ယာဉ်မောင်းများအိပ်ပျော်သွားခြင်းမှကာကွယ်ရန် လေဆာရောင်စုံအလင်းတန်းများ တရုတ်တို့စမ်းသပ်အသုံးပြုနေ
569
Pika (NP News) - ဩဂုတ် ၁၅
တရုတ်နိုင်ငံရှိ အာဏာပိုင်များသည် ကားလမ်းများတွင် ယာဉ်မောင်းများ အိပ်ပျော်သွားခြင်းမှ ကာကွယ်ရန်ကြိုးပမ်းမှုအဖြစ် အားကောင်းသောလေဆာ ရောင်စုံမီးများ တပ်ဆင်မှုများကို စမ်းသပ်နေကြောင်း သတင်းများ အရသိရသည်။
ပြီးခဲ့သည့်နှစ်တွင် တရုတ်နိုင်ငံရှိ ကားလမ်းဆိုင်းဘုတ်များမှ ရောင်စုံ လေဆာမီးအလင်းတန်းများ ထွက်ပေါ်နေသည်ကို ပြသသည့် ဗီဒီယိုဖိုင်များ ဆိုရှယ်မီဒီယာပေါ်တွင် ပျံ့နှံ့လာခဲ့ပြီးနောက် လူအများထံမှ မေးခွန်း ထုတ်မှု များရှိခဲ့ကြောင်းသိရသည်။ ကားလမ်းဆိုင်းဘုတ်များပေါ်မှာ ရောင်စုံမီးအလင်းတန်းများထွက်ပေါ်နေခြင်းသည် အထူးသဖြင့် ထရပ်ကားယာဉ်မောင်းများ အိပ်ပျော်သွားခြင်းမှ ကာကွယ်ရန် ကြိုးပမ်းမှုတစ်ခု ဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါလေဆာရောင် စုံမီးအလင်းတန်းများထွက်ပေါ်နေသည့် ဗီဒီယိုဖိုင်ကို ကီလိုမီတာ(၁၆၀ဝ)ရှည်သော Qingdao–Yinchuan အဝေးပြေးလမ်းမကြီးတွင် ရိုက်ကူးခဲ့ခြင်း ဖြစ်ပြီး Yinchuan မြို့မှ Qingdao မြို့သို့ သွားနေသော ထရပ်ကားကြီးများအတွက် အဓိကအသုံး ပြုခြင်းမျိုးဖြစ်ကြောင်း သတင်းများအရသိရသည်။ ဗီဒီယိုဖိုင်ကိုရိုက်ကူးခဲ့သူ အမျိုးသားတစ်ဦးက ‘‘ဒီလေ ဆာရောင်စုံမီးအလင်းတန်းတွေဟာ ကျွန်တော့်ကို ပြန်လည်လန်းဆန်းလာစေပြီး ညအချိန် မှာ ပင်ပန်း နွမ်းနယ်မှုတွေကို လျှော့ချပေးပါတယ်။”ဟုပြောဆိုခဲ့သည်။ သို့သော်လည်း ပုံမှန်မဟုတ်သော လေဆာ ရောင်စုံ မီးအလင်းတန်းများကို ယာဉ်မောင်းအချို့က ပြစ်တင်ဝေဖန်မှုများရှိနေကြောင်းသိရသည်။ အဆိုပါလေဆာ ရောင်စုံမီးအလင်းတန်းများသည် စူးရှလွန်း ကာယာဉ်မောင်းများကို နိုးကြားစေခြင်းထက် မျက်စိအမြင်များကို ရှုပ်ထွေး စေကြောင်း ပြောဆိုမှုများ လည်းရှိခဲ့သည်။
လူတစ်ဦးက ‘‘ဒီရောင်စုံမီးအလင်းတန်းတွေဟာ ကျွန်တော်တို့ စိတ်အနှောင့် အယှက်ဖြစ် စေပါတယ်။ ဒီအလင်းတန်းတွေနဲ့ ကျွန်တော်တို့ ရင်းနှီးသွားရင် အိပ်ပျော်သွားစေတာမျိုးတွေ ဖြစ်လာ နိုင်ပါတယ်’’ဟုပြောဆိုခဲ့သည်။ အခြားလူတစ်ဦးက ‘‘ယာဉ်မောင်းတွေရဲ့အမြင်ကို နှောင့်ယှက်တဲ့ ဒီဥာဏ်ကြီးရှင်အတွေးအခေါ်ကို ဘယ်သူက တွေးမိခဲ့လဲဆိုတာ ကျွန်တော်မသိပါဘူး။ ဒီအလင်းတန်းတွေ ကြောင့် (၅)စက္ကန့်လောက်အတွင်းမှာပဲ ကျွန်တော် အခြားယာဉ်တစ်စီးကို တိုက်မိပါလိမ့်မယ်’’ဟုပြောဆိုခဲ့သည်။
