုံးယာဥ္(Electric Vehicle)မ်ားကို ပို႔ကုန္ရေငြ (Export Earning) ရွိလွ်င္ ဦးစားေပးတင္သြင္းခြင့္ျပဳမည္ ျဖစ္ ေၾကာင္း ဇူလိုင္လအေစာပိုင္းက အသိေပးေၾကညာခဲ့သည္။ သို႔ေသာ္ ေဆာက္လုပ္ေရးက႑၌ လုပ္ငန္းရွင္မ်ားအေနျဖင့္ ပါမစ္အခက္အခဲေၾကာင့္ သံမ ရရွိသည့္အတြက္ ေဆာက္လုပ္ေရးလုပ္ငန္းမ်ားကို ထိန္းၿပီးေဆာင္႐ြက္ေနရေသာေၾကာင့္ အေျခခံ လူတန္းစားမ်ားအေနျဖင့္ အလုပ္အကိုင္အခြင့္အလမ္း ရရွိမႈနည္းပါးလ်က္ရွိေၾကာင္း သိရသည္။ “အခုလည္း ျဖစ္ေစခ်င္တာက ေ႐ႊတို႔၊ ေဒၚလာတို႔က ေအာက္ေျခလူထုကို တိုက္႐ိုက္သက္ ေရာက္မႈမရွိဘူး။ သြယ္ဝိုက္ တဲ့သက္ေရာက္မႈျဖစ္တယ္။ တကယ္ေတာ့ ဆန္ ဆို တာလည္း အေရးႀကီးကုန္စည္ျဖစ္သလို သံဆိုတာလည္း အလုပ္အကိုင္အခြင့္အလမ္းေပးဖို႔အတြက္ တကယ္လိုအပ္တဲ့ဟာျဖစ္တယ္။ အလုပ္အကိုင္အခြင့္ အလမ္းေတြေပးႏိုင္ဖို႔အတြက္ သံကိုလည္း အေရးႀကီး ကုန္စည္အျဖစ္သတ္မွတ္ၿပီးေတာ့ ေဈးႏႈန္းကို ျပန္ က်ေအာင္ခ်သင့္တယ္လို႔ထင္ပါတယ္” ဟု ျပည္တြင္းရွိ စီးပြားေရးလုပ္ငန္းရွင္တစ္ဦးက အႀကံျပဳေျပာထားသည္။

လက္ရွိတြင္ ေဈးကြက္အတြင္း သံတစ္တန္ လွ်င္ ေငြက်ပ္(၃၄)သိန္းအထိရွိေနၿပီး ပစၥည္းျပတ္ လပ္မႈမ်ားႏွင့္ႀကဳံေတြ႕ေနရကာ ပါမစ္ေရာင္းစားမႈမ်ား ရွိေနေၾကာင္း သိရသည္။ ေဆာက္လုပ္ေရးက႑သည္ ျပည္တြင္းရွိအလုပ္သမားမ်ားကို အလုပ္အကိုင္ အခြင့္အလမ္း အမ်ားဆုံးေပးထားႏိုင္သည့္က႑တစ္ ခုျဖစ္ၿပီး အိမ္ၿခံေျမေဆာက္လုပ္ေရးက႑၏ (၂၀၁၈) ခုႏွစ္တြင္ တရားဝင္ေကာက္ယူထားေသာ စစ္တမ္း မ်ားအရ လုပ္သားအင္အား (၁ ဒသမ ၂) သန္းရွိ ေၾကာင္း သိရသည္။ ထို႔ေၾကာင့္ အလုပ္အကိုင္ အခြင့္ အလမ္းမ်ား ျပန္လည္ေပးႏိုင္ရန္ ကုန္ၾကမ္း ပစၥည္း မ်ားႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္းသုံးပစၥည္းမ်ားကို လြတ္လပ္စြာတင္သြင္းခြင့္ရရန္လိုအပ္ ေၾကာင္း သိရသည္။ “ပါမစ္က ႏိုင္ငံျခားေငြကို ထိန္း ထားတဲ့အ တြက္ေၾကာင့္မို႔လို႔ ဓာတ္ေျမဩဇာတို႔၊ ဆီ (၂)ဆီ၊ EV တို႔ကိုပဲေပးတာ။ ေဆးဆိုရင္ေတာင္ ေပးတာက ကန႔္သတ္ခ်က္ေတြနဲ႔ အမ်ားႀကီးရွိေသးတယ္။ တိုင္းျပည္ မွာ အစာအဟာရမမွ်တတဲ့အတြက္ေၾကာင့္ ျဖည့္စြက္ စာေတြဆိုတာကလည္းတင္သြင္းၿပီး အေရးႀကီး ကုန္ စည္ထဲမွာေပးသင့္တယ္လို႔ထင္တယ္။ ေနာက္တစ္ခု က အလုပ္အကိုင္အခြင့္အလမ္းေတြေပးဖို႔ဆိုရင္ စက္ ႐ုံ၊ အလုပ္႐ုံေတြကို ကုန္ၾကမ္းပစၥည္း ေတြေပးသြင္း တာမ်ိဳး၊ ေဆာက္လုပ္ေရးလုပ္ငန္းသုံးပစၥည္းေတြေပး သြင္းတာမ်ိဳးေတြကို လြတ္လြတ္လပ္လပ္ေပးသြင္းၿပီး လုပ္ကိုင္ဖို႔လိုလိမ့္မယ္ေတာ့ သုံးသပ္ပါတယ္” ဟု အျခား လုပ္ငန္းရွင္တစ္ဦးက ဆိုထားသည္။

ျပည္တြင္း၌ အေျခခံလူတန္းစားမ်ားအေနျဖင့္ အလုပ္အကိုင္ရွားပါးမႈအပါအဝင္ လုပ္ခလစာ၊ ကုန္ေဈးႏႈန္းႏွင့္ နယ္ေျမမတည္ၿငိမ္မႈမ်ားေၾကာင့္ စားဝတ္ေနေရးအခက္အခဲကို ပိုမိုရင္ဆိုင္လာရၿပီး စီးပြားေရး အလုပ္အကိုင္အခြင့္အလမ္းမ်ားကို ေဖာ္ေဆာင္ရန္ ပိုမိုလိုအပ္လာေၾကာင္း သုံးသပ္မႈမ်ား လည္းရွိေနသည္။

Related news

© 2021. All rights reserved.