တိုက်ပွဲကြောင့် စစ်ဘေးရှောင်လာသူများကို ပစ်မှတ်ထားကာ လိမ်လည်မှုများရှိနေသည့်အတွက် အချို့မှာ တစ်ပူပေါ်နှစ်ပူဆင့်နေရ
2196
သန့်ဇင် (NP News) - ဩဂုတ် ၁၄
လတ်တလောဖြစ်ပွားသည့်တိုက်ပွဲများကြောင့် စစ်ဘေးရှောင်လာသူများကို ပစ်မှတ်ထားကာ လိမ်လည်မှုများ ရှိနေသည့်အတွက် အချို့မှာ တစ်ပူပေါ် နှစ်ပူဆင့်သော အခြေအနေဖြစ်နေကြောင်း ဒေသခံများထံ NP News က မေးမြန်းထားချက်များအရ သိရသည်။
MNDAA နှင့် TNLA ပူးပေါင်းအဖွဲ့များသည် (၁၀၂၇) စစ်ဆင်ရေးအဆက်ဟုဆိုကာ တိုက်ပွဲများ ဖော်ဆောင်လာသောကြောင့် လားရှိုးမြို့၊ ကျောက်မဲစသဖြင့် မြို့နယ်များမှ ဒေသခံအများအပြားသည် မိမိတို့ အိုးအိမ်များကိုစွန့်ခွာကာ နေရပ်မှတိမ်းရှောင်ခဲ့ကြရသည်။ ထိုသို့ တိမ်းရှောင်ရာတွင် တိုက်ပွဲ ဖြစ် ရာဒေသ၌ မိသားစုဝင်များကျန်ခဲ့ကာ အဆက်အသွယ် ပြတ်တောက်နေသောကြောင့် အကူအညီပေးကြရန် သို့မဟုတ် အဆက်အသွယ်ပြန်လည်ရရှိရေး ဆောင်ရွက်ပေးရန် ၎င်းတို့၏ လူမှုကွန်ရက်စာမျက် နှာများကတဆင့် ဖုန်းနံပါတ်များ ထည့်သွင်းအကူအညီတောင်းသည့်အပေါ် အမြတ်ထုတ်ခြင်းများ အများဆုံး ရှိနေခြင်းဖြစ်သည်။
“(မိသားစုဝင်တစ်ယောက်ယောက်တိုက်ပွဲဖြစ်တဲ့မြို့မှာကျန်ခဲ့လို့) တချို့ကပူပန်နေပြီး လိုင်းပေါ် မှာ ကူညီပေးပါဆိုပြီး ဖုန်းနံပါတ်နဲ့တင်လိုက်တော့ စားဖားသမားတွေကလည်း ဒီခွင်ကိုဘယ်လိုလိမ်လိုက် မယ်ဆိုပြီး အကြိုက်တွေ ဖြစ်ကုန်တာပေါ့။ တချို့ကလည်း အဖေကျန်ခဲ့လို့၊ ခွေးလေးကျန်ခဲ့လို့၊ ပစ္စည်း ကျန်ခဲ့လို့ ယူပေးလို့ရမလား၊ ခေါ်ပေးလို့ ရမလားနဲ့ လိုင်းပေါ်တင်ကြတာပေါ့။ အဲဒီတော့ လိမ်ချင်တဲ့လူက တော့ လိမ်လိုက်တာပေါ့” ဟု လားရှိုးမြို့မှ စစ်ဘေးရှောင်လာသူတစ်ဦးက NP News သို့ ပြောသည်။
ထိုသို့ လိမ်လည်ရာတွင် MNDA ၊ TNLA စသည်ဖြင့် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့ ဟန်ဖြင့် ဖုန်းဆက်၍ အဆက်အသွယ်မရသူကို ဖမ်းဆီးထားကြောင်းနှင့် လွတ်မြောက်စေလိုပါက တစ်ဦးလျှင် ငွေကျပ် နှစ်သိန်းခွဲပေးကာ ပြန်ရွေးရမည်ဖြစ်ကြောင်း နှင့် အွန်လိုင်းမှ ငွေလွှဲပေးရမည်ဟုဆိုကာ လိမ်လည်ခြင်းများ ရှိနေကြောင်း ၎င်းက ဆိုသည်။
