ပါလက်စတိုင်းလူမျိုးများကိုထောက်ခံကြောင်း ပြသလာခဲ့တဲ့ Snow White ဇာတ်ကောင်သရုပ်ဆောင် ရေချယ်ဇက်လာ

 194

Pika (NP News) - သြဂုတ် ၁၅

၂၀၂၅ ခုနှစ် မတ်လ(၂၀)ရက်တွင် ထွက်ရှိလာမည့် Disney ၏ Snow White ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ထားသောရုပ်ရှင်မင်းသမီး ရေချယ်ဇက်လာသည် ပါလက်စတိုင်းလိုလားသည့် ပို့စ်တစ်ခုကို X (တွစ်တာ)တွင် တင်ခဲ့ပြီးနောက် တုံ့ပြန်မှုအများအပြားရှိခဲ့ကြောင်း သိရသည်။

အဆိုပါပို့စ်သည် နာရီပိုင်းအတွင်း ကြည့်ရှုသူသိန်းချီရှိခဲ့ပြီး ၎င်း၏ ပို့စ်ကို ထောက်ခံသူများနှင့် လုပ်ဖော်ကိုင်ဖက်အစ္စရေးရုပ်ရှင်မင်းသမီး ဂယ်လ်ဂါဒေါ့တ်ကို ထောက်ခံသူများကြား ကွဲထွက်မှုများရှိခဲ့ကြောင်း သိရသည်။ Snow White အဖြစ် သရုပ်ဆောင်ထားသော ရေချယ်ဇက်လာ၏ ပါလက်စတိုင်းလူမျိုးများကို ထောက်ခံမှုများနှင့် ပတ်သက်ပြီး အငြင်းပွားမှုများလည်းရှိခဲ့ကြောင်း သိရသည်။
ရေချယ်ဇက်လာသည် Snow White ဇာတ်ကားတွင် Evil Queen ဇာတ်ကောင်ကို သရုပ်ဆောင်ထားသော ဂယ်လ်ဂါဒေါ့တ်နှင့်အတူ သရုပ်ဆောင်ခဲ့သော်လည်း အစ္စရေး-ပါလက်စတိုင်းပဋိပက္ခနှင့်ပတ်သက်ပြီး ယခုကဲ့သို့ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။ Snow White ဇာတ်ကား၏ ပထမဆုံး trailer တရားဝင်ထွက်ရှိလာခဲ့ပြီးနောက် သုံးရက်အကြာတွင် ရေချယ်ဇက်လာ၏ ပါလက်စတိုင်းထောက်ခံမှုနှင့်ပတ်သက်သည့် ပို့စ်ထွက်ပေါ်လာခြင်းဖြစ် သည်။

ရေချယ်ဇက်လာက “ပရိသတ်တွေအားလုံးကို ကျွန်မချစ်ပါတယ်။ ကျွန်မတို့ရဲ့ Snow White ဇာတ်ကား trailer က (၂၄)နာရီအတွင်း ကြည့်ရှုသူ သန်း(၁၂၀)ထိရှိခဲ့တဲ့အတွက် အားလုံးကိုကျေးဇူးတင်ပါတယ်။ ပြီးတော့ ပါလက်စတိုင်းလွတ်မြောက်ရေးကို အမြဲသတိရနေပါ” ဟု ရေးသားခဲ့သည်။

အဆိုပါပို့စ်ကို ကြည့်ရှုသူသိန်းချီရှိခဲ့ပြီး like ပေးသူနှင့်မျှဝေသူ ထောင်ချီရှိခဲ့ကာ ရာနှင့်ချီသော မှတ်ချက်ပေးမှုများ ရှိခဲ့သည်။ X အသုံးပြုသူတစ်ဦးက “ပါလက်စတိုင်းလူမျိုးတွေနဲ့အတူ ရပ်တည်ပေးတဲ့အတွက် တကယ်ကို ကျေးဇူးတင်ပါတယ်” ဟု ရေးသားခဲ့သည်။

Zawgyi Version;
ပါလက္စတိုင္းလူမ်ိဳးမ်ားကိုေထာက္ခံေၾကာင္း ျပသလာခဲ့တဲ့ Snow White ဇာတ္ေကာင္သ႐ုပ္ေဆာင္ ေရခ်ယ္ဇက္လာ
Pika (NP News) - ၾသဂုတ္ ၁၅

