ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ်(၅)ခုကိုခွင့်ပြုထားပြီး အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်ခြင်းကြောင့် ထောက်ပံ့မှုများပေးသင့်ကြောင်း အကြံပြု

 1606

ယွန်း (NP News) - ဩဂုတ် ၁၆

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ်(၅)ခုကို ခွင့်ပြုထားပြီး အလုပ်အကိုင်အခွင့် အလမ်းများရရှိနိုင်ခြင်းကြောင့် ထောက်ပံ့မှုများပေးသင့်ကြောင်း ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်အချို့က အကြံပြုပြောဆိုထားသည်။

ပြီးခဲ့သည့် ဩဂုတ်(၅)ရက်နေ့တွင် နေပြည်တော်၌ကျင်းပခဲ့သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏အစည်းအဝေးတွင် အထက်ပါလုပ် ငန်းများကိုခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန(DICA) က အသိပေးထုတ်ပြန်ထားသည်။ အဆိုပါအစည်းအဝေးတွင် ဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းတိုးမြှင့်ခြင်းအပါအဝင် စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍနှင့် အိမ်ရာအဆောက်အအုံ တည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍတို့မှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ်(၅)ခုကို ခွင့်ပြုပေးခဲ့‌ကြောင်း သိရသည်။

ခွင့်ပြုပေးသည့်လုပ်ငန်းများတွင် နိုင်ငံတော်က အားပေးမြှင့်တင်လျက်ရှိသည့် လျှပ်စစ်သုံးမော်တော်ယာဉ်အမျိုးမျိုး တပ်ဆင်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းလည်း ပါဝင်ကြောင်း သိရသည်။ "နည်းပညာပိုရသွားမယ်။ လျှပ်စစ်ဘက်ထရီတွေကို သက်တမ်းကုန်လို့ဖျက်ဆီးရမယ်ဆိုရင် သူ့တိုင်း ပြည်ပြန်မပို့ရတော့ဘူးဆိုရင် စရိတ်စက သက်သာသွားမယ်။ တိုက်ရိုက်တပ်ဆင်ပြီး ပြင်ဆင် ပေးတယ်၊ တိုက်ရိုက်ဖျက်ဆီးပေးရတယ်ဆိုရင်(၁၀) ရာခိုင်နှုန်းကနေ (၁၅)ရာခိုင်နှုန်းလောက် အနည်းဆုံး သက်သာမယ်။ အခုလိုမျိုးတပ်ဆင်ပြီး ထုတ်နိုင်ရင် ဈေးအများကြီးထိုးကျသွားမှာ။ ထုတ်လုပ်မှုကဏ္ဍမှာ ကားအသစ်တွေကလိုလာတယ်။ ကားအဟောင်းတွေ ဝယ်ပြီးပြင်စရိတ်တွေကများတော့ လုပ်ငန်းမတွင် ကျယ်ဘူး။ လုပ်ငန်းတွေအနေနဲ့ ဈေးများများသုံးပြီး လုပ်ငန်းတွေလုပ်နေရတဲ့အတွက် အဲဒီထဲမှာ မလိုအပ် တဲ့ကုန်ကျစရိတ်တွေဝင်သွားတယ်။ ဒီလိုမျိုး တပ် ဆင်ပြီးတော့ ရောင်းချပေးမယ်ဆိုရင် လုပ်ငန်းတွေ အတွက် ကြီးကြီးမားမားအထောက်အပံ့ဖြစ်စေတယ်"ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောဆိုထားသည်။

အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၄၄.၄) သန်းနှင့်ကျပ် (၅၇၃၅၁.၉၇၆) သန်းဖြစ်ပြီး အလုပ်အကိုင်အခွင့်အ လမ်းပေါင်း(၂ဝဝ၂)ဦးကို ဖန်တီးပေးနိုင်ကြောင်းသိရသည်။ သို့ဖြစ်၍ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည့် အဆိုပါလုပ်ငန်းများကို အားပေးရမည့်အပြင် အထောက်အပံ့များလည်းပေးသင့်ကြောင်း သုံးသပ်မှုများလည်းရှိနေသည်။

