အဆိပ်ရှိ မှိုတွေ စားမိခဲ့တဲ့ အသက်တစ်နှစ်အရွယ်ကလေး သေဆုံး
154
ရောင်နီ (NP News) - အောက်တိုဘာ ၁၄
အမေရိကန်နိုင်ငံ၊ ပန်ဆယ်လ်ဗေးနီးယားပြည်နယ်မှာ မှိုအဆိပ်သင့်ခြင်းကြောင့် အသက်တစ်နှစ်သားအရွယ် ကလေး (၁) ဦး အပါအဝင် မိသားစုဝင် (၁၁) တစ်ဦး ဆေးရုံတင်ထားရတယ်လို့ ဒေသဆိုင်ရာအာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
ပန်ဆယ်လ်ဗေးနီးယားပြည်နယ်၊ အရှေ့တောင်ပိုင်း Peach Bottom မြို့နယ်မှာ နေထိုင်တဲ့ မိသားစုတစ်ခုဟာ တောရိုင်းမှိုကို ညစာအဖြစ် စားသောက်ခဲ့ပြီးနောက် အခုလိုဖြစ်ရပ်ဆိုးတွေ ဖြစ်လာခဲ့ခြင်းဖြစ်တယ်လို့ Delta-Cardiff Volunteer Fire Company ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဂရီဂေါ်ရီဖန်တန် က ပြောကြားခဲ့ပါတယ်။
မှိုအဆိပ်သင့်သူ ၁၁ ယောက်ဟာ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးနဲ့ သားသမီး(၉)ဦးတို့ဖြစ်ပြီး အသက်အရွယ် အားဖြင့် အသက် ၁ နှစ်မှ ၃၉ နှစ်ကြား အရွယ်တွေဖြစ်တယ်လို့ မီးသတ်ဌာနက ပြောပါတယ်။
အမေရိကန်မှာ နှစ်စဉ် အဆိပ်သင့်မှို စားသုံးမိသူ ၆၀၀၀ ခန့်ရှိပြီး အဲဒီထဲက ထက်ဝက်ကျော်ဟာ အသက် ၆ နှစ် အောက်ကလေးငယ်တွေဖြစ်တယ်လို့ အမျိုးသားဆေးပညာ စာကြည့်တိုက်ရဲ့အဆိုအရ သိရပါတယ်။
Zawgyi Version;
အဆိပ္ရွိ မႈိေတြ စားမိခဲ့တဲ့ အသက္တစ္ႏွစ္အ႐ြယ္ကေလး ေသဆုံး
ေရာင္နီ (NP News) - ေအာက္တိုဘာ ၁၄
အေမရိကန္ႏိုင္ငံ၊ ပန္ဆယ္လ္ေဗးနီးယားျပည္နယ္မွာ မႈိအဆိပ္သင့္ျခင္းေၾကာင့္ အသက္တစ္ႏွစ္သားအ႐ြယ္ ကေလး (၁) ဦး အပါအဝင္ မိသားစုဝင္ (၁၁) တစ္ဦး ေဆး႐ုံတင္ထားရတယ္လို႔ ေဒသဆိုင္ရာအာဏာပိုင္ေတြက ေျပာၾကားခဲ့ပါတယ္။
ပန္ဆယ္လ္ေဗးနီးယားျပည္နယ္၊ အေရွ႕ေတာင္ပိုင္း Peach Bottom ၿမိဳ႕နယ္မွာ ေနထိုင္တဲ့ မိသားစုတစ္ခုဟာ ေတာ႐ိုင္းမႈိကို ညစာအျဖစ္ စားေသာက္ခဲ့ၿပီးေနာက္ အခုလိုျဖစ္ရပ္ဆိုးေတြ ျဖစ္လာခဲ့ျခင္းျဖစ္တယ္လို႔ Delta-Cardiff Volunteer Fire Company ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဂရီေဂၚရီဖန္တန္ က ေျပာၾကားခဲ့ပါတယ္။
မႈိအဆိပ္သင့္သူ ၁၁ ေယာက္ဟာ အမ်ိဳးသားတစ္ဦး၊ အမ်ိဳးသမီးတစ္ဦးနဲ႔ သားသမီး(၉)ဦးတို႔ျဖစ္ၿပီး အသက္အ႐ြယ္ အားျဖင့္ အသက္ ၁ ႏွစ္မွ ၃၉ ႏွစ္ၾကား အ႐ြယ္ေတြျဖစ္တယ္လို႔ မီးသတ္ဌာနက ေျပာပါတယ္။
အေမရိကန္မွာ ႏွစ္စဥ္ အဆိပ္သင့္မႈိ စားသုံးမိသူ ၆၀၀၀ ခန႔္ရွိၿပီး အဲဒီထဲက ထက္ဝက္ေက်ာ္ဟာ အသက္ ၆ ႏွစ္ ေအာက္ကေလးငယ္ေတြျဖစ္တယ္လို႔ အမ်ိဳးသားေဆးပညာ စာၾကည့္တိုက္ရဲ႕အဆိုအရ သိရပါတယ္။