ဘင်္ဂလာဒေ့ရှ်မှာ စံချိန်တင်ရေကြီးမှုကြောင့် ဆန်တန်ချိန် ၁ ဒသမ ၁ သန်း ပျက်စီး

 593

ရောင်နီ (NP News) - အောက်တိုဘာ ၂၂

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ စံချိန်တင် ရေကြီးမှုကြောင့် ဆန် မက်ထရစ်တန်ချိန် ၁ ဒသမ ၁ သန်းခန့် ပျက်စီးခဲ့တယ်လို့ စိုက်ပျိုးရေးဝန်ကြီးဌာန အချက်အလက်တွေအရ သိရပါတယ်။

မုတ်သုံမိုး သည်းထန်စွာ ရွာသွန်းခြင်း၊ ဩဂုတ်လနဲ့ အောက်တိုဘာလအတွင်း ပြင်းထန်တဲ့ မုန်တိုင်း ၂ ခုကြောင့် နိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့ပြီး အထူးသဖြင့် နိုင်ငံ အရှေ့ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေမှာ သီးနှံ ပျက်စီးမှုအဆိုးရွားဆုံးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသူ ဦးရေကတော့ ၇၅ ဦးထက်မနည်းရှိပြီး လူဦးရေ သန်းနဲ့ချီ ရေဘေးဒုက္ခကို ခံစားခဲ့ရတယ်လို့ သိရပါတယ်။
ရေကြီးမှုကြောင့် စပါးထွက်ရှိမှုလည်း အများအပြား ဆုံးရှုံးခဲ့ရတယ်လို့ စိုက်ပျိုးရေးဝန်ကြီးဌာနက ဆိုပါတယ်။ ဒါကြောင့် စပါး ပျက်စီးဆုံးရှုံးမှုတွေ တုံ့ပြန်တဲ့အနေနဲ့ အစိုးရက ဆန်တန်ချိန် ၅၀၀,၀၀၀ တင်သွင်းဖို့ အလျင်အမြန် လုပ်ဆောင်နေပြီး ပုဂ္ဂလိက ကဏ္ဍက တင်သွင်းမှုကို မကြာမီခွင့်ပြုဖို့ မျှော်လင့်ထားတယ်လို့ အစားအသောက် ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ရေကြီးမှုကြောင့် ဟင်းသီးဟင်းရွက် တန်ချိန် ၂၀၀,၀၀၀ ကျော် အပါအဝင် အခြားလယ်ယာထွက်ကုန်တွေလည်း ပြင်းထန်တဲ့ထိခိုက်မှုတွေ ရှိခဲ့ပြီး ရေကြီးရေလျှံမှုကြောင့် တစ်နိုင်ငံလုံး လယ်ယာထွက်ကုန် ဆုံးရှုံးမှု စုစုပေါင်း တာကာ ၄၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၈၀ သန်း) ခန့်ရှိတယ်လို့ သိရပါတယ်။ ကမ္ဘာ့တတိယအကြီးဆုံး ဆန်ထုတ်လုပ်တဲ့နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်ဟာ ၄င်းရဲ့လူဦးရေ သန်း ၁၇၀ ကို ကျွေးမွေးဖို့အတွက် တစ်နှစ်ကို ဆန်တန်ချိန် ၄၀ သန်းနီးပါး ထုတ်လုပ်ပါတယ်။ ဒါပေမယ့်လည်း သဘာဝဘေးအန္တရာယ်တွေကြောင့် သွင်းကုန်အပေါ် မှီခိုအားထားနေရပါတယ်။

Zawgyi Version;
ဘဂၤလာေဒ့ရွ္မွာ စံခ်ိန္တင္ေရႀကီးမႈေၾကာင့္ ဆန္တန္ခ်ိန္ ၁ ဒသမ ၁ သန္း ပ်က္စီး
ေရာင္နီ (NP News) - ေအာက္တိုဘာ ၂၂

ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ စံခ်ိန္တင္ ေရႀကီးမႈေၾကာင့္ ဆန္ မက္ထရစ္တန္ခ်ိန္ ၁ ဒသမ ၁ သန္းခန႔္ ပ်က္စီးခဲ့တယ္လို႔ စိုက္ပ်ိဳးေရးဝန္ႀကီးဌာန အခ်က္အလက္ေတြအရ သိရပါတယ္။

မုတ္သုံမိုး သည္းထန္စြာ ႐ြာသြန္းျခင္း၊ ဩဂုတ္လနဲ႔ ေအာက္တိုဘာလအတြင္း ျပင္းထန္တဲ့ မုန္တိုင္း ၂ ခုေၾကာင့္ ႏိုင္ငံတစ္ဝန္း ေရႀကီးေရလွ်ံမႈေတြျဖစ္ပြားခဲ့ၿပီး အထူးသျဖင့္ ႏိုင္ငံ အေရွ႕ပိုင္းနဲ႔ ေျမာက္ပိုင္းေဒသေတြမွာ သီးႏွံ ပ်က္စီးမႈအဆိုး႐ြားဆုံးျဖစ္ခဲ့တယ္လို႔ သိရပါတယ္။ ေသဆုံးသူ ဦးေရကေတာ့ ၇၅ ဦးထက္မနည္းရွိၿပီး လူဦးေရ သန္းနဲ႔ခ်ီ ေရေဘးဒုကၡကို ခံစားခဲ့ရတယ္လို႔ သိရပါတယ္။
ေရႀကီးမႈေၾကာင့္ စပါးထြက္ရွိမႈလည္း အမ်ားအျပား ဆုံးရႈံးခဲ့ရတယ္လို႔ စိုက္ပ်ိဳးေရးဝန္ႀကီးဌာနက ဆိုပါတယ္။ ဒါေၾကာင့္ စပါး ပ်က္စီးဆုံးရႈံးမႈေတြ တုံ႔ျပန္တဲ့အေနနဲ႔ အစိုးရက ဆန္တန္ခ်ိန္ ၅၀၀,၀၀၀ တင္သြင္းဖို႔ အလ်င္အျမန္ လုပ္ေဆာင္ေနၿပီး ပုဂၢလိက က႑က တင္သြင္းမႈကို မၾကာမီခြင့္ျပဳဖို႔ ေမွ်ာ္လင့္ထားတယ္လို႔ အစားအေသာက္ ဝန္ႀကီးဌာနမွ တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

ေရႀကီးမႈေၾကာင့္ ဟင္းသီးဟင္း႐ြက္ တန္ခ်ိန္ ၂၀၀,၀၀၀ ေက်ာ္ အပါအဝင္ အျခားလယ္ယာထြက္ကုန္ေတြလည္း ျပင္းထန္တဲ့ထိခိုက္မႈေတြ ရွိခဲ့ၿပီး ေရႀကီးေရလွ်ံမႈေၾကာင့္ တစ္ႏိုင္ငံလုံး လယ္ယာထြက္ကုန္ ဆုံးရႈံးမႈ စုစုေပါင္း တာကာ ၄၅ ဘီလီယံ (အေမရိကန္ေဒၚလာ ၃၈၀ သန္း) ခန႔္ရွိတယ္လို႔ သိရပါတယ္။ ကမာၻ႔တတိယအႀကီးဆုံး ဆန္ထုတ္လုပ္တဲ့ႏိုင္ငံျဖစ္တဲ့ ဘဂၤလားေဒ့ရွ္ဟာ ၄င္းရဲ႕လူဦးေရ သန္း ၁၇၀ ကို ေကြၽးေမြးဖို႔အတြက္ တစ္ႏွစ္ကို ဆန္တန္ခ်ိန္ ၄၀ သန္းနီးပါး ထုတ္လုပ္ပါတယ္။ ဒါေပမယ့္လည္း သဘာဝေဘးအႏၲရာယ္ေတြေၾကာင့္ သြင္းကုန္အေပၚ မွီခိုအားထားေနရပါတယ္။

Related news

© 2021. All rights reserved.