ပိုကီမွန်စီးရီးမှ Misty နဲ့ Jessie ဇာတ်ကောင်တို့ရဲ့အသံသရုပ်ဆောင် Rachael Lillis ကင်ဆာရောဂါဖြင့် ကွယ်လွန်

 320

Pika (NP News) - သြဂုတ် ၁၅

ပိုကီမွန်ကာတွန်းစီးရီး၏ မူရင်းအင်္ဂလိပ်ကာတွန်းစီးရီးတွင် စိတ်ကူးယဉ်ဇာတ်ကောင် Misty နှင့် Jessie တို့၏ အသံ ကို သရုပ်ဆောင်ထားသည့် အမေရိကန်အသံသရုပ်ဆောင် Rachael Lillis သည် ကင်ဆာရောဂါဖြင့် အသက် (၄၆)နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း သိရသည်။
Rachael Lillis၏ သေဆုံးမှုကို ၎င်း၏ သူငယ်ချင်း နှင့် Ash Ketchum ဇာတ်ကောင် အသံသရုပ်ဆောင် ဗာရော်နီ ကာတေလာတို့က ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။ ပိုကီမွန်ကာတွန်းစီးရီးတွင် Misty သည် Ash Ketchum ၏ အရင်းနှီးဆုံးသူငယ်ချင်းဖြစ်ပြီး Jessie သည် ဗီလိန်အဖွဲ့ဖြစ်သော Team Rocket ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။

ထို့ပြင် ကင်ဆာရောဂါကို ရင်ဆိုင်နေရချိန်အတွင်း ပရိသတ်များထံမှ ရရှိသော ချစ်ခြင်းမေတ္တာများနှင့်အားပေးမှုများ အတွက် ကျေးဇူးတင်မိသည်ဟု Rachael Lillis က အသက်ရှင်နေစဉ်အချိန်အတွင်း ပြောကြားခဲ့ကြောင်း သိရသည်။ ပရိသတ်များသည် Rachael Lillis ၏ ကင်ဆာရောဂါကို ယခုနှစ် မေလတွင်မှ စတင်သိရှိခဲ့ရခြင်းဖြစ် ကြောင်းလည်း သိရသည်။ Rachael Lillis ၏ ရယ်စရာအကောင်းဆုံး၊ အချိုမြိန်ဆုံး၊ အကြင်နာဆုံး လူသားတစ်ဦး ဖြစ်ကြောင်း ၎င်း၏ လုပ်ဖော်ကိုင်ဖက်များက ပြောကြားခဲ့ကြသည်။

Rachael Lillis သည် ပိုကီမွန်စီးရီးအပြင် Your Lie In April၊ Hunter X Hunter နှင့် Fate/Stay Night: Unlimited Blade Works တို့အပါအဝင် အခြားနာမည်ကြီးကာတွန်းစီးရီးများတွင်လည်း အသံသရုပ်ဆောင်အဖြစ် ပါဝင် သရုပ်ဆောင်ထားကြောင်း သိရသည်။

Zawgyi Version;
ပိုကီမြန္စီးရီးမွ Misty နဲ႔ Jessie ဇာတ္ေကာင္တို႔ရဲ႕အသံသ႐ုပ္ေဆာင္ Rachael Lillis ကင္ဆာေရာဂါျဖင့္ ကြယ္လြန္
Pika (NP News) - ၾသဂုတ္ ၁၅

ပိုကီမြန္ကာတြန္းစီးရီး၏ မူရင္းအဂၤလိပ္ကာတြန္းစီးရီးတြင္ စိတ္ကူးယဥ္ဇာတ္ေကာင္ Misty ႏွင့္ Jessie တို႔၏ အသံ ကို သ႐ုပ္ေဆာင္ထားသည့္ အေမရိကန္အသံသ႐ုပ္ေဆာင္ Rachael Lillis သည္ ကင္ဆာေရာဂါျဖင့္ အသက္ (၄၆)ႏွစ္အ႐ြယ္တြင္ ကြယ္လြန္သြားခဲ့ၿပီျဖစ္ေၾကာင္း သိရသည္။
Rachael Lillis၏ ေသဆုံးမႈကို ၎၏ သူငယ္ခ်င္း ႏွင့္ Ash Ketchum ဇာတ္ေကာင္ အသံသ႐ုပ္ေဆာင္ ဗာေရာ္နီ ကာေတလာတို႔က ထုတ္ျပန္ေၾကညာခဲ့ျခင္းျဖစ္သည္။ ပိုကီမြန္ကာတြန္းစီးရီးတြင္ Misty သည္ Ash Ketchum ၏ အရင္းႏွီးဆုံးသူငယ္ခ်င္းျဖစ္ၿပီး Jessie သည္ ဗီလိန္အဖြဲ႕ျဖစ္ေသာ Team Rocket ၏ အဖြဲ႕ဝင္တစ္ဦးျဖစ္သည္။

ထို႔ျပင္ ကင္ဆာေရာဂါကို ရင္ဆိုင္ေနရခ်ိန္အတြင္း ပရိသတ္မ်ားထံမွ ရရွိေသာ ခ်စ္ျခင္းေမတၱာမ်ားႏွင့္အားေပးမႈမ်ား အတြက္ ေက်းဇူးတင္မိသည္ဟု Rachael Lillis က အသက္ရွင္ေနစဥ္အခ်ိန္အတြင္း ေျပာၾကားခဲ့ေၾကာင္း သိရသည္။ ပရိသတ္မ်ားသည္ Rachael Lillis ၏ ကင္ဆာေရာဂါကို ယခုႏွစ္ ေမလတြင္မွ စတင္သိရွိခဲ့ရျခင္းျဖစ္ ေၾကာင္းလည္း သိရသည္။ Rachael Lillis ၏ ရယ္စရာအေကာင္းဆုံး၊ အခ်ိဳၿမိန္ဆုံး၊ အၾကင္နာဆုံး လူသားတစ္ဦး ျဖစ္ေၾကာင္း ၎၏ လုပ္ေဖာ္ကိုင္ဖက္မ်ားက ေျပာၾကားခဲ့ၾကသည္။

Rachael Lillis သည္ ပိုကီမြန္စီးရီးအျပင္ Your Lie In April၊ Hunter X Hunter ႏွင့္ Fate/Stay Night: Unlimited Blade Works တို႔အပါအဝင္ အျခားနာမည္ႀကီးကာတြန္းစီးရီးမ်ားတြင္လည္း အသံသ႐ုပ္ေဆာင္အျဖစ္ ပါဝင္ သ႐ုပ္ေဆာင္ထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.