တရုတ်နိုင်ငံ၊ ကွမ်ရှီခရီးသွားနေရာ၊ ဒီတန်ရေတံခွန်မှာ Magic Carpet စီးရင်း မတော်တဆမှုကြောင့် လူတစ်ဦးသေဆုံး
285
ရောင်နီ (NP News) - ဩဂုတ် ၁၄
တရုတ်နိုင်ငံ၊ ကွမ်ရှီခရီးသွားနေရာ၊ ဒီတန်ရေတံခွန်မှာ ဩဂုတ်လ ၁၀ ရက်၊ မွန်းလွဲပိုင်းက Magic Carpet စီးနင်းသူတွေကြား မတော်တဆမှုတစ်ခုဖြစ်ပြီး တစ်ဦးသေဆုံးကာ လူ(၆၀)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ခရိုင်အရေးပေါ်စီမံခန့်ခွဲရေးဗျူရို၊ ခရီးသွားဌာနနဲ့ မီးသတ်ဦးစီးဌာနတို့မှ တာဝန်ရှိသူတွေက အခင်းဖြစ်ပွားရာနေရာကိုရောက်ရှိလာပြီး ဆေးကုသပေးခြင်း၊ မတော်တဆမှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးခြင်းများပြုလုပ်ကာ ထိခိုက်ခံစားရတဲ့ ခရီးသွားဧည့်သည်တွေကို အကူအညီတွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ ရေတံခွန်ကလည်း လက်ရှိမှာ Magic Carpet စီးခြင်းကို ရပ်နားထားတယ်လို့ သိရပါတယ်။
ဒီတန် ရေတံခွန်ဟာ တရုတ်နဲ့ ဗီယက်နမ်နယ်စပ်မှာရှိတဲ့ ရေတံခွန်ကြီးဖြစ်ပြီး ဒေသအတွင်း အလှပဆုံးနဲ့ အကျော်ကြားဆုံး ရေတံခွန်တွေထဲက တစ်ခုဖြစ်ပါတယ်။ သူ့ရဲ့ ရင်သပ်ရှုမောဖွယ် သဘာဝအလှတွေကြောင့် လူသိများပြီး နှစ်နိုင်ငံစလုံးမှ လာရောက်လည်ပတ်သူ ခရီးသွား ဧည့်သည်တွေကြား ရေပန်းစားတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။
zawgyi version
တ႐ုတ္ႏိုင္ငံ၊ ကြမ္ရွီခရီးသြားေနရာ၊ ဒီတန္ေရတံခြန္မွာ Magic Carpet စီးရင္း မေတာ္တဆမႈေၾကာင့္ လူတစ္ဦးေသဆုံး
ေရာင္နီ (NP News) - ဩဂုတ္ ၁၄
တ႐ုတ္ႏိုင္ငံ၊ ကြမ္ရွီခရီးသြားေနရာ၊ ဒီတန္ေရတံခြန္မွာ ဩဂုတ္လ ၁၀ ရက္၊ မြန္းလြဲပိုင္းက Magic Carpet စီးနင္းသူေတြၾကား မေတာ္တဆမႈတစ္ခုျဖစ္ၿပီး တစ္ဦးေသဆုံးကာ လူ(၆၀)ဦး ဒဏ္ရာရရွိခဲ့တယ္လို႔ သိရပါတယ္။
ခ႐ိုင္အေရးေပၚစီမံခန႔္ခြဲေရးဗ်ဴ႐ို၊ ခရီးသြားဌာနနဲ႔ မီးသတ္ဦးစီးဌာနတို႔မွ တာဝန္ရွိသူေတြက အခင္းျဖစ္ပြားရာေနရာကိုေရာက္ရွိလာၿပီး ေဆးကုသေပးျခင္း၊ မေတာ္တဆမႈျဖစ္ပြားရတဲ့ အေၾကာင္းရင္းကို စုံစမ္းစစ္ေဆးျခင္းမ်ားျပဳလုပ္ကာ ထိခိုက္ခံစားရတဲ့ ခရီးသြားဧည့္သည္ေတြကို အကူအညီေတြ ေပးအပ္ခဲ့တယ္လို႔ သိရပါတယ္။ ေရတံခြန္ကလည္း လက္ရွိမွာ Magic Carpet စီးျခင္းကို ရပ္နားထားတယ္လို႔ သိရပါတယ္။
ဒီတန္ ေရတံခြန္ဟာ တ႐ုတ္နဲ႔ ဗီယက္နမ္နယ္စပ္မွာရွိတဲ့ ေရတံခြန္ႀကီးျဖစ္ၿပီး ေဒသအတြင္း အလွပဆုံးနဲ႔ အေက်ာ္ၾကားဆုံး ေရတံခြန္ေတြထဲက တစ္ခုျဖစ္ပါတယ္။ သူ႔ရဲ႕ ရင္သပ္ရႈေမာဖြယ္ သဘာဝအလွေတြေၾကာင့္ လူသိမ်ားၿပီး ႏွစ္ႏိုင္ငံစလုံးမွ လာေရာက္လည္ပတ္သူ ခရီးသြား ဧည့္သည္ေတြၾကား ေရပန္းစားတဲ့ ေနရာတစ္ခုလည္း ျဖစ္ပါတယ္။