၂၀၂၅ ခုႏွစ္ မတ္လ(၂၀)ရက္တြင္ ထြက္ရွိလာမည့္ Disney ၏ Snow White ဇာတ္ကားတြင္ ပါဝင္သ႐ုပ္ေဆာင္ထားေသာ႐ုပ္ရွင္မင္းသမီး ေရခ်ယ္ဇက္လာသည္ ပါလက္စတိုင္းလိုလားသည့္ ပို႔စ္တစ္ခုကို X (တြစ္တာ)တြင္ တင္ခဲ့ၿပီးေနာက္ တုံ႔ျပန္မႈအမ်ားအျပားရွိခဲ့ေၾကာင္း သိရသည္။

အဆိုပါပို႔စ္သည္ နာရီပိုင္းအတြင္း ၾကည့္ရႈသူသိန္းခ်ီရွိခဲ့ၿပီး ၎၏ ပို႔စ္ကို ေထာက္ခံသူမ်ားႏွင့္ လုပ္ေဖာ္ကိုင္ဖက္အစၥေရး႐ုပ္ရွင္မင္းသမီး ဂယ္လ္ဂါေဒါ့တ္ကို ေထာက္ခံသူမ်ားၾကား ကြဲထြက္မႈမ်ားရွိခဲ့ေၾကာင္း သိရသည္။ Snow White အျဖစ္ သ႐ုပ္ေဆာင္ထားေသာ ေရခ်ယ္ဇက္လာ၏ ပါလက္စတိုင္းလူမ်ိဳးမ်ားကို ေထာက္ခံမႈမ်ားႏွင့္ ပတ္သက္ၿပီး အျငင္းပြားမႈမ်ားလည္းရွိခဲ့ေၾကာင္း သိရသည္။
ေရခ်ယ္ဇက္လာသည္ Snow White ဇာတ္ကားတြင္ Evil Queen ဇာတ္ေကာင္ကို သ႐ုပ္ေဆာင္ထားေသာ ဂယ္လ္ဂါေဒါ့တ္ႏွင့္အတူ သ႐ုပ္ေဆာင္ခဲ့ေသာ္လည္း အစၥေရး-ပါလက္စတိုင္းပဋိပကၡႏွင့္ပတ္သက္ၿပီး ယခုကဲ့သို႔ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းျဖစ္သည္။ Snow White ဇာတ္ကား၏ ပထမဆုံး trailer တရားဝင္ထြက္ရွိလာခဲ့ၿပီးေနာက္ သုံးရက္အၾကာတြင္ ေရခ်ယ္ဇက္လာ၏ ပါလက္စတိုင္းေထာက္ခံမႈႏွင့္ပတ္သက္သည့္ ပို႔စ္ထြက္ေပၚလာျခင္းျဖစ္ သည္။

ေရခ်ယ္ဇက္လာက “ပရိသတ္ေတြအားလုံးကို ကြၽန္မခ်စ္ပါတယ္။ ကြၽန္မတို႔ရဲ႕ Snow White ဇာတ္ကား trailer က (၂၄)နာရီအတြင္း ၾကည့္ရႈသူ သန္း(၁၂၀)ထိရွိခဲ့တဲ့အတြက္ အားလုံးကိုေက်းဇူးတင္ပါတယ္။ ၿပီးေတာ့ ပါလက္စတိုင္းလြတ္ေျမာက္ေရးကို အၿမဲသတိရေနပါ” ဟု ေရးသားခဲ့သည္။

အဆိုပါပို႔စ္ကို ၾကည့္ရႈသူသိန္းခ်ီရွိခဲ့ၿပီး like ေပးသူႏွင့္မွ်ေဝသူ ေထာင္ခ်ီရွိခဲ့ကာ ရာႏွင့္ခ်ီေသာ မွတ္ခ်က္ေပးမႈမ်ား ရွိခဲ့သည္။ X အသုံးျပဳသူတစ္ဦးက “ပါလက္စတိုင္းလူမ်ိဳးေတြနဲ႔အတူ ရပ္တည္ေပးတဲ့အတြက္ တကယ္ကို ေက်းဇူးတင္ပါတယ္” ဟု ေရးသားခဲ့သည္။

Related news

© 2021. All rights reserved.