"ရင်းနှီးမြှုပ်နှံမှုအနေနဲ့ ဝင်လာတဲ့အတွက် အလုပ်အကိုင်တွေပေါ်လာတယ်။ အလုပ်တွေလည်ပတ်လို့ရတယ်ဆိုတာကို ပြတယ်လို့တော့ သဘော ရတယ်။ အလုပ်လုပ်ချင်တဲ့သူတွေရှိတယ်လို့ပြောလို့ ရတယ်။ ဈေးကွက်ရှိတယ်လို့ ပြောလို့ရတာပေါ့။ ဒီလို အချိန်မှာ ဒီလိုလုပ်ငန်းတွေပေါ်လာတယ်။ ပြီးတော့ အလုပ်အကိုင်အခွင့်အလမ်းပေးတယ်။ အလုပ်အကိုင်အခွင့်အလမ်းကလည်း ကာလတန်ကြေးနဲ့ သင့်တော်တဲ့လုပ်ခလစာတွေပေးနိုင်ရင်တော့ ဒီလိုလုပ် ငန်းတွေကို အားပေးအားမြှောက်ပြုရမယ်။ အကာအကွယ်ပေးရမယ်။ အလုပ်ဖြစ်အောင်လို့ တွန်းအားပေး ရမယ်၊ ထောက်ပံ့ပေးရမယ်။ အဲဒါမှ သူတို့ ရပ်တည်နိုင်မှာ။ ရပ်တည်နိုင်မှ ဒီလိုလုပ်ငန်းတွေ များများပေါ် လာမှာ။ လုပ်ငန်းတွေပေါ်မှလည်း စားဝတ်နေရေး အသက်ရှုချောင်ကြမှာ" ဟု အထက်ပါလုပ်ငန်းရှင်က ဆက်လက်ပြောသည်။

(၂၀၂၄)ခုနှစ် ဇွန်လကုန်အထိ မြန်မာနိုင် ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ/ဒေသပေါင်း (၅၃)ခုအနက် ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သော နိုင်ငံ/ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။ ထို့ပြင် စီးပွားရေးကဏ္ဍ (၁၂) ခုအနက် အများဆုံး ရင်းနှီးမြှုပ်နှံထားသည့်ကဏ္ဍများမှာ စွမ်း အင်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၂၈.၄၅) ရာခိုင်နှုန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၂၄.၄၁)ရာခိုင်နှုန်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၁၄.၄၅) ရာခိုင်နှုန်း အသီးသီးရင်းနှီးမြှုပ်နှံထားကြောင်းသိရသည်။

zawgyi version
ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းသစ္(၅)ခုကိုခြင့္ျပဳထားၿပီး အလုပ္အကိုင္အခြင့္အ လမ္းမ်ားရရွိႏိုင္ျခင္းေၾကာင့္ ေထာက္ပံ့မႈမ်ားေပးသင့္ေၾကာင္း အႀကံျပဳ
ယြန္း (NP News) - ဩဂုတ္ ၁၆

ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းသစ္(၅)ခုကို ခြင့္ျပဳထားၿပီး အလုပ္အကိုင္အခြင့္ အလမ္းမ်ားရရွိႏိုင္ျခင္းေၾကာင့္ ေထာက္ပံ့မႈမ်ားေပးသင့္ေၾကာင္း ျပည္တြင္းရွိ စီးပြားေရးလုပ္ငန္းရွင္အခ်ိဳ႕က အႀကံျပဳေျပာဆိုထားသည္။

