မြန်မာ အပါအဝင် ကမ္ဘာနိုင်ငံပေါင်း ၂၂ နိုင်ငံ စားနပ်ရိက္ခာအခက်ခဲနဲ့တွေ့ကြုံရဖွယ်ရှိနေ
1874
ဂျန်ဇက် (NP News) - နိုဝင်ဘာ ၄
လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာပြဿနာတွေကြောင့် မြန်မာ အပါအဝင် ကမ္ဘာ့နိုင်ငံ ပေါင်း နှစ်ဒါဇင်လောက်ဟာ ဆိုးရွားတဲ့စားနပ်ရိက္ခာပြတ်တောက်မှုပြဿနာတွေ ကြုံလာနိုင်တယ်လို့ စားနပ်ရိက္ခာ နဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO)နဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP)နှစ်ခု ပူးပေါင်းထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
လက်ရှိ ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ ဆူဒန်မှာစားနပ်ရိက္ခာဖူလုံမှု လျော့ကျတဲ့ပြဿနာဟာ ဆိုးသထက် ဆိုးလာနေ ပြီး နောက်ထပ် ကမ္ဘာ့နိုင်ငံ ၂၂ ခုဟာလည်း လာမယ့် ခြောက်လအတွင်း ပိုပြီး စိုးရိမ်ရမယ့် အနေအထားဖြစ်လာနေ တယ်လို့ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေး အဖွဲ့ (FAO)နဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) နှစ်ခု ပူးပေါင်းထုတ်ပြန်တဲ့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။
အဓိကအားဖြင့်တော့ အဲဒီနိုင်ငံတွေဟာ စစ်ရေးပဋိပက္ခတွေ၊ ပြည်တွင်း ဆူပူအကြမ်းဖက်မှုတွေ၊ သဘာဝ ဘေးအန္တရာယ်တွေနဲ့ ရင်ဆိုင်ရုန်းကန်နေကြရတာဖြစ်တယ်လို့ FAO နဲ့ WFP က ပြောပါတယ်။ အဲဒီနိုင်ငံပေါင်း နှစ်ဒါဇင် နီးပါးထဲမှာမှ ဆူဒန်၊ တောင်ပိုင်းဆူဒန်၊ မာလီ၊ ဟေတီနဲ့ ပါလက်စတိုင်းဒေသတို့ဟာ အခြေအနေ အဆိုးဆုံး ဖြစ်နေပြီး လူဦးရေရဲ့ရာခိုင်နှုန်း အများစုဟာ ငတ်မွတ်မှုနဲ့ တခြား ဆိုးဆိုးရွားရွားကျပ်တည်းမှုတွေ ကြုံနေရပါ တယ်။ FAO ရဲ့အရေးပေါ်အခြေအနေ တုံ့ပြန်ရေးအရာရှိ အော်ရယ်လီယန် မယ်လင်က လက်ရှိ ပြဿနာကြုံနေတဲ့ နိုင်ငံတွေမှာ စားနပ်ရိက္ခာအကျပ် အတည်းအဆင့်ကနေ အငတ်ဘေးဆိုက်တဲ့အဆင့်ထိ ပိုဆိုးမသွားအောင် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ကြားဝင်ဆောင်ရွက်မှုတွေ၊ လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မြန်မာ၊ ချတ်ဒ်၊ နိုက်ဂျီးရီးယား၊ မိုဇင်ဘစ်၊ လက်ဘနွန်၊ ဆီးရီးယားနဲ့ ယီမင်တို့လည်း ဆိုးရွားတဲ့ စားနပ်ရိက္ခာပြတ်တောက်မှုပြဿနာတွေ ကြုံလာနိုင်တယ်လို့ သတိပေးထားပါတယ်။
