မြန်မာနိုင်ငံ၏ လေကြောင်းဈေးကွက်အတွင်း ပထမဆုံး Service Center ဖြစ်သည့် Shoppe by MAI ကို ဖွင့်လှစ်
2444
ယွန်း(NP News) – ဩဂုတ် ၁၅
မြန်မာနိုင်ငံ၏ လေကြောင်းဈေးကွက်အတွင်း ပထမဆုံး Service Center ဖြစ်သည့် Shoppe by MAI ကို ရန်ကုန်မြို့၊ လှိုင်မြို့နယ်အတွင်းရှိ International Business Center(IBC) ၌ ယနေ့ (ဩဂုတ်လ ၁၅ ရက်)တွင် စတင်ဖွင့်လှစ်ခဲ့သည်။
Shoppe by MAI သည် လက်မှတ်လာရောက်ဝယ်ယူကြမည့် ခရီးသည်များအတွက် လေကြောင်းလိုင်းများနှင့် ပတ်သက်သည့် ဝန်ဆောင်မှုအားလုံးကို တစ်နေရာထဲတွင် စုစည်းရရှိနိုင်မည့် Service Center တစ်ခုဖြစ်ကြောင်း သိရသည်။
Shoppe by MAI တွင် MAI ၏ မိတ်ဖက်ပါတနာများဖြစ်သည့် uab Bank Miracle Café & Lounge တို့ပါဝင်ပြီး မြန်မာနိုင်ငံ၏ လေကြောင်းကဏ္ဍ ဈေးကွက်အတွင်း ပထမဆုံး Service Center ဖြစ်ကြောင်း MAI & Mingalar ၏ Chief Executive Officer ဖြစ်သူ Mr. Tanes Kumar က ဆိုသည်။
“Shoppe by MAI မှာဆိုရင် ကျွန်တော်တို့ရဲ့ ပါတနာတွေဖြစ်တဲ့ uab Bank Miracle Café & Lounge တို့လည်း အတူပါဝင် ဖွင့်လှစ်ထားတဲ့အတွက် ခရီးသည်တွေ ဝန်ဆောင်မှုအမျိုးမျိုးကို တစ်နေရာထဲမှာ ပေးအပ်သွားနိုင်မည့် သာမန် Service Center တစ်ခုထက်ပိုသာတဲ့နေရာတစ်ခုဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့ လေကြောင်းကဏ္ဍဈေးကွက်အတွင်းမှာ ဒီလို Service Center က ပထမဆုံးလို့ ပြောရမှာပါ” ဟု Mr. Tanes Kumar က ပြောသည်။
ခရီးသည်များအနေဖြင့် အဆိုပါ IBC ရှိ Shoppe by MAI တွင် အစိုးရရုံးပိတ်ရက်များ အပါအဝင် နေ့စဥ် နံနက်(၉)နာရီမှ ညနေ(၅)နာရီအတွင်း လာရောက် ဝယ်ယူနိုင်ကြောင်း သိရသည်။
ထို့ပြင် ခရီးသွားလာမှုများသည့် နေရာများတွင်လည်း Shoppe by MAI ကဲ့သို့ Service Center များကို ဖွင့်လှစ်သွားရန်လည်း စီစဥ်လျက်ရှိကြောင်း သိရသည်။
MAI အနေဖြင့် ရန်ကုန် နှင့် မန္တလေးမြို့တို့မှအခြေပြုကာ မြန်မာနိုင်ငံအပါအဝင် ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ တရုတ်၊ အိန္ဒိယ၊ အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ တောင်ကိုရီးယား၊ ရုရှားနှင့် လာအိုနိုင်ငံများရှိ မြို့ပေါင်း ၃၆ မြို့သို့ တိုက်ရိုက် ခရီးစဥ်များကို Airbus A320 ၆ စီး၊ Embraer E190 ၂ စီး၊ ATR72-600 ၄ စီးနှင့် Boeing 737 freighter ၁ စီးတို့ဖြင့် ပျံသန်းပြေးဆွဲလျက်ရှိကြောင်း သိရသည်။
ထို့ပြင် ယခုနှစ်ကုန်တွင် ကာတာနိုင်ငံ၊ ဒိုဟာမြို့နှင့် ဘင်္ဂလားဒေ့(ရှ်)နိုင်ငံ၊ ဒါကာမြို့များ အပါအဝင် ပြည်တွင်းပြည်ပခရီးစဥ် စုစုပေါင်း ၄၁ ခုအထိ ပြေးဆွဲသွားရန် စီစဥ်ထားကြောင်း သိရသည်။
