ဘိန္ဒကမြို့ဟောင်းအတွက် ဘတ်ဂျက်နှင့်ညွှန်ကြားချက်မရှိသဖြင့် စမ်းသပ်တူးဖော်လေ့လာမှုများပြုလုပ်ရန် အစီအစဉ်မရှိသေးဟု ဆို
1397
စော (NP News) - ဩဂုတ် ၉
သမိုင်းဆိုင်ရာ အချက်အလက်အသစ် ထပ်မံတွေ့ရှိထားသည့် ဘိန္နကမြို့ဟောင်းနှင့်ပတ်သက်၍ ရှေးဟောင်းသုတေသနဆိုင်ရာ စမ်းသပ်တူးဖော်လေ့ လာမှုများပြုလုပ်ရန် အစီအစဉ်မရှိသေးကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသု တေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းကြိုင်က NP News ကို ပြောသည်။
အဆိုပါ ဘိန္နကမြို့ဟောင်းနှင့်ပတ်သက်သည့် စာပေအထောက်အ ထားဖြစ်သော ပေစာကို ရန်ကုန်မြို့ရှိ တက္ကသိုလ်များဗဟိုစာကြည့်တိုက်တွင် စာရေး ဆရာ၊ သုတတေသီ ဘိုရှိတ် (ရတနာပူရ)က တွေ့ရှိထားကာ လက်ရေးမူဖြင့် ပြန်လည်ကူယူထားခဲ့ရာ အဆိုပါ စာအတွင်း မြို့အကြောင်းများ ပါဝင်သည်။ "တူးဖော်သုတေသနလုပ်ငန်းဆိုတာတော့ရှိပါတယ်။ တူးဖော်သုတေသနလုပ်ရမယ့် ကျွန်တော်တို့ ပင်မလုပ်ငန်း၊ ပင်မတာဝန်ထဲမှာတော့ပါတယ်။ ဘိန္နကမြို့ဟောင်းကို တူးရမယ်လို့ ကံသေကံမမပြောနိုင်တာ က တခြားအရေးကြီးတဲ့လုပ်ငန်းတွေ၊ ညွှန်ကြားချက်ရှိထားတဲ့ဟာမျိုးတွေ လုပ်တဲ့အခါမျိုးမှာ ဘတ်ဂျက်က မလောက်ဘူး။ မလောက်တဲ့အခါမှာ ဘိန္နက မြို့ဟောင်းကို တူးချင်တယ်။ တူးရမှာမှန်းလည်း သိတယ် ဒါပေမဲ့ မတူးနိုင်ဘူး"ဟု ဦးဝင်းကြိုင်က ဆိုသည်။
ဘိန္နက မြို့ဟောင်းကိုရှေးဟောင်းသုတေသန ဆိုင်ရာ စမ်းသပ်တူးဖော်မှုပြုလုပ်ရန် နေရာမျိုးဖြစ်သည်ဟု မှတ်ယူထားသော်လည်း စမ်းသပ်တူးဖော်မည့်အစီအစဉ်ကို အခက်အခဲများကြောင့် အလျင်စလို မချနိုင်ကြောင်း ၎င်းက ဆိုသည်။
" ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း ၄၀၊ ၅၀ လောက်တုန်းက ကျွန်တော်တို့ဆရာ ဦးမောင်မောင်တင် (မဟာဝိဇ္ဇာ)တို့လေ၊ ဆရာ ဦးဝင်းမောင်(တပ္ပဝတီ)တို့က ခု ပျော်ဘွယ်မြို့နယ်နားက ဘိန္နကဆိုတဲ့ရွာလေးမှာ မြို့ဟောင်းရှိတယ်ဆိုပြီး သူတို့ သွားရှာဖွေဖူးတာပေါ့။ အဲဒီလိုရှာဖွေပေမယ့် ဒီပေမူ ဘိန္နကမြို့၊ သမိုင်းနဲ့ ပတ်သက်တဲ့ ဒီပေမူ၊ ဒီစာကို သူတို့ ရှာမတွေ့ခဲ့ကြဘူး။ အဲဒါကျတော့ (တွေ့ရှိထားတဲ့) ဘိန္နက မြို့ဟောင်းနဲ့ ပတ်သက်ပြီးတော့ ထဲထဲဝင်ဝင် မသိခဲ့ရဘူး။ အခုကျ တော့ ကျွန်တော်က အဲဒီပေမူကို တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်မှာ မြုပ်နေတာကနေ ကျွန်တော်က ကူးယူပြီး ဆရာဝင်းမောင်(တပ္ပဝတီ)ကို ပေးဖော် ထုတ်လိုက်တော့ စာပေနဲ့မြေပြင်နဲ့ တွေ့ရှိသွားတာ ပေါ့"ဟု ရှေးဟောင်းသုတေသီ၊ စာရေးဆရာ ဘိုရှိတ် (ရတနာပူရ) က NP News ကို ပြောသည်။
တွေ့ရှိခဲ့သည့် ရှေးဟောင်းမှတ်တမ်းပေမူတွင် ဘိန္နက မင်းဆက်၊ မြို့ရိုးအကျယ်အဝန်း၊ မြို့တံခါး အမည်များ၊ ရွာအမည်များနှင့် အနော်ရထာမင်း တည်ထားခဲ့သော ဘုရားတစ်ဆူအကြောင်းများကို လည်း လေ့လာသိရှိခဲ့ရကြောင်း သိရသည်။ " ဒီစာပေဆိုရင် ဘိန္ဒကမြို့ဟာ မြို့တံခါးဘယ်နှခုရှိတယ်။ တံခါးအမည်တွေ၊ ဘိန္နက ဘယ်သူတွေတည်တယ် ဒါမျိုးတွေပါတာပေါ့။ မြို့အကျယ်အဝန်းက ဘယ် လောက်ရှိတယ်။ အဲဒီလိုမျိုး သမိုင်းအထောက်အထား တွေတွေ့တဲ့အတွက် ဘိန္နကနဲ့ပတ်သက်ပြီးတော့ ဒီ ပေမူက တော်တော်ကိုစုံတဲ့ပေမူလို့ ပြောရမယ်။ ပျော်ဘွယ်မြို့အရှေ့ဘက်မှာ "ဘိန္နက"ရွာဆိုတာ ရှိ တယ်။ အဲဒီရွာကြီးတစ်ခုလုံး ပတ်ပတ်လည်ဝိုင်းကြီးက ဘိန္နက မြို့ဟောင်းကြီးပဲ"ဟု ၎င်းကဆက်လက်ပြောသည်။
မှတ်တမ်းနှင့်မြေပြင် တိုက်ဆိုင်စစ်ဆေးချက် အရ လှိုင်းတက်၊ ဘတ္တ(ဘဏ္ဍာ)၊ ဝတီး(ဝါးတီး)၊ ပြည်ပျား၊ မြင်းနား၊ ရွှေညောင်ဘူး(ညောင်ပူး)၊ ရွှေမြင့် တင်(တောင်)၊ ကုန်းသာ၊ လျှော်ဖြူကုန်း၊ ညောင်ရမ်း စသည့်မြို့ရွာများသညိ ဘိန္နက ရွာ၏ အရှေ့၊ အနောက်၊ တောင်၊ မြောက် ပတ်ပတ်လည် ၌ ယနေ့အထိ တည်ရှိနေကြကြောင်း ၎င်းက ဆိုသည်။
