အချိန်ကြာမြင့်စွာ စက်သုံးဆီတန်းစီရခြင်းကြောင့် အမျိုးသားတစ်ဦး ရုတ်တရက်မူးလဲကျသည့်ဖြစ်စဉ် ပြည်မြို့၌ ဖြစ်ပွား
3592
သန့်ဇင် (NP News) - ဩဂုတ် ၁၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင် အချိန်ကြာမြင့်စွာ စက်သုံးဆီတန်းစီရခြင်းကြောင့် အမျိုးသားတစ်ဦး ရုတ်တရက်မူးလဲကျမှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)ပရဟိတပါရမီထံမှ သိရသည်။
အဆိုပါအမျိုးသားမှာ ယမန်နေ့(ဩဂုတ်လ ၁၄ ရက်)၊ နံနက် ၁၀နာရီအချိန်ခန့်က ပြည်မြို့၊ နဝဒေးလမ်း၊ PT Power ဆီဆိုင်အနီးတွင် စက်သုံးစီတန်းစီနေစဉ် ရုတ်တရက်မူးလဲကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မနေ့က မနက်ပိုင်းမှာဖြစ်တာပါ။ PT Power ဆီဆိုင်မှာ ဆိုင်ကယ်နဲ့တစ်နာရီလောက် ဆီတန်းစီရင်းနဲ့ မူးလဲတာ။ အဲဒီကလေးက ကိုယ်ခံ အားမ ကောင်းလို့ အရင်နေ့ညတည်းက ဆေးသောက်ထားရတယ်။ အဲဒါနဲ့ မနက်ပိုင်းဆီတန်းစီတော့ ကိုယ်ခံအားနည်းပြီးမူးလဲသွားတာ။ ခဏလေးပါပဲ။ ကျွန်တော်တို့ ရောက်တော့ သက်သာသွားပါတယ်”ဟု မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)ပရဟိတပါရမီမှ တာဝန် ရှိသူတစ်ဦးက NP News ကို ပြောသည်။
ပြည်မြို့တွင် ပြီးခဲ့သည့်ရက်ပိုင်းမှစတင်ကာ လက်ရှိအချိန်ထိ စက်သုံးဆီဝယ်ယူရာ၌ အကန့်အသက်ရှိသည့်အတွက် ဒေသခံများမှာ နီးစပ်ရာစက်သုံးဆီ ဆိုင်များတွင် တန်းစီတိုးဝှေ့ဝယ်ယူနေရကြောင်း သိရသည်။ “အရင်နေ့ကလည်း တန်းစီဝယ်နေရတယ်။ ဒီနေ့တော့ ဝယ်လို့မရသေးဘူးကြားတယ်။ မနက်ဖြန်တော့ ရမယ်လို့ပြောတာပဲ။ အပြင်ဆိုင်တွေမှာတော့ 92 တစ်လီတာကို ကျပ်၂၈၀၀ ကနေ ၃၃၀၀ ထိပေးဝယ်ရတယ်”ဟု ပြည်မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။
လက်ရှိတွင် ရန်ကုန်မြို့အပါအဝင် နိုင်ငံတစ်ဝန်းရှိအခြားမြို့များ၌ စက်သုံးဆီဆိုင်များတွင် အကန့်အသတ်ဖြင့်ရောင်းချနေရသည့်အတွက် ဒေသခံများမှာ အချိန်ကြာမြင့်စွာ တန်းစီဝယ်နေရသည့်အတွက် အခက်အခဲများစွာဖြစ်ပေါ် နေကြောင်း သိရသည်။
