ဝမ်ယိ၏ မြန်မာခရီး (သို့မဟုတ်) အနောက်ဘက်သို့ခရီး (ဆောင်းပါး)

 3156

မျိုးမင်း(မကျည်းလဟာ)(NP News) - ဩဂုတ် ၁၈

ဝမ်ယိမြန်မာပြည်လာသည်။ ဦးမင်းအောင် လှိုင်နှင့်တွေ့သည်၊ ဦးသန်းရွှေနှင့်တွေ့သည်။

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ ၂၀၂၄ ခုနှစ် ဩဂုတ်လ(၁၄)ရက် မြန်မာခရီးသည်ကား နှစ်နိုင်ငံအနာဂတ်အတွက် အရေးကြီးဆုံးကာလကို ရောက်နေခြင်းဖြစ်ကြောင်း သက်သေတစ်ခုပင်။ နှစ်ဖက်တွေ့ဆုံမှုအတွင်း မြန်မာရွေးကောက်ပွဲကို ထောက်ခံကြောင်း၊ ရှမ်းမြောက်တိုက်ပွဲများထဲမှ EAOs များ၏လုပ်ရပ်ကို ဆန့်ကျင်ရှုတ်ချကြောင်း ဝမ်ယိက ပြောခဲ့သည်။

ထိုစကားများသည် ပြည်ပြေးအုပ်စုကြား တွင် “ -င်ကြား ခဲညပ်သလို” ဖြစ်သွား၏။ ဝမ်ယိ မပြောခဲ့သောစကားကို နစကဘက်က ထုတ်ပြန်သည့် သဘောမျိုး ထပ်ဆင့်ဝါဒဖြန့်ကြသည်။ နှစ်ဖက် တွေ့ဆုံပွဲအတွင်း ပြောကြားခဲ့သောစကားများကို သံတမန် အသိုင်းအဝိုင်းမှအတွင်း သတင်းရင်းမြစ် တစ်ဦးထံ ကိုးကားပြီး ယခုကဲ့သို့ ဖော်ပြချင်၏။ ခိုင်လုံသော အထောက်အထားလည်း ရရှိထားသည်။

နစဘက်မှ ထုတ်ပြန်ချက်
တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် အိမ်နီးချင်းကောင်း၊ မိတ်ဆွေဟောင်း၊ မိတ်ဆွေကောင်း နိုင်ငံများဖြစ်ပြီး ယခင်ကတည်းက ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ရပ်နှင့်အညီ အေးအတူ ပူအမျှအသိုက်အဝန်းကို အတူတကွတည်ဆောက် ထားသည့် နိုင်ငံများဖြစ်ကြောင်း၊ ယခုကဲ့သို့ တွေ့ဆုံ ဆွေးနွေးမှုသည် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု နှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးတက် အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။ ဝမ်ယိကလည်း တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲမှုကို အခိုင်အမာထောက်ခံပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ်(၅)ရပ်ကို ချမှတ်ဆောင် ရွက်နေမှု နှင့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကိုလည်း ထောက်ခံပါကြောင်း၊ မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေး အတွက် တရုတ်နိုင်ငံအနေဖြင့် အလေးထားပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်း တွင် EAOs အဖွဲ့များ၏ မြို့ရွာများအပေါ် တိုက်ခိုက်မှုဖြစ်စဉ်များနှင့်ပတ်သက်၍လည်း တရုတ်နိုင်ငံ အနေဖြင့် ဆန့်ကျင်ပါကြောင်း ပြောကြားသည်။

နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များ၊ ကာကွယ် ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ၊ မြန်မာ နိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ် များနှင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ အွန်လိုင်းလောင်းကစားမှုများ၊ အွန် လိုင်း လိမ်လည်မှုများ၊ အခြားငွေကြေးလိမ်လည်မှုနှင့် တရားမဝင်လုပ်ငန်းများ ပပျောက်စေရေး နှစ်နိုင်ငံဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များ နှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

၂၀၂၅ ခုနှစ်တွင် သံတမန်ဆက်ဆံရေး (၇၅) နှစ်ပြည့် စိန်ရတုနှစ်သို့ရောက်ရှိမည်ဖြစ်သည့် အခြေအနေများ၊ တရုတ်တစ်နိုင်ငံတည်းမူဝါဒ (One China Policy) အပေါ် မြန်မာနိုင်ငံက အစဉ်တစိုက် ရပ်တည် ထောက်ခံအားပေးနေမှုကို တန်ဖိုးထားပါကြောင်း နှင့် နိုင်ငံတကာမျက်နှာစာ၌လည်း တရုတ် နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် အမြဲရပ်တည်ပေးလျက်ရှိပါကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူမှု နှင့်ပတ်သက်၍ လိုအပ်သည့် နည်းပညာကူညီမှုများကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရွေး ကောက်ပွဲနှင့်ပတ်သက်၍လည်း လိုအပ်သည်များ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တရုတ် နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ရွေးကောက်ပွဲတွင် သက်ဆိုင်သူများ အားလုံးပါဝင်နိုင်သည့် ရွေးကောက်ပွဲ ဖြစ်စေရေးတိုက် တွန်းလိုပါကြောင်း နှစ်ဖက်အပြန်အလှန်ဆွေးနွေးကြသည်။

တရုတ်ဘက်မှ ထုတ်ပြန်ချက်
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင်း မငြိမ်မသက်မှုများ၊ စစ်ပွဲများဖြစ်ပွားခြင်းကို ဆန့်ကျင်ပြီး မြန်မာ့ပြည်တွင်းရေးကို ပြည်ပအင်အားစုများ၏ ဝင်ရောက်စွက်ဖက်မှုကို ဆန့်ကျင်ကာ တရုတ်-မြန်မာ ဆက်ဆံရေးကို ကင်းကွာစေသောကြံစည်မှုများနှင့် တရုတ်နိုင်ငံကို မဟုတ်မမှန် ပုပ်ချပြောဆိုသော မည်သည့်စကားနှင့်လုပ်ရပ်မဆို ဆန့်ကျင်ကြောင်း ဝမ်ယိက ပြောသည်။

မြန်မာနိုင်ငံနှင့် နယ်ပယ်အသီးသီးတွင် ပူး ပေါင်းဆောင်ရွက်မှုကို နက်နက်ရှိုင်းရှိုင်း တိုးမြှင့် ဆောင်ရွက်လိုကြောင်း၊ Belt and Road ပူးပေါင်း တည်ဆောက်ရေး နှင့် တရုတ်-မြန်မာ စီးပွားရေး စင်္ကြံ ပရောဂျက်များကို လျင်မြန်စွာဆောင်ရွက်ပြီး တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ကို ကောင်းမွန်စွာ လည်ပတ်ကာ ပြည်သူများ၏အသက်မွေးဝမ်းကြောင်းကို မြှင့်တင်၍ တရုတ်-မြန်မာ ကံကြမ္မာတူအသိုက်အဝန်း တည် ဆောက်ရေးအတွက် ပိုမိုများပြားကောင်းမွန်သော ရလဒ်များရရှိရန် တွန်းအားပေးမည်ဖြစ်ကြောင်းလည်း ဖော်ပြသည်။ အခြားသော ထုတ်ပြန်ချက်များမှ နစကဘက်မှ ထုတ်ပြန်သော အချက်များနှင့် တသီးတခြားကွဲထွက်ခဲ့ခြင်း မရှိပေ။