zawgyi version
ျမန္မာႏိုင္ငံ၏ ေလေၾကာင္းေဈးကြက္အတြင္း ပထမဆုံး Service Center ျဖစ္သည့္ Shoppe by MAI ကို ဖြင့္လွစ္
ယြန္း(NP News) – ဩဂုတ် ၁၅
ျမန္မာႏိုင္ငံ၏ ေလေၾကာင္းေဈးကြက္အတြင္း ပထမဆုံး Service Center ျဖစ္သည့္ Shoppe by MAI ကို ရန္ကုန္ၿမိဳ႕၊ လႈိင္ၿမိဳ႕နယ္အတြင္းရွိ International Business Center(IBC) ၌ ယေန႔ (ဩဂုတ္လ ၁၅ ရက္)တြင္ စတင္ဖြင့္လွစ္ခဲ့သည္။
Shoppe by MAI သည္ လက္မွတ္လာေရာက္ဝယ္ယူၾကမည့္ ခရီးသည္မ်ားအတြက္ ေလေၾကာင္းလိုင္းမ်ားႏွင့္ ပတ္သက္သည့္ ဝန္ေဆာင္မႈအားလုံးကို တစ္ေနရာထဲတြင္ စုစည္းရရွိႏိုင္မည့္ Service Center တစ္ခုျဖစ္ေၾကာင္း သိရသည္။
Shoppe by MAI တြင္ MAI ၏ မိတ္ဖက္ပါတနာမ်ားျဖစ္သည့္ uab Bank Miracle Café & Lounge တို႔ပါဝင္ၿပီး ျမန္မာႏိုင္ငံ၏ ေလေၾကာင္းက႑ ေဈးကြက္အတြင္း ပထမဆုံး Service Center ျဖစ္ေၾကာင္း MAI & Mingalar ၏ Chief Executive Officer ျဖစ္သူ Mr. Tanes Kumar က ဆိုသည္။
“Shoppe by MAI မွာဆိုရင္ ကြၽန္ေတာ္တို႔ရဲ႕ ပါတနာေတြျဖစ္တဲ့ uab Bank Miracle Café & Lounge တို႔လည္း အတူပါဝင္ ဖြင့္လွစ္ထားတဲ့အတြက္ ခရီးသည္ေတြ ဝန္ေဆာင္မႈအမ်ိဳးမ်ိဳးကို တစ္ေနရာထဲမွာ ေပးအပ္သြားႏိုင္မည့္ သာမန္ Service Center တစ္ခုထက္ပိုသာတဲ့ေနရာတစ္ခုျဖစ္ပါတယ္။ျမန္မာႏိုင္ငံရဲ႕ ေလေၾကာင္းက႑ေဈးကြက္အတြင္းမွာ ဒီလို Service Center က ပထမဆုံးလို႔ ေျပာရမွာပါ” ဟု Mr. Tanes Kumar က ေျပာသည္။
ခရီးသည္မ်ားအေနျဖင့္ အဆိုပါ IBC ရွိ Shoppe by MAI တြင္ အစိုးရ႐ုံးပိတ္ရက္မ်ား အပါအဝင္ ေန႔စဥ္ နံနက္(၉)နာရီမွ ညေန(၅)နာရီအတြင္း လာေရာက္ ဝယ္ယူႏိုင္ေၾကာင္း သိရသည္။
ထို႔ျပင္ ခရီးသြားလာမႈမ်ားသည့္ ေနရာမ်ားတြင္လည္း Shoppe by MAI ကဲ့သို႔ Service Center မ်ားကို ဖြင့္လွစ္သြားရန္လည္း စီစဥ္လ်က္ရွိေၾကာင္း သိရသည္။
MAI အေနျဖင့္ ရန္ကုန္ ႏွင့္ မႏၲေလးၿမိဳ႕တို႔မွအေျချပဳကာ ျမန္မာႏိုင္ငံအပါအဝင္ ထိုင္း၊ စင္ကာပူ၊ မေလးရွား၊ တ႐ုတ္၊ အိႏၵိယ၊ အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စု(ယူေအအီး)၊ ကေမာၻဒီးယား၊ ဗီယက္နမ္၊ ေတာင္ကိုရီးယား၊ ႐ုရွားႏွင့္ လာအိုႏိုင္ငံမ်ားရွိ ၿမိဳ႕ေပါင္း ၃၆ ၿမိဳ႕သို႔ တိုက္႐ိုက္ ခရီးစဥ္မ်ားကို Airbus A320 ၆ စီး၊ Embraer E190 ၂ စီး၊ ATR72-600 ၄ စီးႏွင့္ Boeing 737 freighter ၁ စီးတို႔ျဖင့္ ပ်ံသန္းေျပးဆြဲလ်က္ရွိေၾကာင္း သိရသည္။
ထို႔ျပင္ ယခုႏွစ္ကုန္တြင္ ကာတာႏိုင္ငံ၊ ဒိုဟာၿမိဳ႕ႏွင့္ ဘဂၤလားေဒ့(ရွ္)ႏိုင္ငံ၊ ဒါကာၿမိဳ႕မ်ား အပါအဝင္ ျပည္တြင္းျပည္ပခရီးစဥ္ စုစုေပါင္း ၄၁ ခုအထိ ေျပးဆြဲသြားရန္ စီစဥ္ထားေၾကာင္း သိရသည္။