ၿပီးခဲ့သည့္ ဩဂုတ္(၅)ရက္ေန႔တြင္ ေနျပည္ေတာ္၌က်င္းပခဲ့သည့္ ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္၏အစည္းအေဝးတြင္ အထက္ပါလုပ္ ငန္းမ်ားကိုခြင့္ျပဳခဲ့ျခင္းျဖစ္ေၾကာင္း ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန(DICA) က အသိေပးထုတ္ျပန္ထားသည္။ အဆိုပါအစည္းအေဝးတြင္ ေဆာင္႐ြက္ဆဲ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းမ်ား၏ မတည္ေငြရင္းတိုးျမႇင့္ျခင္းအပါအဝင္ စက္မႈက႑၊ ဝန္ေဆာင္မႈက႑ႏွင့္ အိမ္ရာအေဆာက္အအုံ တည္ေဆာက္ဖြံ႕ၿဖိဳးမႈက႑တို႔မွ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းအသစ္(၅)ခုကို ခြင့္ျပဳေပးခဲ့‌ေၾကာင္း သိရသည္။

ခြင့္ျပဳေပးသည့္လုပ္ငန္းမ်ားတြင္ ႏိုင္ငံေတာ္က အားေပးျမႇင့္တင္လ်က္ရွိသည့္ လွ်ပ္စစ္သုံးေမာ္ေတာ္ယာဥ္အမ်ိဳးမ်ိဳး တပ္ဆင္ထုတ္လုပ္ေရာင္းခ်ျခင္းလုပ္ငန္းလည္း ပါဝင္ေၾကာင္း သိရသည္။ "နည္းပညာပိုရသြားမယ္။ လွ်ပ္စစ္ဘက္ထရီေတြကို သက္တမ္းကုန္လို႔ဖ်က္ဆီးရမယ္ဆိုရင္ သူ႔တိုင္း ျပည္ျပန္မပို႔ရေတာ့ဘူးဆိုရင္ စရိတ္စက သက္သာသြားမယ္။ တိုက္႐ိုက္တပ္ဆင္ၿပီး ျပင္ဆင္ ေပးတယ္၊ တိုက္႐ိုက္ဖ်က္ဆီးေပးရတယ္ဆိုရင္(၁၀) ရာခိုင္ႏႈန္းကေန (၁၅)ရာခိုင္ႏႈန္းေလာက္ အနည္းဆုံး သက္သာမယ္။ အခုလိုမ်ိဳးတပ္ဆင္ၿပီး ထုတ္ႏိုင္ရင္ ေဈးအမ်ားႀကီးထိုးက်သြားမွာ။ ထုတ္လုပ္မႈက႑မွာ ကားအသစ္ေတြကလိုလာတယ္။ ကားအေဟာင္းေတြ ဝယ္ၿပီးျပင္စရိတ္ေတြကမ်ားေတာ့ လုပ္ငန္းမတြင္ က်ယ္ဘူး။ လုပ္ငန္းေတြအေနနဲ႔ ေဈးမ်ားမ်ားသုံးၿပီး လုပ္ငန္းေတြလုပ္ေနရတဲ့အတြက္ အဲဒီထဲမွာ မလိုအပ္ တဲ့ကုန္က်စရိတ္ေတြဝင္သြားတယ္။ ဒီလိုမ်ိဳး တပ္ ဆင္ၿပီးေတာ့ ေရာင္းခ်ေပးမယ္ဆိုရင္ လုပ္ငန္းေတြ အတြက္ ႀကီးႀကီးမားမားအေထာက္အပံ့ျဖစ္ေစတယ္"ဟု စီးပြားေရးလုပ္ငန္းရွင္တစ္ဦးက သုံးသပ္ေျပာဆိုထားသည္။

အဆိုပါလုပ္ငန္းမ်ား၏ ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏမွာ အေမရိကန္ေဒၚလာ (၄၄.၄) သန္းႏွင့္က်ပ္ (၅၇၃၅၁.၉၇၆) သန္းျဖစ္ၿပီး အလုပ္အကိုင္အခြင့္အ လမ္းေပါင္း(၂ဝဝ၂)ဦးကို ဖန္တီးေပးႏိုင္ေၾကာင္းသိရသည္။ သို႔ျဖစ္၍ အလုပ္အကိုင္အခြင့္အလမ္းမ်ား ဖန္တီးေပးႏိုင္မည့္ အဆိုပါလုပ္ငန္းမ်ားကို အားေပးရမည့္အျပင္ အေထာက္အပံ့မ်ားလည္းေပးသင့္ေၾကာင္း သုံးသပ္မႈမ်ားလည္းရွိေနသည္။