ရှမ်းမြောက်တိုက်ပွဲများအကြောင်း ဝမ်ယိပြောခဲ့သော စကားများ
ရှမ်းမြောက်တိုက်ပွဲများနှင့်ပတ်သက်၍ ထုံမော်ကျွင်း(ကိုးကန့်)များက တရုတ်နိုင်ငံ၏စကား ကို နားမထောင်ဘဲ တိုက်ခိုက်ခဲ့ကြသည်ဟု ဝမ်ယိက ပြောသည်။ 'ဇူလိုင်လ အစောပိုင်းမှာကတည်းက တအာင်းနဲ့ ကိုးကန့်အဖွဲ့တွေဟာ တရုတ်နိုင်ငံရဲ့စကား ကို နားမထောင်ဘဲ လားရှိုးနဲ့ ဆက်စပ်ဒေသတွေကို တိုက်ခိုက်ခဲ့ကြတယ်။ ဒါဟာ ကူမင်းသဘော တူညီ ချက်(ဟိုင်ဂင်) ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘော တူညီချက်ကို ဖောက်ဖျက်ခဲ့ကြတယ်။ တရုတ်နိုင်ငံကို ပြောကြားခဲ့တဲ့ ကတိကဝတ်ကို ဖောက်ဖျက်ခဲ့ကြ တာပါ။ တရုတ်နိုင်ငံအနေနဲ့ လုံးဝလက်မခံပါဘူး။ မစ္စတာ တိန့်ရှီကျွမ်းကလည်း ဥက္ကဋ္ဌ(ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်)နဲ့ ပြီးခဲ့တဲ့ရက်က တွေ့ဆုံစဉ်မှာ တရုတ် နိုင်ငံရဲ့ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီး ပါပြီ။ ဒီကနေ့ အခါအခွင့်ကြုံခိုက်မှာ ကျွန်တော်က လည်း ထပ်မံပြီး ရှင်းလင်းပြောကြား ချင်ပါ တယ်။ တရုတ်နိုင်ငံအနေနဲ့ သက်ဆိုင်ရာတိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းတွေကို ပိုမိုတင်းမာတဲ့သတိပေးမှုတွေကိုဆောင်ရွက်ပေးပါမယ်။ ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး သဘောတူညီချက် လမ်းကြောင်းကို ပြန်လည်ရောက်ရှိဖို့နဲ့ PDF-NUG အစွန်းရောက်အ ကြမ်းဖက်အုပ်စုတွေနဲ့ ခွဲထွက်ပြီး ပစ်ခတ် တိုက်ခိုက် မှု ချက်ချင်းရပ်စဲဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေကို တောင်းဆိုခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ရပ်တည် ချက်ဟာ မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်တွေက လက်နက်ကိုင်စွဲပြီး ကိုယ့် အကျိုးစီးပွားအတွက် လုပ်ဆောင်နေတာကို ဆန့်ကျင်ပါတယ်။ မြန်မာနိုင်ငံ ကနေ ခွဲထွက်ချင်တဲ့ ပြောပုံ ဆိုပုံနဲ့ လှုပ်ရှားမှုတွေကို ဆန့်ကျင်ပါတယ်။ အနောက်နိုင်ငံတွေက မြန်မာပြည် တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုအပေါ်မှာလည်း ဆန့်ကျင်ပါတယ်။ အချို့သော ကြံစည်ချက်ရှိသူတွေက တရုတ်-မြန်မာ ချစ်ကြည်ရေးကို သွေးခွဲချင်တဲ့ လုပ်ဆောင်ချက်ကို ဆန့်ကျင်ပါတယ်။ အပြန်အလှန် နားလည်မှုနဲ့ ထောက်ခံမှုက နှစ်နိုင်ငံအတွက် ကောင်းမွန်တဲ့ အစဉ်အလာတစ်ခုဖြစ်ပါတယ်။ ဒီအစဉ်အလာကို နှစ်ဦးနှစ်ဖက်က ဆက်လက်ထိန်း သိမ်းကြပါမယ်'ဟူ၍ ဝမ်ယိက ပြောခဲ့သည်။

ဝမ်ယိ၏ စကားထဲမှ စိတ်ဝင်စားဖွယ်ရာများ
မြောက်ပိုင်းသုံးဖွဲ့သည် တရုတ်၏စကားကို နားမထောင်တော့ဘဲ လုပ်ချင်ရာလုပ်နေပြီဟု နား လည်မိသည်။ သို့ဆိုလျှင် ယခင်က တရုတ်၏စကားကို နားထောင်ခဲ့သည်ဟု အဓိပ္ပါယ်ဖွင့်ရမည်ဖြစ်ပြီး ယခုမည်သူ့စကားကို နားထောင်နေသနည်းဟု ဆက် လက်တွေးဆရမည်ဖြစ်သည်။ တရုတ်၏ စကား ကိုလည်း နားမထောင်၊ ကတိကဝတ်များကိုလည်း ချိုးဖျက်၍ နယ်မြေများလုယူနေသော မြောက်ပိုင်းသုံး ဖွဲ့အား တရုတ်နိုင်ငံက ပြင်းပြင်း ထန်ထန် သတိပေးသွားမည်ဟုဆိုသည်။

PDF-NUG ကို အစွန်းရောက် အကြမ်း ဖက်သမားများဟု သုံးစွဲပြလိုက်ခြင်း၊ မြောက်ပိုင်း အဖွဲ့များက ခွဲထွက်လာပြီး အပစ်ရပ်လမ်းကြောင်း ပေါ်ကို ပြန်လည်တက်စေခြင်းဆိုသော စကားလုံး များက ရှမ်းမြောက်တိုက်ပွဲများသည် နှစ်ပင်သုံးပင် လိမ်သွားခဲ့သည်မှာ သေချာလာသည်။ ဆိုလိုသည့် နှစ်ပင်သုံးပင်လိမ်ခြင်းသည် တရုတ်နှင့်အနောက် အုပ်စုတို့က လက်နက် ကိုင်များအပေါ် ဩဇာသက်ရောက်မှုရှိခဲ့ပြီး တရုတ်ထုတ်ပစ္စည်းများအပေါ် အ နောက်အုပ်စုက အသားတံဆိပ်ရိုက်ပေးလိုက်ခြင်း မျိုးဖြစ်လာသည်။ တရုတ်အတွက် ပို၍ခံပြင်းစရာပင်။ တရုတ်ကမွေးပြီး အနောက်အုပ်စုက ကောက်စား ခြင်းမျိုးဖြစ်၏။

မြန်မာနိုင်ငံမှ ခွဲထွက်ချင်သော ပြောဆိုပုံ၊ လုပ်ကိုင်ဆောင်ရွက်ပုံဟူသည့် စကားသည် တရုတ် တို့လည်း အထူးနားလည်သွားပုံရသည်။ ထို့အတွက် ကြောင့် FPNCC (7) ဖွဲ့အပေါ် တရုတ်တို့ မူဝါဒ ပြောင်းလဲကောင်း ပြောင်းလဲလာနိုင်သည်။ နှစ်နိုင် ငံကြား ချစ်ကြည်ရေးပျက်ပြားစေရန် သွေးခွဲလိုသော လှုပ်ရှားမှုများကို ဆန့်ကျင်ကြောင်း ပြောကြားချက်က တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှုများကိုသာ ရည်ရွယ်ခြင်းမျိုးမဟုတ်ဘဲ လက်နက် ကိုင်များအကြား စိမ့်ဝင်လာသော ထရိုဂျန်များကိုလည်း ရည်ရွယ်ထားပုံရ သည်။

