နေပြည်တော်၌ သဘာဝမြေဩဇာရွက်ဖျန်းအားဆေးရည် ထုတ်လုပ်ရေးစက်ရုံ တည်ဆောက်ရန် စီစဥ်နေ

 1240

ယွန်း (NP News) - ဩဂုတ် ၁၆

နေပြည်တော်၌ သဘာဝမြေဩဇာရွက် ဖျန်းအားဆေးရည် ထုတ်လုပ်မည့်စက်ရုံတည် ဆောက်ရန်အစီအစဉ်ရှိနေကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းအချက်အလက် များအရသိရကာ အဆိုပါစက်ရုံ အကောင်အထည် ပေါ်လာပါက မြန်မာ့လယ်ယာကဏ္ဍအတွက် ကောင်း မွန်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က NP News ကို ပြောသည်။

မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ရင်း နှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေး၊ ဓာတ်သတ္တုတူးဖော်ရေးတို့ အတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ် များနှင့်ပတ်သက်၍ဆွေးနွေးရာတွင် နေပြည်‌တော်၌ သဘာဝမြေဩဇာရွက်ဖျန်းအားဆေးရည် ထုတ်လုပ် မည့်စက်ရုံ တည်ဆောက်ရေးစီမံကိန်းနှင့် မြန်မာနိုင် ငံ၏ လယ်ယာကဏ္ဍဆိုင်ရာလုပ်ငန်းများတွင် ရုရှားနိုင်ငံ၏ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်ရေးဆိုင်ရာများကို ထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ထို့ပြင် စက်ရုံတည်ဆောက်နိုင်ရေးအတွက် နှစ်နိုင်ငံစီးပွားရေးနှင့် နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာလက်မှတ်ရေးထိုးရေး အပါအဝင် ရုရှားနိုင်ငံမှ သဘာဝရွက်ဖျန်းမြေဩဇာ ဆေး ရည်တင်သွင်းမည့်ကိစ္စများကိုလည်း ဆွေးနွေးခဲ့ ကြောင်း အချက်အလက်များအရ သိရသည်။

"ရုရှားကနည်းပညာမြင့်တယ်။ သဘာဝတွေကို သုံးတယ်။ ဓာတုပစ္စည်း မဟုတ်ဘူး။ ရုရှားကစိုက်ပျိုးရေးမှာလည်းအောင်မြင်တဲ့နိုင်ငံလည်းဖြစ် တော့ နည်းပညာလည်းရမယ်၊ ပူးပေါင်း‌ဆောင်ရွက်တဲ့အခွင့်အလမ်းလည်းမြှင့်တင်နိုင်မယ်။ မြန်မာနိုင်ငံ မှာလည်း လာပြီးထုတ်လုပ်ဖြန့်ဖြူး‌ရောင်းချနိုင်ရင် တော့ အကောင်းဆုံးပေါ့။ အကျိုးအာနိသင်ရှိပြီး အာ မခံချက်ရှိတဲ့ သဘာဝမြေဩဇာတွေက ကျွန်တော် တို့နိုင်ငံမှာ ပေါပေါများများကို လိုအပ်နေတာ။ မြေဆီလွှာကိုထိန်းသိမ်းနိုင်မယ့် သဘာဝမြေဩဇာနဲ့ ဇီဝမြေ ဩဇာတွေကလည်း ပြည်တွင်းမှာ ပေါ‌ပေါများများရတဲ့ အရင်းအမြစ်တွေဖြစ်တယ်။ ဒါပေမဲ့ နည်းပညာလို အပ်ချက်ရှိတယ်။ ရုရှားအပါအဝင် နိုင်ငံတကာက နေပြီးတော့ သဘာဝမြေဩဇာနဲ့ ဇီဝမြေဩဇာကို ထုတ်လုပ်တဲ့နည်းပညာနဲ့ ရင်းနှီးမြှုပ်နှံမှုရလာခဲ့ရင် လယ်ယာကဏ္ဍအတွက် အင်မတန်မှကောင်းပါတယ်"ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်း အောင်က NP News ကို ပြောသည်။

မိုးစပါးစိုက်ဧကပေါင်း (၁၅)သန်းခန့်ရှိ သော မြန်မာနိုင်ငံတွင် နှစ်စဉ် စပါးထွက်ရှိမှုနှုန်းမှာ တင်းသန်းပေါင်း(၁၀၈၈)သန်းရှိပြီး လယ်ယာများတွင် အသုံးပြုနိုင်ရေးအတွက် ဧရာဝတီတိုင်းရှိ ဓာတ်မြေ ဩဇာစက်ရုံ (ကန်ကြီးထောင့်)မှ တစ်ရက်လျှင် ယူရီး ယားဓာတ်မြေဩဇာ တန်(၃၀ဝ)ခန့် ထုတ်လုပ်လျက်ရှိ ကြောင်း သိရသည်။ သို့သော် ပြည်တွင်းသုံးစွဲရန် လုံလောက်မှု မရှိခြင်းကြောင့် ဓာတ်မြေဩဇာများကို နှစ်စဉ်ပြည်ပမှတင်သွင်းရလျက်ရှိသည်။

