မြန်မာနိုင်ငံ၏ ယခုနှစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း (၆၆ဝ)ကျော်သာရှိနေ

 1237

NP News - ဩဂုတ် ၁၇

ယခုဘဏ္ဍာနှစ် လေးလတာအတွင်း မြန်မာနိုင်ငံ၏နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏသည် အမေရိကန်ဒေါ်လာ ၆၆၁ ဒသမ ၆၂၁ သန်းသာ ဝင်ရောက်ခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ တရားဝင်ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုကျဆင်းနေပြီး ယခင်နှစ်ဘဏ္ဍာနှစ်ကဲ့သို့ အခြေအနေကိုရောက်ရှိနိုင်ကြောင်း စီးပွားရေးပညာရှင်တစ်ဦးက သုံးသပ်သည်။

“စင်ကာပူကအများဆုံးနဲ့မြန်မာနိုင်ငံမှာလာလုပ်နေတယ်။ မြန်မာပြည်မှာမီးပျက်တဲ့အချက်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကျဆင်းသွားစေတယ်။ နောက်ပြီးတရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုတွေကျဆင်းလာတာဟာလဲ နိုင်ငံရေးရောစီးပွားရေးပါသက်ရောက်မှုရှိနေတယ်”ဟု အဆိုပါ စီးပွားရေးပညာရှင်ကဆိုသည်။

၂ဝ၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲအပြီး နှစ်နှစ်ခန့်အထိ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု ကျဆင်းခြင်းမရှိခဲ့သော်လည်း နောက်ပိုင်းကာလများတွင် ဆက်တက်ကျဆင်းလာခြင်းဖြစ်သည်။ ၂ဝ၂၁ ခုနှစ် အောက်တိုဘာလမှ ၂ဝ၂၄ ခုနှစ် ဇူလိုင်လအထိ နှစ်နှစ်ကျော်ကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ‌ အမေရိကန်ဒေါ်လာ ၂၉၄၄ သန်းသာ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

“နိုင်ငံရေးအပြောင်းအလဲက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို တိုက်ရိုက်သွားထိတယ်။ အရင်အရပ်သားလက်ထက်မှာ သန်းငါးထောင်ဝန်းကျင်အထိရောက်သွားတယ်။ နစကလက်ထက်မှာ ငွေကြေးမူဝါဒတွေ မတည်ငြိမ်တာက အဆိုးဆုံးဖြစ်သွားပြီးတော FDI တွေ မြန်မာပြည်ကိုအဝင်ရပ်သွားတာ”ဟု အမည်မဖော်လိုသူ MIC အရာရှိ အငြိမ်းစားတစ်ဦးက ဆိုသည်။

လက်ရှိတွင်မြန်မာနိုင်ငံ၏နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွင် စင်ကာပူ၊ တရုတ် နှင့်ထိုင်းနိုင်ငံတို့က အစဉ်အလိုက်အများဆုံး နိုင်ငံများအဖြစ် ရပ်တည်နေပြီး လုပ်ငန်းကဏ္ဍများတွင် စွမ်းအင်၊ သဘာဝဓာတ်ငွေ့ နှင့် ရေနံ ၊ ကုန်ထုတ် လုပ်မှုကဏ္ဍများက အစဉ်အလိုက်အများဆုံးအဖြစ် ရပ်တည်နေသည်။

zawgyi version
ျမန္မာႏိုင္ငံ၏ ယခုႏွစ္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ ေဒၚလာသန္း (၆၆ဝ)ေက်ာ္သာရွိေန
NP News - ဩဂုတ္ ၁၇

ယခုဘ႑ာႏွစ္ ေလးလတာအတြင္း ျမန္မာႏိုင္ငံ၏ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈပမာဏသည္ အေမရိကန္ေဒၚလာ ၆၆၁ ဒသမ ၆၂၁ သန္းသာ ဝင္ေရာက္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္၏ တရားဝင္ထုတ္ျပန္ေသာ အခ်က္အလက္မ်ားအရ သိရသည္။

ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈဝင္ေရာက္မႈက်ဆင္းေနၿပီး ယခင္ႏွစ္ဘ႑ာႏွစ္ကဲ့သို႔ အေျခအေနကိုေရာက္ရွိႏိုင္ေၾကာင္း စီးပြားေရးပညာရွင္တစ္ဦးက သုံးသပ္သည္။

“စင္ကာပူကအမ်ားဆုံးနဲ႔ျမန္မာႏိုင္ငံမွာလာလုပ္ေနတယ္။ ျမန္မာျပည္မွာမီးပ်က္တဲ့အခ်က္က ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈေတြက်ဆင္းသြားေစတယ္။ ေနာက္ၿပီးတ႐ုတ္ရဲ႕ရင္းႏွီးျမႇဳပ္ႏွံမႈေတြက်ဆင္းလာတာဟာလဲ ႏိုင္ငံေရးေရာစီးပြားေရးပါသက္ေရာက္မႈရွိေနတယ္”ဟု အဆိုပါ စီးပြားေရးပညာရွင္ကဆိုသည္။

၂ဝ၂၁ ခုႏွစ္ ႏိုင္ငံေရးအေျပာင္းအလဲအၿပီး ႏွစ္ႏွစ္ခန႔္အထိ ႏိုင္ငံျခားရင္းႏွီး ျမႇဳပ္ႏွံမႈ က်ဆင္းျခင္းမရွိခဲ့ေသာ္လည္း ေနာက္ပိုင္းကာလမ်ားတြင္ ဆက္တက္က်ဆင္းလာျခင္းျဖစ္သည္။ ၂ဝ၂၁ ခုႏွစ္ ေအာက္တိုဘာလမွ ၂ဝ၂၄ ခုႏွစ္ ဇူလိုင္လအထိ ႏွစ္ႏွစ္ေက်ာ္ကာလအတြင္း ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ ‌ အေမရိကန္ေဒၚလာ ၂၉၄၄ သန္းသာ ဝင္ေရာက္ခဲ့ျခင္းျဖစ္သည္။

“ႏိုင္ငံေရးအေျပာင္းအလဲက ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈကို တိုက္႐ိုက္သြားထိတယ္။ အရင္အရပ္သားလက္ထက္မွာ သန္းငါးေထာင္ဝန္းက်င္အထိေရာက္သြားတယ္။ နစကလက္ထက္မွာ ေငြေၾကးမူဝါဒေတြ မတည္ၿငိမ္တာက အဆိုးဆုံးျဖစ္သြားၿပီးေတာ FDI ေတြ ျမန္မာျပည္ကိုအဝင္ရပ္သြားတာ”ဟု အမည္မေဖာ္လိုသူ MIC အရာရွိ အၿငိမ္းစားတစ္ဦးက ဆိုသည္။

လက္ရွိတြင္ျမန္မာႏိုင္ငံ၏ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈတြင္ စင္ကာပူ၊ တ႐ုတ္ ႏွင့္ထိုင္းႏိုင္ငံတို႔က အစဥ္အလိုက္အမ်ားဆုံး ႏိုင္ငံမ်ားအျဖစ္ ရပ္တည္ေနၿပီး လုပ္ငန္းက႑မ်ားတြင္ စြမ္းအင္၊ သဘာဝဓာတ္ေငြ႕ ႏွင့္ ေရနံ ၊ ကုန္ထုတ္ လုပ္မႈက႑မ်ားက အစဥ္အလိုက္အမ်ားဆုံးအျဖစ္ ရပ္တည္ေနသည္။

Related news

© 2021. All rights reserved.