မြန်မာရွေးကောက်ပွဲကိစ္စ
ရွေးကောက်ပွဲကျင်းပရေးအတွက် အကြို ပြင်ဆင်နေမှုများနှင့် သန်းခေါင်စာရင်းကောက်ယူ နေမှုများကို တရုတ်တို့က ကူညီအားပေးထောက်ခံ မည်ဟု ဆိုသည်။ ပါသင့်ပါထိုက်သူများ ပါစေချင် သည် ဟု ပြောကြားချက်သည် လူကြိုက်များခဲ့သောပါတီ ကြီးတစ်ခုကို ရည်ရွယ်လိုပုံရသည်။ အထူးသဖြင့် NLD ပါတီနှင့် SNLD ပင်ဖြစ်၏။ သို့သော် ဒေါ်အောင်ဆန်းစုကြည်အား ခေါင်းတည်ထားခြင်း မရှိပေ။ တစ်နည်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခြင်းမပါဝင်ခြင်းက တရုတ်တို့အတွက် အရေးကြီးပုံမရ။ ထို့အတွက်လည်း ဒေါ်အောင်ဆန်းစုကြည် နှင့် သီးသန့်တွေ့ဆုံခွင့်ပင် တောင်းခံခြင်းမရှိခဲ့ပေ။ အကြမ်းမဖက်သူ ပြည်တွင်းနေ NLD ပါတီဝင်များနှင့်မူ တရုတ်သံတမန်အသိုင်းအဝိုင်းက ပုံမှန်ဆက်ဆံရေးရှိနေသည်။ တရုတ်တို့အနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာများကို ရွေးကောက်ပွဲဖြင့်သာ ဖြေရှင်း၍ရတော့မည်ကို နားလည်ထားကြပြီး အောင်မြင်ရေးအတွက် ဦးဆောင် ဦးရွက်ပြုခဲ့သောနိုင်ငံ များထဲမှ အနီးကပ်ဆုံး၊ အယုံ ကြည်ရဆုံး အိမ်နီးချင်းဖြစ်လိုပုံရ၏။

အခြားသောကိစ္စရပ်များ
နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးနှင့် စီးပွား ရေးသဘောတူညီမှုဆိုင်ရာ စာချုပ်စာတမ်းများကို ပြင်ဆင်ချုပ်ဆိုခြင်း၊ အဆင့်မြင့်တင်ခြင်းအပါအဝင် ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်မြင့်မည်ဟု နား လည်ရသည်။ ၂၀၂၅ တွင် နှစ်နိုင်ငံ သံတမန်ဆက် ဆံရေး(၇၅)နှစ်ပြည့်မည်ဖြစ်သည့်အတွက် ထူးခြား သောအခမ်းအနားများ လုပ်လာနိုင်သည်။ ကျားဖျန့် ကဲ့သို့သော လုပ်ငန်းများတွင် ပိုမိုပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရန်လည်း သဘောထားတူခဲ့ကြသည်။ ကာကွယ်ရေး စစ်ဘက်ဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုများကိုလည်း လိုအပ်သလိုတိုးမြှင့်သွားမည်ဟု သိရှိထားသည်။ မြန်မာတပ်မတော်က လိုအပ်သောစစ်ဘက်ဆိုင်ရာအကူအညီများကို တရုတ်ဘက်က ပေးအပ်မည်ဟု သတင်းရင်းမြစ်က အတည်ပြုခဲ့သည်။

တရုတ်တို့ အဘယ်ကြောင့် ပြောင်းလဲလာသနည်း
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲက တရုတ်တို့အတွက် အကြီးအကျယ် ခေါင်းခဲ သွားစေပုံရသည်။ တရုတ်နှင့် ခိုင်မာသော ဆက်ဆံ ရေးရှိသူ ရှိတ်ဟာဆီနာပြုတ်ကျပြီး အမေရိကန် နိုဘယ်ဆုရှင် ယူနွတ်က ခေါင်းဆောင်ဖြစ်လာခြင်းနှင့်အတူ ဘင်္ဂလားဒေ့ရှ်၏နိုင်ငံရေးထဲ၌ CIA တို့ ဝင် ရောက်သွားနိုင်ပြီဟု ကောက်ချက်ချသည်။

တရုတ်၏အနောက်ဘက်သို့ခရီးသွားခြင်း ထွက်ပေါက်သည် ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ ထိုင်းတို့ တွင်သာရှိနေပြီး ဘင်္ဂလားဒေ့ရှ်ခလုတ်သည်ကား အမေရိကန်တို့လက်ထဲသို့ ရောက်သွားပြီဖြစ်၏။ ထိုင်းနိုင်ငံသည်လည်း အမေရိကန်နှင့် မကင်းနိုင် သောဆက်ဆံရေးမျိုးကြောင့် Kra Canal သည် လည်း လေထဲတွင်သာ တိုက်အိမ်ဆောက်မိလျက်သား ဖြစ်နေသည်။ ထို့အတွက် မြန်မာတစ်နိုင်ငံတည်းသာ ကျန်တော့သည်။ အကယ်၍ NUG နှင့် ပူးပေါင်းမှု ရှိနေသော မြောက်ပိုင်းလက်နက်ကိုင်များက တပ်မ တော်အပေါ် အသာစီးရသွားခဲ့ပါက မြန်မာသည်တ ရုတ်တို့အတွက်မဟုတ်တော့ဘဲ အမေရိကန်တို့က တရုတ်နယ်စပ်တစ်လျှောက်တွင် စစ်စခန်းများ လာမ ဆောက်ဟု မပြောနိုင်။ ရာစုနှစ်ချီ၍ အမေရိကန် တို့ မက်ခဲ့သောအိပ်မက်သည်ကား တရုတ်ကို ဝန်းရံပိတ် ဆို့ထားရေးပင်။ အနီးစပ်ဆုံး ဆယ်စုနှစ်(၃)ခု အတွင်း ၌ ဘိန်းဘုရင်ခွန်ဆာ၏ နယ်မြေအတွင်း လေကြောင်း ကာကွယ်ရေးဒုံးစနစ်များ ထားခွင့်ရရန် CIA တို့ ကြိုးပမ်းခဲ့ဖူးသည်။

ခွန်ဆာ၏နယ်မြေအတွင်း၌ အမေရိကန် ဟောလီးဝုဒ် ရုပ်ရှင်ကားများပင် လာရောက်ရိုက်ကူး၍ နယ်မြေလေ့လာခြင်းများ လုပ်ဆောင်ခဲ့ဖူးသည်။ ကံကောင်းသည်ကား ခွန်ဆာက အမေရိကန်ကို ငြင်း ၍ မြန်မာတပ်မတော်နှင့် ပူးပေါင်းခဲ့ခြင်းပင်။ ထိုသို့သော အတိတ်ဖြစ်ရပ်များက တအုံနွေးနွေးပင် ရှိနေသေး သည်။ ထိုအချက်ကို တရုတ်တို့လည်း လက်ခံမည်မဟုတ်။ ထို့အတွက် တရုတ်နိုင်ငံ၏ မဖြစ်မနေ ရွေးချယ်ရမည့်လုပ်ရပ်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား လာရောက်တွေ့ဆုံလက်ဆွဲနှုတ် ဆက်ရန်ပင် ဖြစ်တော့သည်။

