ပြည်မြို့၌ စက်သုံးဆီတန်းစီစဉ် နှစ်ရက်တာအတွင်း သတိလစ်မေ့မြောသူ (၃)ဦးအထိရှိလာ
4546
သန့်ဇင် (NP News) - ဩဂုတ် ၁၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင် (၂)ရက်တာကာလအတွင်း စက်သုံးဆီတန်းစီစဉ် အမျိုးသား၊ အမျိုးသမီး(၃)ဦးအထိ သတိလစ်မေ့မြောသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်) ပရဟိတပါရမီထံ NP News က စုံစမ်းမေးမြန်းချက်အရ သိရသည်။
ပြည်မြို့၊ နဝဒေးရပ်ကွက်၊ PT Power စက်သုံးဆီဆိုင်အနီးတွင် ဩဂုတ်လ ၁၅ ရက်၊ နံနက်ပိုင်းက ဆီတန်းစီစဉ် အမျိုးသားတစ်ဦး သတိလစ်မေ့မြောမှုဖြစ်ပွားခဲ့ပြီးနောက် ဩဂုတ်လ ၁၆ ရက်၊ တစ်ရက်ထဲ၌ပင် နာရီပိုင်းသာခြား၍ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတို့ ထပ်မံသတိလစ် မေ့မြောမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“မနေ့က အမျိုးသား တစ်ယောက်မူးလဲတယ်။ သူကတော့ တစ်နာရီလောက်တန်းစီရပြီး မူးလဲသွားတာ။ ဒီနေ့က အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်မူးလဲတာ။ (၂)ရက်အတွင်းဆို (၃)ယောက်ရှိသွားပြီ။ အသက်တွေကတော့ (၄၀)ဝန်းကျင်ကနေ (၅၀)ဝန်းကျင်တွေ ပါ။ ပြည်မှာက (၄)(၅)ရက်လောက်ရှိပြီ ဆီတန်းစီဝယ်နေရတာ။ မူးလဲတဲ့လူတွေကိုတော့ အိမ်အရောက်ပြန်ပို့ပေးပြီး ကူညီပေးခဲ့ပါတယ်”ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)ပရဟိတပါရမီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ သတိလစ်မေ့မြောခဲ့သူ(၃)ဦးမှာ အချိန်ကြာမြင့်စွာ ဆီတန်းစီဝယ်ယူနေရသောကြောင့် သတိလစ်မေ့မြောခဲ့ခြင်းဖြစ်ကြောင်း အထက်ပါလူမှုကယ်ဆယ်ရေးအဖွဲ့မှ ဆိုသည်။ လက်ရှိတွင် ရန်ကုန်မြို့အပါအဝင် တိုင်းဒေ သကြီးနှင့် ပြည်နယ်ရှိ မြို့နယ်များတွင် စက်သုံးဆီဝယ်ယူရာတွင် ညအိပ်ကာ တန်းစီဝယ်ယူနေရသည့်အပြင် ပြင်ပဆီဆိုင်များတွင် ဓာတ်ဆီတစ်လီတာလျှင် ငွေကျပ် ၈၀၀၀ မှ ၁၀၀၀၀ ကျော်ဝန်းကျင်ထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။
“မနက်က PT Power မှာ ဆီသွားတန်းစီတာ မနက်(၇)နာရီကနေသွားတန်းစီတာ ညနေ (၃)နာရီမှ ပြန်ရောက်တယ်။ New Day မှာ ဆီတန်းဆီရတာတောင် အနောက်ပေါက်ထိရောက်တယ်။ တချို့အပြင်က ဆီဆိုင်တွေဆိုရင် တစ်လီတာကို (၁၀၀၀၀)ကျော် ပေးဝယ်ရတယ်”ဟု ပြည်မြို့မှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
