ကလေးမြို့နယ်တွင် ခရီးသည်တင်ကား ပေါ်မှငွေကျပ် (၂)ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ
1234
သန့်ဇင် (NP News) - ဩဂုတ် ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တွင် ခရီးသည်တင်ကား ပေါ်မှငွေကျပ် (၂)ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့က ပြီးခဲ့သည့် ဩဂုတ်လ ၇ ရက်၊ နံနက် ၉ နာရီအချိန်တွင် ကလေးမြို့နယ်၊ ကလေးဝမြို့၊ အမှတ် (၁) ရပ်ကွက်၊ ကလေးဝ - ကလေးသွားကားလမ်းတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကားလမ်းတွင် မြင့်ဇော် မောင်းနှင်၍ မင်းခန့်ကျော်(ခ)ကိုကိုလိုက်ပါလာသည့် FUSO(၆)ဘီး ခရီးသည်တင်ကားကို မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့်ပူးပေါင်းအဖွဲ့ဝင်များက စစ်ဆေးရှာဖွေခဲ့ရ ကားပေါ်တွင် ပလပ်စတစ်ဆပ်ပြာခွက်(၁၉၈၀) ခွက်ဖြင့်ထည့်၍ သယ်ဆောင်လာသော ငွေကျပ် ၂ ဒသမ ၁၉ ဘီလျံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား(၆)သိန်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့နောက် ဆက်လက်စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများကို ရှမ်းပြည်နယ်မှ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးမြို့သို့ သယ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းတို့(၂)ဦးကို သက်ဆိုင်ရာမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်များအား စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
zawgyi version
ကေလးၿမိဳ႕နယ္တြင္ ခရီးသည္တင္ကား ေပၚမွေငြက်ပ္ (၂)ဘီလ်ံေက်ာ္တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ားဖမ္းဆီးရမိ
သန႔္ဇင္ (NP News) - ဩဂုတ္ ၁၂
စစ္ကိုင္းတိုင္းေဒသႀကီး၊ ကေလးၿမိဳ႕နယ္တြင္ ခရီးသည္တင္ကား ေပၚမွေငြက်ပ္ (၂)ဘီလ်ံေက်ာ္တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။
မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးတပ္ဖြဲ႕က ၿပီးခဲ့သည့္ ဩဂုတ္လ ၇ ရက္၊ နံနက္ ၉ နာရီအခ်ိန္တြင္ ကေလးၿမိဳ႕နယ္၊ ကေလးဝၿမိဳ႕၊ အမွတ္ (၁) ရပ္ကြက္၊ ကေလးဝ - ကေလးသြားကားလမ္းတြင္ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါကားလမ္းတြင္ ျမင့္ေဇာ္ ေမာင္းႏွင္၍ မင္းခန႔္ေက်ာ္(ခ)ကိုကိုလိုက္ပါလာသည့္ FUSO(၆)ဘီး ခရီးသည္တင္ကားကို မူးယစ္ေဆးဝါး တားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕ႏွင့္ပူးေပါင္းအဖြဲ႕ဝင္မ်ားက စစ္ေဆးရွာေဖြခဲ့ရ ကားေပၚတြင္ ပလပ္စတစ္ဆပ္ျပာခြက္(၁၉၈၀) ခြက္ျဖင့္ထည့္၍ သယ္ေဆာင္လာေသာ ေငြက်ပ္ ၂ ဒသမ ၁၉ ဘီလ်ံတန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပား(၆)သိန္း သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ဆက္လက္စစ္ေဆးေဖာ္ထုတ္ခ်က္အရ ဖမ္းဆီးရမိသည့္ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ားကို ရွမ္းျပည္နယ္မွ စစ္ကိုင္းတိုင္း ေဒသႀကီး၊ ကေလးၿမိဳ႕သို႔ သယ္ေဆာင္လာျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ၎တို႔(၂)ဦးကို သက္ဆိုင္ရာၿမိဳ႕မရဲစခန္းတြင္ မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒအရ အမႈဖြင့္ အေရးယူထားၿပီး ကြင္းဆက္မ်ားအား စုံစမ္းစစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။