နိုင်ငံကူးလက်မှတ် နှင့် ကောင်စစ်ဝန်ဆောင်မှုကိစ္စနှင့်ပတ်သက်၍ လိမ် လည်အမြတ်ထုတ်နေသူများကို အရေးယူသွားမည်ဟု မလေးရှားနိုင်ငံရှိ မြန်မာသံရုံး အသိပေး
3142
စော (NP News) - ဩဂုတ် ၁၂
မြန်မာနိုင်ငံသားများအား နိုင်ငံကူးလက်မှတ်နှင့် ကောင်စစ်ဝန်ဆောင်မှုကိစ္စနှင့် ပတ်သက်၍ လိမ်လည်အမြတ်ထုတ်နေသူများကို ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း မလေးနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ယနေ့ (ဩဂုတ်လ ၁၂ ရက်)တွင် အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
မြန်မာသံရုံးမှ ကောင်စစ်ဝန်ဆောင်မှုကိစ္စရပ်များနှင့်ပတ်သက်သည့် အသိပေးစာများ၊ နိုင်ငံကူးလက်မှတ်အသစ်/ ပျောက်ဆုံး၊ လျှောက်ထားသူများ ခွင့်ပြုချက်စာရင်းနှင့် C of I ကိစ္စရပ်များကို မြန်မာနိုင်ငံသားများ သိရှိစေရန်အတွက် သံရုံး၏ ဖေ့ဘွတ်စ် နှင့် ဝက်ဘ်ဆိုက်များတွင် ဖော်ပြပေးလျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံသားများကို လိမ်လည်အမြတ်ထုတ်လိုသူများက Facebook/ TikTok များတွင် နိုင်ငံကူးလက်မှတ်ကိစ္စရပ်များနှင့် ကောင်စစ်ဝန်ဆောင်မှုကိစ္စရပ်များ ဆောင်ရွက်ရာတွင် အထောက်အထားများအဖြစ် တင်ပြရသည့် စာရွက်စာတမ်းများဖြစ်သော မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း၊ ထောက်ခံစာ အစရှိသည်တို့ကို မမှန်မကန်ပြုလုပ်ပေးသည့် ရေးသား/ ပြောကြားချက်များကို ပြုလုပ်နေသည်ကို တွေ့ရှိရကြောင်း မြန်မာသံရုံးက ဆိုသည်။
မြန်မာနိုင်ငံသားများ ဆောင်ရွက်လိုသည့် ကောင်စစ်ဝန်ဆောင်မှုကိစ္စရပ်များကို သတ်မှတ်ထားသည့် စာရွက်စာတမ်းများနှင့်အတူ မှန်ကန်စွာ ဆောင်ရွက်ကြပါရန်နှင့် မမှန်ကန်သည့် စာရွက်စာတမ်းများဖြင့် ပြုလုပ်တင်ပြခြင်းသည် ဥပဒေနှင့် ငြိစွန်းမှုရှိနေသည့်အပြင် လက်ခံဆောင်ရွက်ပေး နိုင်ခြင်း မရှိခြင်းကြောင့် ယင်းကဲ့သို့တင်ပြပါက နိုင်ငံသားများ အလုပ်ပျက်၊ အချိန်နှင့် ငွေကုန် နစ်နာမှုများရှိနိုင်သဖြင့် မိမိ၏စာရွက်စာတမ်း အခက်အခဲနှင့် ပတ်သက်၍ မြန်မာသံရုံးရှိ သက်ဆိုင်ရာ ကောင်တာများတွင် တင်ပြအကြံပြုချက်များ တောင်းခံ၍ ဆောင်ရွက်နိုင်ပါကြောင်း မြန်မာသံရုံးက အသိပေးထုတ်ပြန်ထားသည်။
ထို့ကြောင့် မြန်မာနိုင်ငံသားများအား လိမ်လည်လှည့်ဖျားနေသည့် ပုဂ္ဂိုလ်များ၊ Facebook/ Tik Tok အကောင့်ပိုင်ရှိင်များကို ဥပဒေနှင့်အညီ စုံစမ်းဖော်ထုတ် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မလေးရှားနိုင်ငံအတွင်း ရောက်ရှိအလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသားများအနေဖြင့် ယခုကာလအတွင်း အသွားအလာများ ဂရုပြုကြပါရန် နှင့် မဖြစ်မနေ ခရီးသွားလာရန်ရှိပါက နိုင်ငံကူးလက်မှတ်နှင့် လိုအပ်သည့် စာရွက်စာတမ်းများကိုလည်း အော်ပရာစီ စစ်ဆေးမှုများရှိသည့်အခါတွင် တင်ပြနိုင်ရန်အတွက် ကိုယ်နှင့်မကွာ ဆောင်ထားကြပါရန် မြန်မာသံရုံးက အသိပေးကြေညာထားသည်။