zawgyi version
အခ်ိန္ၾကာျမင့္စြာ စက္သုံးဆီတန္းစီရျခင္းေၾကာင့္ အမ်ိဳးသားတစ္ဦး ႐ုတ္တရက္မူးလဲက်သည့္ျဖစ္စဥ္ ျပည္ၿမိဳ႕၌ ျဖစ္ပြား
သန႔္ဇင္ (NP News) - ဩဂုတ္ ၁၅
ပဲခူးတိုင္းေဒသႀကီး၊ ျပည္ၿမိဳ႕တြင္ အခ်ိန္ၾကာျမင့္စြာ စက္သုံးဆီတန္းစီရျခင္းေၾကာင့္ အမ်ိဳးသားတစ္ဦး ႐ုတ္တရက္မူးလဲက်မႈ ျဖစ္ပြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံ လူမႈကယ္ဆယ္ေရးအဖြဲ႕(ျပည္)ပရဟိတပါရမီထံမွ သိရသည္။
အဆိုပါအမ်ိဳးသားမွာ ယမန္ေန႔(ဩဂုတ္လ ၁၄ ရက္)၊ နံနက္ ၁၀နာရီအခ်ိန္ခန႔္က ျပည္ၿမိဳ႕၊ နဝေဒးလမ္း၊ PT Power ဆီဆိုင္အနီးတြင္ စက္သုံးစီတန္းစီေနစဥ္ ႐ုတ္တရက္မူးလဲက်မႈျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“မေန႔က မနက္ပိုင္းမွာျဖစ္တာပါ။ PT Power ဆီဆိုင္မွာ ဆိုင္ကယ္နဲ႔တစ္နာရီေလာက္ ဆီတန္းစီရင္းနဲ႔ မူးလဲတာ။ အဲဒီကေလးက ကိုယ္ခံ အားမ ေကာင္းလို႔ အရင္ေန႔ညတည္းက ေဆးေသာက္ထားရတယ္။ အဲဒါနဲ႔ မနက္ပိုင္းဆီတန္းစီေတာ့ ကိုယ္ခံအားနည္းၿပီးမူးလဲသြားတာ။ ခဏေလးပါပဲ။ ကြၽန္ေတာ္တို႔ ေရာက္ေတာ့ သက္သာသြားပါတယ္”ဟု ျမန္မာႏိုင္ငံ လူမႈကယ္ဆယ္ေရးအဖြဲ႕(ျပည္)ပရဟိတပါရမီမွ တာဝန္ ရွိသူတစ္ဦးက NP News ကို ေျပာသည္။
ျပည္ၿမိဳ႕တြင္ ၿပီးခဲ့သည့္ရက္ပိုင္းမွစတင္ကာ လက္ရွိအခ်ိန္ထိ စက္သုံးဆီဝယ္ယူရာ၌ အကန႔္အသက္ရွိသည့္အတြက္ ေဒသခံမ်ားမွာ နီးစပ္ရာစက္သုံးဆီ ဆိုင္မ်ားတြင္ တန္းစီတိုးေဝွ႔ဝယ္ယူေနရေၾကာင္း သိရသည္။ “အရင္ေန႔ကလည္း တန္းစီဝယ္ေနရတယ္။ ဒီေန႔ေတာ့ ဝယ္လို႔မရေသးဘူးၾကားတယ္။ မနက္ျဖန္ေတာ့ ရမယ္လို႔ေျပာတာပဲ။ အျပင္ဆိုင္ေတြမွာေတာ့ 92 တစ္လီတာကို က်ပ္၂၈၀၀ ကေန ၃၃၀၀ ထိေပးဝယ္ရတယ္”ဟု ျပည္ၿမိဳ႕ခံအမ်ိဳးသမီးတစ္ဦးက ေျပာသည္။
လက္ရွိတြင္ ရန္ကုန္ၿမိဳ႕အပါအဝင္ ႏိုင္ငံတစ္ဝန္းရွိအျခားၿမိဳ႕မ်ား၌ စက္သုံးဆီဆိုင္မ်ားတြင္ အကန္႔အသတ္ျဖင့္ေရာင္းခ်ေနရသည့္အတြက္ ေဒသခံမ်ားမွာ အခ်ိန္ၾကာျမင့္စြာ တန္းစီဝယ္ေနရသည့္အတြက္ အခက္အခဲမ်ားစြာျဖစ္ေပၚ ေနေၾကာင္း သိရသည္။