တရုတ်နိုင်ငံအား အကြံပြုခြင်း
မြန်မာလူထု၏ရင်ထဲတွင် ရှမ်းမြောက် တိုက်ပွဲများ၏နောက်ကွယ်၌ တရုတ်တို့ ရှိနေသည်ဟု အမြစ်စွဲနေပြီဖြစ်သည်။ ထိုအချက်ကို ရန်လို၍မရဘဲ ငြင်သာစွာ နှုတ်ယူတတ်ရန်လိုသည်။ မြန်မာတို့ သည် ခွင့်လွှတ်မေ့ပျောက်ပေးလွယ်တတ်သည်။ တရုတ်တို့ ဘက်က အချက်သုံးချက်ထက်ပို၍ လုပ်ပြရန် ပင်မလိုဘဲ မြန်မာတို့ မေ့သွားပါလိမ့်မည်။ တရုတ်ခြံစည်းရိုး တစ်လျှောက်မှ လက်နက်ကိုင် ခေါင်းဆောင် များအား တရုတ်နိုင်ငံက ပိတ်ဆို့ကန့်သတ်ဖမ်းဆီးပေးခြင်း၊ ဘဏ်အကောင့်များကို ဖော်ထုတ်၍ ပိတ်ပေး ခြင်း၊ တရုတ်နယ်စပ်တစ်လျှောက်မှ လက်နက်မှောင်ခို လုပ်ငန်းနှင့် လက်နက်စက်ရုံများအတွက် ကုန် ကြမ်း ပစ္စည်းများကို တရုတ်ဘက်မှ ပိတ်ဆို့ဖမ်းဆီးပေးခြင်း၊ မြန်မာတပ်မတော်က ထိုးစစ်ဆင်ပါက နည်းပညာ ပိုင်းအပြည့်အဝကူညီပေးပြီး လက်နက်ကိုင်များကို တရုတ်နိုင်ငံထဲ ဝင်ခွင့်မပေးခြင်း၊ မြန်မာ အစိုးရကို ပုန်ကန်တော်လှန်နေသော သူပုန်များအဖြစ် တရား ဝင်ကြေညာပေးပြီး ပူးပေါင်းချေမှုန်း ပေးခြင်း၊ မြန်မာ သူပုန်များနှင့် ယူနန်ပြည်နယ်ထဲမှအမျိုးအနွယ်တူ သူများအား သူပုန်အားပေး လုပ်ရပ် များ ရပ်တန်းက ရပ်ရန်အမိန့်ပေးကြေညာခြင်း စသည့် အချက်များကို မြန်မာများက မျှော်လင့်နေသည်။ မြန်မာခေါင်းဆောင်ဟောင်း ဦးသန်းရွှေ ကပင်လျှင် ယခုကဲ့သို့ ပြောထားသည်။ မြန်မာနိုင်ငံ အတွက် တရုတ်နိုင်ငံ၏ ရေရှည်ကိုယ်ကျိုးမဖက်သည့် ကဏ္ဍစုံ ပံ့ပိုးကူညီမှုများအပေါ် ကျေးဇူးတင်ရှိ ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ဆွေမျိုးပေါက်ဖော် ညီအစ်ကိုနှင့် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံဖြစ်ကြောင်း၊ နှစ်နိုင်ငံသည် အစဉ်အမြဲ ချစ်ကြည် ရင်းနှီးစွာ ဆက်ဆံ၍ ငြိမ်းချမ်းစွာ အတူနေထိုင်ကြ ကြောင်း၊ ယင်းသည် မည်သည့်အခါမျှ ပြောင်းလဲမည် မဟုတ်ကြောင်း၊ တရုတ်နိုင်ငံ သည် မြန်မာနိုင်ငံအား ပြည်ပဝင်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ရန်နှင့် ပြည်တွင်းတည်ငြိမ်ရေးကို ထိန်းသိမ်းကာကွယ်ရန် အတွက် တန်ဖိုးရှိသော အထောက်အပံ့များကို ဆက်လက်ပံ့ပိုးကူညီသွားမည်ဟု မျှော်လင့်ကြောင်း ဟူ၍ပင်။

zawgyi version
ဝမ္ယိ၏ ျမန္မာခရီး (သို႔မဟုတ္) အေနာက္ဘက္သို႔ခရီး (ေဆာင္းပါး)
မ်ိဳးမင္း(မက်ည္းလဟာ)(NP News) - ဩဂုတ္ ၁၈

ဝမ္ယိျမန္မာျပည္လာသည္။ ဦးမင္းေအာင္ လႈိင္ႏွင့္ေတြ႕သည္၊ ဦးသန္းေ႐ႊႏွင့္ေတြ႕သည္။

တ႐ုတ္ကြန္ျမဴနစ္ပါတီဗဟိုေကာ္မတီ၊ ႏိုင္ငံေရးရာဗ်ဴ႐ိုအဖြဲ႕ဝင္၊ ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ယိ၏ ၂၀၂၄ ခုႏွစ္ ဩဂုတ္လ(၁၄)ရက္ ျမန္မာခရီးသည္ကား ႏွစ္ႏိုင္ငံအနာဂတ္အတြက္ အေရးႀကီးဆုံးကာလကို ေရာက္ေနျခင္းျဖစ္ေၾကာင္း သက္ေသတစ္ခုပင္။ ႏွစ္ဖက္ေတြ႕ဆုံမႈအတြင္း ျမန္မာေ႐ြးေကာက္ပြဲကို ေထာက္ခံေၾကာင္း၊ ရွမ္းေျမာက္တိုက္ပြဲမ်ားထဲမွ EAOs မ်ား၏လုပ္ရပ္ကို ဆန႔္က်င္ရႈတ္ခ်ေၾကာင္း ဝမ္ယိက ေျပာခဲ့သည္။

ထိုစကားမ်ားသည္ ျပည္ေျပးအုပ္စုၾကား တြင္ “ -င္ၾကား ခဲညပ္သလို” ျဖစ္သြား၏။ ဝမ္ယိ မေျပာခဲ့ေသာစကားကို နစကဘက္က ထုတ္ျပန္သည့္ သေဘာမ်ိဳး ထပ္ဆင့္ဝါဒျဖန႔္ၾကသည္။ ႏွစ္ဖက္ ေတြ႕ဆုံပြဲအတြင္း ေျပာၾကားခဲ့ေသာစကားမ်ားကို သံတမန္ အသိုင္းအဝိုင္းမွအတြင္း သတင္းရင္းျမစ္ တစ္ဦးထံ ကိုးကားၿပီး ယခုကဲ့သို႔ ေဖာ္ျပခ်င္၏။ ခိုင္လုံေသာ အေထာက္အထားလည္း ရရွိထားသည္။

နစဘက္မွ ထုတ္ျပန္ခ်က္
တ႐ုတ္ႏိုင္ငံႏွင့္ ျမန္မာႏိုင္ငံတို႔သည္ အိမ္နီးခ်င္းေကာင္း၊ မိတ္ေဆြေဟာင္း၊ မိတ္ေဆြေကာင္း ႏိုင္ငံမ်ားျဖစ္ၿပီး ယခင္ကတည္းက ၿငိမ္းခ်မ္းစြာအတူ ယွဥ္တြဲေနထိုင္ေရးမူႀကီး(၅)ရပ္ႏွင့္အညီ ေအးအတူ ပူအမွ်အသိုက္အဝန္းကို အတူတကြတည္ေဆာက္ ထားသည့္ ႏိုင္ငံမ်ားျဖစ္ေၾကာင္း၊ ယခုကဲ့သို႔ ေတြ႕ဆုံ ေဆြးေႏြးမႈသည္ ႏွစ္ႏိုင္ငံအၾကား ခ်စ္ၾကည္ရင္းႏွီးမႈ ႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈမ်ားကို ပိုမိုတိုးတက္ ေအာင္ ေဆာင္႐ြက္ႏိုင္မည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာသည္။ ဝမ္ယိကလည္း တ႐ုတ္ႏိုင္ငံအေနျဖင့္ ျမန္မာႏိုင္ငံ၏ လြတ္လပ္ေရးႏွင့္ အခ်ဳပ္အျခာအာဏာ တည္တံ့ခိုင္ၿမဲမႈကို အခိုင္အမာေထာက္ခံပါေၾကာင္း၊ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအေနျဖင့္ ႏိုင္ငံ တည္ၿငိမ္ေအးခ်မ္းေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ ေရွ႕လုပ္ငန္းစဥ္(၅)ရပ္ကို ခ်မွတ္ေဆာင္ ႐ြက္ေနမႈ ႏွင့္ လြတ္လပ္ၿပီးတရားမွ်တသည့္ ပါတီစုံဒီမိုကေရစီအေထြေထြ ေ႐ြးေကာက္ပြဲက်င္းပရန္ ႀကိဳတင္ျပင္ဆင္ေဆာင္႐ြက္ေနမႈမ်ားကိုလည္း ေထာက္ခံပါေၾကာင္း၊ ျမန္မာႏိုင္ငံ၏ တည္ၿငိမ္ေအးခ်မ္းေရး အတြက္ တ႐ုတ္ႏိုင္ငံအေနျဖင့္ အေလးထားပူးေပါင္း ေဆာင္႐ြက္လ်က္ရွိပါေၾကာင္း၊ ရွမ္းျပည္နယ္ ေျမာက္ပိုင္း တြင္ EAOs အဖြဲ႕မ်ား၏ ၿမိဳ႕႐ြာမ်ားအေပၚ တိုက္ခိုက္မႈျဖစ္စဥ္မ်ားႏွင့္ပတ္သက္၍လည္း တ႐ုတ္ႏိုင္ငံ အေနျဖင့္ ဆန႔္က်င္ပါေၾကာင္း ေျပာၾကားသည္။