zawgyi version
ႏိုင္ငံကူးလက္မွတ္ ႏွင့္ ေကာင္စစ္ဝန္ေဆာင္မႈကိစၥႏွင့္ပတ္သက္၍ လိမ္ လည္အျမတ္ထုတ္ေနသူမ်ားကို အေရးယူသြားမည္ဟု မေလးရွားႏိုင္ငံရွိ ျမန္မာသံ႐ုံး အသိေပး
ေစာ (NP News) - ဩဂုတ္ ၁၂
ျမန္မာႏိုင္ငံသားမ်ားအား ႏိုင္ငံကူးလက္မွတ္ႏွင့္ ေကာင္စစ္ဝန္ေဆာင္မႈကိစၥႏွင့္ ပတ္သက္၍ လိမ္လည္အျမတ္ထုတ္ေနသူမ်ားကို ဥပေဒႏွင့္အညီ အေရးယူသြားမည္ျဖစ္ေၾကာင္း မေလးႏိုင္ငံဆိုင္ရာ ျမန္မာသံ႐ုံးက ယေန႔ (ဩဂုတ္လ ၁၂ ရက္)တြင္ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။
ျမန္မာသံ႐ုံးမွ ေကာင္စစ္ဝန္ေဆာင္မႈကိစၥရပ္မ်ားႏွင့္ပတ္သက္သည့္ အသိေပးစာမ်ား၊ ႏိုင္ငံကူးလက္မွတ္အသစ္/ ေပ်ာက္ဆုံး၊ ေလွ်ာက္ထားသူမ်ား ခြင့္ျပဳခ်က္စာရင္းႏွင့္ C of I ကိစၥရပ္မ်ားကို ျမန္မာႏိုင္ငံသားမ်ား သိရွိေစရန္အတြက္ သံ႐ုံး၏ ေဖ့ဘြတ္စ္ ႏွင့္ ဝက္ဘ္ဆိုက္မ်ားတြင္ ေဖာ္ျပေပးလ်က္ရွိေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံသားမ်ားကို လိမ္လည္အျမတ္ထုတ္လိုသူမ်ားက Facebook/ TikTok မ်ားတြင္ ႏိုင္ငံကူးလက္မွတ္ကိစၥရပ္မ်ားႏွင့္ ေကာင္စစ္ဝန္ေဆာင္မႈကိစၥရပ္မ်ား ေဆာင္႐ြက္ရာတြင္ အေထာက္အထားမ်ားအျဖစ္ တင္ျပရသည့္ စာ႐ြက္စာတမ္းမ်ားျဖစ္ေသာ မွတ္ပုံတင္၊ အိမ္ေထာင္စုစာရင္း၊ ေထာက္ခံစာ အစရွိသည္တို႔ကို မမွန္မကန္ျပဳလုပ္ေပးသည့္ ေရးသား/ ေျပာၾကားခ်က္မ်ားကို ျပဳလုပ္ေနသည္ကို ေတြ႕ရွိရေၾကာင္း ျမန္မာသံ႐ုံးက ဆိုသည္။
ျမန္မာႏိုင္ငံသားမ်ား ေဆာင္႐ြက္လိုသည့္ ေကာင္စစ္ဝန္ေဆာင္မႈကိစၥရပ္မ်ားကို သတ္မွတ္ထားသည့္ စာ႐ြက္စာတမ္းမ်ားႏွင့္အတူ မွန္ကန္စြာ ေဆာင္႐ြက္ၾကပါရန္ႏွင့္ မမွန္ကန္သည့္ စာ႐ြက္စာတမ္းမ်ားျဖင့္ ျပဳလုပ္တင္ျပျခင္းသည္ ဥပေဒႏွင့္ ၿငိစြန္းမႈရွိေနသည့္အျပင္ လက္ခံေဆာင္႐ြက္ေပး ႏိုင္ျခင္း မရွိျခင္းေၾကာင့္ ယင္းကဲ့သို႔တင္ျပပါက ႏိုင္ငံသားမ်ား အလုပ္ပ်က္၊ အခ်ိန္ႏွင့္ ေငြကုန္ နစ္နာမႈမ်ားရွိႏိုင္သျဖင့္ မိမိ၏စာ႐ြက္စာတမ္း အခက္အခဲႏွင့္ ပတ္သက္၍ ျမန္မာသံ႐ုံးရွိ သက္ဆိုင္ရာ ေကာင္တာမ်ားတြင္ တင္ျပအႀကံျပဳခ်က္မ်ား ေတာင္းခံ၍ ေဆာင္႐ြက္ႏိုင္ပါေၾကာင္း ျမန္မာသံ႐ုံးက အသိေပးထုတ္ျပန္ထားသည္။
ထို႔ေၾကာင့္ ျမန္မာႏိုင္ငံသားမ်ားအား လိမ္လည္လွည့္ဖ်ားေနသည့္ ပုဂၢိဳလ္မ်ား၊ Facebook/ Tik Tok အေကာင့္ပိုင္ရွိင္မ်ားကို ဥပေဒႏွင့္အညီ စုံစမ္းေဖာ္ထုတ္ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ မေလးရွားႏိုင္ငံအတြင္း ေရာက္ရွိအလုပ္လုပ္ကိုင္ေနၾကေသာ ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ ယခုကာလအတြင္း အသြားအလာမ်ား ဂ႐ုျပဳၾကပါရန္ ႏွင့္ မျဖစ္မေန ခရီးသြားလာရန္ရွိပါက ႏိုင္ငံကူးလက္မွတ္ႏွင့္ လိုအပ္သည့္ စာ႐ြက္စာတမ္းမ်ားကိုလည္း ေအာ္ပရာစီ စစ္ေဆးမႈမ်ားရွိသည့္အခါတြင္ တင္ျပႏိုင္ရန္အတြက္ ကိုယ္ႏွင့္မကြာ ေဆာင္ထားၾကပါရန္ ျမန္မာသံ႐ုံးက အသိေပးေၾကညာထားသည္။