လက်ရှိတွင် တောင်သူလယ်သမားများ အနေဖြင့် မြေဩဇာတစ်အိတ်လျှင် ဈေးနှုန်းမြင့်မားစွာဝယ်ယူသုံးစွဲနေရပြီး အကျပ်အတည်းမျိုးစုံဖြင့် ကြုံတွေ့နေရကြောင်း သိရသည်။ မြန်မာနိုင်ငံအနေဖြင့် မြေဩဇာလိုအပ် ချက်ကြောင့် (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ်တွင် ပြည်ပ မှ တန်ချိန် (၂၂) သိန်းကျော်တင်သွင်းခဲ့ပြီး အများဆုံး တင်သွင်းမှုသည် နိုက်ထရိုဂျင်ယူရီးယားဓာတ်မြေ ဩဇာ နှင့် ကွန်ပေါင်းဓာတ်မြေဩဇာတို့ဖြစ်ကြောင်း အချက် အလက်များအရ သိရသည်။ ယခု (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်အတွင်း ဓာတ်မြေဩဇာတန်ချိန် (၁ ဒသမ ၆) သန်း တင်သွင်း နိုင်ရေး လျာထားသတ်မှတ်ထားကြောင်း ယူရီးယား မြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌက ပြီးခဲ့သည့် ဇူလိုင်လက အသိပေးပြောဆိုထားဖူးသည်။

zawgyi version
ေနျပည္ေတာ္၌ သဘာဝေျမဩဇာ႐ြက္ဖ်န္းအားေဆးရည္ ထုတ္လုပ္ေရးစက္႐ုံ တည္ေဆာက္ရန္ စီစဥ္ေန
ယြန္း (NP News) - ဩဂုတ္ ၁၆

ေနျပည္ေတာ္၌ သဘာဝေျမဩဇာ႐ြက္ ဖ်န္းအားေဆးရည္ ထုတ္လုပ္မည့္စက္႐ုံတည္ ေဆာက္ရန္အစီအစဥ္ရွိေနေၾကာင္း ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ သတင္းအခ်က္အလက္ မ်ားအရသိရကာ အဆိုပါစက္႐ုံ အေကာင္အထည္ ေပၚလာပါက ျမန္မာ့လယ္ယာက႑အတြက္ ေကာင္း မြန္မည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္ ဥကၠ႒ ဦးရဲမင္းေအာင္က NP News ကို ေျပာသည္။

ျမန္မာႏိုင္ငံႏွင့္ ႐ုရွားႏိုင္ငံတို႔အၾကား ရင္း ႏွီးျမႇဳပ္ႏွံမႈ၊ စိုက္ပ်ိဳးေရး၊ ဓာတ္သတၱဳတူးေဖာ္ေရးတို႔ အတြက္ ပူးေပါင္းေဆာင္႐ြက္လ်က္ရွိသည့္ ကိစၥရပ္ မ်ားႏွင့္ပတ္သက္၍ေဆြးေႏြးရာတြင္ ေနျပည္‌ေတာ္၌ သဘာဝေျမဩဇာ႐ြက္ဖ်န္းအားေဆးရည္ ထုတ္လုပ္ မည့္စက္႐ုံ တည္ေဆာက္ေရးစီမံကိန္းႏွင့္ ျမန္မာႏိုင္ ငံ၏ လယ္ယာက႑ဆိုင္ရာလုပ္ငန္းမ်ားတြင္ ႐ုရွားႏိုင္ငံ၏ ပုဂၢလိကရင္းႏွီးျမႇဳပ္ႏွံမႈ ျမႇင့္တင္ႏိုင္ေရးဆိုင္ရာမ်ားကို ထည့္သြင္းေဆြးေႏြးခဲ့ျခင္းျဖစ္သည္။

ထို႔ျပင္ စက္႐ုံတည္ေဆာက္ႏိုင္ေရးအတြက္ ႏွစ္ႏိုင္ငံစီးပြားေရးႏွင့္ နည္းပညာဆိုင္ရာပူးေပါင္းေဆာင္႐ြက္မႈ စာခြၽန္လႊာလက္မွတ္ေရးထိုးေရး အပါအဝင္ ႐ုရွားႏိုင္ငံမွ သဘာဝ႐ြက္ဖ်န္းေျမဩဇာ ေဆး ရည္တင္သြင္းမည့္ကိစၥမ်ားကိုလည္း ေဆြးေႏြးခဲ့ ေၾကာင္း အခ်က္အလက္မ်ားအရ သိရသည္။