ထို့ပြင် ကားသမားအယောင်အဆောင်ကာ တိမ်းရှောင်မည့်မြို့အထိ ငွေပမာဏ မည်မျှပေးရမည် ဟုဆိုကာ လိမ်လည်ခြင်းမျိုးလည်းရှိကြောင်း သိရသည်။ “အခုနောက်ပိုင်းတော့ နည်းနည်းလေးပြန် လျော့သွားပြီ။ ပြီးခဲ့တဲ့ (၂)ပတ်လောက်ကတော့ တော်တော်များတယ်။ မန္တလေးကို အပြီးအစီး(၆)သိန်း တို့၊ တချို့ ဆို(၁၀)သိန်းတို့ အိမ်အရောက်လာခေါ်မယ်တို့ လိမ်တာပေါ့။ လိမ်ပုံ လိမ်နည်းကလည်း စိတ်ချ ရတဲ့ပုံစံမျိုး နဲ့ပေါ့။ ပထမတော့ အိမ်လိပ်စာတွေတောင်းတယ်ပေါ့။ စစချင်းတုန်းကတော့ အိမ်အရောက်မှ ပေးပေါ့။ ကား ပေါ်ရောက်မှပေးပေါ့။ လမ်းမှာလာနေရင်းနဲ့ ဘာလိုလို့ ညာလိုလို့ဆိုပြီး Kpay နဲ့လွှဲခိုင်း လိုက်ပြီး လိမ်သွားတာမျိုးတွေရှိတယ်” ဟု ကျောက်မဲမြို့မှ စစ်ဘေးရှောင်လာသူတစ်ဦးက ပြောသည်။
ထိုသို့ လိမ်လည်ခြင်းများအပြင် ထားခဲ့ရသည့် နေအိမ်များကို ဖောက်ထွင်းမှုများလည်းရှိနေပြီး ဒေသခံများအနေဖြင့် နောက်ကြောင်းမအေးဘဲ စိုးရိမ်ရခြင်းများရှိနေသကဲ့သို့ အချို့ကလည်း မြေကျန်လျှင် ရပြီဟုဆိုကာ စိတ်လျှော့နေကြသူများလည်း ရှိသည်။
“ဖောက်ထွင်းခံရတာနဲ့ပတ်သက်ပြီး လက်တွေ့ကျကျတော့ ရပ်ကွက်ထဲမှာ ကျန်ခဲ့တဲ့ ဆေးသမားတွေ ဘာတွေက ဖောက်တာများတယ်။ အဲဒါတော့ လက်တွေ့ ကျကျသိတာပေါ့။ ရပ်ကွက်ထဲမှာတော့ မရှောင်ဘဲ ဆေးသမားလိုလိုဘာလိုလိုနဲ့ သေမထူး၊ နေမထူး သမားတွေ အဲလိုလူငယ်လေးတွေ လုပ်တာ လို့ ကျွန်တော်တို့ရပ်ကွက်ထဲမှာ ကျန်ခဲ့တဲ့လူတွေပြောပြလို့ သိရတာ။ အဲဒီမှာ မင်းတို့ကိုယ့်လူမျိုး အချင်း ချင်း အဲလိုမလုပ်နဲ့ ကူညီရမှာတောင်မကူညီဘဲနဲ့ ဘာလို့ အဲဒီလိုလုပ်တာလဲပြောတော့ သူ့ကိုတောင် ဖောက်တဲ့ကောင်တွေက မကြည်သလို ရန်ရှာသလိုဖြစ်နေတာကို ကျွန်တော့်ဆီဖုန်းဆက်ပြောလို့ သိရတယ်” ဟု အထက်ပါလားရှိုးမြို့မှ တိမ်းရှောင်လာသူက ဆိုသည်။
