တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် မြင်းခြံမြို့ရှိ လျှပ်စစ်ဓါတ်အားပေးစက်ရုံကို ယာယီပိတ်သိမ်းခဲ့ဟု စင်ကာပူကုမ္ပဏီပြော
1066
ဂျန်ဇက် (NP News) - ဩဂုတ် ၁၅
မြင်းခြံမြို့တွင်လုပ်ကိုင်နေသည့် လျှပ်စစ်ဓါတ်အားပေးစက်ရုံကို ယာယီပိတ်ထားလိုက်ကြောင်း စင်ကာပူအခြေစိုက် Sembcorp Industries စီးပွားရေးလုပ်ငန်းစုက သတင်းထုတ်ပြန်လိုက်သည်။
မန္တလေးမြိုတွင်တိုက်ပွဲများဖြစ်လာနေခြင်းကြောင့် Sembcorp သည် မြင်းခြံမြို့ရှိ ဓါတ်အားပေးစက်ရုံကို ပိတ်သိမ်းရခြင်းဖြစ်ကြောင်း၊ အဆိုပါဓါတ်အားပေးစက်ရုံသည် ၂၂၅ မဂ္ဂါဝပ်ထုတ်လုပ်နိုင်မည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံဖြစ်ကြောင်း သိရသည်။ မြင်းခြံမြိုတွင် ပြီးခဲ့သောရက်ပိုင်းအတွင်း မတည်ငြိမ်မှုများဖြစ်လာသည့်အတွက် စက်ရုံကို ယာယိပိတ်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း စင်ကာပူအခြေစိုက်ကုမ္ပဏီကသတင်းထုတ်ပြန်ထားသည်။
စင်ကာပူအခြေစိုက် ကုမ္ပဏီက "အခြေအနေတွေ ဘေးကင်းမယ်ဆိုရင် စက်ရုံပြန်လည်ဖွင့်လှစ်သွားဖို စီစဉ်ထားတယ်"ဟု ပြောသည်။ အဆိုပါ ကုမ္ပဏီသည် စင်ကာပူအစိုးရ ပိုင်ဆိုင်သော Temasek ကုမ္ပဏီ၏ အဓိကရင်းနှီးမြှုပ်နှံမှုကို ရရှိထားသည့် ကုမ္ပဏီဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဂျပန်နိုင်ငံအခြေစိုက် Unicharm ကလည်း ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံအတွင်းလုပ်ကိုင်နေသည့် ၎င်းတိုကုမ္ပဏီနှင့်ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏကို လျှော့ချသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
zawgyi version
တိုက္ပြဲမ်ားျဖစ္ပြားေနျခင္းေၾကာင့္ ျမင္းၿခံၿမိဳ႕ရွိ လွ်ပ္စစ္ဓါတ္အားေပးစက္႐ုံကို ယာယီပိတ္သိမ္းခဲ့ဟု စင္ကာပူကုမၸဏီေျပာ
ဂ်န္ဇက္ (NP News) - ဩဂုတ္ ၁၅
ျမင္းၿခံၿမိဳ႕တြင္လုပ္ကိုင္ေနသည့္ လွ်ပ္စစ္ဓါတ္အားေပးစက္႐ုံကို ယာယီပိတ္ထားလိုက္ေၾကာင္း စင္ကာပူအေျခစိုက္ Sembcorp Industries စီးပြားေရးလုပ္ငန္းစုက သတင္းထုတ္ျပန္လိုက္သည္။
မႏၲေလးၿမိဳတြင္တိုက္ပြဲမ်ားျဖစ္လာေနျခင္းေၾကာင့္ Sembcorp သည္ ျမင္းၿခံၿမိဳ႕ရွိ ဓါတ္အားေပးစက္႐ုံကို ပိတ္သိမ္းရျခင္းျဖစ္ေၾကာင္း၊ အဆိုပါဓါတ္အားေပးစက္႐ုံသည္ ၂၂၅ မဂၢါဝပ္ထုတ္လုပ္ႏိုင္မည့္ ေက်ာက္မီးေသြးသုံး လွ်ပ္စစ္ဓါတ္အားေပးစက္႐ုံျဖစ္ေၾကာင္း သိရသည္။ ျမင္းၿခံၿမိဳတြင္ ၿပီးခဲ့ေသာရက္ပိုင္းအတြင္း မတည္ၿငိမ္မႈမ်ားျဖစ္လာသည့္အတြက္ စက္႐ုံကို ယာယိပိတ္သိမ္းရန္ ဆုံးျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း စင္ကာပူအေျခစိုက္ကုမၸဏီကသတင္းထုတ္ျပန္ထားသည္။
စင္ကာပူအေျခစိုက္ ကုမၸဏီက "အေျခအေနေတြ ေဘးကင္းမယ္ဆိုရင္ စက္႐ုံျပန္လည္ဖြင့္လွစ္သြားဖို စီစဥ္ထားတယ္"ဟု ေျပာသည္။ အဆိုပါ ကုမၸဏီသည္ စင္ကာပူအစိုးရ ပိုင္ဆိုင္ေသာ Temasek ကုမၸဏီ၏ အဓိကရင္းႏွီးျမႇဳပ္ႏွံမႈကို ရရွိထားသည့္ ကုမၸဏီျဖစ္ေၾကာင္း သိရသည္။ ထို႔ျပင္ ဂ်ပန္ႏိုင္ငံအေျခစိုက္ Unicharm ကလည္း ၎တို႔အေနျဖင့္ ျမန္မာႏိုင္ငံအတြင္းလုပ္ကိုင္ေနသည့္ ၎တိုကုမၸဏီႏွင့္ပတ္သက္ၿပီး ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏကို ေလွ်ာ့ခ်သြားမည္ျဖစ္ေၾကာင္း သတင္းထုတ္ျပန္ထားသည္။