"႐ုရွားကနည္းပညာျမင့္တယ္။ သဘာဝေတြကို သုံးတယ္။ ဓာတုပစၥည္း မဟုတ္ဘူး။ ႐ုရွားကစိုက္ပ်ိဳးေရးမွာလည္းေအာင္ျမင္တဲ့ႏိုင္ငံလည္းျဖစ္ ေတာ့ နည္းပညာလည္းရမယ္၊ ပူးေပါင္း‌ေဆာင္႐ြက္တဲ့အခြင့္အလမ္းလည္းျမႇင့္တင္ႏိုင္မယ္။ ျမန္မာႏိုင္ငံ မွာလည္း လာၿပီးထုတ္လုပ္ျဖန႔္ျဖဴး‌ေရာင္းခ်ႏိုင္ရင္ ေတာ့ အေကာင္းဆုံးေပါ့။ အက်ိဳးအာနိသင္ရွိၿပီး အာ မခံခ်က္ရွိတဲ့ သဘာဝေျမဩဇာေတြက ကြၽန္ေတာ္ တို႔ႏိုင္ငံမွာ ေပါေပါမ်ားမ်ားကို လိုအပ္ေနတာ။ ေျမဆီလႊာကိုထိန္းသိမ္းႏိုင္မယ့္ သဘာဝေျမဩဇာနဲ႔ ဇီဝေျမ ဩဇာေတြကလည္း ျပည္တြင္းမွာ ေပါ‌ေပါမ်ားမ်ားရတဲ့ အရင္းအျမစ္ေတြျဖစ္တယ္။ ဒါေပမဲ့ နည္းပညာလို အပ္ခ်က္ရွိတယ္။ ႐ုရွားအပါအဝင္ ႏိုင္ငံတကာက ေနၿပီးေတာ့ သဘာဝေျမဩဇာနဲ႔ ဇီဝေျမဩဇာကို ထုတ္လုပ္တဲ့နည္းပညာနဲ႔ ရင္းႏွီးျမႇဳပ္ႏွံမႈရလာခဲ့ရင္ လယ္ယာက႑အတြက္ အင္မတန္မွေကာင္းပါတယ္"ဟု ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္ဥကၠ႒ ဦးရဲမင္း ေအာင္က NP News ကို ေျပာသည္။

မိုးစပါးစိုက္ဧကေပါင္း (၁၅)သန္းခန႔္ရွိ ေသာ ျမန္မာႏိုင္ငံတြင္ ႏွစ္စဥ္ စပါးထြက္ရွိမႈႏႈန္းမွာ တင္းသန္းေပါင္း(၁၀၈၈)သန္းရွိၿပီး လယ္ယာမ်ားတြင္ အသုံးျပဳႏိုင္ေရးအတြက္ ဧရာဝတီတိုင္းရွိ ဓာတ္ေျမ ဩဇာစက္႐ုံ (ကန္ႀကီးေထာင့္)မွ တစ္ရက္လွ်င္ ယူရီး ယားဓာတ္ေျမဩဇာ တန္(၃၀ဝ)ခန႔္ ထုတ္လုပ္လ်က္ရွိ ေၾကာင္း သိရသည္။ သို႔ေသာ္ ျပည္တြင္းသုံးစြဲရန္ လုံေလာက္မႈ မရွိျခင္းေၾကာင့္ ဓာတ္ေျမဩဇာမ်ားကို ႏွစ္စဥ္ျပည္ပမွတင္သြင္းရလ်က္ရွိသည္။

လက္ရွိတြင္ ေတာင္သူလယ္သမားမ်ား အေနျဖင့္ ေျမဩဇာတစ္အိတ္လွ်င္ ေဈးႏႈန္းျမင့္မားစြာဝယ္ယူသုံးစြဲေနရၿပီး အက်ပ္အတည္းမ်ိဳးစုံျဖင့္ ႀကဳံေတြ႕ေနရေၾကာင္း သိရသည္။ ျမန္မာႏိုင္ငံအေနျဖင့္ ေျမဩဇာလိုအပ္ ခ်က္ေၾကာင့္ (၂၀၂၂-၂၀၂၃) ဘ႑ာႏွစ္တြင္ ျပည္ပ မွ တန္ခ်ိန္ (၂၂) သိန္းေက်ာ္တင္သြင္းခဲ့ၿပီး အမ်ားဆုံး တင္သြင္းမႈသည္ ႏိုက္ထ႐ိုဂ်င္ယူရီးယားဓာတ္ေျမ ဩဇာ ႏွင့္ ကြန္ေပါင္းဓာတ္ေျမဩဇာတို႔ျဖစ္ေၾကာင္း အခ်က္ အလက္မ်ားအရ သိရသည္။ ယခု (၂၀၂၄-၂၀၂၅) ဘ႑ာႏွစ္အတြင္း ဓာတ္ေျမဩဇာတန္ခ်ိန္ (၁ ဒသမ ၆) သန္း တင္သြင္း ႏိုင္ေရး လ်ာထားသတ္မွတ္ထားေၾကာင္း ယူရီးယား ေျမဩဇာဝယ္ယူျဖန႔္ျဖဴးေရာင္းခ်ေရး ဦးေဆာင္ေကာ္မတီဥကၠ႒က ၿပီးခဲ့သည့္ ဇူလိုင္လက အသိေပးေျပာဆိုထားဖူးသည္။

Related news

© 2021. All rights reserved.