ကျောက်မဲမြို့တွင်းရှိ စစ်ဘေးရှောင်များ၏နေအိမ်များကို ဖောက်ထွင်းလုယက်မှုများရှိနေရာ နေအိမ်ဖောက်ထွင်း လုယက်မှုတွင် TNLA အဖွဲ့ ဝင်များလည်း ပါဝင်ကြောင်း ကျောက်မဲမြို့မှ တိမ်း ရှောင်လာခဲ့သူ ဒေသခံက အတိအကျပြောသည်။ “ အိမ်ဖောက်ထွင်းခံရတာမှာ (၂)မျိုးရှိတယ်။ တစ်ခုက TNLA က ဖောက်တာရှိတယ်။ နမ့်တုပ်နားကအိမ်ဆို TNLA က စားသောက်ဆိုင်တွေ ကုန်စုံဆိုင်တွေမှာ ဖောက်ထားတာတွေရှိတယ်။ နောက်တစ်မျိုးကတော့ ၁၀၉-၁၁၀ကောင်တွေက အိမ်တွေ၊ ဆိုင်ခန်းတွေ ဖောက်တာ ရှိတယ်။ လားရှိုးလောက်တော့ မဆိုးဘူးပေါ့။ ဖောက်တော့ဖောက်ကြတယ်။ တချို့က စားစရာ ပဲယူသွားတာမျိုး။ တချို့ကလည်း တန်ဖိုးကြီးပစ္စည်းတွေယူသွားတာမျိုးတွေ၊ ဆိုင်ကယ်တို့၊ TV တို့ အဲဒါ များတွေယူသွားတာများတယ်။ ဆိုင်ကယ်တွေ ခိုးကြတာများတာကိုး။ အဖွဲ့လိုက်ခိုးကြ တာပါ”ဟု အထက်ပါ ဒေသခံက ဆက်လက်ပြောသည်။
လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်းမှ နေရပ် စွန့်ခွာစစ်ဘေးရှောင်ပြည်သူအများစုသည် ရှမ်းပြည်နယ်တောင်ပိုင်းရှိ တောင်ကြီး၊ ဆီဆိုင်၊ ညောင်ရွှေမြို့ နှင့် မန္တလေးမြို့တို့တွင် အများဆုံးပြောင်းရွှေ့နေထိုင်နေရကြောင်းလည်း သိရသည်။
zawgyi version
တိုက္ပြဲေၾကာင့္ စစ္ေဘးေရွာင္လာသူမ်ားကို ပစ္မွတ္ထားကာ လိမ္လည္မႈမ်ားရွိေနသည့္အတြက္ အခ်ိဳ႕မွာ တစ္ပူေပၚႏွစ္ပူဆင့္ေနရ
သန႔္ဇင္ (NP News) - ဩဂုတ္ ၁၄
လတ္တေလာျဖစ္ပြားသည့္တိုက္ပြဲမ်ားေၾကာင့္ စစ္ေဘးေရွာင္လာသူမ်ားကို ပစ္မွတ္ထားကာ လိမ္လည္မႈမ်ား ရွိေနသည့္အတြက္ အခ်ိဳ႕မွာ တစ္ပူေပၚ ႏွစ္ပူဆင့္ေသာ အေျခအေနျဖစ္ေနေၾကာင္း ေဒသခံမ်ားထံ NP News က ေမးျမန္းထားခ်က္မ်ားအရ သိရသည္။
MNDAA ႏွင့္ TNLA ပူးေပါင္းအဖြဲ႕မ်ားသည္ (၁၀၂၇) စစ္ဆင္ေရးအဆက္ဟုဆိုကာ တိုက္ပြဲမ်ား ေဖာ္ေဆာင္လာေသာေၾကာင့္ လားရႈိးၿမိဳ႕၊ ေက်ာက္မဲစသျဖင့္ ၿမိဳ႕နယ္မ်ားမွ ေဒသခံအမ်ားအျပားသည္ မိမိတို႔ အိုးအိမ္မ်ားကိုစြန႔္ခြာကာ ေနရပ္မွတိမ္းေရွာင္ခဲ့ၾကရသည္။ ထိုသို႔ တိမ္းေရွာင္ရာတြင္ တိုက္ပြဲ ျဖစ္ ရာေဒသ၌ မိသားစုဝင္မ်ားက်န္ခဲ့ကာ အဆက္အသြယ္ ျပတ္ေတာက္ေနေသာေၾကာင့္ အကူအညီေပးၾကရန္ သို႔မဟုတ္ အဆက္အသြယ္ျပန္လည္ရရွိေရး ေဆာင္႐ြက္ေပးရန္ ၎တို႔၏ လူမႈကြန္ရက္စာမ်က္ ႏွာမ်ားကတဆင့္ ဖုန္းနံပါတ္မ်ား ထည့္သြင္းအကူအညီေတာင္းသည့္အေပၚ အျမတ္ထုတ္ျခင္းမ်ား အမ်ားဆုံး ရွိေနျခင္းျဖစ္သည္။