zawgyi version
ျပည္ၿမိဳ႕၌ စက္သုံးဆီတန္းစီစဥ္ ႏွစ္ရက္တာအတြင္း သတိလစ္ေမ့ေျမာသူ (၃)ဦးအထိရွိလာ
သန႔္ဇင္ (NP News) - ဩဂုတ္ ၁၆
ပဲခူးတိုင္းေဒသႀကီး၊ ျပည္ၿမိဳ႕တြင္ (၂)ရက္တာကာလအတြင္း စက္သုံးဆီတန္းစီစဥ္ အမ်ိဳးသား၊ အမ်ိဳးသမီး(၃)ဦးအထိ သတိလစ္ေမ့ေျမာသည့္ ျဖစ္စဥ္ျဖစ္ပြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕(ျပည္) ပရဟိတပါရမီထံ NP News က စုံစမ္းေမးျမန္းခ်က္အရ သိရသည္။
ျပည္ၿမိဳ႕၊ နဝေဒးရပ္ကြက္၊ PT Power စက္သုံးဆီဆိုင္အနီးတြင္ ဩဂုတ္လ ၁၅ ရက္၊ နံနက္ပိုင္းက ဆီတန္းစီစဥ္ အမ်ိဳးသားတစ္ဦး သတိလစ္ေမ့ေျမာမႈျဖစ္ပြားခဲ့ၿပီးေနာက္ ဩဂုတ္လ ၁၆ ရက္၊ တစ္ရက္ထဲ၌ပင္ နာရီပိုင္းသာျခား၍ အမ်ိဳးသားတစ္ဦးႏွင့္ အမ်ိဳးသမီးတို႔ ထပ္မံသတိလစ္ ေမ့ေျမာမႈျဖစ္ပြားခဲ့ျခင္းျဖစ္သည္။
“မေန႔က အမ်ိဳးသား တစ္ေယာက္မူးလဲတယ္။ သူကေတာ့ တစ္နာရီေလာက္တန္းစီရၿပီး မူးလဲသြားတာ။ ဒီေန႔က အမ်ိဳးသားတစ္ေယာက္နဲ႔ အမ်ိဳးသမီးတစ္ေယာက္မူးလဲတာ။ (၂)ရက္အတြင္းဆို (၃)ေယာက္ရွိသြားၿပီ။ အသက္ေတြကေတာ့ (၄၀)ဝန္းက်င္ကေန (၅၀)ဝန္းက်င္ေတြ ပါ။ ျပည္မွာက (၄)(၅)ရက္ေလာက္ရွိၿပီ ဆီတန္းစီဝယ္ေနရတာ။ မူးလဲတဲ့လူေတြကိုေတာ့ အိမ္အေရာက္ျပန္ပို႔ေပးၿပီး ကူညီေပးခဲ့ပါတယ္”ဟု ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕(ျပည္)ပရဟိတပါရမီမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
အဆိုပါ သတိလစ္ေမ့ေျမာခဲ့သူ(၃)ဦးမွာ အခ်ိန္ၾကာျမင့္စြာ ဆီတန္းစီဝယ္ယူေနရေသာေၾကာင့္ သတိလစ္ေမ့ေျမာခဲ့ျခင္းျဖစ္ေၾကာင္း အထက္ပါလူမႈကယ္ဆယ္ေရးအဖြဲ႕မွ ဆိုသည္။ လက္ရွိတြင္ ရန္ကုန္ၿမိဳ႕အပါအဝင္ တိုင္းေဒ သႀကီးႏွင့္ ျပည္နယ္ရွိ ၿမိဳ႕နယ္မ်ားတြင္ စက္သုံးဆီဝယ္ယူရာတြင္ ညအိပ္ကာ တန္းစီဝယ္ယူေနရသည့္အျပင္ ျပင္ပဆီဆိုင္မ်ားတြင္ ဓာတ္ဆီတစ္လီတာလွ်င္ ေငြက်ပ္ ၈၀၀၀ မွ ၁၀၀၀၀ ေက်ာ္ဝန္းက်င္ထိ ေပါက္ေဈးရွိေနေၾကာင္း သိရသည္။
“မနက္က PT Power မွာ ဆီသြားတန္းစီတာ မနက္(၇)နာရီကေနသြားတန္းစီတာ ညေန (၃)နာရီမွ ျပန္ေရာက္တယ္။ New Day မွာ ဆီတန္းဆီရတာေတာင္ အေနာက္ေပါက္ထိေရာက္တယ္။ တခ်ိဳ႕အျပင္က ဆီဆိုင္ေတြဆိုရင္ တစ္လီတာကို (၁၀၀၀၀)ေက်ာ္ ေပးဝယ္ရတယ္”ဟု ျပည္ၿမိဳ႕မွ ေဒသခံအမ်ိဳးသမီးတစ္ဦးက ေျပာသည္။