ႏွစ္ႏိုင္ငံအၾကား ခ်စ္ၾကည္ရင္းႏွီးမႈႏွင့္ ပူးေပါင္းေဆာင္႐ြက္ေရး ဆိုင္ရာကိစၥရပ္မ်ား၊ ကာကြယ္ ေရးဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈကိစၥရပ္မ်ား၊ ျမန္မာ ႏိုင္ငံ၏ ျပည္တြင္းၿငိမ္းခ်မ္းေရးဆိုင္ရာ ကိစၥရပ္ မ်ားႏွင့္ နယ္စပ္ေဒသ တည္ၿငိမ္ေအးခ်မ္းေရးဆိုင္ရာကိစၥရပ္မ်ား၊ အြန္လိုင္းေလာင္းကစားမႈမ်ား၊ အြန္ လိုင္း လိမ္လည္မႈမ်ား၊ အျခားေငြေၾကးလိမ္လည္မႈႏွင့္ တရားမဝင္လုပ္ငန္းမ်ား ပေပ်ာက္ေစေရး ႏွစ္ႏိုင္ငံဆက္လက္ ပူးေပါင္းေဆာင္႐ြက္သြားမည့္ ကိစၥရပ္မ်ား ႏွင့္ပတ္သက္၍ ရင္းႏွီးပြင့္လင္းစြာ အျမင္ခ်င္းဖလွယ္ ေဆြးေႏြးခဲ့ၾကသည္။

၂၀၂၅ ခုႏွစ္တြင္ သံတမန္ဆက္ဆံေရး (၇၅) ႏွစ္ျပည့္ စိန္ရတုႏွစ္သို႔ေရာက္ရွိမည္ျဖစ္သည့္ အေျခအေနမ်ား၊ တ႐ုတ္တစ္ႏိုင္ငံတည္းမူဝါဒ (One China Policy) အေပၚ ျမန္မာႏိုင္ငံက အစဥ္တစိုက္ ရပ္တည္ ေထာက္ခံအားေပးေနမႈကို တန္ဖိုးထားပါေၾကာင္း ႏွင့္ ႏိုင္ငံတကာမ်က္ႏွာစာ၌လည္း တ႐ုတ္ ႏိုင္ငံအေနျဖင့္ ျမန္မာႏိုင္ငံအေပၚ အၿမဲရပ္တည္ေပးလ်က္ရွိပါေၾကာင္း၊ သန္းေခါင္စာရင္း ေကာက္ယူမႈ ႏွင့္ပတ္သက္၍ လိုအပ္သည့္ နည္းပညာကူညီမႈမ်ားကိုလည္း ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း၊ ေ႐ြး ေကာက္ပြဲႏွင့္ပတ္သက္၍လည္း လိုအပ္သည္မ်ား ကူညီေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း၊ တ႐ုတ္ ႏိုင္ငံ အေနျဖင့္ ျမန္မာႏိုင္ငံ၏ေ႐ြးေကာက္ပြဲတြင္ သက္ဆိုင္သူမ်ား အားလုံးပါဝင္ႏိုင္သည့္ ေ႐ြးေကာက္ပြဲ ျဖစ္ေစေရးတိုက္ တြန္းလိုပါေၾကာင္း ႏွစ္ဖက္အျပန္အလွန္ေဆြးေႏြးၾကသည္။

တ႐ုတ္ဘက္မွ ထုတ္ျပန္ခ်က္
တ႐ုတ္ႏိုင္ငံသည္ ျမန္မာႏိုင္ငံတြင္း မၿငိမ္မသက္မႈမ်ား၊ စစ္ပြဲမ်ားျဖစ္ပြားျခင္းကို ဆန႔္က်င္ၿပီး ျမန္မာ့ျပည္တြင္းေရးကို ျပည္ပအင္အားစုမ်ား၏ ဝင္ေရာက္စြက္ဖက္မႈကို ဆန႔္က်င္ကာ တ႐ုတ္-ျမန္မာ ဆက္ဆံေရးကို ကင္းကြာေစေသာႀကံစည္မႈမ်ားႏွင့္ တ႐ုတ္ႏိုင္ငံကို မဟုတ္မမွန္ ပုပ္ခ်ေျပာဆိုေသာ မည္သည့္စကားႏွင့္လုပ္ရပ္မဆို ဆန႔္က်င္ေၾကာင္း ဝမ္ယိက ေျပာသည္။

ျမန္မာႏိုင္ငံႏွင့္ နယ္ပယ္အသီးသီးတြင္ ပူး ေပါင္းေဆာင္႐ြက္မႈကို နက္နက္ရႈိင္းရႈိင္း တိုးျမႇင့္ ေဆာင္႐ြက္လိုေၾကာင္း၊ Belt and Road ပူးေပါင္း တည္ေဆာက္ေရး ႏွင့္ တ႐ုတ္-ျမန္မာ စီးပြားေရး စႀကႍ ပေရာဂ်က္မ်ားကို လ်င္ျမန္စြာေဆာင္႐ြက္ၿပီး တ႐ုတ္-ျမန္မာ ေရနံႏွင့္ သဘာဝဓာတ္ေငြ႕ ပိုက္လိုင္း ကို ေကာင္းမြန္စြာ လည္ပတ္ကာ ျပည္သူမ်ား၏အသက္ေမြးဝမ္းေၾကာင္းကို ျမႇင့္တင္၍ တ႐ုတ္-ျမန္မာ ကံၾကမၼာတူအသိုက္အဝန္း တည္ ေဆာက္ေရးအတြက္ ပိုမိုမ်ားျပားေကာင္းမြန္ေသာ ရလဒ္မ်ားရရွိရန္ တြန္းအားေပးမည္ျဖစ္ေၾကာင္းလည္း ေဖာ္ျပသည္။ အျခားေသာ ထုတ္ျပန္ခ်က္မ်ားမွ နစကဘက္မွ ထုတ္ျပန္ေသာ အခ်က္မ်ားႏွင့္ တသီးတျခားကြဲထြက္ခဲ့ျခင္း မရွိေပ။