zawgyi version
ယာဥ္ေမာင္းမ်ားအိပ္ေပ်ာ္သြားျခင္းမွကာကြယ္ရန္ ေလဆာေရာင္စုံအလင္း တန္းမ်ား တ႐ုတ္တို႔စမ္းသပ္အသုံးျပဳေန
Pika (NP News) - ဩဂုတ္ ၁၅
တ႐ုတ္ႏိုင္ငံရွိ အာဏာပိုင္မ်ားသည္ ကားလမ္းမ်ားတြင္ ယာဥ္ေမာင္းမ်ား အိပ္ေပ်ာ္သြားျခင္းမွ ကာကြယ္ရန္ႀကိဳးပမ္းမႈအျဖစ္ အားေကာင္းေသာေလဆာ ေရာင္စုံမီးမ်ား တပ္ဆင္မႈမ်ားကို စမ္းသပ္ေနေၾကာင္း သတင္းမ်ား အရသိရသည္။
ၿပီးခဲ့သည့္ႏွစ္တြင္ တ႐ုတ္ႏိုင္ငံရွိ ကားလမ္းဆိုင္းဘုတ္မ်ားမွ ေရာင္စုံ ေလဆာမီးအလင္းတန္းမ်ား ထြက္ေပၚေနသည္ကို ျပသသည့္ ဗီဒီယိုဖိုင္မ်ား ဆိုရွယ္မီဒီယာေပၚတြင္ ပ်ံ႕ႏွံ႔လာခဲ့ၿပီးေနာက္ လူအမ်ားထံမွ ေမးခြန္း ထုတ္မႈ မ်ားရွိခဲ့ေၾကာင္းသိရသည္။ ကားလမ္းဆိုင္းဘုတ္မ်ားေပၚမွာ ေရာင္စုံမီးအလင္းတန္းမ်ားထြက္ေပၚေနျခင္းသည္ အထူးသျဖင့္ ထရပ္ကားယာဥ္ေမာင္းမ်ား အိပ္ေပ်ာ္သြားျခင္းမွ ကာကြယ္ရန္ ႀကိဳးပမ္းမႈတစ္ခု ျဖစ္ေၾကာင္းလည္း သိရသည္။
အဆိုပါေလဆာေရာင္ စုံမီးအလင္းတန္းမ်ားထြက္ေပၚေနသည့္ ဗီဒီယိုဖိုင္ကို ကီလိုမီတာ(၁၆၀ဝ)ရွည္ေသာ Qingdao–Yinchuan အေဝးေျပးလမ္းမႀကီးတြင္ ႐ိုက္ကူးခဲ့ျခင္း ျဖစ္ၿပီး Yinchuan ၿမိဳ႕မွ Qingdao ၿမိဳ႕သို႔ သြားေနေသာ ထရပ္ကားႀကီးမ်ားအတြက္ အဓိကအသုံး ျပဳျခင္းမ်ိဳးျဖစ္ေၾကာင္း သတင္းမ်ားအရသိရသည္။ ဗီဒီယိုဖိုင္ကို႐ိုက္ကူးခဲ့သူ အမ်ိဳးသားတစ္ဦးက ‘‘ဒီေလ ဆာေရာင္စုံမီးအလင္းတန္းေတြဟာ ကြၽန္ေတာ့္ကို ျပန္လည္လန္းဆန္းလာေစၿပီး ညအခ်ိန္ မွာ ပင္ပန္း ႏြမ္းနယ္မႈေတြကို ေလွ်ာ့ခ်ေပးပါတယ္။”ဟုေျပာဆိုခဲ့သည္။ သို႔ေသာ္လည္း ပုံမွန္မဟုတ္ေသာ ေလဆာ ေရာင္စုံ မီးအလင္းတန္းမ်ားကို ယာဥ္ေမာင္းအခ်ိဳ႕က ျပစ္တင္ေဝဖန္မႈမ်ားရွိေနေၾကာင္းသိရသည္။ အဆိုပါေလဆာ ေရာင္စုံမီးအလင္းတန္းမ်ားသည္ စူးရွလြန္း ကာယာဥ္ေမာင္းမ်ားကို ႏိုးၾကားေစျခင္းထက္ မ်က္စိအျမင္မ်ားကို ရႈပ္ေထြး ေစေၾကာင္း ေျပာဆိုမႈမ်ား လည္းရွိခဲ့သည္။
လူတစ္ဦးက ‘‘ဒီေရာင္စုံမီးအလင္းတန္းေတြဟာ ကြၽန္ေတာ္တို႔ စိတ္အေႏွာင့္ အယွက္ျဖစ္ ေစပါတယ္။ ဒီအလင္းတန္းေတြနဲ႔ ကြၽန္ေတာ္တို႔ ရင္းႏွီးသြားရင္ အိပ္ေပ်ာ္သြားေစတာမ်ိဳးေတြ ျဖစ္လာ ႏိုင္ပါတယ္’’ဟုေျပာဆိုခဲ့သည္။ အျခားလူတစ္ဦးက ‘‘ယာဥ္ေမာင္းေတြရဲ႕အျမင္ကို ေႏွာင့္ယွက္တဲ့ ဒီဥာဏ္ႀကီးရွင္အေတြးအေခၚကို ဘယ္သူက ေတြးမိခဲ့လဲဆိုတာ ကြၽန္ေတာ္မသိပါဘူး။ ဒီအလင္းတန္းေတြ ေၾကာင့္ (၅)စကၠန႔္ေလာက္အတြင္းမွာပဲ ကြၽန္ေတာ္ အျခားယာဥ္တစ္စီးကို တိုက္မိပါလိမ့္မယ္’’ဟုေျပာဆိုခဲ့သည္။