“(မိသားစုဝင္တစ္ေယာက္ေယာက္တိုက္ပြဲျဖစ္တဲ့ၿမိဳ႕မွာက်န္ခဲ့လို႔) တခ်ိဳ႕ကပူပန္ေနၿပီး လိုင္းေပၚ မွာ ကူညီေပးပါဆိုၿပီး ဖုန္းနံပါတ္နဲ႔တင္လိုက္ေတာ့ စားဖားသမားေတြကလည္း ဒီခြင္ကိုဘယ္လိုလိမ္လိုက္ မယ္ဆိုၿပီး အႀကိဳက္ေတြ ျဖစ္ကုန္တာေပါ့။ တခ်ိဳ႕ကလည္း အေဖက်န္ခဲ့လို႔၊ ေခြးေလးက်န္ခဲ့လို႔၊ ပစၥည္း က်န္ခဲ့လို႔ ယူေပးလို႔ရမလား၊ ေခၚေပးလို႔ ရမလားနဲ႔ လိုင္းေပၚတင္ၾကတာေပါ့။ အဲဒီေတာ့ လိမ္ခ်င္တဲ့လူက ေတာ့ လိမ္လိုက္တာေပါ့” ဟု လားရႈိးၿမိဳ႕မွ စစ္ေဘးေရွာင္လာသူတစ္ဦးက NP News သို႔ ေျပာသည္။
ထိုသို႔ လိမ္လည္ရာတြင္ MNDA ၊ TNLA စသည္ျဖင့္ လက္နက္ကိုင္အၾကမ္းဖက္အဖြဲ႕ ဟန္ျဖင့္ ဖုန္းဆက္၍ အဆက္အသြယ္မရသူကို ဖမ္းဆီးထားေၾကာင္းႏွင့္ လြတ္ေျမာက္ေစလိုပါက တစ္ဦးလွ်င္ ေငြက်ပ္ ႏွစ္သိန္းခြဲေပးကာ ျပန္ေ႐ြးရမည္ျဖစ္ေၾကာင္း ႏွင့္ အြန္လိုင္းမွ ေငြလႊဲေပးရမည္ဟုဆိုကာ လိမ္လည္ျခင္းမ်ား ရွိေနေၾကာင္း ၎က ဆိုသည္။
ထို႔ျပင္ ကားသမားအေယာင္အေဆာင္ကာ တိမ္းေရွာင္မည့္ၿမိဳ႕အထိ ေငြပမာဏ မည္မွ်ေပးရမည္ ဟုဆိုကာ လိမ္လည္ျခင္းမ်ိဳးလည္းရွိေၾကာင္း သိရသည္။ “အခုေနာက္ပိုင္းေတာ့ နည္းနည္းေလးျပန္ ေလ်ာ့သြားၿပီ။ ၿပီးခဲ့တဲ့ (၂)ပတ္ေလာက္ကေတာ့ ေတာ္ေတာ္မ်ားတယ္။ မႏၲေလးကို အၿပီးအစီး(၆)သိန္း တို႔၊ တခ်ိဳ႕ ဆို(၁၀)သိန္းတို႔ အိမ္အေရာက္လာေခၚမယ္တို႔ လိမ္တာေပါ့။ လိမ္ပုံ လိမ္နည္းကလည္း စိတ္ခ် ရတဲ့ပုံစံမ်ိဳး နဲ႔ေပါ့။ ပထမေတာ့ အိမ္လိပ္စာေတြေတာင္းတယ္ေပါ့။ စစခ်င္းတုန္းကေတာ့ အိမ္အေရာက္မွ ေပးေပါ့။ ကား ေပၚေရာက္မွေပးေပါ့။ လမ္းမွာလာေနရင္းနဲ႔ ဘာလိုလို႔ ညာလိုလို႔ဆိုၿပီး Kpay နဲ႔လႊဲခိုင္း လိုက္ၿပီး လိမ္သြားတာမ်ိဳးေတြရွိတယ္” ဟု ေက်ာက္မဲၿမိဳ႕မွ စစ္ေဘးေရွာင္လာသူတစ္ဦးက ေျပာသည္။