ရွမ္းေျမာက္တိုက္ပြဲမ်ားအေၾကာင္း ဝမ္ယိေျပာခဲ့ေသာ စကားမ်ား
ရွမ္းေျမာက္တိုက္ပြဲမ်ားႏွင့္ပတ္သက္၍ ထုံေမာ္ကြၽင္း(ကိုးကန႔္)မ်ားက တ႐ုတ္ႏိုင္ငံ၏စကား ကို နားမေထာင္ဘဲ တိုက္ခိုက္ခဲ့ၾကသည္ဟု ဝမ္ယိက ေျပာသည္။ 'ဇူလိုင္လ အေစာပိုင္းမွာကတည္းက တအာင္းနဲ႔ ကိုးကန႔္အဖြဲ႕ေတြဟာ တ႐ုတ္ႏိုင္ငံရဲ႕စကား ကို နားမေထာင္ဘဲ လားရႈိးနဲ႔ ဆက္စပ္ေဒသေတြကို တိုက္ခိုက္ခဲ့ၾကတယ္။ ဒါဟာ ကူမင္းသေဘာ တူညီ ခ်က္(ဟိုင္ဂင္) ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရး သေဘာ တူညီခ်က္ကို ေဖာက္ဖ်က္ခဲ့ၾကတယ္။ တ႐ုတ္ႏိုင္ငံကို ေျပာၾကားခဲ့တဲ့ ကတိကဝတ္ကို ေဖာက္ဖ်က္ခဲ့ၾက တာပါ။ တ႐ုတ္ႏိုင္ငံအေနနဲ႔ လုံးဝလက္မခံပါဘူး။ မစၥတာ တိန႔္ရွီကြၽမ္းကလည္း ဥကၠ႒(ဗိုလ္ခ်ဳပ္မႉးႀကီးမင္း ေအာင္လႈိင္)နဲ႔ ၿပီးခဲ့တဲ့ရက္က ေတြ႕ဆုံစဥ္မွာ တ႐ုတ္ ႏိုင္ငံရဲ႕ရပ္တည္ခ်က္ကို ရွင္းရွင္းလင္းလင္း ေျပာခဲ့ၿပီး ပါၿပီ။ ဒီကေန႔ အခါအခြင့္ႀကဳံခိုက္မွာ ကြၽန္ေတာ္က လည္း ထပ္မံၿပီး ရွင္းလင္းေျပာၾကား ခ်င္ပါ တယ္။ တ႐ုတ္ႏိုင္ငံအေနနဲ႔ သက္ဆိုင္ရာတိုင္းရင္းသားလက္ နက္ကိုင္အဖြဲ႕အစည္းေတြကို ပိုမိုတင္းမာတဲ့သတိေပးမႈေတြကိုေဆာင္႐ြက္ေပးပါမယ္။ ပစ္ခတ္တိုက္ ခိုက္မႈရပ္စဲေရး သေဘာတူညီခ်က္ လမ္းေၾကာင္းကို ျပန္လည္ေရာက္ရွိဖို႔နဲ႔ PDF-NUG အစြန္းေရာက္အ ၾကမ္းဖက္အုပ္စုေတြနဲ႔ ခြဲထြက္ၿပီး ပစ္ခတ္ တိုက္ခိုက္ မႈ ခ်က္ခ်င္းရပ္စဲဖို႔ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ ေတြကို ေတာင္းဆိုခဲ့ပါတယ္။ တ႐ုတ္ႏိုင္ငံရဲ႕ရပ္တည္ ခ်က္ဟာ ေျမာက္ပိုင္းတိုင္းရင္းသားလက္နက္ကိုင္ေတြက လက္နက္ကိုင္စြဲၿပီး ကိုယ့္ အက်ိဳးစီးပြားအတြက္ လုပ္ေဆာင္ေနတာကို ဆန႔္က်င္ပါတယ္။ ျမန္မာႏိုင္ငံ ကေန ခြဲထြက္ခ်င္တဲ့ ေျပာပုံ ဆိုပုံနဲ႔ လႈပ္ရွားမႈေတြကို ဆန႔္က်င္ပါတယ္။ အေနာက္ႏိုင္ငံေတြက ျမန္မာျပည္ တြင္းေရးကို ဝင္ေရာက္စြက္ဖက္မႈအေပၚမွာလည္း ဆန႔္က်င္ပါတယ္။ အခ်ိဳ႕ေသာ ႀကံစည္ခ်က္ရွိသူေတြက တ႐ုတ္-ျမန္မာ ခ်စ္ၾကည္ေရးကို ေသြးခြဲခ်င္တဲ့ လုပ္ေဆာင္ခ်က္ကို ဆန႔္က်င္ပါတယ္။ အျပန္အလွန္ နားလည္မႈနဲ႔ ေထာက္ခံမႈက ႏွစ္ႏိုင္ငံအတြက္ ေကာင္းမြန္တဲ့ အစဥ္အလာတစ္ခုျဖစ္ပါတယ္။ ဒီအစဥ္အလာကို ႏွစ္ဦးႏွစ္ဖက္က ဆက္လက္ထိန္း သိမ္းၾကပါမယ္'ဟူ၍ ဝမ္ယိက ေျပာခဲ့သည္။

ဝမ္ယိ၏ စကားထဲမွ စိတ္ဝင္စားဖြယ္ရာမ်ား
ေျမာက္ပိုင္းသုံးဖြဲ႕သည္ တ႐ုတ္၏စကားကို နားမေထာင္ေတာ့ဘဲ လုပ္ခ်င္ရာလုပ္ေနၿပီဟု နား လည္မိသည္။ သို႔ဆိုလွ်င္ ယခင္က တ႐ုတ္၏စကားကို နားေထာင္ခဲ့သည္ဟု အဓိပၸါယ္ဖြင့္ရမည္ျဖစ္ၿပီး ယခုမည္သူ႔စကားကို နားေထာင္ေနသနည္းဟု ဆက္ လက္ေတြးဆရမည္ျဖစ္သည္။ တ႐ုတ္၏ စကား ကိုလည္း နားမေထာင္၊ ကတိကဝတ္မ်ားကိုလည္း ခ်ိဳးဖ်က္၍ နယ္ေျမမ်ားလုယူေနေသာ ေျမာက္ပိုင္းသုံး ဖြဲ႕အား တ႐ုတ္ႏိုင္ငံက ျပင္းျပင္း ထန္ထန္ သတိေပးသြားမည္ဟုဆိုသည္။

PDF-NUG ကို အစြန္းေရာက္ အၾကမ္း ဖက္သမားမ်ားဟု သုံးစြဲျပလိုက္ျခင္း၊ ေျမာက္ပိုင္း အဖြဲ႕မ်ားက ခြဲထြက္လာၿပီး အပစ္ရပ္လမ္းေၾကာင္း ေပၚကို ျပန္လည္တက္ေစျခင္းဆိုေသာ စကားလုံး မ်ားက ရွမ္းေျမာက္တိုက္ပြဲမ်ားသည္ ႏွစ္ပင္သုံးပင္ လိမ္သြားခဲ့သည္မွာ ေသခ်ာလာသည္။ ဆိုလိုသည့္ ႏွစ္ပင္သုံးပင္လိမ္ျခင္းသည္ တ႐ုတ္ႏွင့္အေနာက္ အုပ္စုတို႔က လက္နက္ ကိုင္မ်ားအေပၚ ဩဇာသက္ေရာက္မႈရွိခဲ့ၿပီး တ႐ုတ္ထုတ္ပစၥည္းမ်ားအေပၚ အ ေနာက္အုပ္စုက အသားတံဆိပ္႐ိုက္ေပးလိုက္ျခင္း မ်ိဳးျဖစ္လာသည္။ တ႐ုတ္အတြက္ ပို၍ခံျပင္းစရာပင္။ တ႐ုတ္ကေမြးၿပီး အေနာက္အုပ္စုက ေကာက္စား ျခင္းမ်ိဳးျဖစ္၏။

