ငွေကြေးဖောင်းပွမှုနှုန်းကို လျော့ကျစေရန်အတွက် ဗဟိုဘဏ်မှအတိုးနှုန်းများ ပြင်ဆင်သတ်မှတ်
1240
ယွန်း (NP News) - သြဂုတ် ၁၅
ငွေကြေးဖောင်းပွမှုနှုန်းကို အထိုက်အလျောက်လျော့ကျစေရန်အတွက် အတိုးနှုန်းများကို ပြင်ဆင်သတ်မှတ်လိုက်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သြဂုတ်(၁၄)ရက်နေ့တွင် အသိပေးထုတ်ပြန်ထားသည်။
ဗဟိုဘဏ်သည် ငွေကြေးဖောင်းပွမှုနှုန်းအား အထိုက်အလျောက်လျော့ကျစေရေး အပါအဝင် ပြည်သူများအနေဖြင့် ဘဏ်အပ်နှံငွေပေါ်မှ အတိုးဝင်ငွေပိုမိုရရှိစေရန်နှင့် ဘဏ်များ၏ ချေးငွေထုတ်ချေးနိုင်မှု ပိုမိုလာပြီး စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုစေရန်အတွက် ဘဏ်အတိုးနှုန်း၊ ဘဏ်များက အပ်ငွေများအပေါ်ပေးသည့် အတိုးနှုန်းနှင့် ချေးငွေများအပေါ်ကောက်ခံနိုင်သည့် အတိုးနှုန်းများကို ပြင်ဆင်သတ်မှတ်ခြင်းဖြစ်ကြောင်း သိရသည်။
ဗဟိုဘဏ်၏အတိုးနှုန်းအား လက်ရှိ ၇ ရာခိုင်နှုန်းမှ ၉ ရာခိုင်နှုန်းသို့ တိုးမြှင့်သတ်မှတ်လိုက်ပြီး ဘဏ်များက အပ်ငွေများအပေါ်ပေးရမည့် အနည်းဆုံးအတိုးနှုန်းကို ၇ ရာခိုင်နှုန်း နှင့် ချေးငွေများအားလုံးအတွက် ကောက်ခံနိုင်သည့် အများဆုံးအတိုးနှုန်းကို ၁၅ ရာခိုင်နှုန်းသတ်မှတ်လိုက်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် ဘဏ်များအနေဖြင့် မိမိတို့၏ အမြတ်ရနိုင်စွမ်းနှင့် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲနိုင်မှုအရ အပ်ငွေ နှင့် ချေးငွေအတိုးနှုန်းများအား ၇ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအတွင်း သတ်မှတ်ရန် ဗဟိုဘဏ်က ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
အလားတူ နိုင်ငံတော်၏မူဝါဒအရ လက်ရှိထုတ်ချေးပေးလျက်ရှိသည့် အထူးချေးငွေများ၏အတိုးနှုန်းများသည် ပြောင်းလဲမှုမရှိကြောင်းနှင့် ယခုအတိုးနှုန်းပြင်ဆင်ချက်သည် လာမည့် စက်တင်ဘာလ(၁)ရက်နေ့မှစ၍ အကျိုးသက်ရောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဆိုထားသည်။
လက်ရှိအချိန်တွင် ငွေကြေးဖောင်းပွမှုနှင့်အတူ ကုန်ဈေးနှုန်းကြီးမြင့်သည့် ပြဿနာသည်လည်း အရှိန်အဟုန်ဖြင့် ဖြစ်လာသည့်အတွက် ပြည်သူများအနေဖြင့် အခက်အခဲများဖြင့် ရင်ဆိုင်နေရသည်။