zawgyi version
ဘိႏၵကၿမိဳ႕ေဟာင္းအတြက္ ဘတ္ဂ်က္ႏွင့္ၫႊန္ၾကားခ်က္မရွိသျဖင့္ စမ္းသပ္တူးေဖာ္ေလ့လာမႈမ်ားျပဳလုပ္ရန္ အစီအစဥ္မရွိေသးဟု ဆို
ေစာ (NP News) - ဩဂုတ္ ၉
သမိုင္းဆိုင္ရာ အခ်က္အလက္အသစ္ ထပ္မံေတြ႕ရွိထားသည့္ ဘိႏၷကၿမိဳ႕ေဟာင္းႏွင့္ပတ္သက္၍ ေရွးေဟာင္းသုေတသနဆိုင္ရာ စမ္းသပ္တူးေဖာ္ေလ့ လာမႈမ်ားျပဳလုပ္ရန္ အစီအစဥ္မရွိေသးေၾကာင္း သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာန၊ ေရွးေဟာင္းသု ေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာနမွ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးဝင္းႀကိဳင္က NP News ကို ေျပာသည္။
အဆိုပါ ဘိႏၷကၿမိဳ႕ေဟာင္းႏွင့္ပတ္သက္သည့္ စာေပအေထာက္အ ထားျဖစ္ေသာ ေပစာကို ရန္ကုန္ၿမိဳ႕ရွိ တကၠသိုလ္မ်ားဗဟိုစာၾကည့္တိုက္တြင္ စာေရး ဆရာ၊ သုတေတသီ ဘိုရွိတ္ (ရတနာပူရ)က ေတြ႕ရွိထားကာ လက္ေရးမူျဖင့္ ျပန္လည္ကူယူထားခဲ့ရာ အဆိုပါ စာအတြင္း ၿမိဳ႕အေၾကာင္းမ်ား ပါဝင္သည္။ "တူးေဖာ္သုေတသနလုပ္ငန္းဆိုတာေတာ့ရွိပါတယ္။ တူးေဖာ္သုေတသနလုပ္ရမယ့္ ကြၽန္ေတာ္တို႔ ပင္မလုပ္ငန္း၊ ပင္မတာဝန္ထဲမွာေတာ့ပါတယ္။ ဘိႏၷကၿမိဳ႕ေဟာင္းကို တူးရမယ္လို႔ ကံေသကံမမေျပာႏိုင္တာ က တျခားအေရးႀကီးတဲ့လုပ္ငန္းေတြ၊ ၫႊန္ၾကားခ်က္ရွိထားတဲ့ဟာမ်ိဳးေတြ လုပ္တဲ့အခါမ်ိဳးမွာ ဘတ္ဂ်က္က မေလာက္ဘူး။ မေလာက္တဲ့အခါမွာ ဘိႏၷက ၿမိဳ႕ေဟာင္းကို တူးခ်င္တယ္။ တူးရမွာမွန္းလည္း သိတယ္ ဒါေပမဲ့ မတူးႏိုင္ဘူး"ဟု ဦးဝင္းႀကိဳင္က ဆိုသည္။
ဘိႏၷက ၿမိဳ႕ေဟာင္းကိုေရွးေဟာင္းသုေတသန ဆိုင္ရာ စမ္းသပ္တူးေဖာ္မႈျပဳလုပ္ရန္ ေနရာမ်ိဳးျဖစ္သည္ဟု မွတ္ယူထားေသာ္လည္း စမ္းသပ္တူးေဖာ္မည့္အစီအစဥ္ကို အခက္အခဲမ်ားေၾကာင့္ အလ်င္စလို မခ်ႏိုင္ေၾကာင္း ၎က ဆိုသည္။