ျမန္မာႏိုင္ငံမွ ခြဲထြက္ခ်င္ေသာ ေျပာဆိုပုံ၊ လုပ္ကိုင္ေဆာင္႐ြက္ပုံဟူသည့္ စကားသည္ တ႐ုတ္ တို႔လည္း အထူးနားလည္သြားပုံရသည္။ ထို႔အတြက္ ေၾကာင့္ FPNCC (7) ဖြဲ႕အေပၚ တ႐ုတ္တို႔ မူဝါဒ ေျပာင္းလဲေကာင္း ေျပာင္းလဲလာႏိုင္သည္။ ႏွစ္ႏိုင္ ငံၾကား ခ်စ္ၾကည္ေရးပ်က္ျပားေစရန္ ေသြးခြဲလိုေသာ လႈပ္ရွားမႈမ်ားကို ဆန႔္က်င္ေၾကာင္း ေျပာၾကားခ်က္က တ႐ုတ္ဆန႔္က်င္ေရးလႈပ္ရွားမႈမ်ားကိုသာ ရည္႐ြယ္ျခင္းမ်ိဳးမဟုတ္ဘဲ လက္နက္ ကိုင္မ်ားအၾကား စိမ့္ဝင္လာေသာ ထ႐ိုဂ်န္မ်ားကိုလည္း ရည္႐ြယ္ထားပုံရ သည္။

ျမန္မာေ႐ြးေကာက္ပြဲကိစၥ
ေ႐ြးေကာက္ပြဲက်င္းပေရးအတြက္ အႀကိဳ ျပင္ဆင္ေနမႈမ်ားႏွင့္ သန္းေခါင္စာရင္းေကာက္ယူ ေနမႈမ်ားကို တ႐ုတ္တို႔က ကူညီအားေပးေထာက္ခံ မည္ဟု ဆိုသည္။ ပါသင့္ပါထိုက္သူမ်ား ပါေစခ်င္ သည္ ဟု ေျပာၾကားခ်က္သည္ လူႀကိဳက္မ်ားခဲ့ေသာပါတီ ႀကီးတစ္ခုကို ရည္႐ြယ္လိုပုံရသည္။ အထူးသျဖင့္ NLD ပါတီႏွင့္ SNLD ပင္ျဖစ္၏။ သို႔ေသာ္ ေဒၚေအာင္ဆန္းစုၾကည္အား ေခါင္းတည္ထားျခင္း မရွိေပ။ တစ္နည္းအားျဖင့္ ေဒၚေအာင္ဆန္းစုၾကည္ ပါဝင္ျခင္းမပါဝင္ျခင္းက တ႐ုတ္တို႔အတြက္ အေရးႀကီးပုံမရ။ ထို႔အတြက္လည္း ေဒၚေအာင္ဆန္းစုၾကည္ ႏွင့္ သီးသန႔္ေတြ႕ဆုံခြင့္ပင္ ေတာင္းခံျခင္းမရွိခဲ့ေပ။ အၾကမ္းမဖက္သူ ျပည္တြင္းေန NLD ပါတီဝင္မ်ားႏွင့္မူ တ႐ုတ္သံတမန္အသိုင္းအဝိုင္းက ပုံမွန္ဆက္ဆံေရးရွိေနသည္။ တ႐ုတ္တို႔အေနျဖင့္ ျမန္မာႏိုင္ငံ၏ ႏိုင္ငံေရးျပႆနာမ်ားကို ေ႐ြးေကာက္ပြဲျဖင့္သာ ေျဖရွင္း၍ရေတာ့မည္ကို နားလည္ထားၾကၿပီး ေအာင္ျမင္ေရးအတြက္ ဦးေဆာင္ ဦး႐ြက္ျပဳခဲ့ေသာႏိုင္ငံ မ်ားထဲမွ အနီးကပ္ဆုံး၊ အယုံ ၾကည္ရဆုံး အိမ္နီးခ်င္းျဖစ္လိုပုံရ၏။

အျခားေသာကိစၥရပ္မ်ား
ႏွစ္ႏိုင္ငံ နယ္စပ္ကုန္သြယ္ေရးႏွင့္ စီးပြား ေရးသေဘာတူညီမႈဆိုင္ရာ စာခ်ဳပ္စာတမ္းမ်ားကို ျပင္ဆင္ခ်ဳပ္ဆိုျခင္း၊ အဆင့္ျမင့္တင္ျခင္းအပါအဝင္ ပူးေပါင္းေဆာင္႐ြက္မႈမ်ားကို အရွိန္ျမင့္မည္ဟု နား လည္ရသည္။ ၂၀၂၅ တြင္ ႏွစ္ႏိုင္ငံ သံတမန္ဆက္ ဆံေရး(၇၅)ႏွစ္ျပည့္မည္ျဖစ္သည့္အတြက္ ထူးျခား ေသာအခမ္းအနားမ်ား လုပ္လာႏိုင္သည္။ က်ားဖ်န႔္ ကဲ့သို႔ေသာ လုပ္ငန္းမ်ားတြင္ ပိုမိုပူးေပါင္းေဆာင္႐ြက္မႈမ်ား လုပ္ေဆာင္ရန္လည္း သေဘာထားတူခဲ့ၾကသည္။ ကာကြယ္ေရး စစ္ဘက္ဆိုင္ရာပူးေပါင္း ေဆာင္႐ြက္မႈမ်ားကိုလည္း လိုအပ္သလိုတိုးျမႇင့္သြားမည္ဟု သိရွိထားသည္။ ျမန္မာတပ္မေတာ္က လိုအပ္ေသာစစ္ဘက္ဆိုင္ရာအကူအညီမ်ားကို တ႐ုတ္ဘက္က ေပးအပ္မည္ဟု သတင္းရင္းျမစ္က အတည္ျပဳခဲ့သည္။

တ႐ုတ္တို႔ အဘယ္ေၾကာင့္ ေျပာင္းလဲလာသနည္း
ဘဂၤလားေဒ့ရွ္ႏိုင္ငံ၏ ႏိုင္ငံေရးအေျပာင္းအလဲက တ႐ုတ္တို႔အတြက္ အႀကီးအက်ယ္ ေခါင္းခဲ သြားေစပုံရသည္။ တ႐ုတ္ႏွင့္ ခိုင္မာေသာ ဆက္ဆံ ေရးရွိသူ ရွိတ္ဟာဆီနာျပဳတ္က်ၿပီး အေမရိကန္ ႏိုဘယ္ဆုရွင္ ယူႏြတ္က ေခါင္းေဆာင္ျဖစ္လာျခင္းႏွင့္အတူ ဘဂၤလားေဒ့ရွ္၏ႏိုင္ငံေရးထဲ၌ CIA တို႔ ဝင္ ေရာက္သြားႏိုင္ၿပီဟု ေကာက္ခ်က္ခ်သည္။

