ဝါဂွမ်းသကြားလုံး ဘူရီတို ကို စတင်မိတ်ဆက်
1080
ရောင်နီ (NP News) - သြဂုတ် ၁၂
အမေရိကန်နိုင်ငံ၊ အရီဇိုးနားပြည်နယ်၊ State Farm Stadium မှာ ပြုလုပ်တဲ့ ၂၀၂၄ ခုနှစ်ရာသီ၊ NFL ရဲ့ Arizona Cardinals ပွဲစဉ် ယှဉ်ပြိုင်မှုတွေမှာ အားကစားကွင်း အစားအစာသစ်အဖြစ် The Craft Culinary Concepts က ဝါဂွမ်းသကြားလုံး ဘူရီတိုကို စတင်မိတ်ဆက်လာခဲ့ပါတယ်။
ဝါဂွမ်းပုံစံ သကြားတောင့်အတွင်းထဲမှာ နောက်ထပ် သကြားလုံးတွေ ထပ်ထည့်ထားတဲ့ ဘူရီတိုကို ရေခဲမုန့်၊ Fruity Pebbles၊ Froot Loops၊ marshmallows၊ Skittles၊ gummy bears နဲ့ sprinkles တွေနဲ့ အရသာ ရွေးချယ် သုံးဆောင်နိုင်မှာ ဖြစ်တယ်လို့ NFL အဖွဲ့ရဲ့သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ စျေးနှုန်း ၁၅ ဒေါ်လာသာရှိတဲ့ သကြားလုံးထုပ် ဘူရီတိုဟာ ဟာ အခု ကာဒီနယ်ကစားပွဲ ရာသီအတွက် State Farm အားကစားကွင်းမှာ စတင် မိတ်ဆက်လာတဲ့အစားအစာအသစ် ၅၀ ထဲမှ တစ်ခုဖြစ်လာခဲ့တယ်လို့ မီဒီယာဆက်ဆံရေး အကြီးတန်း ဒုတိယဥက္ကဋ္ဌ မက်ခ်ဒယ်လ်တန် က ပြောကြားခဲ့ပါတယ်။ ဒါဟာ သွားဆရာဝန်တွေအတွက် သတင်းဆိုးဖြစ်ပြီး၊ အချိုကြိုက်သူတွေအတွက်တော့ သတင်းကောင်းပဲလို့ ဆိုကြပါတယ်။
ကုမ္ပဏီတွေဟာ အရေးကြီးတဲ့ပွဲလမ်းသဘင်တွေ (သို့မဟုတ်) ကစားပွဲရာသီတွေမှာ သူတို့ရဲ့အစားအသောက် brand တွေအပေါ် စားသုံးသူတွေ အာရုံစိုက်လာစေဖို့ ထူးခြားတဲ့အစားအစာတွေကို မကြာခဏ ကြော်ငြာလေ့ ရှိပါတယ်။
Zawgyi Version;
ဝါဂြမ္းသၾကားလုံး ဘူရီတို ကို စတင္မိတ္ဆက္
ေရာင္နီ (NP News) - ၾသဂုတ္ ၁၂
အေမရိကန္ႏိုင္ငံ၊ အရီဇိုးနားျပည္နယ္၊ State Farm Stadium မွာ ျပဳလုပ္တဲ့ ၂၀၂၄ ခုႏွစ္ရာသီ၊ NFL ရဲ႕ Arizona Cardinals ပြဲစဥ္ ယွဥ္ၿပိဳင္မႈေတြမွာ အားကစားကြင္း အစားအစာသစ္အျဖစ္ The Craft Culinary Concepts က ဝါဂြမ္းသၾကားလုံး ဘူရီတိုကို စတင္မိတ္ဆက္လာခဲ့ပါတယ္။
ဝါဂြမ္းပုံစံ သၾကားေတာင့္အတြင္းထဲမွာ ေနာက္ထပ္ သၾကားလုံးေတြ ထပ္ထည့္ထားတဲ့ ဘူရီတိုကို ေရခဲမုန႔္၊ Fruity Pebbles၊ Froot Loops၊ marshmallows၊ Skittles၊ gummy bears နဲ႔ sprinkles ေတြနဲ႔ အရသာ ေ႐ြးခ်ယ္ သုံးေဆာင္ႏိုင္မွာ ျဖစ္တယ္လို႔ NFL အဖြဲ႕ရဲ႕သတင္းထုတ္ျပန္ခ်က္အရ သိရပါတယ္။ ေစ်းႏႈန္း ၁၅ ေဒၚလာသာရွိတဲ့ သၾကားလုံးထုပ္ ဘူရီတိုဟာ ဟာ အခု ကာဒီနယ္ကစားပြဲ ရာသီအတြက္ State Farm အားကစားကြင္းမွာ စတင္ မိတ္ဆက္လာတဲ့အစားအစာအသစ္ ၅၀ ထဲမွ တစ္ခုျဖစ္လာခဲ့တယ္လို႔ မီဒီယာဆက္ဆံေရး အႀကီးတန္း ဒုတိယဥကၠ႒ မက္ခ္ဒယ္လ္တန္ က ေျပာၾကားခဲ့ပါတယ္။ ဒါဟာ သြားဆရာဝန္ေတြအတြက္ သတင္းဆိုးျဖစ္ၿပီး၊ အခ်ိဳႀကိဳက္သူေတြအတြက္ေတာ့ သတင္းေကာင္းပဲလို႔ ဆိုၾကပါတယ္။
ကုမၸဏီေတြဟာ အေရးႀကီးတဲ့ပြဲလမ္းသဘင္ေတြ (သို႔မဟုတ္) ကစားပြဲရာသီေတြမွာ သူတို႔ရဲ႕အစားအေသာက္ brand ေတြအေပၚ စားသုံးသူေတြ အာ႐ုံစိုက္လာေစဖို႔ ထူးျခားတဲ့အစားအစာေတြကို မၾကာခဏ ေၾကာ္ျငာေလ့ ရွိပါတယ္။