" ဟိုးလြန္ခဲ့တဲ့ႏွစ္ေပါင္း ၄၀၊ ၅၀ ေလာက္တုန္းက ကြၽန္ေတာ္တို႔ဆရာ ဦးေမာင္ေမာင္တင္ (မဟာဝိဇၨာ)တို႔ေလ၊ ဆရာ ဦးဝင္းေမာင္(တပၸဝတီ)တို႔က ခု ေပ်ာ္ဘြယ္ၿမိဳ႕နယ္နားက ဘိႏၷကဆိုတဲ့႐ြာေလးမွာ ၿမိဳ႕ေဟာင္းရွိတယ္ဆိုၿပီး သူတို႔ သြားရွာေဖြဖူးတာေပါ့။ အဲဒီလိုရွာေဖြေပမယ့္ ဒီေပမူ ဘိႏၷကၿမိဳ႕၊ သမိုင္းနဲ႔ ပတ္သက္တဲ့ ဒီေပမူ၊ ဒီစာကို သူတို႔ ရွာမေတြ႕ခဲ့ၾကဘူး။ အဲဒါက်ေတာ့ (ေတြ႕ရွိထားတဲ့) ဘိႏၷက ၿမိဳ႕ေဟာင္းနဲ႔ ပတ္သက္ၿပီးေတာ့ ထဲထဲဝင္ဝင္ မသိခဲ့ရဘူး။ အခုက် ေတာ့ ကြၽန္ေတာ္က အဲဒီေပမူကို တကၠသိုလ္မ်ား ဗဟိုစာၾကည့္တိုက္မွာ ျမဳပ္ေနတာကေန ကြၽန္ေတာ္က ကူးယူၿပီး ဆရာဝင္းေမာင္(တပၸဝတီ)ကို ေပးေဖာ္ ထုတ္လိုက္ေတာ့ စာေပနဲ႔ေျမျပင္နဲ႔ ေတြ႕ရွိသြားတာ ေပါ့"ဟု ေရွးေဟာင္းသုေတသီ၊ စာေရးဆရာ ဘိုရွိတ္ (ရတနာပူရ) က NP News ကို ေျပာသည္။
ေတြ႕ရွိခဲ့သည့္ ေရွးေဟာင္းမွတ္တမ္းေပမူတြင္ ဘိႏၷက မင္းဆက္၊ ၿမိဳ႕႐ိုးအက်ယ္အဝန္း၊ ၿမိဳ႕တံခါး အမည္မ်ား၊ ႐ြာအမည္မ်ားႏွင့္ အေနာ္ရထာမင္း တည္ထားခဲ့ေသာ ဘုရားတစ္ဆူအေၾကာင္းမ်ားကို လည္း ေလ့လာသိရွိခဲ့ရေၾကာင္း သိရသည္။ " ဒီစာေပဆိုရင္ ဘိႏၵကၿမိဳ႕ဟာ ၿမိဳ႕တံခါးဘယ္ႏွခုရွိတယ္။ တံခါးအမည္ေတြ၊ ဘိႏၷက ဘယ္သူေတြတည္တယ္ ဒါမ်ိဳးေတြပါတာေပါ့။ ၿမိဳ႕အက်ယ္အဝန္းက ဘယ္ ေလာက္ရွိတယ္။ အဲဒီလိုမ်ိဳး သမိုင္းအေထာက္အထား ေတြေတြ႕တဲ့အတြက္ ဘိႏၷကနဲ႔ပတ္သက္ၿပီးေတာ့ ဒီ ေပမူက ေတာ္ေတာ္ကိုစုံတဲ့ေပမူလို႔ ေျပာရမယ္။ ေပ်ာ္ဘြယ္ၿမိဳ႕အေရွ႕ဘက္မွာ "ဘိႏၷက"႐ြာဆိုတာ ရွိ တယ္။ အဲဒီ႐ြာႀကီးတစ္ခုလုံး ပတ္ပတ္လည္ဝိုင္းႀကီးက ဘိႏၷက ၿမိဳ႕ေဟာင္းႀကီးပဲ"ဟု ၎ကဆက္လက္ေျပာသည္။
မွတ္တမ္းႏွင့္ေျမျပင္ တိုက္ဆိုင္စစ္ေဆးခ်က္ အရ လႈိင္းတက္၊ ဘတၱ(ဘ႑ာ)၊ ဝတီး(ဝါးတီး)၊ ျပည္ပ်ား၊ ျမင္းနား၊ ေ႐ႊေညာင္ဘူး(ေညာင္ပူး)၊ ေ႐ႊျမင့္ တင္(ေတာင္)၊ ကုန္းသာ၊ ေလွ်ာ္ျဖဴကုန္း၊ ေညာင္ရမ္း စသည့္ၿမိဳ႕႐ြာမ်ားသညိ ဘိႏၷက ႐ြာ၏ အေရွ႕၊ အေနာက္၊ ေတာင္၊ ေျမာက္ ပတ္ပတ္လည္ ၌ ယေန႔အထိ တည္ရွိေနၾကေၾကာင္း ၎က ဆိုသည္။