Zawgyi Version;
ျမန္မာ အပါအဝင္ ကမာၻႏိုင္ငံေပါင္း ၂၂ ႏိုင္ငံ စားနပ္ရိကၡာအခက္ခဲနဲ႔ေတြ႕ႀကဳံရဖြယ္ရွိေန
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၄
လက္နက္ကိုင္ပဋိပကၡေတြနဲ႔ ရာသီဥတုေျပာင္းလဲမႈဆိုင္ရာျပႆနာေတြေၾကာင့္ ျမန္မာ အပါအဝင္ ကမာၻ႔ႏိုင္ငံ ေပါင္း ႏွစ္ဒါဇင္ေလာက္ဟာ ဆိုး႐ြားတဲ့စားနပ္ရိကၡာျပတ္ေတာက္မႈျပႆနာေတြ ႀကဳံလာႏိုင္တယ္လို႔ စားနပ္ရိကၡာ နဲ႔ စိုက္ပ်ိဳးေရးအဖြဲ႕ (FAO)နဲ႔ ကမာၻ႔စားနပ္ရိကၡာ အစီအစဥ္ (WFP)ႏွစ္ခု ပူးေပါင္းထုတ္ျပန္တဲ့ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။
လက္ရွိ ျပည္တြင္းစစ္ျဖစ္ပြားေနတဲ့ ဆူဒန္မွာစားနပ္ရိကၡာဖူလုံမႈ ေလ်ာ့က်တဲ့ျပႆနာဟာ ဆိုးသထက္ ဆိုးလာေန ၿပီး ေနာက္ထပ္ ကမာၻ႔ႏိုင္ငံ ၂၂ ခုဟာလည္း လာမယ့္ ေျခာက္လအတြင္း ပိုၿပီး စိုးရိမ္ရမယ့္ အေနအထားျဖစ္လာေန တယ္လို႔ စားနပ္ရိကၡာနဲ႔ စိုက္ပ်ိဳးေရး အဖြဲ႕ (FAO)နဲ႔ ကမာၻ႔စားနပ္ရိကၡာအစီအစဥ္ (WFP) ႏွစ္ခု ပူးေပါင္းထုတ္ျပန္တဲ့ အစီရင္ခံစာမွာေဖာ္ျပထားပါတယ္။
အဓိကအားျဖင့္ေတာ့ အဲဒီႏိုင္ငံေတြဟာ စစ္ေရးပဋိပကၡေတြ၊ ျပည္တြင္း ဆူပူအၾကမ္းဖက္မႈေတြ၊ သဘာဝ ေဘးအႏၲရာယ္ေတြနဲ႔ ရင္ဆိုင္႐ုန္းကန္ေနၾကရတာျဖစ္တယ္လို႔ FAO နဲ႔ WFP က ေျပာပါတယ္။ အဲဒီႏိုင္ငံေပါင္း ႏွစ္ဒါဇင္ နီးပါးထဲမွာမွ ဆူဒန္၊ ေတာင္ပိုင္းဆူဒန္၊ မာလီ၊ ေဟတီနဲ႔ ပါလက္စတိုင္းေဒသတို႔ဟာ အေျခအေန အဆိုးဆုံး ျဖစ္ေနၿပီး လူဦးေရရဲ႕ရာခိုင္ႏႈန္း အမ်ားစုဟာ ငတ္မြတ္မႈနဲ႔ တျခား ဆိုးဆိုး႐ြား႐ြားက်ပ္တည္းမႈေတြ ႀကဳံေနရပါ တယ္။ FAO ရဲ႕အေရးေပၚအေျခအေန တုံ႔ျပန္ေရးအရာရွိ ေအာ္ရယ္လီယန္ မယ္လင္က လက္ရွိ ျပႆနာႀကဳံေနတဲ့ ႏိုင္ငံေတြမွာ စားနပ္ရိကၡာအက်ပ္ အတည္းအဆင့္ကေန အငတ္ေဘးဆိုက္တဲ့အဆင့္ထိ ပိုဆိုးမသြားေအာင္ ႏိုင္ငံတကာအဖြဲ႕အစည္းေတြရဲ႕ၾကားဝင္ေဆာင္႐ြက္မႈေတြ၊ လူသားခ်င္းစာနာမႈအကူအညီေတြ လိုအပ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ဒါ့အျပင္ ျမန္မာ၊ ခ်တ္ဒ္၊ ႏိုက္ဂ်ီးရီးယား၊ မိုဇင္ဘစ္၊ လက္ဘႏြန္၊ ဆီးရီးယားနဲ႔ ယီမင္တို႔လည္း ဆိုး႐ြားတဲ့ စားနပ္ရိကၡာျပတ္ေတာက္မႈျပႆနာေတြ ႀကဳံလာႏိုင္တယ္လို႔ သတိေပးထားပါတယ္။