zawgyi version
ေငြေၾကးေဖာင္းပြမႈႏႈန္းကို ေလ်ာ့က်ေစရန္အတြက္ ဗဟိုဘဏ္မွအတိုးႏႈန္းမ်ား ျပင္ဆင္သတ္မွတ္
ယြန္း(NP News) - ၾသဂုတ္ ၁၅
ေငြေၾကးေဖာင္းပြမႈႏႈန္းကို အထိုက္အေလ်ာက္ေလ်ာ့က်ေစရန္အတြက္ အတိုးႏႈန္းမ်ားကို ျပင္ဆင္သတ္မွတ္လိုက္ေၾကာင္း ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္က ၾသဂုတ္(၁၄)ရက္ေန႔တြင္ အသိေပးထုတ္ျပန္ထားသည္။
ဗဟိုဘဏ္သည္ ေငြေၾကးေဖာင္းပြမႈႏႈန္းအား အထိုက္အေလ်ာက္ေလ်ာ့က်ေစေရး အပါအဝင္ ျပည္သူမ်ားအေနျဖင့္ ဘဏ္အပ္ႏွံေငြေပၚမွ အတိုးဝင္ေငြပိုမိုရရွိေစရန္ႏွင့္ ဘဏ္မ်ား၏ ေခ်းေငြထုတ္ေခ်းႏိုင္မႈ ပိုမိုလာၿပီး စီးပြားေရးတိုးတက္မႈကို အေထာက္အကူျပဳေစရန္အတြက္ ဘဏ္အတိုးႏႈန္း၊ ဘဏ္မ်ားက အပ္ေငြမ်ားအေပၚေပးသည့္ အတိုးႏႈန္းႏွင့္ ေခ်းေငြမ်ားအေပၚေကာက္ခံႏိုင္သည့္ အတိုးႏႈန္းမ်ားကို ျပင္ဆင္သတ္မွတ္ျခင္းျဖစ္ေၾကာင္း သိရသည္။
ဗဟိုဘဏ္၏အတိုးႏႈန္းအား လက္ရွိ ၇ ရာခိုင္ႏႈန္းမွ ၉ ရာခိုင္ႏႈန္းသို႔ တိုးျမႇင့္သတ္မွတ္လိုက္ၿပီး ဘဏ္မ်ားက အပ္ေငြမ်ားအေပၚေပးရမည့္ အနည္းဆုံးအတိုးႏႈန္းကို ၇ ရာခိုင္ႏႈန္း ႏွင့္ ေခ်းေငြမ်ားအားလုံးအတြက္ ေကာက္ခံႏိုင္သည့္ အမ်ားဆုံးအတိုးႏႈန္းကို ၁၅ ရာခိုင္ႏႈန္းသတ္မွတ္လိုက္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ထို႔ျပင္ ဘဏ္မ်ားအေနျဖင့္ မိမိတို႔၏ အျမတ္ရႏိုင္စြမ္းႏွင့္ ဆုံးရႈံးႏိုင္ေျခစီမံခန႔္ခြဲႏိုင္မႈအရ အပ္ေငြ ႏွင့္ ေခ်းေငြအတိုးႏႈန္းမ်ားအား ၇ ရာခိုင္ႏႈန္းမွ ၁၅ ရာခိုင္ႏႈန္းအတြင္း သတ္မွတ္ရန္ ဗဟိုဘဏ္က ထုတ္ျပန္ခ်က္တြင္ ထည့္သြင္းေဖာ္ျပထားသည္။
အလားတူ ႏိုင္ငံေတာ္၏မူဝါဒအရ လက္ရွိထုတ္ေခ်းေပးလ်က္ရွိသည့္ အထူးေခ်းေငြမ်ား၏အတိုးႏႈန္းမ်ားသည္ ေျပာင္းလဲမႈမရွိေၾကာင္းႏွင့္ ယခုအတိုးႏႈန္းျပင္ဆင္ခ်က္သည္ လာမည့္ စက္တင္ဘာလ(၁)ရက္ေန႔မွစ၍ အက်ိဳးသက္ေရာက္မည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က ဆိုထားသည္။
လက္ရွိအခ်ိန္တြင္ ေငြေၾကးေဖာင္းပြမႈႏွင့္အတူ ကုန္ေဈးႏႈန္းႀကီးျမင့္သည့္ ျပႆနာသည္လည္း အရွိန္အဟုန္ျဖင့္ ျဖစ္လာသည့္အတြက္ ျပည္သူမ်ားအေနျဖင့္ အခက္အခဲမ်ားျဖင့္ ရင္ဆိုင္ေနရသည္။