ထိုသို႔ လိမ္လည္ျခင္းမ်ားအျပင္ ထားခဲ့ရသည့္ ေနအိမ္မ်ားကို ေဖာက္ထြင္းမႈမ်ားလည္းရွိေနၿပီး ေဒသခံမ်ားအေနျဖင့္ ေနာက္ေၾကာင္းမေအးဘဲ စိုးရိမ္ရျခင္းမ်ားရွိေနသကဲ့သို႔ အခ်ိဳ႕ကလည္း ေျမက်န္လွ်င္ ရၿပီဟုဆိုကာ စိတ္ေလွ်ာ့ေနၾကသူမ်ားလည္း ရွိသည္။
“ေဖာက္ထြင္းခံရတာနဲ႔ပတ္သက္ၿပီး လက္ေတြ႕က်က်ေတာ့ ရပ္ကြက္ထဲမွာ က်န္ခဲ့တဲ့ ေဆးသမားေတြ ဘာေတြက ေဖာက္တာမ်ားတယ္။ အဲဒါေတာ့ လက္ေတြ႕ က်က်သိတာေပါ့။ ရပ္ကြက္ထဲမွာေတာ့ မေရွာင္ဘဲ ေဆးသမားလိုလိုဘာလိုလိုနဲ႔ ေသမထူး၊ ေနမထူး သမားေတြ အဲလိုလူငယ္ေလးေတြ လုပ္တာ လို႔ ကြၽန္ေတာ္တို႔ရပ္ကြက္ထဲမွာ က်န္ခဲ့တဲ့လူေတြေျပာျပလို႔ သိရတာ။ အဲဒီမွာ မင္းတို႔ကိုယ့္လူမ်ိဳး အခ်င္း ခ်င္း အဲလိုမလုပ္နဲ႔ ကူညီရမွာေတာင္မကူညီဘဲနဲ႔ ဘာလို႔ အဲဒီလိုလုပ္တာလဲေျပာေတာ့ သူ႔ကိုေတာင္ ေဖာက္တဲ့ေကာင္ေတြက မၾကည္သလို ရန္ရွာသလိုျဖစ္ေနတာကို ကြၽန္ေတာ့္ဆီဖုန္းဆက္ေျပာလို႔ သိရတယ္” ဟု အထက္ပါလားရႈိးၿမိဳ႕မွ တိမ္းေရွာင္လာသူက ဆိုသည္။
ေက်ာက္မဲၿမိဳ႕တြင္းရွိ စစ္ေဘးေရွာင္မ်ား၏ေနအိမ္မ်ားကို ေဖာက္ထြင္းလုယက္မႈမ်ားရွိေနရာ ေနအိမ္ေဖာက္ထြင္း လုယက္မႈတြင္ TNLA အဖြဲ႕ ဝင္မ်ားလည္း ပါဝင္ေၾကာင္း ေက်ာက္မဲၿမိဳ႕မွ တိမ္း ေရွာင္လာခဲ့သူ ေဒသခံက အတိအက်ေျပာသည္။ “ အိမ္ေဖာက္ထြင္းခံရတာမွာ (၂)မ်ိဳးရွိတယ္။ တစ္ခုက TNLA က ေဖာက္တာရွိတယ္။ နမ့္တုပ္နားကအိမ္ဆို TNLA က စားေသာက္ဆိုင္ေတြ ကုန္စုံဆိုင္ေတြမွာ ေဖာက္ထားတာေတြရွိတယ္။ ေနာက္တစ္မ်ိဳးကေတာ့ ၁၀၉-၁၁၀ေကာင္ေတြက အိမ္ေတြ၊ ဆိုင္ခန္းေတြ ေဖာက္တာ ရွိတယ္။ လားရႈိးေလာက္ေတာ့ မဆိုးဘူးေပါ့။ ေဖာက္ေတာ့ေဖာက္ၾကတယ္။ တခ်ိဳ႕က စားစရာ ပဲယူသြားတာမ်ိဳး။ တခ်ိဳ႕ကလည္း တန္ဖိုးႀကီးပစၥည္းေတြယူသြားတာမ်ိဳးေတြ၊ ဆိုင္ကယ္တို႔၊ TV တို႔ အဲဒါ မ်ားေတြယူသြားတာမ်ားတယ္။ ဆိုင္ကယ္ေတြ ခိုးၾကတာမ်ားတာကိုး။ အဖြဲ႕လိုက္ခိုးၾက တာပါ”ဟု အထက္ပါ ေဒသခံက ဆက္လက္ေျပာသည္။
လက္ရွိတြင္ ရွမ္းျပည္နယ္ေျမာက္ပိုင္းမွ ေနရပ္ စြန႔္ခြာစစ္ေဘးေရွာင္ျပည္သူအမ်ားစုသည္ ရွမ္းျပည္နယ္ေတာင္ပိုင္းရွိ ေတာင္ႀကီး၊ ဆီဆိုင္၊ ေညာင္ေ႐ႊၿမိဳ႕ ႏွင့္ မႏၲေလးၿမိဳ႕တို႔တြင္ အမ်ားဆုံးေျပာင္းေ႐ႊ႕ေနထိုင္ေနရေၾကာင္းလည္း သိရသည္။