"ရင္းႏွီးျမႇဳပ္ႏွံမႈအေနနဲ႔ ဝင္လာတဲ့အတြက္ အလုပ္အကိုင္ေတြေပၚလာတယ္။ အလုပ္ေတြလည္ပတ္လို႔ရတယ္ဆိုတာကို ျပတယ္လို႔ေတာ့ သေဘာ ရတယ္။ အလုပ္လုပ္ခ်င္တဲ့သူေတြရွိတယ္လို႔ေျပာလို႔ ရတယ္။ ေဈးကြက္ရွိတယ္လို႔ ေျပာလို႔ရတာေပါ့။ ဒီလို အခ်ိန္မွာ ဒီလိုလုပ္ငန္းေတြေပၚလာတယ္။ ၿပီးေတာ့ အလုပ္အကိုင္အခြင့္အလမ္းေပးတယ္။ အလုပ္အကိုင္အခြင့္အလမ္းကလည္း ကာလတန္ေၾကးနဲ႔ သင့္ေတာ္တဲ့လုပ္ခလစာေတြေပးႏိုင္ရင္ေတာ့ ဒီလိုလုပ္ ငန္းေတြကို အားေပးအားေျမႇာက္ျပဳရမယ္။ အကာအကြယ္ေပးရမယ္။ အလုပ္ျဖစ္ေအာင္လို႔ တြန္းအားေပး ရမယ္၊ ေထာက္ပံ့ေပးရမယ္။ အဲဒါမွ သူတို႔ ရပ္တည္ႏိုင္မွာ။ ရပ္တည္ႏိုင္မွ ဒီလိုလုပ္ငန္းေတြ မ်ားမ်ားေပၚ လာမွာ။ လုပ္ငန္းေတြေပၚမွလည္း စားဝတ္ေနေရး အသက္ရႈေခ်ာင္ၾကမွာ" ဟု အထက္ပါလုပ္ငန္းရွင္က ဆက္လက္ေျပာသည္။

(၂၀၂၄)ခုႏွစ္ ဇြန္လကုန္အထိ ျမန္မာႏိုင္ ငံတြင္ ရင္းႏွီးျမႇဳပ္ႏွံထားသည့္ ႏိုင္ငံ/ေဒသေပါင္း (၅၃)ခုအနက္ ရင္းႏွီးျမႇဳပ္ႏွံမႈ အမ်ားဆုံးျပဳလုပ္ေသာ ႏိုင္ငံ/ေဒသမ်ားမွာ စင္ကာပူႏိုင္ငံ၊ တ႐ုတ္ႏိုင္ငံႏွင့္ ထိုင္းႏိုင္ငံတို႔ျဖစ္ေၾကာင္း ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခား စီးပြားဆက္သြယ္ေရးဝန္ႀကီးဌာနထံမွ သိရသည္။ ထို႔ျပင္ စီးပြားေရးက႑ (၁၂) ခုအနက္ အမ်ားဆုံး ရင္းႏွီးျမႇဳပ္ႏွံထားသည့္က႑မ်ားမွာ စြမ္း အင္က႑တြင္ စုစုေပါင္းရင္းႏွီးျမႇဳပ္ႏွံမႈ၏ (၂၈.၄၅) ရာခိုင္ႏႈန္း၊ ေရနံႏွင့္ သဘာဝဓာတ္ေငြ႕က႑တြင္ စုစုေပါင္းရင္းႏွီးျမႇဳပ္ႏွံမႈ၏ (၂၄.၄၁)ရာခိုင္ႏႈန္း၊ ကုန္ထုတ္လုပ္မႈက႑တြင္ စုစုေပါင္းရင္းႏွီးျမႇဳပ္ႏွံမႈ၏ (၁၄.၄၅) ရာခိုင္ႏႈန္း အသီးသီးရင္းႏွီးျမႇဳပ္ႏွံထားေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.