လမ်းစည်းကမ်းဖောက်ဖျက်မှုနဲ့ စုံစမ်းစစ်ဆေးခံနေရတဲ့ BTS အဖွဲ့ဝင် SUGA
751
Pika (NP News) - ဩဂုတ် ၁၆
တောင်ကိုရီးယားနာမည်ကျော်အမျိုးသားအဆိုတော်အဖွဲ့ BTS ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ SUGA သည် အရက်သောက်ကာ လျှပ်စစ်စကူတာစီးခဲ့ခြင်းကြောင့် စုံစမ်းစစ်ဆေးမှုများကို ခံနေရကြောင်းသိရသည်။
လက်ရှိအချိန်တွင် Seoul Yongsan ရဲစခန်းက SUGA ကို လမ်းစည်းကမ်းဖောက်ဖျက်မှု (မူးပြီးမောင်းနှင်မှု)စွဲချက်ဖြင့် စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ် ဆောင်နေကြောင်း ဩဂုတ်လ(၇)ရက်နေ့တွင့်သည့ စေသတင်းအေဂျင်စီ၏ဖော်ပြချက် အရသိရသည်။
ဩဂုတ်လ(၆)ရက်နေ့က SUGA သည် အရက်သောက်ခဲ့ပြီးနောက် Yongsan ခရိုင်တွင် လျှပ်စစ်စကူတာစီးနေစဉ်စကူတာပေါ်မှပြုတ်ကျခဲ့ကြောင်း သတင်းများအရသိရသည်။ ထို့နောက်ရဲအရာရှိများက ၎င်းကိုကူညီရန် အနားသို့ကပ်သွားသည့် အချိန်တွင် ၎င်း၏ကိုယ်ပေါ်မှအရက်နံ့ရခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ အရက်နံ့ကိုသတိပြုမိခဲ့ပြီးနောက် ရဲအရာရှိများသည် SUGA ကို အနီးအနားရှိ ရဲစခန်းတစ်ခုသို့ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်ကြောင်းလည်းသိရသည်။ SUGA သည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလတည်းက တောင် ကိုရီးယားစစ်တပ်တွင် စစ်မှုထမ်းတာဝန်ကို စတင်ထမ်းဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
လက်ရှိအချိန်တွင် BTS အဖွဲ့ဝင်များဖြစ်သော J-Hope၊RM၊ V၊ Suga ၊ ဂျောင်ကွတ်နှင့် ဂျီမင်းတို့သည် တောင်ကိုရီးယားစစ်တပ်တွင် စစ်မှုထမ်းနေဆဲဖြစ်ပြီး အခြားအဖွဲ့ဝင်တစ်ဦးဖြစ်သော ဂျင်သည် ပြီးခဲ့သည့်ဇွန်လ(၁၂) ရက်နေ့တွင် ၎င်း၏စစ်မှုထမ်းတာဝန်ကို ပြီးဆုံးခဲ့ပြီဖြစ်ကြောင်းလည်း သိရသည်။
zawgyi version
လမ္းစည္းကမ္းေဖာက္ဖ်က္မႈနဲ႔ စုံစမ္းစစ္ေဆးခံေနရတဲ့ BTS အဖြဲ႕ဝင္ SUGA
Pika (NP News) - ဩဂုတ္ ၁၆
ေတာင္ကိုရီးယားနာမည္ေက်ာ္အမ်ိဳးသားအဆိုေတာ္အဖြဲ႕ BTS ၏ အဖြဲ႕ဝင္တစ္ဦးျဖစ္သူ SUGA သည္ အရက္ေသာက္ကာ လွ်ပ္စစ္စကူတာစီးခဲ့ျခင္းေၾကာင့္ စုံစမ္းစစ္ေဆးမႈမ်ားကို ခံေနရေၾကာင္းသိရသည္။
လက္ရွိအခ်ိန္တြင္ Seoul Yongsan ရဲစခန္းက SUGA ကို လမ္းစည္းကမ္းေဖာက္ဖ်က္မႈ (မူးၿပီးေမာင္းႏွင္မႈ)စြဲခ်က္ျဖင့္ စုံစမ္းစစ္ေဆးမႈမ်ားကို ဆက္လက္လုပ္ ေဆာင္ေနေၾကာင္း ဩဂုတ္လ(၇)ရက္ေန႔တြင့္သည့ ေစသတင္းေအဂ်င္စီ၏ေဖာ္ျပခ်က္ အရသိရသည္။
ဩဂုတ္လ(၆)ရက္ေန႔က SUGA သည္ အရက္ေသာက္ခဲ့ၿပီးေနာက္ Yongsan ခ႐ိုင္တြင္ လွ်ပ္စစ္စကူတာစီးေနစဥ္စကူတာေပၚမွျပဳတ္က်ခဲ့ေၾကာင္း သတင္းမ်ားအရသိရသည္။ ထို႔ေနာက္ရဲအရာရွိမ်ားက ၎ကိုကူညီရန္ အနားသို႔ကပ္သြားသည့္ အခ်ိန္တြင္ ၎၏ကိုယ္ေပၚမွအရက္နံ႔ရခဲ့ျခင္း ျဖစ္ေၾကာင္းသိရသည္။ အရက္နံ႔ကိုသတိျပဳမိခဲ့ၿပီးေနာက္ ရဲအရာရွိမ်ားသည္ SUGA ကို အနီးအနားရွိ ရဲစခန္းတစ္ခုသို႔ လႊဲေျပာင္းေပးခဲ့ျခင္း ျဖစ္ေၾကာင္းလည္းသိရသည္။ SUGA သည္ ၿပီးခဲ့သည့္ႏွစ္ စက္တင္ဘာလတည္းက ေတာင္ ကိုရီးယားစစ္တပ္တြင္ စစ္မႈထမ္းတာဝန္ကို စတင္ထမ္းေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
လက္ရွိအခ်ိန္တြင္ BTS အဖြဲ႕ဝင္မ်ားျဖစ္ေသာ J-Hope၊RM၊ V၊ Suga ၊ ေဂ်ာင္ကြတ္ႏွင့္ ဂ်ီမင္းတို႔သည္ ေတာင္ကိုရီးယားစစ္တပ္တြင္ စစ္မႈထမ္းေနဆဲျဖစ္ၿပီး အျခားအဖြဲ႕ဝင္တစ္ဦးျဖစ္ေသာ ဂ်င္သည္ ၿပီးခဲ့သည့္ဇြန္လ(၁၂) ရက္ေန႔တြင္ ၎၏စစ္မႈထမ္းတာဝန္ကို ၿပီးဆုံးခဲ့ၿပီျဖစ္ေၾကာင္းလည္း သိရသည္။