တ႐ုတ္၏အေနာက္ဘက္သို႔ခရီးသြားျခင္း ထြက္ေပါက္သည္ ဘဂၤလားေဒ့ရွ္၊ ျမန္မာ၊ ထိုင္းတို႔ တြင္သာရွိေနၿပီး ဘဂၤလားေဒ့ရွ္ခလုတ္သည္ကား အေမရိကန္တို႔လက္ထဲသို႔ ေရာက္သြားၿပီျဖစ္၏။ ထိုင္းႏိုင္ငံသည္လည္း အေမရိကန္ႏွင့္ မကင္းႏိုင္ ေသာဆက္ဆံေရးမ်ိဳးေၾကာင့္ Kra Canal သည္ လည္း ေလထဲတြင္သာ တိုက္အိမ္ေဆာက္မိလ်က္သား ျဖစ္ေနသည္။ ထို႔အတြက္ ျမန္မာတစ္ႏိုင္ငံတည္းသာ က်န္ေတာ့သည္။ အကယ္၍ NUG ႏွင့္ ပူးေပါင္းမႈ ရွိေနေသာ ေျမာက္ပိုင္းလက္နက္ကိုင္မ်ားက တပ္မ ေတာ္အေပၚ အသာစီးရသြားခဲ့ပါက ျမန္မာသည္တ ႐ုတ္တို႔အတြက္မဟုတ္ေတာ့ဘဲ အေမရိကန္တို႔က တ႐ုတ္နယ္စပ္တစ္ေလွ်ာက္တြင္ စစ္စခန္းမ်ား လာမ ေဆာက္ဟု မေျပာႏိုင္။ ရာစုႏွစ္ခ်ီ၍ အေမရိကန္ တို႔ မက္ခဲ့ေသာအိပ္မက္သည္ကား တ႐ုတ္ကို ဝန္းရံပိတ္ ဆို႔ထားေရးပင္။ အနီးစပ္ဆုံး ဆယ္စုႏွစ္(၃)ခု အတြင္း ၌ ဘိန္းဘုရင္ခြန္ဆာ၏ နယ္ေျမအတြင္း ေလေၾကာင္း ကာကြယ္ေရးဒုံးစနစ္မ်ား ထားခြင့္ရရန္ CIA တို႔ ႀကိဳးပမ္းခဲ့ဖူးသည္။

ခြန္ဆာ၏နယ္ေျမအတြင္း၌ အေမရိကန္ ေဟာလီးဝုဒ္ ႐ုပ္ရွင္ကားမ်ားပင္ လာေရာက္႐ိုက္ကူး၍ နယ္ေျမေလ့လာျခင္းမ်ား လုပ္ေဆာင္ခဲ့ဖူးသည္။ ကံေကာင္းသည္ကား ခြန္ဆာက အေမရိကန္ကို ျငင္း ၍ ျမန္မာတပ္မေတာ္ႏွင့္ ပူးေပါင္းခဲ့ျခင္းပင္။ ထိုသို႔ေသာ အတိတ္ျဖစ္ရပ္မ်ားက တအုံေႏြးေႏြးပင္ ရွိေနေသး သည္။ ထိုအခ်က္ကို တ႐ုတ္တို႔လည္း လက္ခံမည္မဟုတ္။ ထို႔အတြက္ တ႐ုတ္ႏိုင္ငံ၏ မျဖစ္မေန ေ႐ြးခ်ယ္ရမည့္လုပ္ရပ္မွာ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္အား လာေရာက္ေတြ႕ဆုံလက္ဆြဲႏႈတ္ ဆက္ရန္ပင္ ျဖစ္ေတာ့သည္။

တ႐ုတ္ႏိုင္ငံအား အႀကံျပဳျခင္း
ျမန္မာလူထု၏ရင္ထဲတြင္ ရွမ္းေျမာက္ တိုက္ပြဲမ်ား၏ေနာက္ကြယ္၌ တ႐ုတ္တို႔ ရွိေနသည္ဟု အျမစ္စြဲေနၿပီျဖစ္သည္။ ထိုအခ်က္ကို ရန္လို၍မရဘဲ ျငင္သာစြာ ႏႈတ္ယူတတ္ရန္လိုသည္။ ျမန္မာတို႔ သည္ ခြင့္လႊတ္ေမ့ေပ်ာက္ေပးလြယ္တတ္သည္။ တ႐ုတ္တို႔ ဘက္က အခ်က္သုံးခ်က္ထက္ပို၍ လုပ္ျပရန္ ပင္မလိုဘဲ ျမန္မာတို႔ ေမ့သြားပါလိမ့္မည္။ တ႐ုတ္ၿခံစည္း႐ိုး တစ္ေလွ်ာက္မွ လက္နက္ကိုင္ ေခါင္းေဆာင္ မ်ားအား တ႐ုတ္ႏိုင္ငံက ပိတ္ဆို႔ကန႔္သတ္ဖမ္းဆီးေပးျခင္း၊ ဘဏ္အေကာင့္မ်ားကို ေဖာ္ထုတ္၍ ပိတ္ေပး ျခင္း၊ တ႐ုတ္နယ္စပ္တစ္ေလွ်ာက္မွ လက္နက္ေမွာင္ခို လုပ္ငန္းႏွင့္ လက္နက္စက္႐ုံမ်ားအတြက္ ကုန္ ၾကမ္း ပစၥည္းမ်ားကို တ႐ုတ္ဘက္မွ ပိတ္ဆို႔ဖမ္းဆီးေပးျခင္း၊ ျမန္မာတပ္မေတာ္က ထိုးစစ္ဆင္ပါက နည္းပညာ ပိုင္းအျပည့္အဝကူညီေပးၿပီး လက္နက္ကိုင္မ်ားကို တ႐ုတ္ႏိုင္ငံထဲ ဝင္ခြင့္မေပးျခင္း၊ ျမန္မာ အစိုးရကို ပုန္ကန္ေတာ္လွန္ေနေသာ သူပုန္မ်ားအျဖစ္ တရား ဝင္ေၾကညာေပးၿပီး ပူးေပါင္းေခ်မႈန္း ေပးျခင္း၊ ျမန္မာ သူပုန္မ်ားႏွင့္ ယူနန္ျပည္နယ္ထဲမွအမ်ိဳးအႏြယ္တူ သူမ်ားအား သူပုန္အားေပး လုပ္ရပ္ မ်ား ရပ္တန္းက ရပ္ရန္အမိန႔္ေပးေၾကညာျခင္း စသည့္ အခ်က္မ်ားကို ျမန္မာမ်ားက ေမွ်ာ္လင့္ေနသည္။ ျမန္မာေခါင္းေဆာင္ေဟာင္း ဦးသန္းေ႐ႊ ကပင္လွ်င္ ယခုကဲ့သို႔ ေျပာထားသည္။ ျမန္မာႏိုင္ငံ အတြက္ တ႐ုတ္ႏိုင္ငံ၏ ေရရွည္ကိုယ္က်ိဳးမဖက္သည့္ က႑စုံ ပံ့ပိုးကူညီမႈမ်ားအေပၚ ေက်းဇူးတင္ရွိ ေၾကာင္း၊ တ႐ုတ္ႏိုင္ငံသည္ ျမန္မာႏိုင္ငံ၏ ေဆြမ်ိဳးေပါက္ေဖာ္ ညီအစ္ကိုႏွင့္ ခ်စ္ၾကည္ရင္းႏွီးေသာ အိမ္နီးခ်င္းႏိုင္ငံျဖစ္ေၾကာင္း၊ ႏွစ္ႏိုင္ငံသည္ အစဥ္အၿမဲ ခ်စ္ၾကည္ ရင္းႏွီးစြာ ဆက္ဆံ၍ ၿငိမ္းခ်မ္းစြာ အတူေနထိုင္ၾက ေၾကာင္း၊ ယင္းသည္ မည္သည့္အခါမွ် ေျပာင္းလဲမည္ မဟုတ္ေၾကာင္း၊ တ႐ုတ္ႏိုင္ငံ သည္ ျမန္မာႏိုင္ငံအား ျပည္ပဝင္ေရာက္စြက္ဖက္ျခင္းမွ ကာကြယ္ရန္ႏွင့္ ျပည္တြင္းတည္ၿငိမ္ေရးကို ထိန္းသိမ္းကာကြယ္ရန္ အတြက္ တန္ဖိုးရွိေသာ အေထာက္အပံ့မ်ားကို ဆက္လက္ပံ့ပိုးကူညီသြားမည္ဟု ေမွ်ာ္လင့္ေၾကာင္း ဟူ၍ပင္။

Related news

© 2021. All rights reserved.